အကူအညီကြီးတစ်ခု
Vol. 4 Ch. 42
အားပြင်းသောအသံကို ကြားလိုက်ရပြီး နက်နဲဆရာတစ်ဦး၏ ဖိအားများ ပျံ့နှံ့လာလေ၏။
ချက်ချင်းပင်… လော့ထျန်သည် သူ၏လက်သီးများကို ဆုပ်ကိုင်ထားရင်း မျက်မှောင်ကြုတ်လိုက်၏။
နောက်ဖေးခြံရှိ ပုံရိပ်ကိုမတွေ့ရသော်လည်း ပစ္စည်းကိရိယာပြုပြင်ရေးခန်းမ၏ ပင်မနေရာတွင် ချက်ချင်းပေါ်လာ၏။
“ဟားဟားဟား…”
“ဒါဆို ညီလေးလော့ထျန်ပါလား”
ဆုံးယန်ချွင်းက ကျယ်လောင်စွာရယ်မောရင်း လော့ထျန်၏ပခုံးကို ပုတ်လိုက်၏။
ထို့နောက် သူက ပျော်ရွှင်စွာဖြင့်
“ညီလေးလော့၊ မင်းဘာလို့ ဒီလိုလုပ်တာလဲ။
လော့မိသားစုရဲ့ အမဲလိုက်ပြိုင်ပွဲက ပြီးသွားတာ ကြာလှပြီ၊ ဒါပေမဲ့ မင်းရဲ့ ဒီအစ်ကိုကြီးဟောင်းဆီကို မလာတာလဲ”
“နေဦး၊ ဒီအနံ့က ဘာလဲ”
“အိုး ဘုရားရေ… ညီလေးလော့၊ မင်းတောထဲက ထွက်လာပြီး ရေမချိုးရသေးဘူးလား”
ဆုံးယန်ချွင်းက သူ၏နှာခေါင်းကို ဖုံးအုပ်ကာ မဆိုင်းမတွ မေးလိုက်၏။
လော့ထျန်သည် ပြုံးနေရင်း သူ၏ခေါင်းကို ကုတ်လိုက်၏။
“ကျွန်တော်က တံခါးပိတ် ကျင့်ကြံနေခဲ့လို့ လက်ဆောင်တွေနဲ့ လာလည်ဖို့ အချိန်မရခဲ့ပါဘူး”
လက်ဆောင်တွေနဲ့ လာလည်ဖို့လား။
လက်ဆောင်တွေနဲ့ လာလည်ဖို့ အချိန်ဘယ်မှာရှာရမှာလဲ။
လော့ထျန်က ထိုတစ်ရက်တာကို ယခုအခြေအနေနှင့်ဆိုလျှင် ရက်ပေါင်းတစ်ရာနှင့် ညီမျှဖိို့ ကြိုးပမ်းနေရနေ၏။
“အံ့သြစရာတော့ မဟုတ်ပါဘူး”
“ညီလေးလော့၊ လော့ကျန့်ရှန်က မင်းကို အဆင့် ၄ နတ်ဆိုးသားရဲနဲ့ တိုက်ခိုက်စေချင်တယ်လို့ ကြားတယ်။ ဒါ အမှန်လား”
ဆုံးယန်ချွင်းက အလေးအနက်ထား၍ မေးမြန်းလေ၏။
ဆုံးမိသားစု၏ ၀၀၇ များသည် ဤအရာကို သတင်းပို့ခဲ့ပြီးဖြစ်သော်လည်း ဆုံးယန်ချွင်းသည် လော့ထျန်၏ပါးစပ်မှ တိုက်ရိုက်ကြားလိုနေသေး၏။
လော့ထျန်က “အင်း၊ ၈ ရက်ပဲ ကျန်တော့တယ်” ခေါင်းညိတ်လိုက်၏။
ဆုံးယန်ချွင်း၏ မျက်ခုံးများ တွန့်ကွေးသွားပြီး မတရားမှုကို ခံစားလိုက်ရ၏။
“ဒီလော့ကျန့်ရှန်က လူယုတ်မာပဲ၊ ဒီလိုလူမျိုးက လော့မိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းမပြည့်မီဘူး”
“အဆင့် ၄ နတ်ဆိုးသားရဲက အလွန်ကြမ်းတမ်းတယ်၊ ညီလေးလော့ ဘယ်လိုလဲ…”
ဆုံးယန်ချွင်းသည် သူကိုယ်တိုင် ကူညီပေးလိုသည်။
