အဆင့်(၃) ရုပ်သေးစနစ်
Vol. 4 Ch. 40
အမဲလိုက်ပြိုင်ပွဲပြီးနောက်တွင် ရလဒ်များမှာ လူတိုင်း၏ မျှော်မှန်းချက်ထက် ကျော်လွန်နေခဲ့၏။
မနေ့ညက သိုင်းပညာလေကျင့်ရေးကွင်း၌ ဖြစ်ပျက်ခဲ့သည့်အရာများသည် ကျောက်စိမ်းတောင်မြို့တစ်ခုလုံးကို လျင်မြန်စွာပျံ့နှံ့သွားလေသည်။
ယခုအခါ လမ်းမကြီး နှင့် လမ်းငယ်လေးများရှိ လူတိုင်းက ဤအကြောင်းအရာကို ဆွေးနွေးနေကြ၏။
ယခင်ပါရမီရှင်သည် ထိပ်ဆုံးသို့ ပြန်ရောက်လာသည်တဲ့လား။
လူအများစုက “ဟားဟား” ဟူသော တုံ့ပြန်မှုမျိုးရှိကြ၏။
ပျက်စီးနေသော ဒန်ထျန်ဖြင့် သိုင်းပညာကို လေကျင့်ရန် မဖြစ်နိုင်ပေ။
ယခု သူက ထိပ်ဆုံးသို့ ပြန်ရောက်လာသည်တဲ့လား။
ဤသည်မှာ ရယ်စရာကောင်းလှ၏။
အမဲလိုက်ရလဒ်များမှာ
အနိမ့်ဆုံး နတ်ဆိုးသားရဲသည် အဆင့် ၂ ဖြစ်ပြီး အဆင့် ၃ နတ်ဆိုးသားရဲများစွာနှင့် အဆင့် ၄ နတ်ဆိုးသားရဲ၏ ဦးခေါင်းပင်ရှိနေ၏။
နက်နဲတပည့်အဆင့်ရှိသူတစ်ဦးက ၎င်းတို့ကို သတ်နိုင်သည်ဟု အဘယ်သူက ယုံကြည်နိုင်မည်နည်း။
လော့ထျန်သည် ၎င်းတို့ကို သတ်ရန် မဖြစ်နိုင်ကြောင်း ခွေးပင် သိပေလိမ့်မည်။
လူအနည်းငယ်သာ ဖြစ်ရပ်မှန်ကို သိရှိပြီး အများစုက မယုံကြည်ကြပေ။
သို့သော် ဤနတ်ဆိုးသားရဲများသည် သူမည်သည့်နေရာမှ ရလာသနည်း။
မိမိမျိုးနွယ်စုညီအစ်ကိုများကို သတ်ခြင်း၊ ထိုသူတို့၏ နတ်ဆိုးသိုလှောင်ရာနေရာပြားများကို ခိုးယူခြင်းနှင့် သေဆုံးသွားသောတပည့်၏ ရလဒ်များကို မိမိအပိုင်အဖြစ် ယူခြင်းတို့ဖြစ်၏။
ရက်စက်လွန်းသူ၊ လော့မိသားစု၏ နံပါတ် ၁ အပြစ်သား။
ကျောက်စိမ်းတောင်မြို့တစ်မြို့လုံးသည် လော့ထျန်ကို အထင်သေးကာ မျက်နှာပျက်စရာဟုသတ်မှတ်ကြ၏။
အချို့သူများကမူ လော့ထျန်ကို ကျောက်စိမ်းတောင်မြို့၌ အဆိုးဆုံးလူတစ်ဦးအဖြစ် သတ်မှတ်ကြ၏။
လူငယ်အချို့သည် နားကျည်းစွာဖြင့် စိန်ခေါ်ကြ၏။
“လော့ထျန်ကို ငါမမြင်စေနဲ့၊ မဟုတ်ရင် ငါသူ့ကို သတ်ပစ်လိုက်မယ်”
တစ်ညတည်းဖြင့် လော့ထျန်အပေါ်အမြင်မကြည်မှုများ ကျောက်စိမ်းတောင်မြို့တစ်မြို့လုံးသို့ ပျံ့နှံ့သွားလေသည်။
အကြောင်းအရင်းက အလွန်ရိုးရှင်း၏။
၎င်းသည် လော့ကျန့်ရှန်ဖန်တီးခဲ့ခြင်းဖြစ်၏။
