လော့ယွဲ့ကို ရိုက်နှက်ခြင်း
Vol. 4 Ch. 38
လော့ထျန်က အေးစက်စွာ ပြုံးလိုက်ပြီး “အိုးဟိုး…ငါတို့သိတဲ့သူတွေပဲ”
လော့ယွဲ့ကလည်း လော့ထျန်ကိုမြင်သည့်အခါတွင် အနည်းငယ်အံ့အားသင့်သွားပြီးနောက် မဲ့ရွဲ့ကာ “ဒီအမှိုက်ကောင် မသေသေးဘူးလား”
“မင်း ဝိညာဉ်တောင်တန်းထဲက ခွေးလိုဏ်ဂူထဲမှာ သုံးရက်သုံးည ပုန်းနေခဲ့တာလား”
“စဉ်းစားနေစရာမလိုပါဘူး။ ဒါပဲဖြစ်မှာပေါ့”
“အမှိုက်ကောင်က အမှိုက်ကောင်ပါပဲ။ အမဲလိုက်ပြိုင်ပွဲမှာ ဝင်ပြိုင်ရုံနဲ့ မင်းကံကြမ္မာကို ပြောင်းလဲနိုင်မယ်ထင်လား။ လော့ထျန်၊ မင်းရဲ့ ရမ္မက်ဆန္ဒတွေက တော်တော်များတာပဲ ဟားဟားဟား…”
လော့ယွဲ့၏မျက်နှာတွင် မဲ့ရွဲ့မှုများဖြင့် ပြည့်နှက်နေပြီး ကျူးမေးကို ပို၍တင်းကျပ်စွာ ပွေ့ဖက်လိုက်၏။
ကျူးမေးသည် လော့ထျန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အေးစက်စွာ လှောင်ပြောင်ကာ “အစ်ကိုကြီးလော့ယွဲ့၊ အဲဒီအမှိုက်ကောင်က ဘယ်လိုလုပ် အစ်ကိုကြီးနဲ့နှိုင်းလို့ရမှာလဲ။ သူသာ အမဲလိုက်ပြိုင်ပွဲကို အကြိမ်တစ်ရာလောက် ဝင်ပြိုင်ခဲ့ရင်တောင် အဓိကတပည့်တစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူး။ အစ်ကိုကြီးကတော့ ပြိုင်ပွဲတောင်ဝင်စရာမလိုဘဲ အဓိကတပည့်ဖြစ်နိုင်တယ်။ ဒါ အဓိက ကံကွာခြားတာပဲ”
“အချစ်ခလေး၊ မင်းပြောတာမှန်တယ်။ ဒါက ကံပဲ။ မင်းအရင်က သူ့ရဲ့စေ့စပ်ထားသူဖြစ်ခဲ့ပေမဲ့ အခုတော့ ငါ့ရဲ့မိန်းမဖြစ်နေပြီ။ ဒီအရာတွေအားလုံးဟာ ကံကြမ္မာက ဖန်တီးခဲ့တာပဲ ဟားဟားဟား…”
ထိုသို့ပြောပြီးနောက် လော့ယွဲ့သည် ကျူးမေး၏မေးစေ့ကို ပင့်ကာ နမ်းလိုက်၏။
ကျူးမေးသည် အလွန်ပျော်ရွှင်သောမျက်နှာထားဖြင့် လော့ထျန်ကို လှောင်ပြောင်သည့်အကြည့်ဖြင့် မျက်လုံးထောင့်မှ တစ်ချက်ဝေ့ကြည့်လိုက်သည်။
“ဝတုတ်လေ၊ မင်းအန်ချင်စိတ်ဖြစ်နေတာမလား” လော့ထျန်က ခပ်တိုးတိုးမေးလိုက်သည်။
ဖုန်းလေက ထိုင်းမှိုင်းသောမျက်နှာထားဖြင့် “သခင်လေး၊ ကျွန်တော့်အောက်ပိုင်းက အန်ချင်နေတယ်”