ဆုံးယန်ချွင်းသည် လော့ထျန်၏ ကောင်းကင်ကို တုန်လှုပ်စေမည့် အရည်အချင်းများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရ၏။
သူသည် အဆင့် ၄ နတ်ဆိုးသားရဲကို သူ၏လက်အောက်ခံအဖြစ် စေပါးနိုင်သောကြောင့် သူသည် ထူးခြားသည့်တစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်၏။
လော့ကျန့်ရှန်သည် မိသားစုအတွင်းရှိ စိန်ကို မမြင်ဘဲ လော့ထျန်အတွက် အခက်အခဲများ ဆက်လက်ဖန်တီးနေခဲ့၏။
ယခု လော့ထျန်သည် အဆင့် ၄ နတ်ဆိုးသားရဲနှင့်ပင် တိုက်ခိုက်ရန် အတင်းအကျပ်စေခိုင်းခြင်းခံနေရသောကြောင့် ၎င်းသည် သူ့ကို သေတွင်းတူးရန် အတင်းအကျပ် စေခိုင်းခြင်းနှင့် ညီမျှသည်မဟုတ်ပါလား။
ထိုသို့ဆိုပါက ဆုံးမိသားစုသည် လော့ထျန်ကို ခေါ်ယူကောင်း ခေါ်ယူနိုင်ပေသည်။
လော့ထျန်သည် ဆုံးမိသားစုဘက်ပါလာလျှင် ၎င်းတို့သည် ကျောက်စိမ်းတောင်မြို့တစ်မြို့လုံးကို လွှမ်းမိုးနိုင်လိမ့်မည်ဖြစ်၏။
လော့ထျန်က “ခေါင်းဆောင်ဆုံး၊ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ လော့မိသားစုရဲ့ ကိစ္စတွေကို သူ့ရဲ့မိသားစုဝင်တွေက ဖြေရှင်းတာ အကောင်းဆုံးပါပဲ” ခပ်ပြုံးပြုံးပြောလိုက်၏။
“ခေါင်းဆောင်ဆုံး၊ ခေါင်းဆောင်ဆုံးတဲ့လာ မင်း ငါ့ကို သူငယ်ချင်းအဖြစ်တောင် မမြင်ဘူးလား။
မင်းသာ ငါ့ကို သူငယ်ချင်းအဖြစ် မြင်တယ်ဆိုရင် ငါ့ကို အစ်ကိုကြီးဆုံးလို့ ခေါ်ပါ”
ဆုံးယန်ချွင်းက မပျော်မရွှင် ဟန်ဆောင်လိုက်၏။
လော့ထျန်က “အစ်ကိုကြီးဆုံး” တောင်းပန်သောလေသံဖြင့် ပြောလိုက်၏။
“ဒီလိုမှပေါ့”
ဆုံးယန်ချွင်းသည် ပြုံးလိုက်ပြီး
“မင်း ဒီလိုဆုံးဖြတ်လိုက်ကတည်းက ညီလေးလော့ သိပ် သတိထားရမယ်။
ဘယ်အကူအညီလိုတယ်ဆိုတာကို တစ်ခွန်းတည်း ပြောလိုက်ရုံနဲ့ ဆုံးမိသားစုက မင်းကို ဘာမဆို ကူညီပေးမှာပါ” ပြောကြားလေ၏။
“ဘာမဆို” ဟူသော စကားလုံးများကို အလေးပေးပြောဆိုခဲ့၏။
ဆုံးယန်ချွင်းသည် ဘာမဆိုကူညီပေးမည်ကို ဒုတိယအကြိမ်မြောက် ဖော်ပြခဲ့ခြင်းဖြစ်၏။
ဝိညာဉ်တောင်တန်းတွင် ပြောဆိုခဲ့သည်ထက်ပင် အလေးပေးမှု ပိုမိုပြင်းထန်ပြီး ၎င်းသည် သူသည် ဆုံးမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်ဖြစ်သူ ဆုံးယန်နန်၏ ပံ့ပိုးကူညီမှုကို ရရှိခဲ့သည် ဆိုလိုပေသည်။
လော့ထျန်သည် ဤပစ္စည်းကိရိယာပြုပြင်ရေးခန်းမသို့ သူဘာကြောင့်ရောက်လာသည်ကို သတိရမိသောအခါ