ထို့အပြင် ကျူးမေးသည် သူ၏ဝမ်းနည်းမှုနှင့် နစ်နာမှုကို ဖြင့်ကိုင်လှူပ်လိုက်သောအခါ လော့ထျန်သည် လျင်မြန်စွာ အဆိုးဆုံးနှင့် အယုတ်မာဆုံးလူတစ်ဦး ဖြစ်လာခဲ့၏။
လော့ထျန်သည် ဤအရာများ ဖြစ်ပျက်နေသည်ကို မသိရှိခဲ့ပေ။
သူသည် လက်ရှိတွင် ရုပ်သေးရုပ်စနစ်ကို ပြင်းထန်စွာ မြှင့်တင်နေလေသည်။
ရုပ်သေးရုပ်များကို သစ်သား၊ သတ္တု သို့မဟုတ် ကျောက်နက်များဖြင့် ဖန်တီးနိုင်၏။
အခြေခံအားဖြင့် ရုပ်သေးရုပ်များကို အမျိုးမျိုးသောပစ္စည်းများဖြင့်ဖန်တီးနိုင်ပေသည်။
မတူညီသောပစ္စည်းများကို အသုံးပြုနိုင်သော်လည်း ရုပ်သေး၏ ခုခံကာကွယ်မှုနှင့် တိုက်ခိုက်နိုင်စွမ်းသည် အသုံးပြုသောပစ္စည်းများပေါ်တွင် မူတည်လိမ့်မည်။
ထို့ကြောင့် ရုပ်သေးရုပ်များအတွက် ပစ္စည်းများကို ရွေးချယ်သည့်နေရာတွင် အလွန်အရေးကြီးပေသည်။
ပစ္စည်းကောင်းများကို ရွေးချယ်ပြီးနောက် သိုင်းပညာကို အသက်သွင်းကာ နက်နဲစွမ်းအင်ကို ထည့်လိုက်သောအခါ နက်နဲစွမ်းအင်သည် ရုပ်သေးရုပ်၏ နှလုံးသားနှင့် အရည်အချင်းများကို ဖန်တီးရန် ပစ္စည်းများကို စုစည်းပေးလိမ့်မည်။
ထိုအချိန်တွင် လော့ထျန်၏စိတ်ထဲတွင် ရုပ်သေးရုပ် ပုံစံငယ်တစ်ခု ပေါ်လာပြီး ပြီးစီးသွားပြီးဟု သတ်မှတ်နိုင်သည်။
သူ၏ အတွေးများဖြင့် ထိန်းချုပ်ပြီး ရုပ်သေးရုပ်များက သူ့အမိန့်များကို နာခံလိမ့်မည်။
သို့သော် ရုပ်သေးရုပ်များကို ထိန်းချုပ်ခြင်းသည် စိတ်ပိုင်းဆိုင်ရာ အာရုံစိုက်မှုများစွာ လိုအပ်ပြီး ရုပ်သေးရုပ်သုံးဦးကို တစ်ချိန်တည်းတွင် ထိန်းချုပ်ခြင်းသည် သူ၏ စိတ်ပိုင်းဆိုင်ရာစွမ်းအားကို စိန်ခေါ်လိမ့်မည်မှာ သေချာပေသည်။
လော့မိသားစု၏ တောင်အနောက်ဘက်။
လော့ထျန်သည် သူ၏မျက်လုံးများကို မှိတ်ထားပြီး နက်နဲစွမ်းအင်သည် သူ၏ညာဘက်လက်မှ ထွက်လာ၏။
ခဏအကြာ လည်ပတ်ပြီးနောက် သူ၏ညာဘက်လက်ကို ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
“ဘုန်း…”
“နက်နဲစွမ်းအင် တန်ဖိုး ၁၀၀ မှတ် လျော့သွားပါပြီ”
ထိုအသံမြည်ပြီးနောက်တွင် မြေပြင်ပေါ်ရှိ ကျောက်နက်ပုံများ စတင်ပေါင်းစည်းလာကြ၏။
