← Chapters

ငါ့လူကို မလုနဲ့

Vol. 4 Ch. 39

ငါ့လူကို မလုနဲ့

Vol. 4 Ch. 39

ကျူးမေးသည် မျက်နှာဖြူဖျော့လျက် အခန်း၏ထောင့်တွင် မှီနေပြီး လော့ထျန်ကို အနည်းကယ်ပင် မကြည့်ရဲချေ။

သူမသည် အရင်က အလွန်မာနကြီးခဲ့သဖြင့် ယခုအခါတွင်မူ…

လော့ထျန်သည် ကျူးမေး၏ ခန္ဓာကိုယ်ကိုခြုံကြည့်လိုက်ပြီးနောက် သူမ၏ တစ်ဝက်တစ်ပျက်ဖော်ထားသော ရင်ဘတ်ပေါ်တွင် ရပ်တန့်သွား၏။

“ဂလု” သူ၏တံတွေးကို မျိုချလိုက်ပြီး “ဒီကောင်

မတော့ မနည်းဘူးပဲ” ကိုယ့်ကိုကိုယ် ပြောလိုက်တော့သည်။

ကျူးမေး၏ အရွယ်ရောက်လာမှုက အထူးကောင်းမွန်သည်ကို မည်သူမျှ ငြင်းပယ်၍မရချေ။

အခြားအရာများကို ဖယ်လိုက်ပါက ကျူးမေးသည် အမှန်တကယ်ပင် လှပပြီး ဆွဲဆောင်မှုရှိသော မိန်းမပျိုတစ်ဦးဖြစ်ပေသည်။

သူမသည် ကိုက်လိုက်သောအခါ ပါးစပ်မှ အရည်များ လျှံကျလာသည့် မက်မွန်သီးမှည့်နှင့်တူလေသည်။

ကျောက်စိမ်းတောင်မြို့ရှိ မိသားစုကြီးလေးစုအတွင်းတွင် သူမကိုနှစ်သက်၍ သူမအတွက် အချင်းချင်းတိုက်ခိုက်ကြသော သခင်လေးများ မရေတွက်နိုင်အောင်ပင် ရှိနေခဲ့၏။

သူမ၏ အရေးကြီးဆုံးသော အရည်အချင်းများထဲမှ တစ်ခုမှာ သူမသည် အမျိုးသားများ မည်သည့်အရာကို လိုချင်သည်ကို သိခြင်းပင် ဖြစ်သည်။

ဥပမာ- လော့ထျန်ကို တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူ၏စိတ်ထဲတွင် မည်သည့်အရာများ တွေးနေသည်ကို ချက်ချင်းသိခဲ့သည်။

ချက်ချင်းဆိုသလိုပင်…

ကျူးမေးသည် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး သူမ၏အဝတ်များကို လက်တစ်ဝက်ခန့် ဆွဲချလိုက်၏။

သူမက ငိုယိုသောအသံဖြင့် “အစ်ကိုကြီးလော့ထျန်…”

ထိုအသံက…

သူမ၏အသံနှင့် ရောနှောပါဝင်နေသော ဆွဲဆောင်

မှုသည် မည်သူကိုမဆို ယိမ်းယိုင်စေသည်။

လော့ထျန်သည် လူပျိုစစ်စစ်ဖြစ်သည်။

သူသည် နှစ်ဆယ်ကျော်အရွယ် လူပျိုတစ်ယောက် ဖြစ်ပြီး သူစိတ်မလှုပ်ရှားဘူးဟု ပြောပါက လိမ်ရာရောက်ပေသည်။

သူ့တွင် မကောင်းဆိုးဝါးမီးတောက်များ လောင်ကျွမ်းနေပြီဖြစ်သည်။

သို့သော်…

ကျူးမေးသည် မည်သည့်လူစားမျိုးလဲ။ သူမသည် ညစ်ပတ်သောဘတ်စ်ကား ဖြစ်ပြီး ထိုအတွေးက လော့ထျန်ကို စိတ်ပျက်အားငယ်စေကာ သူ့ကိုယ်သူ ပြန်လည်သက်သာစေတော့သည်။

ထိုအချိန်ခန့်တွင်ပင်…

လီရွှယ်အာသည် လော့ထျန်ဘေးတွင် လှပစွာ လမ်းလျှောက်လာပြီး သူ့လက်မောင်းကို သဘာဝအတိုင်း ဆုပ်ကိုင်ထားကာ တိုးတိုးလေးပြောသည် “အစ်ကိုကြီးလော့ထျန် ညစာစားရအောင် သွားကြမယ်”