“အစ်ကိုကြီးဆုံး၊ ကျွန်တော် အမှန်တကယ်ပဲ အစ်ကို့ရဲ့ အကူအညီလိုတဲ့ ကိစ္စတစ်ခုရှိပါတယ်” ပြုံးလျက်ပြောလေ၏။
ဆုံးယန်ချွင်း၏ မျက်ခုံးများ မြင့်တက်လာ၏။
“ပြောပါ”
လော့ထျန်သည် တရွတ်တိုက်ဆွဲခြင်းမျိုး မပြုလုပ်တော့ဘဲ တိုက်ရိုက်ပင်
“ကျွန်တော် သံကောင်းအများကြီး ဝယ်ဖို့လိုတယ်။
များလေလေ ကောင်းလေလေပါပဲ။
အစ်ကို့ဆုံးမိသားစုရဲ့ အခြေခံလုင်ငန်းက ပစ္စည်းကိရိယာပြုပြင်တာဖြစ်တော့ အစ်ကို့မှာ အများကြီး စုထားတာရှိမှာပါ။
အချို့ကို ရောင်းပေးလို့ ရမလား” မေးမြန်းလိုက်၏။
ဆုံးယန်ချွင်းသည် အလွန်သိချင်စိတ်ပြင်းပြနေ၏။
သံကောင်းအတွက် လက်နက်များနှင့် သံချပ်ကာများ ပြုပြင်ရန်မှလွဲ၍ အသုံးဝင်မှုများစွာမရှိသောကြောင့် လော့ထျန်သည် ၎င်းတို့ကို ဘာအတွက် လိုချင်ပါသနည်း။
သူက ပစ္စည်းကိရိယာအချို့ ပြုပြင်ချင်တာလား။
သူ့တွင် သိချင်စိတ်ရှိသော်လည်း ဆုံးယန်ချွင်း မမေးတော့ပေ။
“ကျွန်တော်နဲ့ လိုက်ခဲ့ပါ”
မကြာမီတွင် သူတို့နှစ်ဦးသည် နောက်ဖေးခြံရှိ အခန်းတစ်ခန်းသို့ ရောက်လာကြ၏။
အခန်းရှေ့တွင် ဆုံးမိသားစု အဝတ်အစားများ ဝတ်ဆင်ထားသော လူနှစ်ဦးရှိနေ၏။
ထို့နောက် ဆုံးယန်ချွင်းက “ဂိုဒေါင်တံခါးကို ဖွင့်လိုက်” ပြောလေ၏။
“ဟုတ်ကဲ့ပါ”
အစောင့်များက ဂိုဒေါင်တံခါးကို ဖွင့်လိုက်ရာ အတွင်းခန်းသည် အညိုရောင် သံကောင်းများ ပြည့်နေ၏။
လော့ထျန်၏ မျက်လုံးများတွင် တုန်လှုပ်မှုများ ပေါ်လာ၏။
သံကောင်းအများကြီးကို မြင်သောအခါ သူသည် အလွန်ကြီးမားသော ရုပ်သေးစစ်သည်တစ်ဦးကို ဖန်တီးရန် အတွေးတစ်ခု ရုတ်တရက်ပေါ်လာ၏။
ဤစိတ်ကူးကို တွေးလိုက်သောအခါ သူ၏သွေးများ စတင်ပွက်ပွက်ဆူလာသည်ကို သူမထိန်းနိုင်တော့ပေ။
လော့ထျန်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အသွင်ကို မြင်သောအခါ ဆုံးယန်ချွင်းက ပြုံး၍
“ညီလေး သဘောကျသလောက် ရွေးယူလို့ရတယ်” ပြောလိုက်၏။
သံကောင်း၏ တန်ဖိုးက လုံးဝမနည်းပေ။
ဤဂိုဒေါင်တွင် ဆုံးမိသားစု၏ ပစ္စည်းကိရိယာပြုပြင်ရေးခန်းမမှ တစ်နှစ်ပတ်လုံး အသုံးပြုရန်အတွက် လုံလောက်သော သံကောင်းများ ပါဝင်လေ၏။
ဤသိုလှောင်ရုံကို ထင်သလို အသုံးပြုခြင်းသည် ပစ္စည်းကိရိယာပြုပြင်ရေးခန်းမ၏ လုပ်ငန်းများကို အမှန်တကယ် ထိခိုက်စေနိုင်ပေသည်။