နှာခေါင်း၊ မျက်လုံး၊ မျက်နှာနှင့် ခြေလက်လေးခုလုံး ပေါ်လာ၏။
စက္ကန့်ဝက်အကြာတွင် ကျောက်နက်ဖြင့် ပြုလုပ်ထားသော ရုပ်သေးရုပ်တစ်ခုသည် တစ်မီတာခွဲခန့်သာရှိပြီး လော့ထျန်၏ဘေးတွင် ရုပ်တုတစ်ခုကဲ့သို့ ရပ်နေ၏။
“ဒင်”
“ရုပ်သေးဖန်တီးခြင်း အောင်မြင်ပါပြီ၊ ကျွမ်းကျင်မှု +၁”
ကျောက်နက်ရုပ်သေးရုပ်
အဆင့်: ၀
အသက်: ၆၀၀ (ဒါက ပစ္စည်းတွေပေါ်မူတည်တာပါ။ ပစ္စည်းပိုကောင်းလေ၊ အသက်ဘား ပိုမြင့်လေပါ)
ကျောက်နက်ရုပ်သေးရုပ်၏ အရည်အချင်းများ လော့ထျန်၏ စိတ်ထဲတွင် ပေါ်လာ၏။
လော့ထျန်က ၎င်းကို ကြည့်ပြီး အတွေးတစ်ခုပြုလုပ်လိုက်ရာ ကျောက်နက်များက ပြိုသွားပြီး သာမန်ကျောက်ပုံများအဖြစ်သို့ ပြန်ပြောင်းသွား၏။
“နောက်တစ်ခါ”
လော့ထျန်သည် သူ၏စွမ်းရည်ကို ထပ်မံအသက်သွင်းလိုက်ရာ ကျောက်ပုံသည် ရုပ်သေးရုပ်အသစ်တစ်ခု ဖန်တီးရန် စတင်ပေါင်းစည်းလာလေသည်။
ပစ္စည်းများရိုးရှင်းလေလေလေကျင့်မှုပိုလွယ်လေဖြစ်၏။
လော့ထျန်သည် သူ၏ကျွမ်းကျင်မှုအတွက်သာ အဆင့်မြှင့်တင်နေခြင်းဖြစ်သည်။
ရုပ်သေးရုပ်၏ အရည်အချင်းများကိုမူ သူလုံးဝဂရုမစိုက်ပေ။
ဤသည်မှာ အဆင့် ၀ ရုပ်သေးရုပ်၏ ကန့်သတ်ချက်ဖြစ်ပြီး အဆင့် ၁ နတ်ဆိုးသားရဲများသည် ၎င်းကန့်သတ်ချက်များကို အလွယ်တကူ ကျော်လွှားနိုင်သည်။
ရုပ်သေးရုပ်များက နတ်ဆိုးသားရဲများကို သတ်နိုင်ရန်အတွက် တစ်ခုတည်းစောအရာမှာ ကျွမ်းကျင်မှုကို မြှင့်တင်ရန်သာဖြစ်၏။
ထို့ကြောင့် လော့ထျန်သည် သူ၏ ရုပ်သေးစနစ်ကို အရူးအမူး အသက်သွင်းနေခြင်းဖြစ်၏။
“ရုပ်သေးဖန်တီးမှု အောင်မြင်ပါပြီ၊ ကျွမ်းကျင်မှု +၁”
“ဆက်လုပ်”
လော့ထျန်က သူ၏တင်းနေသောသွားများမှတစ်ဆင့် အော်ဟစ်လိုက်၏။
သူ၏စိတ်ပျက်နေပြီး ခန္ဓာကိုယ်လည်း ပင်ပန်းနေသော်လည်း အချိန်သိပ်မရှိသောကြောင့် သူရပ်တန့်၍မရနိုင်ပေ။
အဆင့် ၄ နတ်ဆိုးသားရဲသည် အလွန်အားကောင်း၏။
မိုးကြိုးနွားသိုးတွင် ပိုင်ဆိုင်သောစွမ်းအားက အလွန်တုန်လှုပ်ဖွယ်ဖြစ်ပြီး သူ၏နှလုံးသားတွင် မည်သည့်အခါမှ မမေ့နိုင်မည့် ပုံရိပ်တစ်ခုကို ချန်ထားခဲ့လေသည်။
ဖုန်းလေနှင့်သူသည် အဆင့် ၄ နတ်ဆိုးသားရဲ၏ ပြိုင်ဘက်မဟုတ်ချေ။