သူမ၏လှုပ်ရှားမှုမှာ သဘာဝကျပြီး ရင်းနှီးနေပေသည်။

သူတို့နှစ်ယောက်သည် နှစ်ပေါင်းများစွာ ချစ်သူများဖြစ်ခဲ့ကြသကဲ့သို့ပင်။

ထိုမျက်နှာအမူအရာ သူမ၏လုပ်ဆောင်မှုများနှင့် သူ့လက်မောင်းတစ်ဝိုက်ရှိ ထိုကျောက်စိမ်းကဲ့သို့ လက်များက လော့ထျန်ကို စိတ်ပျော်ရွှင်မှုထဲသို့ ကျဆင်းစေခဲ့သည်။

ထိုမကောင်းဆိုးရွားဆန္ဒများက တစ်ဖန်ပြန်လည်လှုပ်ရှားလာတော့သည်။

လီရွှယ်အာကို ကြည့်ပြီးနောက် ကျူးမေး၏မျက်လုံးများက အနည်းငယ် မဲမှောင်နေပုံရ၏။

ကျူးမေးသည် လီရွှယ်အာနှင့် ယှဉ်လို့မရကြောင်း ရှင်းလင်းစွာ ခံစားမိနေသည်။

သူမသည် အဘက်ဘက်မှရှုံးနိမ့်ခဲ့၏။

ရုပ်ရည်၊ ကိုယ်လုံးကိုယ်ထည်၊ ကိုယ်နေဟန်ထား သို့မဟုတ် သူမဂုဏ်ယူနေသော ရင်သားအစုံကပင် လီရွှယ်အာကို ရှုံးနိမ့်ခဲ့လေသည်။

ထိုအကြည့်တစ်ချက်တည်းဖြင့် ကျူးမေးသည် လုံးဝရှုံးနိမ့်ခဲ့သည်။

လီရွှယ်အာက သူ့ကို ကိုယ်ပိုင်အခန်းထဲမှ ခေါ်ထုတ်လာသောအခါ လော့ထျန်သည် ကောင်းကင်ပေါ်သို့ ပျံဝဲနေသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏နှလုံးသားသည် တဖြုတ်ဖြုတ် ခုန်နေတော့သည်။

သူတို့အခန်းအပြင်ဘက်ရောက်သောအခါ လီရွှယ်

အာက “အစ်ကိုကြီးလော့ထျန် အစ်ကိုကြီးနဲ့ ဝတုတ်လေတို့က ကျွန်မတို့ရဲ့ကိုယ်ပိုင်အခန်းကို အရင်သွားနှင့်။ ကျွန်မ နောက်မှလိုက်လာမယ်” ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် လီရွှယ်အာသည် လှည့်ပြီး ကျူးမေးရှိရာ အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။

သူမ၏မျက်နှာသည် ပုံမှန်ချစ်စရာကောင်းသော မျက်နှာအမူအရာမှ အေးစက်သောအကြည့်သို့ ပြောင်းလဲသွား၏။

သူမသည် ကျူးမေးထံသို့ လမ်းလျှောက်သွားပြီး “အစ်ကိုကြီးလော့ထျန်နဲ့ အရင်က ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို ကျွန်မဂရုမစိုက်ဘူး။ အခုချိန်ကစပြီး အစ်ကိုကြီးလော့ထျန်ကို မကောင်းပြောတာကို နောက်တစ်ခါကြားရရင် မင်းရဲ့ကျူးမိသားစုတစ်ခုလုံးကို ဒီကမ္ဘာကနေ ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်”

သူမ၏လေသံသည် အေးစက်ပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

ကျူးမေး၏ခန္ဓာကိုယ်သည် အလွန်တုန်ရီနေသဖြင့် သူမသည် ခေါင်းပင်မော့ကြည့်ရဲချေ။

အခန်းထဲရှိ အခြားကျူးမိသားစု တပည့်အချို့သည်လည်း အေးစက်သော လေထုကြောင့် ဖိနှိပ်ခံနေရသဖြင့် လှုပ်ရဲခြင်းပင် မရှိကြတော့ချေ။

လီရွှယ်အာသည် လှည့်ထွက်သွားသော်လည်း “ကျွန်မလူကို လုဖို့တောင် မကြိုးစားနဲ့။ မဟုတ်ရင် မွေးလာတာကို နောင်တရသွားစေရမယ်” ဟု ပြောလိုက်သည်။