သို့သော် ဆုံးယန်ချွင်းသည် ဤအရာများကိုပင် မစဉ်းစားတော့ပေ။
ဤသည်မှာ ဆုံးမိသားစုသည် လော့ထျန်ကို အနိုင်ယူရန် မည်မျှလိုလားကြောင်း ပြသနေ၏။
လော့ထျန်သည်လည်း ဤအချက်ကို နားလည်ခဲ့သော်လည်း အလွန်ကျေးဇူးတင်နေသေး၏။
ထို့နောက် သူက
“အစ်ကိုကြီးဆုံး၊ ကျွန်တော်က သံကောင်းအများကြီး လိုအပ်တာဆိုတော့ ပစ္စည်းကိရိယာပြုပြင်ရေးခန်းမရဲ့ လုပ်ငန်းတွေကို ထိခိုက်နိုင်မလား” အလေးအနက်ထား၍ မေးလိုက်၏။
“စိတ်မပူပါနဲ့”
“ဒီနေရာက သိုလှောင်ရုံက ကျွန်တော်တို့ ဆုံးမိသားစုအတွက် ရေခဲတောင်ထိပ်ဖျားလေးပဲရှိသေးတာပါ။
စိတ်မပူပါနဲ့၊ ကျွန်တော်တို့ မိသားစုမှာ သံကောင်းတွေ အများကြီးရှိပါတယ်” ဆုံးယန်ချွင်းက နာကျင်မှုကို ခံစားရသော်လည်း ယုံကြည်မှုအပြည့်ဖြင့် ဟန်ဆောင်ပြောဆိုလိုက်၏။
လော့ထျန်သည် မဆိုင်းမတွ တိုက်ရိုက်ပင် ဂိုဒေါင်ထဲသို့ ဝင်သွား၏။
နာရီဝက်ကြာပြီးနောက် သူ၏ နေရာချထားသည့် တံဆိပ်ပြား ၃ ခုသည် အပြည့်ပြည့်သွားပြီး ဂိုဒေါင်ရှိ သံကောင်းများသည် မူရင်းပမာဏ၏ သုံးပုံတစ်ပုံသာ ကျန်တော့၏။
ဆုံးယန်ချွင်းသည် ပို၍ပင် သိချင်စိတ်ပြင်းပြလာ၏။
လော့ထျန်သည် ဤမျှများပြားသော သံကောင်းများကို အဘယ်ကြောင့် လိုအပ်ပါသနည်း။
သူသည် သူ၏ ပစ္စည်းကိရိယာပြုပြင်ရေးသိုင်းပညာကို ကျင့်ကြံချင်သည်လား။
သူသည် သံကောင်းအများကြီး ပေးပြီးဖြစ်သောကြောင့် လော့ထျန်ကို တခြားတစ်ခုခုလည်း လက်ဆောင်ပေးသင့်ပေသည်။
ချက်ချင်းပင်…
ဆုံးယန်ချွင်းသည် ရှေးဟောင်းပုံစံ စာအုပ်တစ်အုပ်ကို ယူဆောင်လာပြီး လော့ထျန်ထံသို့ ပေးလိုက်၏။
“ဒါက ဆုံးမိသားစုရဲ့ နှစ်ပေါင်းများစွာ လက်ရေးနဲ့ရေးသားထားတဲ့ အမွေအနှစ်ပဲ။
အတွင်းမှာ ကျွန်တော်တို့ ဆုံးမိသားစုရဲ့ ပစ္စည်းကိရိယာဆရာများစွာရဲ့ အတွေ့အကြုံတွေကို မှတ်တမ်းတင်ထားတယ်၊
ဒါက မင်းအတွက် အကူအညီဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
လော့ထျန်သည် အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ပစ္စည်းကိရိယာပြုပြင်ရေးပညာကို လက်ခံလိုက်၏။
ထို့နောက် သူက “ကျေးဇူးတင်ပါတယ်” ပြင်းထန်စွာ တုံ့ပြန်လိုက်၏။