လော့ထျန်၏မျက်နှာသည် ပြောင်းလဲသွားပြီး ဖုန်းလေကို တစ်ချက်ကြည့်လိုက်ပြီးနောက် “ဟာ…ရပြီ၊ ဝတုတ်လေ၊ မင်းက ဒီလိုအရာတွေကို ကြိုက်တာလား” အာမေဋိတ်သံပြုလိုက်သည်။
လော့ထျန်သည် ဖုန်းလေ အန်ချလာမည်ကို ထင်နေခဲ့၏။
ဖုန်းလေ မည်သို့ တုံ့ပြန်ရမည်ကိုမသိသဖြင့် အူကြောင်ကြောင် ပြုံးနေလိုက်သည်။
ဖုန်းလေမှာ ကိုယ်လုံးကိုယ်ပေါက်ကြီးမားသော သူတစ်ဦးဖြစ်ပြီး ခေါင်းပြောင်နှင့် ဖြစ်နေ၍ သူစိမ်းများကိုများကို ကြောက်စရာကောင်းသော ခံစားမှုကိုပေးလေသည်။
ကျူးမေးသည် သူတို့၏ စကားကို ကြားလိုက်သောအခါ သူမ၏မျက်နှာ ပြောင်းလဲသွားသည်။
လော့ထျန်ကဲ့သို့ပင် ဖုန်းလေမှ အန်ချတော့မည်ကို စိတ်ကူးလိုက်၍ ဒေါသတကြီးဖြင့် “အစ်ကိုကြီးလော့ယွဲ့၊ သူက…သူက…သူက ကျွန်မကို အဲဒီလိုစော်ကားရဲတယ်” ပြောလိုက်သည်။
အသံတစ်ခုက လှိုင်းလုံးတစ်ခုကဲ့သို့ သူတို့အားလုံးကို ဝါးမြိုသွားသဖြင့် သူတို့ကိုဖုံးလွှမ်းသွားသည်။
ထိုအရာက လော့ယွဲ့ မည်သို့ပင်ကြိုးစားထိန်းချုပ်၍မရသော အရာတစ်ခုဖြစ်လေသည်။
“ဖြန်း”
လော့ယွဲ့က ရုတ်တရက်ထရပ်ပြီး စားပွဲကို ရိုက်ပစ်လိုက်ကာ ဖုန်းလေကို စူးစူးဝါးဝါး ကြည့်ပြီး “မင်းက သေချင်နေတာလား၊ ခွေးကောင်” ဟစ်အော်လိုက်သည်။
ဤအချိန်တွင် ဖုန်းလေက လော့ထျန်ပြောသောစကားကို နားလည်သွားပြီး ရှင်းပြရန်ကြိုးစားကာ “ဟေ့သခင်လေး၊ ကျွန်တော်ပြောချင်တာက ကျွန်တော် အီးပါချင်တယ်လို့ ပြောတာ။ ကျွန်တော့် -င် က အော့အန်ချင်တာ၊ တခြားအပိုင်းက မဟုတ်ဘူး။ ဒီလိုမိန်းမမျိုးက ကျွန်တော့်နဲ့တောင် မထိုက်တန်ဘူး”
ဖုန်းလေသည် လော့ယွဲ့၏ အော်သံကို မကြားရသလိုပင် သဘောထားလိုက်သည်။
“ဟားဟားဟား…”
“ဝတုတ်လေ၊ မင်းဒီလောက်ပြေပြစ်အောင် စကားပြောနိုင်တာကို ငါဘယ်တုန်းကမှ မသိခဲ့ပါလား” လော့ထျန်က ရယ်မောရင်း သွားရည်များပင် ထွက်လုနီးနီးဖြစ်သွား၏။
မိန်းမတစ်ယောက်ကိုကြည့်ပြီး အီးပါချင်တာကို တစ်ဦးတစ်ယောက်မှ ပြောသည်ကို သူတစ်ခါမှမကြားဖူးချေ။
ဝတုတ်လေသည် အလွန်ပင် တော်သည် ဆိုရပေမည်။
လီရွှယ်အာသည် သူမ၏ပါးစပ်ကို လက်ဖြင့်အုပ်ကာ ဆက်မရယ်နိုင်တော့ချေ။