အထူးသဖြင့် လှည့်ကွက်တစ်ခုမျှမသုံးဘဲ ၎င်းကို သတ်ရမည်ဆိုပါကဖြစ်၏။
ထို့အပြင် ဖုန်းလေသည် တိုက်ပွဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် သူ၏အသက်ကိုပင် ဂရုမစိုက်ပဲ လော့ထျန်ကို ကာကွယ်ရန် ကြိုးစားရင်း ရူးသွပ်သွားလိမ့်မည်။
ဖုန်းလေ အသက်ဆုံးရှုံးနိုင်ခြေလည်းရှိ၏။
ဤကဲ့စို့ရလဒ်ကို လော့ထျန် အဖြစ်ခံမည်မဟုတ်သော အရာတစ်ခုဖြစ်၏။
တိုတောင်းသော ၁၅ ရက်တာကာလအတွင်း သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ အဆင့်မြှင့်တင်ရန်ဖြစ်ပြီး ရုပ်သေးရုပ်များသည် အဆင့်မြှင့်တင်ရန်အတွက် သူ၏လက်နက်ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် သူသည် ရုပ်သေးစနစ်ကို အမြန်ဆုံးအဆင့်မြှင့်တင်ရပေမည်။
“တစ်လခွဲအတွင်း ငါ နက်နဲဆရာအဆင့်ကို ရောက်ရမယ်”
“မင်း စောင့်နေလိုက် လော့ကျန့်ရှန်၊ ဒီအဖေက မင်းရှေ့မှာ အဆင့် ၄ နတ်ဆိုးသားကို သတ်ပြမယ်၊ မင်း အဲဒီ ကျောက်နက်ကို ဘယ်လိုထုတ်မလဲ ကြည့်မယ်။ မင်း မထုတ်နိုင်ရင် ဘယ်လိုထွက်သွားမလဲ ကြည့်ချင်သေးတယ်”
“ဒီအဖေ အဆင့် ၄ နတ်ဆိုးသားရဲကို သတ်ပြီးတာနဲ့ နောက်တစ်ယောက်က မင်းဖြစ်လိမ့်မယ်”
လော့ကျန့်ရှန်ပတ်လည်ရှိ ရွှေရောင်အလင်းရောင်ကို သတိရမိသောအခါ လော့ထျန်သည် သူ၏ တံတွေးကို ပြန်မျိုချလိုက်မိ၏။
နောက်ဆုံးဘော့စ်ဆိုသည့်အတွေးက အလွန်ဆွဲဆောင်မှုရှိ၏။
ဘော့စ်ကို ပထမဆုံးအကြိမ်သတ်သောအခါ ပစ္စည်းကောင်းများ ပေါများလိမ့်မည်မှာ သေချာ၏။
လော့ထျန်သည် လော့ကျန့်ရှန် အခိုးခံရသည်ကို အမှန်တကယ်မျှော်လင့်နေ၏။
“ဒင်”
“ရုပ်သေးရုပ် ဖန်တီးမှု အောင်မြင်ပါပြီ၊ ကျွမ်းကျင်မှု +၁”
“ဒင်”
“ရုပ်သေးရုပ် ဖန်တီးမှု အောင်မြင်ပါပြီ၊ ကျွမ်းကျင်မှု +၁”
“ဒင်”
“ရုပ်သေးရုပ် ဖန်တီးမှု အောင်မြင်ပါပြီ၊ ကျွမ်းကျင်မှု +၁”
ဤသတိပေးချက်များသည် သူ၏စိတ်ထဲတွင် ထပ်ခါတလဲလဲ မြည်ဟည်းနေ၏။
လော့ထျန်သည် ရုပ်သေးစနစ်ကို လေကျင့်ရာတွင် တခြားဘာမှ မလုပ်တော့ဘဲ ထိုထဲကိုသာ အာရုံစိုက်နေသည်။
သူ၏ နက်နဲစွမ်းအင်သည် အလွန်ကုန်ခန်းနေပြီး ဝိညာဉ်တောင်တန်းမှ နတ်ဆိုးသားရဲများကို သတ်ရာမှ ရရှိခဲ့သော နက်နဲစွမ်းအင်အားလုံးကို လျင်မြန်စွာအသုံးပြုနေ၏။