သူသည် ပစ္စည်းကိရိယာပြုပြင်ရေးပညာကို လက်ခံလိုက်သည်နှင့် တစ်ပြိုင်နက် လော့ထျန်၏ စိတ်ထဲတွင် သတိပေးသံတစ်ခု ထွက်ပေါ်လာ၏။
“ဒင်”
“ကစားသမား လော့ထျန် ပစ္စည်းကိရိယာပြုပြင်ရေးပညာ ရရှိသည့်အတွက် ဂုဏ်ယူပါတယ်။
ကျင့်ကြံတော့မှာလား”
“ဟုတ်ကဲ့”
သူ၏ စွမ်းရည်ကဏ္ဍတွင် အခြားစွမ်းရည်တစ်ခု ပေါ်လာ၏။
သိုင်းပညာစွမ်းရည် – ပစ္စည်းကိရိယာပြုပြင်ရေးပညာ
အဆင့် – ၁
ကျွမ်းကျင်မှု – ၀/၈၀၀
စွမ်းရည်ဖော်ပြချက် – အဆင့်ပိုမြင့်လေ၊ ပစ္စည်းကိရိယာအဆင့် ပိုမြင့်လေဖြစ်သည်။ နောက်ဆုံးကောင်းမွန်သော အဆင့်တွင် ပစ္စည်းကိရိယာပြုပြင်ရေးပညာသည် နတ်လက်နက်၊ မြေလက်နက်၊ ကောင်းကင်လက်နက်များ ဖန်တီးနိုင်ခြေရှိသည်…
“ဟား၊ ငါ့မှာ ပစ္စည်းကိရိယာပြုပြင်ရေးပညာကို ဒီလောက် လွယ်လွယ်ကူကူ ရခဲ့တာလား”
လော့ထျန်သည် အတွင်းစိတ်မှ ပျော်ရွှင်နေ၏။
ဤအရာအားလုံးသည် ဆုံးယန်ချွင်းကြောင့် ဖြစ်သောကြောင့် လော့ထျန်သည် ပြန်လည်ပေးဆပ်ရမည်မှာ သေချာ၏။
ထို့နောက်တွင် လော့ထျန်သည် လော့လင်၏ အလောင်းမှ ထွက်ပေါ်လာသော ကျောက်နက်ကို ယူဆောင်လာ၏။
“ကျွန်တော့်မှာ အဖိုးတန်တဲ့ ပစ္စည်း မရှိဘူး၊ ဒါကြောင့် ဒီသံကောင်းတွေကို ဝယ်ဖို့အတွက် ဒီကို သုံးမယ်”
“ကျောက်နက်လား”
ဆုံးယန်ချွင်း၏ နှလုံးသား တင်းကြပ်သွားပြီး သူ၏ မျက်လုံးများ အရောင်တောက်လာကာ သူ၏ အသံပင် တုန်ရီနေ၏။
ကျောက်နက်တစ်တုံးတည်း၏ တန်ဖိုးသည် ရွှေ ၁၀,၀၀၀ ကျော်ဖြစ်သောကြောင့် သံကောင်းများကို ရောင်းလိုက်ပြီးနောက် ပိုက်ဆံ မည်မျှကျန်သည်ကို အဘယ်သူက သိနိုင်မည်နည်း။
“ညီလေးလော့၊ ဒါ ဘာကိုဆိုလိုတာလဲ။
မင်း ဘာပဲပြဿနာရှိရှိ ငါတို့ရဲ့ ဆုံးမိသားစုကို လာရှာလို့ရတယ်လို့ ငါ ပြောထားတယ်လေ။
ဒီသံကောင်းလေးက ဘာမှ မဟုတ်ပါဘူး”
လော့ထျန်သည် အလွန်ကျေးဇူးတင်နေ၏။
သူတို့၏ ရည်ရွယ်ချက်က မည်သို့ပင်ဖြစ်ပါစေ ဆုံးမိသားစုက သူ့ကို အများကြီးကူညီခဲ့၏။
အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် သူသည် ဤကျေးဇူးတရားကို မှတ်မိနေလိမ့်မည်။
လော့ထျန်၏ စိတ်နေစိတ်ထားသည် ဤကဲ့သို့ဖြစ်၏။
ကျောက်နက်ကို ဘယ်သူက ဂရုစိုက်ရမှာလဲ။
“အစ်ကိုကြီးဆုံး၊ အစ်ကိုယူလိုက်ပါ။
အစ်ကို မယူရင် ကျွန်တော်က အစ်ကို့ရဲ့ ပစ္စည်းကိရိယာပြုပြင်ရေးခန်းမကနေ မထွက်သွားဝံ့ဘူး” လော့ထျန်က အတင်းပြောလိုက်၏။