လော့ထျန်က ဆက်ပြောသည် “မင်းပြောတာမှန်တယ်၊ ဒီလိုမိန်းမမျိုးကို ဘတ်စ်ကားအမျိုးအစားလို့ သတ်မှတ်တယ်။ ဒါကြောင့် မင်းသူမကိုကြည့်ပြီး အီးပါချင်တာက ပုံမှန်ပါပဲ”
ဖုန်းလေက သူ့ခေါင်းကိုကုပ်ကာ “သခင်လေး၊ ဘတ်စ်ကားအမျိုးအစားမိန်းမဆိုတာ ဘာလဲ”
လော့ယွဲ့ကလည်း လော့ထျန်၏အဖြေကို စောင့်ဆိုင်းနေ၏။
ကျူးမေးက လော့ထျန်ကို စူးစမ်းသောမျက်လုံးများဖြင့် ကြည့်နေပြီး လီရွှယ်အာကလည်း အဖြေကို သိချင်နေတော့သည်။
လော့ထျန်က ဖြည်းဖြည်းချင်းပြုံးပြီး လော့ယွဲ့ကိုကြည့်ကာ “ဒီဘတ်စ်ကားအမျိုးအစား မိန်းမတွေက ဘယ်သူမဆို စီးနိုင်တဲ့မိန်းမတွေ၊ ပြီးတော့ တော်တော်လေးလည်း စျေးပေါတယ်”
“အာ”
“ဒါဆို ပျော်ရွှင်သောနွေဦးဥယျာဉ်ထဲက မိန်းမတွေလိုပဲ မဟုတ်ဘူးလား” ဖုန်းလေက အလေးအနက်ထားသော မျက်နှာထားဖြင့် မေးသည်။
“ဟေ့ကောင်”
“မင်း ပျော်ရွှင်သောနွေဦးဥယျာဉ် က အစ်မတွေကို မစော်ကားနဲ့။ သူတို့ရဲ့ကုန်ကျစရိတ်ကို ကျူးမေးနဲ့ ဘယ်လိုနှိုင်းယှဉ်လို့ရမှာလဲ။ ပျော်ရွှင်နွေဦးဥယျာဉ်က အစ်မတွေနဲ့တစ်ညတာအတွက် ငွေရာနဲ့ချီကုန်ကျပေမဲ့ ညီမလေးကျူးကတော့ ဒီထက်အများကြီး စျေးပေါတယ်။ ကျွန်တော်ပြောတာမှန်တယ်မဟုတ်လား ညီမလေးကျူး”
ထို့နောက် လော့ယွဲ့ကို ပြုံးရယ်ကာ “ဘယ်သူများ သတိထားမိလဲ။ သူ့ခေါင်းအထက်မှာ အစိမ်းရောင်အလင်းရောင်တောက်နေတယ်” ပြောလိုက်သည်။
ဖုန်းလေ ခဏရပ်သွားပြီးနောက် ရှုပ်ထွေးစွာဖြင့် “သူဌေး၊ ဒီအစိမ်းရောင်အလင်းရောင်ဆိုတာ ဘာလဲ”
လော့ထျန်က ဆက်၍ပြုံးရယ်ရင်း “သူ့ခေါင်းပေါ်က ဦးထုပ်စိမ်း ရာပေါင်းများစွာရဲ့ အစိမ်းရောင်အလင်းရောင်ပေါ့။ ငါကြည့်လို့ မျက်လုံးတောင် ကန်းတော့မယ်”
“ဘုန်း”
လော့ယွဲ့သည် ဒေါသတကြီးဖြင့် ထရပ်ပြီး စားပွဲကို မှောက်ပစ်လိုက်ရာ ပန်းကန်များအားလုံး ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲကျကွဲကုန်၏။
“မင်း အမှိုက်ကောင်၊ ဒီအဖေက မင်းကို သေအောင်ကစားပြမယ်”
“ဟေ့ကောင်၊ လာခဲ့”
“ဒီအဖေလည်း ကြာနေပြီစောင့်နေတာ” လော့ထျန်က ဟိန်းဟောက်လိုက်သည်။
သူသည် သူ့ကို မြင်လိုက်ကတည်းက စိတ်ပျက်နေခဲ့ပြီး လော့ယွဲ့ကလည်း ဂုဏ်ပုဒ်တစ်ခု ထပ်မံဖြည့်စွက်ရန် ကြိုးစားနေသည်။