သူမသည် ထိုစကားကိုပြောသောအခါ လှည့်ပင်မကြည့်တော့ဘဲ မာနကြီးပြီး အနိုင်ကျင့်သောပုံစံဖြင့် အခန်းထဲမှ ထွက်သွားတော့သည်။

ကျူးမေး၏ကိုယ်ခန္ဓာတစ်ခုလုံး လဲကျသွားပြီး ကြမ်းပြင်ပေါ်တွင် ထိုင်နေသည်။

လီရွှယ်အာထုတ်လွှတ်ခဲ့သော ဖိအားက အလွန်ပြင်းထန်သဖြင့် သူမသည် သည်းခံရန် အလွန်ပင် မသက်မသာဖြစ်နေ၏။

လီရွှယ်အာ၏ အရိပ်ကိုကြည့်ရင်း ကျူးမေး၏မျက်လုံးများတွင် ခဏတာမျှ မုန်းတီးမှုများ ပေါ်လာသည်။

ထို့နောက် သူမသည် ကိုယ့်ကိုကိုယ် တိုးတိုးလေးပြောသည် “မင်းတို့နှစ်ယောက်ကို ဒီလောက်လွယ်လွယ်လေးနဲ့ ငါလက်မလွှတ်ဘူး”

လီရွှယ်အာ အခန်းထဲမှ ထွက်သွားသည်နှင့် သူမ၏မျက်နှာသည် ချစ်စရာကောင်းပြီး ပေါ့ပေါ့ပါးပါးနေတတ်သော သူမ၏မူလပုံစံသို့ ပြန်ပြောင်းသွား၏။

သူတို့သုံးယောက်သည် မူးယစ်သောနတ်ဘုရားအမှတ်အသားရှိသော ဟင်းပွဲများအားလုံးကို ညနက်သည်အထိ စားနေခဲ့သည်။

လော့ထျန်သည် လီရွှယ်အာကိုပင် သေချာစွာ ဝိုင်

အနည်းငယ် တိုက်ခဲ့ပြီး သူမကို မူးစေပြီး အထူးအရာများ ဖြစ်ပျက်စေရန် မျှော်လင့်ခဲ့သော်လည်း သူသည် ဦးစွာလဲကျသွားသူဖြစ်လာခဲ့သည်။

သူတို့၏အိမ်သို့ ပြန်ရောက်သောအခါ…

လီရွှယ်အာသည် အဝတ်စတစ်ထည်ကို ရေလတ်လတ်ဆတ်ဆတ်ထဲသို့ နှစ်လိုက်ပြီး လော့ထျန်၏ကိုယ်အပေါ်ပိုင်းကို သုတ်ပေးလိုက်၏။

သူမသည် လော့ထျန်၏ဘောင်းဘီကို မလဲရဲသည့်အတွက် အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့သည်။

ထိုသို့ပြုလုပ်ပြီးနောက် လီရွှယ်အာသည် လော့ထျန်၏ကုတင်ဘေးတွင် ထိုင်နေပြီး သူမ၏ပါးပြင်များကို လက်ဖြင့်ပုတ်လိုက်၏။

သူမသည် လော့ထျန်ကို စိုက်ကြည့်နေပြီး တစ်ခါတစ်ရံတွင် ချိုမြိန်ပြီး ဖြူစင်ကာ အနည်းငယ်အပြစ်ကင်းသော အပြုံးကို ပြုံးပြသည်။

သူမ၏အပြုံးက ပါးပြင်ပေါ်ရှိ ပါးချိုင့်နှစ်ခုကို ပေါ်စေကာ အလွန်ပင် ချစ်စရာကောင်းစေ၏။

ခဏအကြာတွင်…

လီရွှယ်အာသည် သူမ အဝတ်စွန်းများကို ဆွဲနေရင်း ဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ကြည့်လိုက်သည်။

နောက်ဆုံးတွင် အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူမသည် လော့ထျန်အပေါ်သို့ ကိုင်းညွတ်ကာ သူ့မျက်နှာကို အမြန်နမ်းလိုက်သည်။

လော့ထျန်၏မျက်ခုံးများ အနည်းငယ် တုန်ယင်သွားသည်။

ချက်ချင်းဆိုသလိုပင်…

လီရွှယ်အာသည် ကြောက်ရွံ့နေသောယုန်တစ်ကောင်ကဲ့သို့ အခန်းထဲမှပြေးထွက်သွားပြီး သူမ၏ရင်ဘတ်အတွင်းမှ နှလုံးသားသည် ကျယ်လောင်စွာခုန်နေသည်။