တစ်ရက်…
နှစ်ရက်…
ခုနစ်ရက်မြောက်နေ့တွင် သူစုဆောင်းထားသော နက်နဲစွမ်းအင်အားလုံး ကုန်သွား၏။
သူသတ်ခဲ့သောလူများမှ ထွက်လာသည့် ဆေးလုံးများပင် ကုန်လုနီးပါးဖြစ်နေပြီဖြစ်၏။
သို့သော် ၤင်းသည် ခုနစ်ရက်မြောက်ညနေခင်းတွင်
“ဒင်”
“ရုပ်သေးရုပ် ဖန်တီးမှု အောင်မြင်ပါပြီ၊ ကျွမ်းကျင်မှု +၁”
“ဒင်”
“ရုပ်သေးစနစ် အဆင့်မြှင့်တင်မှုအတွက် ဂုဏ်ယူပါတယ်၊ လက်ရှိက အဆင့် (၃) ဖြစ်ပြီး ရုပ်သေးရုပ်အရေအတွက်က +၁ ပါ”
“လခွမ်း၊ နောက်ဆုံးတော့ အဆင့် ၃ ဖြစ်သွားပြီ”
“ဒီလိုသာ ဆက်လေကျင့်နေရင် ဒီအဖေ စိတ်လွတ်သွားတော့မယ်”
လော့ထျန်သည် အသက်ရှုထုတ်လိုက်ပြီး သူစိတ်တုန်လှုပ်သွား၏။
ဤခုနစ်ရက်တာအတွင်း သူသည် တောထဲမှ လူရိုင်းတစ်ဦးကဲ့သို့ နေထိုင်ခဲ့၏။
သူသည် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေပြီး သူ၏ခန္ဓာကိုယ်ကလည်း ညစ်ပတ်နံစော်ကာ ပင်ပန်းနွမ်းနယ်နေပြီး သူ၏ပုံရိပ်တစ်ခုလုံးက စိတ်ရောဂါကုသဆောင်မှ လွတ်မြောက်လာသော အရူးတစ်ဦးကဲ့သို့ ဖြစ်နေပေ၏။
သိုင်းပညာစွမ်းရည်: ရုပ်သေးစနစ်
အဆင့်: ၃ (ရုပ်သေးရုပ်ပမာဏ – ၄)
ခွန်အား: အဆင့် ၃ နတ်ဆိုးသားရဲနှင့် ညီမျှသည်။
“အဆင့် ၃ နတ်ဆိုးသားရဲရဲ့စွမ်းအား… ငါ ရုပ်သေးရုပ် ၄ ကောင်ကို ဖန်တီးလိုက်တာနဲ့ ငါ့ရဲ့ အမိန့်အောက်မှာ အဆင့် ၃ နတ်ဆိုးသားရဲ ၄ ကောင်နဲ့ ညီမျှသွားတာပဲ။
ငါက သူတို့ကို ဝိညာဉ်တောင်တန်းရဲ့ အပြင်ဘက်ကို လွှတ်ပြီး အဆင့် ၁ နဲ့ ၂ နတ်ဆိုးသားရဲတွေကို သတ်ခိုင်းလိုက်မယ်ဆိုရင် ငါ့ရဲ့အတွေ့အကြုံက တဟုန်ထိုး တက်လာမှာ မဟုတ်ဘူးလား” လော့ထျန်သည် စွမ်းရည်ဖော်ပြချက်ကို စိုက်ကြည့်ရင်း စိတ်လှုပ်ရှားနေ၏။
လော့ထျန်သည် အိမ်သို့ ပြန်မသွားတော့ဘဲ ကျောက်စိမ်းတောင်မြို့၏ လမ်းမကြီးများဆီသို့ တန်းသွား၏။
သူသည် လက်ရှိတွင် ထိုရုပ်သေးရုပ်များကို ဖန်တီးရန်အတွက် ပစ္စည်းကောင်းအချို့ လိုအပ်နေပြီး သူသည် ၎င်းတို့ကို အစောပိုင်းကပင် ဆုံးဖြတ်ထားပြီးဖြစ်၏။
အရည်အသွေးပြည့်သံထည်ပင်။