သူ၏အထက်စီးဆန်သောစိတ်က ဘယ်ကလာပါသနည်း။
ယင်ကောင်တစ်ကောင်က မင်းရှေ့မှာ ပျံဝဲနေသည့်အခါ အကောင်းဆုံးနည်းလမ်းက တစ်ချက်တည်းနဲ့ ရိုက်သတ်လိုက်ခြင်းပဲ။
“အစ်ကိုကြီးလော့ယွဲ့၊ သူ့ကိုသတ်လိုက်၊ သတ်လိုက်ပါ။ အစ်ကိုကြီး သူ့ကိုသတ်လိုက်တာနဲ့ ဒီည ကျွန်မကို အစ်ကိုကြီးကြိုက်သလို လုပ်လို့ရတယ်”
ကျူးမေး၏မျက်နှာသည် အနည်းငယ် ဖြူဖျော့နေသည်။
လီရွှယ်အာ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ကျူးမေးကို စူးစိုက်ကြည့်နေသည်။
ကျူးမေးသည် လီရွှယ်အာ၏ စူးစမ်းကြည့်ခြင်းကို ခံလိုက်ရသောအခါ ကြက်သီးမွှေးညင်းများပင် ထလာပြီး အနည်းငယ်တုန်ရီသွား၏။
ကျူးမေး၏စကားကိုကြားလိုက်ရသောအခါ လော့ယွဲ့၏မျက်လုံးများ တောက်ပလာသည်။ သူသည် အင်္ကျီလက်များကို လှန်တင်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် “ညီမလေးကျူးမေး၊ ဒီအမှိုက်ကောင်ကို ငါဘယ်လိုသေအောင်ကစားပြမလဲဆိုတာ ကြည့်ထားလိုက်”
“တစ်ယောက်ယောက်လာပြီး သူ့ကိုသွားဖမ်းလိုက်”
သူ၏အသံပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် တပည့်သုံးယောက်သည် ချက်ချင်းထွက်လာသည်။
“သခင်လေး၊ ကျွန်တော် သူတို့ကို ဂရုစိုက်ပေးလိုက်မယ်”
ဖုန်းလေက သူ့ခေါင်းကိုကုပ်ကာ လော့ထျန်ရှေ့သို့ ထွက်လာသည်။ လော့မိသားစုမှ တပည့်သုံးယောက် ထွက်လာသည်ကိုကြည့်ရင်း ဖုန်းလေက တစ်ချက်ပြုံးပြီး အနိုင်ကျင့်သောလေသံဖြင့် “အရမ်းနှေးတယ်၊ ငါက စောင့်ရတာ စိတ်မရှည်ဘူး”
သူသည် ရှေ့သို့တစ်လှမ်းတိုးလိုက်၏။
“ဘုန်း”
အရက်ဆိုင်တစ်ခုလုံး အနည်းငယ်တုန်ခါသွားသည်။ ဖုန်းလေသည် သူ့လက်ဖဝါးများကို မြှောက်ပြီး အလျားလိုက်ရိုက်ပစ်လိုက်သည်။
“ဖြန်း”
လက်ဖဝါးရာတစ်ခုကို တပည့်တစ်ယောက်၏ပါးပေါ်တွင် တွေ့လိုက်ရပြီး သူသည် လေထဲသို့ လွင့်ထွက်သွားကာ နံရံတစ်ခုနှင့်ဆောင့်မိပြီး မူးမေ့သွားတော့သည်။
ကျန်နှစ်ယောက်သည် တုံ့ပြန်ရန်အချိန်မရခင် ဖုန်းလေက သူတို့ကိုဖမ်းဆုပ်ပြီး ပြတင်းပေါက်မှ ပစ်ထုတ်လိုက်၏။