ဆုံးယန်ချွင်း၏ အသံ တိုးဝင်သွားပြီး
“မင်းက ငါ့ကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ၊ လော့ထျန်။
မင်းက ၈ ရက်အတွင်း စစ်ခင်းပြင်မှာ အဆင့် ၄ နတ်ဆိုးသားရဲနဲ့ တိုက်ခိုက်ရတော့မယ်။
ဒီ ကျောက်နက်က မင်းအတွက် အရေးကြီးတယ်။
ဒီလိုအချိန်မျိုးမှာ ငါသာယူလိုက်ရင် တခြားသူတွေက ငါ့ကို ဘယ်လိုထင်ကြမလဲ။
အမြန်သိမ်းလိုက်၊ မဟုတ်ရင် ငါ့ရဲ့ သံကောင်းတွေကို ပြန်ယူတာကို အပြစ်မတင်နဲ့” မပျော်မရွှင် ပြောလိုက်၏။
ကျောက်နက်သည် သိုင်းပညာရှင်အားလုံးအတွက် အထွတ်အမြတ်ရတနာဖြစ်၏။
ဤသည်မှာ သိုင်းပညာရှင်တိုင်း လိုချင်သောအရာဖြစ်ပြီး ဆုံးယန်ချွင်းသည်လည်း ထိုနည်းအတိုင်းပင်။
သို့သော် လော့ထျန်သည် ဤကျောက်နက်ကို အထူးလိုအပ်ကြောင်း သူသိ၏။
အရေးပါသောအချိန်များတွင် သင့်ကိုကူညီပေးလိမ့်မည်၊ ၎င်းသည် စစ်မှန်သော သူငယ်ချင်း ဆိုသည်မှာ ဘာလဲဆိုတာကို ပြသရန်ပင်ဖြစ်၏။
လော့ထျန်သည် အလွန်ကျေးဇူးတင်ပြီး မငြင်းတော့ပေ။
“အစ်ကိုကြီးဆုံး၊ ဆုံးမိသားစုက ပြသခဲ့တဲ့ ကရုဏာကို ကျွန်တော် မှတ်မိနေပါမယ်။
တစ်နေ့ကျရင် ကျွန်တော် သေချာပေါက် ပြန်ဆပ်ပါ့မယ်”
ငွေသည် မည်သည့်ကမ္ဘာတွင်မဆို အရေးကြီးသည်ပင်။
လော့ထျန်သည် ဤကျေးဇူးကြွေးကို မတင်လိုပေ။
သူ့တွင်သာ ငွေရှိပါက ဤအခြေအနေ ရောက်နေမည် မဟုတ်ချေ။
သူသည် ဆုံးမိသားစုကို ကျေးဇူးကြွေးကြီးတစ်ခု တင်တော့မည်ပင်။
“ပြန်ဆပ်၊ ဘာကို ပြန်ဆပ်ရမှာလဲ။
မင်းက ငါ့ကို အစ်ကိုကြီးလိုတောင် မဆက်ဆံတော့ဘူးလား” ဆုံးယန်ချွင်းက ပြုံးလိုက်၏။
လော့ထျန်၏ ကျေးဇူးကြွေး၏ တန်ဖိုးသည် သံကောင်းထက် သေချာပေါက် ပိုမြင့်ပေလိမ့်မည်။
ဤသည်မှာ ဆုံးယန်နန် လိုအပ်သည့် အရာပင်။
ပစ္စည်းကိရိယာပြုပြင်ရေးခန်းမမှ ထွက်ခွာပြီးနောက် လော့ထျန်သည် လျင်မြန်စွာ ပြန်လာခဲ့၏။
သူသာ တတ်နိုင်လျှင် သံကောင်းများဖြင့် ရုပ်သေးဖန်တီးရန်အတွက် အိမ်သို့ တစ်ခါတည်း ပျံလာလိမ့်မည်။
ယခင်က သူရခဲ့သော ရုပ်သေးရုပ်သည် သူ့ကို အလွန် စိတ်လှုပ်ရှားစေခဲ့၏။
သူသာ အောင်မြင်ခဲ့လျှင်…
အလွန်ကြီးမားသော၊ ခိုင်ခံ့သော၊ မထိန်းချုပ်နိုင်သော စွမ်းအားများ ပြည့်နှက်နေသည့် ဖွဲ့စည်းပုံတစ်ခု…
“အရမ်းမိုက်တာပဲ၊ တွေးလိုက်တာနဲ့တင် ဒီအဖေ သွေးပူနေပြီ”