သူ၏ လက်ရှိလိုအပ်ချက်များအတွက် သံထည်သည် သူရရှိနိုင်သော အကောင်းဆုံးပစ္စည်းဖြစ်၏။
၎င်းသည် မာကျောကြောင့် ခုခံကာကွယ်မှုကို တိုးစေပြီး ရုပ်သေးရုပ်များအချိန်ကြာစွာ တိုက်ပွဲဝင်နိုင်မည်ကို သေချာစေလိမ့်မည်။
သူက ၎င်းကို မာစေလိုသည်။
အကယ်၍ ၎င်းသည် မာကျောမှု မလုံလောက်ပါက နတ်ဆိုးသားရဲများကို မည်သို့ သတ်နိုင်မည်နည်း။
ရုပ်သေးရုပ်များတွင် မြင့်မားသော စွမ်းအင်ဘား၊ မြင့်မားသော ခုခံကာကွယ်မှု လိုအပ်ပြီး ၎င်း၏ တိုက်ခိုက်မှုစွမ်းအားကလည်း သဘာဝအတိုင်းပင် လိုက်ပါလာလိမ့်မည်။
အဆင့် ၃ နတ်ဆိုးသားရဲကဲ့သို့ စွမ်းအားရှိခြင်းဖြင့် အဆင့် ၁ နှင့် ၂ နတ်ဆိုးသားရဲများကို တိုက်ခိုက်ခြင်းသည် အတော်လေးလွယ်ကူပြီး တိုက်ခိုက်မှုစွမ်းအားများစွာ လိုအပ်မည်မဟုတ်ပေ။
ဆယ်မိနစ်ခန့်ကြာပြီးနောက် လော့ထျန်သည် ကျောက်စိမ်းတောင်မြို့၏ အကြီးဆုံး ပစ္စည်းကိရိယာပြုပြင်ရေးဆိုင်သို့ လမ်းမကြီးတစ်လျှောက် ပြေးသွားလေသည်။
လမ်းထောင့်တစ်ခုတွင်…
“သခင်လေး၊ လော့ထျန်ဆိုတဲ့ ကောင်လေးက ဆုံးမိသားစုရဲ့ ပစ္စည်းကိရိယာပြုပြင်ရေးခန်းမထဲကို ဝင်သွားပြီ။
သူ့ကို ဆွဲထုတ်ဖို့ တပည့်တွေ လွှတ်လိုက်ရမလား”
“မလိုဘူး”
“ငါကိုယ်တိုင် သွားမယ်”
ကျိုးယိရှောင်သည် အဖြူရောင်အဝတ်အစားများ ဝတ်ဆင်ထားပြီး ယပ်တောင်ခတ်နေ၏။
သူသည် ယဉ်ကျေးသိမ်မွေးသော လူယုတ်မာတစ်ဦးနှယ် ကျူးမေးကို ညင်သာစွာပြုံးပြကာ
“ညီမလေး ကျူမေ၊ မင်းရဲ့စကားက အတည်နော်။
ငါသာ လော့ထျန်ကို ရိုက်နှက်နိုင်ခဲ့ရင် ဒီည မင်းက…”
ကျူးမေးသည် ချစ်စဖွယ်ပြုံးလိုက်ပြီး ကျိုးယိရှောင်၏ ရင်ဘတ်ကို ညင်သာစွာထိလိုက်၏။
နူးညံ့သောအသံဖြင့် “လူကြီးမင်း ကျိုး၊ ညီမရဲ့စကားက အတည်ပေါ့။
ရှင်သာ လော့ထျန်ကို ဝပ်ပြားအောင်လုပ်နိုင်ရင် ဒီည ရှင်လိုချင်တာမှန်သမျှ ညီမ လုပ်ပေးပါမယ်”
ထိုသို့ပြောပြီးနောက် မိန်းကလေးဆန်သော ရယ်မောသံကို ပေးလိုက်ရာ ကျိုးယိရှောင်၏ ပေါင်ခြံဧရိယာကို ချက်ချင်း မြင့်တက်စေ၏။
ကျိုးယိရှောင်သည် သူ၏ယပ်တောင်ကို ပိတ်လိုက်ပြီး “သွားပြီး တိုက်ခိုက်စမ်း” အော်ဟစ်လိုက်လေသည်။
သူသည် မစောင့်နိုင်တော့ပေ။