လရောင်အောက်တွင် သူမ၏မျက်နှာမှာ ရှက်သွေးဖြာနေသည်ကို တစ်စုံတစ်ဦးသာ မြင်ခဲ့ပါက အထူးလှုပ်ရှားမှုဖြစ်ပေါ်စေမည်။

သူမ၏မျက်လုံးများသည် မကောင်းသောအရာများကို ပြုထားသည့်နှယ် စိတ်လှုပ်ရှားမှုအရိပ်အမြွက်ကို ပြသနေသည်။

ဤမိန်းကလေးသည် အလွန်ပင် ချစ်စရာကောင်းပေသည်။

သူမပြေးထွက်သွားသည်နှင့် လော့ထျန်၏မျက်လုံးများပွင့်လာပြီး “အရူးမလေး” သူပြုံးလိုက်သည်။

နောက်ပိုင်းတွင် လော့ထျန်သည် ခါးသီးသော ပုံစံဖြင့် သက်ပြင်းချလိုက်သည် “အား…ဒီလိုကောင်းတဲ့ညမှာ ဘာလို့ဘာမှမဖြစ်တာလဲ”

လော့ထျန်တွင် ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုရှိ၏။

လော့ထျန်သည် တွန်းချခံရခြင်း၏ မတူညီသော အခြေအနေများစွာကို စိတ်ကူးခဲ့ဖူးပြီး ယနေ့ညသည် ထိုညဖြစ်လာမည်ဟု တွေးခဲ့သည်။

လီရွှယ်အာက သူ့ကိုစနမ်းလိုက်ခြင်းကို တွေးလိုက်သောအခါ လော့ထျန်၏နှလုံးသားသည် နွေးထွေးပြီး ပျော့ပျောင်းနေသကဲ့သို့ ခံစားလိုက်ရသည်။

ထိုခံစားချက်က အလွန်ပျော်ရွှင်စရာကောင်းသဖြင့် ဖော်ပြရန် စကားလုံးများပင် မရှိတော့ချေ။

“အား…”

လော့ထျန်သည် ကုတင်ပေါ်မှထပြီး လေကိုမှုတ်ထုတ်လိုက်သည်။

“ငါက အဆင့်၄နတ်ဆိုးသားရဲကို တစ်လခွဲအတွင်း တိုက်ခိုက်ရတော့မယ်။ ဒါကြောင့် ဒီအချိန်ကို အဆင့်တက်ဖို့ အမှန်တကယ် အသုံးပြုသင့်တယ်”

သူ၏အဝတ်အစားများကို ဝတ်ပြီးနောက် လော့ထျန်သည် လော့မိသားစု၏ တောင်အနောက်ဘက်သို့ ထွက်သွားတော့သည်။

လော့မိသားစု၏ တောင်အနောက်ဘက်တွင် သတ်ရန် နတ်ဆိုးသားရဲများမရှိချေ။

လော့ထျန် ထိုနေရာသို့သွားရခြင်း၏ တစ်ခုတည်းသောအကြောင်းရင်းက ရုပ်သေးရုပ်သိုင်းပညာကို အဆင့်မြှင့်တင်ရန်ပင် ဖြစ်သည်။

လော့မိသားစု၊ လော့ရှောင်းရှန်၏ ခြံဝန်းအတွင်းသို့။

လော့ယွဲ့သည် လော့မိသားစုထံသို့ ပြန်ရောက်ခဲ့သော်လည်း သူ့တွင်အသက်တစ်ဝက်သာ ကျန်တော့သည်။

သူသည် ယခုအခါတွင် ကုတင်တစ်ခုပေါ်တွင် လဲလျောင်းနေပြီး သူ၏မျက်နှာမှာ မည်းမှောင်နေပြီး မည်သည့်အချိန်မဆို သေတော့မည်ကဲ့သို့ ဖြစ်နေသည်။

သူသည် သူ၏ဖခင် လော့ရှောင်းရှန်၏ လက်ကို ဆွဲကိုင်ထားပြီး “အဖေ ကျွန်တော့်အတွက် လက်စားချေရမယ်။ အဖေက အမှိုက်ကောင်လော့ထျန်ကို အပိုင်းတစ်ထောင်လောက် ပိုင်းပစ်ရမယ်”