“ဖျန်း” “ဖျန်း” ဟူသော အသံနှစ်ခုဖြင့် သူတို့နှစ်ယောက်သည် အပြင်ဘက်မှ မြစ်ထဲသို့ ကျသွားတော့သည်။
လော့ယွဲ့၏မျက်နှာ ပြောင်းလဲသွားပြီး ချက်ချင်းသူ၏ဓားကိုထုတ်ကာ လော့ထျန်ဆီသို့ထွက်လာကာ “သွားပြီး ငါ့အတွက် သေလိုက်စမ်း” ဟိန်းဟောက်လိုက်သည်။
လော့ထျန်သည် သူ၏နေရာမှ မလှုပ်မယှက်ပင် ရှိနေပြီး ကြောက်လန့်တကြားဖြစ်နေသကဲ့သို့ပင်။
လော့ထျန် ကြောက်ရွံ့နေသည်ကို မြင်လိုက်ရသောအခါ ကျူးမေး၏မျက်လုံးများတွင် ကစားချင်စိတ်များဖြင့်ပြည့်နေပြီး မောက်မာသော မျက်နှာထား ပေါ်လာသည်။
ဓားသည် လော့ထျန်နှင့် လက်မအနည်းငယ်သာ ကွာဝေးပြီး သူသည် မကြာမီသေတော့မည်။ လော့ယွဲ့သည် အနည်းငယ် စိတ်လှုပ်ရှားနေ၏။ အဘယ်ကြောင့်ဆိုသော် လော့ထျန်ကို သတ်လိုက်သည်နှင့် ဒီညမှာ သူ ကျူးမေးကို စိတ်ကြိုက်နမ်းရှိုက်နိုင်မည်။ ဤသည်ကို နှစ်ပေါင်းများစွာ အိပ်မက်မက်ခဲ့ရတာဖြစ်ပြီး မကြာခင်တွင် အကောင်အထည်ပေါ်တော့မည်ဖြစ်သဖြင့် သူသည် ကျယ်လောင်စွာ ရယ်လိုက်မိသည်။
“ဟွန့်”
လော့ထျန်က အေးစက်စက် အသံပြုပြီး သူ၏လက်ချောင်းများ လှုပ်ရှားသွားသည်။ သူသည် ဓားကို ကိုင်လိုက်ပြီး နက်နဲတပည့် ၉ အဆင့်ရှိသူတစ်ဦးထံမှ ဖိနှိပ်မှုများ ထွက်ပေါ်လာသည်။
“ဘုန်း”
လော့ယွဲ့၏ စိတ်အသိစိတ်သည် တိုက်ရိုက်ဖိနှိပ်ခြင်းခံလိုက်ရသည်။
“ဖြန်း”
လော့ထျန်က လော့ယွဲ့ကို ရိုက်လိုက်ပြီး “အမှိုက်ကောင်ဆိုတဲ့ စကားကို တစ်ခွန်းပဲထပ်ပြောကြည့်စမ်း”
လော့ယွဲ့၏ တုံ့ပြန်မှုကို မစောင့်ဘဲ နောက်ထပ်တစ်ချက်ရိုက် ချလာသည်။ လော့ထျန်၏အသံသည် ပိုမိုကျယ်လောင်လာပြီး “ဟေ့ကောင်၊ ဒီအဖေက အမှိုက်ကောင်ဆိုတဲ့ စကားကို တစ်ခွန်းထပ်ပြောကြည့်ပါလို့ ပြောနေတယ်” ပြောလိုက်သည်။
“ဖြန်း”
“ဖြန်း”
“ဖြန်း”
အရိုက်ခံရမှု ၁၂ ချက်ကျော်အကြာတွင် လော့ယွဲ့၏မျက်နှာသည် ဝက်ခေါင်းနှင့်တူနေပြီး မျက်လုံးများမှာလည်း ပြူးကျယ်နေသည်။
လော့ထျန်သည် လော့မိသားစု၏ သိုင်းလေ့ကျင့်ရေးကွင်း၌ ဒေါသများပြည့်နေခဲ့သည်။ သူသည် မူလက ကောင်းမွန်သောအစားအစာတစ်ခုစားရန် ရည်ရွယ်ခဲ့သော်လည်း မျက်စိနောက်စရာ လော့ယွဲ့နှင့် တွေ့ဆုံမည် မထင်မှတ်ခဲ့ချေ။ ဤအခွင့်အရေးကို အသုံးမချဘဲ သူ့ဒေါသကို မထုတ်ဖော်ခဲ့ပါက သူသည် လော့ထျန် မဟုတ်တော့ချေ။