သူပြောလိုက်သောအခါ နာကျင်မှုကြောင့် တုန်ယင်သွားပြီး ဒဏ်ရာများပွင့်သွားသည်။

လော့ရှောင်းရှန်သည် သူ၏လက်သီးများကို ကျစ်နေအောင်ဆုပ်ထားသည်။

သူ၏သားကို ထိုကဲ့သို့အခြေအနေတွင် မြင်သောအခါ သူ၏နှလုံးသားတွင် ဒေါသများ ဟိန်းဟောက်နေ၏။

ထို့နောက် “ယွဲ့အာ စိတ်မပူနဲ့။ မင်းအတွက် လက်စားချေပေးမယ်လို့ အဖေက ကတိပေးတယ်” နှစ်သိမ့်လိုက်သည်။

“သူ့ကိုခေါ်သွားပြီး အကောင်းဆုံးဆေးတွေ သုံးလိုက်” လော့ကျန့်ရှန်က ဘေးမှ ခပ်ဖြည်းဖြည်းအော်လိုက်သည်။

လူနှစ်ယောက်သည် လော့ယွဲ့ကို ခြံဝန်းထဲမှ အမြန်သယ်သွားပြီး သူ၏နာကျင်သောအော်သံကို အဝေးတွင် ကြားနေရသေးသည်။

“အစ်ကိုကြီး ကျွန်တော် ဒါကို မခံနိုင်တော့ဘူး”

“ကျွန်တော် အခုချက်ချင်း သူ့ကိုသတ်တော့မယ်” လော့ရှောင်းရှန်သည် သူ၏ဒေါသကို မထိန်းချုပ်နိုင်တော့ချေ။

သူ၏မျက်လုံးများသည် ဒေါသကြောင့် သွေးနီရောင်ဖြစ်နေပြီး သူသည် လော့ထျန်ကို အရိုးထဲအထိ မုန်းတီးနေ၏။

လော့ကျန့်ရှန်သည် မျက်မှောင်ကြုတ်လိုက်ပြီး “ရှောင်းရှန် အခုအချိန်မဟုတ်သေးဘူး။ အခုလက်ရှိ လော့ထျန်က အရင်ကလော့ထျန် မဟုတ်တော့ဘူး”

သားရဲခေါင်း၏ တွက်ချက်မှုများအပြီးတွင် လူများကို စုံစမ်းရန် စေလွှတ်ခဲ့သော်လည်း မည်သည့်တစ်ခုမှ ရှာမတွေ့ခဲ့ပေ။

အမဲလိုက်ကွင်းမှ ထွက်လာသူများကလည်း မည်သည့်တစ်ခုမှ ဖော်ထုတ်ပြောပြခြင်းမရှိခဲ့ချေ။

အချို့ကိုပင် ညှဉ်းပန်းနှိပ်စက်ခဲ့သော်လည်း တစ်ခုမှ မရရှိခဲ့ပေ။

ဤအချက်တစ်ခုတည်းနှင့် ထိုလူများသည် လော့ထျန်၏ဘက်တွင် လုံးဝသစ္စာရှိကြောင်းကို ဆိုလိုပေသည်။

ဤသည်က လော့ကျန့်ရှန်ကို အလွန်မသက်မသာဖြစ်စေသည်။

(လော့ထျန်က လော့ကျန့်ရှန်သည် အရာအားလုံးကို သိနေပြီဟု ထင်ခဲ့သော်လည်း လော့မိသားစုမှ တပည့်များက သေသည်အထိ မည်သည့်တစ်ခုမှ မပြောဘဲ ခိုင်မာစွာ အတူတကွရပ်တည်နေသည်ဟု သူစိတ်ကူးမယဉ်ခဲ့ချေ။)

လော့ရှောင်းရှန်က “ဘယ်လောက်ကြာအောင် စောင့်ရဦးမှာလဲ” ဟု မေးလိုက်သည်။

လော့ကျန့်ရှန်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အေးစက်စက်ပြုံးကာ “ငါက လော့ချန်းရှန်းနဲ့ ဆွေးနွေးနေတယ်။ သူ မကြာခင် ငါ့ဘက်ကို ရပ်တည်လိမ့်မယ်။ အဲဒီအချိန်ကျရင် လော့ထျန်ကို ဖယ်ရှားပစ်ဖို့က လွယ်လွန်းပါတယ်”

တကယ်တော့…

၎င်းသည် အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လော့ကျန့်ရှန်အမှန်တကယ် လိုချင်သောအရာက ခက်ထန်သောမိုးကြိုးနွားသိုး၏ နတ်ဆိုးအနှစ်သည်သာ။

All Chapters