နောက်ထပ် ရိုက်ချက်ပြင်းတစ်ခု ရောက်လာပြီး လော့ယွဲ့ကို ကြမ်းပြင်ပေါ်သို့ ရိုက်ချလိုက်သည်။
ဖိနှိပ်မှုများ ပျောက်ကွယ်သွားသည်နှင့် လော့ယွဲ့သည် နာကျင်မှုဖြင့် သူ့မျက်နှာကို ဖမ်းဆုပ်လိုက်ပြီး “မင်းအမှိုက်ကောင်၊ ငါ့ကို ရိုက်ရဲတယ်ပေါ့။ ငါမင်းကို လုံးဝခွင့်မလွှတ်ဘူး။ ငါ့အဖေကို မင်းကိုသေအောင် ထိုးခိုင်းမယ်။ ပြီးရင် ငါ့ဦးလေးအကြီးကို မင်းကို လော့မိသားစုကနေ ကန်ထုတ်ခိုင်းမယ်၊ ပြီးရင်…” စတင်ကျိန်ဆဲလေသည်။
“မင်းအမ၊ ငါမင်းအပေါ်ကို သက်ညှာနေတာကို မင်းက စကားလာများနေသေးတယ်ပေါ့”
“မင်း အရိုက်ခံချင်နေတာပဲ”
လော့ထျန်သည် လော့ယွဲ့ကို မုန်တိုင်းတစ်ခုကဲ့သို့ ကန်ပြီး ထိုးနှက်ခဲ့သဖြင့် လော့ယွဲ့သည် သူ့အသက်ကိုပင် ကြောက်ရွံ့လာကာ စကားတစ်လုံးမှပင် မပြောရဲတော့ချေ။
နောက်ဆုံးတွင်…
လော့ထျန်က လော့ယွဲ့ကို လေထဲသို့ မြှောက်လိုက်ပြီး အေးစက်စက်ပြုံးကာ “မင်းပြန်သွားပြီး မင်းအဖေနဲ့ မင်းဦးလေးအကြီးကို သူတို့-င်တွေကို သန့်ရှင်းထားခိုင်းပြီး ဒီအဖေ လာတာကို စောင့်နေတယ်လို့ ပြောလိုက်”
သူ၏အသံ မှေးမှိန်သွားသည်နှင့် လော့ထျန်၏လက်က လော့ယွဲ့ကို လွှတ်ချလိုက်သည်။
လော့ယွဲ့၏ကိုယ်ခန္ဓာသည် အောက်သို့ စတင်ကျသွားပြီး လော့ထျန်သည် လေထဲသို့ ခုန်တက်ပြီး ဘောလုံးသကဲ့သို့ ကန်လိုက်သည်။
“ဘုန်း”
လော့ယွဲ့သည် ဘောလုံးတစ်ခုကဲ့သို့ ပြတင်းပေါက်မှ အတိအကျ ပစ်လွှတ်ခံရပြီး “ဖျန်း” ဟူသောအသံဖြင့် အပြင်ဘက်ရှိ မြစ်ထဲသို့ ကျသွားတော့သည်။
“ကောင်းတယ်”
လော့ထျန်က သူ့ကိုယ်သူ ချီးကျူးလိုက်ပြီး စက္ကန့်အနည်းငယ်စောင့်လိုက်သော်လည်း စနစ်မှ အချက်ပေးသံ မကြားရသေးချေ။ ထို့နောက် သူပြုံးလိုက်ပြီး “ဒီကောင် မသေသေးဘူးဆိုတော့ ဒါက သူ့ရဲ့ကံကောင်းတဲ့နေ့လို့ သတ်မှတ်ရမယ်” ပြောလိုက်သည်။
ထို့နောက် လော့ထျန်သည် လှည့်လိုက်ပြီး ကြောက်လန့်တကြားတုန်ရီနေသော ကျူးမေးကို အေးစက်စွာစိုက်ကြည့်လိုက်သည်။