XXXXရုပ်သေးရုပ်များ
Vol. 4 Ch. 43
“သခင်လေးလော့ထျန် နောက်ဆုံးတော့ ပြန်လာပြီနော်”
အပြင်ဘက်မှ ပြန်လာသော လော့ထျန်ကို မြင်လိုက် သည်နှင့် မာထုန်သည် ပြုံးရွှင်သောမျက်နှာနှင့် ပြေးလာလေသည်။
ယခုအချိန်တွင် သူသည် လော့ထျန်နှင့် ဖုန်းလေကို မရိုမသေလုပ်ဝံ့တော့ပေ။
အဘယ်ကြောင့်ဆိုသော် လော့ထျန်က သူ့ကို ယခင်က ထိုးကြိတ်ခဲ့သောကြောင့် အလွန်ကြောက်ရွံ့နေခဲ့၏။
သူသည် ရန်ငြိုးထားနေခဲ့သော်လည်း သူကိုယ်တိုင် ကလဲ့စားချေရန် စွမ်းအားမရှိခဲ့ချေ။
လော့ထျန်က သူ၏လက်ကို ဝှေ့ယမ်းကာ မာထုန်ကို လာရန် အချက်ပြလိုက်၏။
ထို့နောက် သူက “မန်နေဂျာမာ ကျွန်တော်က တံခါးပိတ်ပြီး လျှို့ဝှက်ကျင့်ကြံတော့မှာဖြစ်လို့ ဘယ်သူမှ မနှောင့်ယှက်စေချင်ဘူး”
မာထုန်က “ဒီကောင် နားလည်ပါပြီ မြင်းဇောင်းကို ချက်ချင်းပိတ်လိုက်ပါ့မယ်”
“ဒါဆို မန်နေဂျာမာကို ကျေးဇူးတင်ပါတယ်” လော့ထျန်သည် မြင်းဇောင်း၏နောက်ဘက်ရှိ ခြံဝင်းငယ်လေးသို့ မသွားမီ ခပ်ပြုံးပြုံးပြောလိုက်၏။
လော့ထျန်သည် ဝေးကွာသွားသည်ကို မြင်သောအခါ မာထုန်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လော့ကျန့်ရှန်၏ ခြံဝင်းဆီသို့ လျင်မြန်စွာပြေးသွား၏။
သူ၏ ခြံဝင်းငယ်လေးသို့ ပြန်ရောက်သောအခါ…
လော့ထျန်သည် သူ၏နေရာချထားသည့် တံဆိပ်ပြားများမှ သံကောင်းအားလုံးကို ထုတ်ယူလိုက်ရာ သူ၏မျက်လုံးများတွင် မထိန်းနိုင်အောင် စိတ်လှုပ်ရှားမှုများကို ထုတ်ဖော်ပြသလေ၏။
“ငါသာ အောင်မြင်သွားမယ်ဆိုရင်…”
“ဘယ်လိုဖြစ်သွားမလဲ”
“ဟားဟား… ဒီအဖေက အရမ်းကို ထူးချွန်တာပဲ”
သံကောင်းများကို အပုံလိုက်ပုံပြီးနောက် ခြံဝင်းငယ်၏ ထက်ဝက်ကို ပြည့်သွားစေပြီး အထင်ကြီးစရာ မြင်ကွင်းတစ်ခုကို ဖန်တီးခဲ့၏။
လော့ထျန်သည် ဆေးလုံး ၁၀ လုံးကို သူ၏ပါးစပ်ထဲသို့ ထည့်လိုက်ရာ သူ၏နက်နဲစွမ်းအင်သည် မြင့်တက်လာ၏။
ထို့နောက် သူသည် အော်ဟစ်လိုက်ပြီး သူ၏နက်နဲစွမ်းအင်များ လှည့်ပတ်လာ၏။
မကြာမီတွင် နက်နဲစွမ်းအင်သည် သူ၏လက်ဖဝါးမှ ထွက် လာ၏။
ညနေခင်းကောင်းကင်နှင့် နှိုင်းယှဉ်ပါက မှိန်နေသောအလင်းရောင်သည် အထူးတောက်ပနေ၏။
၎င်းသည် ရုပ်သေးပညာအရဆိုလျှင် သတ်မှတ်ထားသော နက်နဲစွမ်းအင် ပမာဏကို ထုတ်လွှတ်ပြီးလျှင် ပြီးဆုံးသွားသင့်သည်။
သို့သော် လော့ထျန်သည် ဤသို့မလုပ်ဘဲ စွမ်းအင်စီးကြောင်းကို ဆက်လက်ထုတ်လွှတ်နေ၏။
သူသည် ပုံမှန်နက်နဲစွမ်းအင်ပမာဏ၏ ၃ ဆကို အသုံးပြုခဲ့၏။
နက်နဲစွမ်းအင်သည် သူ၏လက်ဖဝါးအတွင်းတွင် ဆက်တိုက်အတက်အကျရှိနေပြီးနောက် ပိုမိုသိပ်သည်းလာပြီး ဆူပွက်တော့မည့်ပုံ ပေါ်လာ၏။
မျက်လုံးဖြင့် လျှပ်ခနဲလက်ခြင်းကို မြင်နိုင်သောအခါ…
“အား”
လော့ထျန်သည် ရုပ်သေးပညာကို အသက်သွင်းလိုက်ပြီး သူ၏ညာလက်ဖဝါးကို ရိုက်ချလိုက်သဖြင့် အော်ဟစ်လိုက်၏။
အသင့်ပြင်ဆင်ထားသော နက်နဲစွမ်းအင်သည် ရေစီးကဲ့သို့ကြိုတင်သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း ပစ္စည်းပုံဆီသို့ ထွက်လာ၏။
“ဘဇ်… ဘဇ်…”
သံကောင်းမှ ပွတ်တိုက်မှုက ပြင်းထန်သော ထိုးဖောက်သည့်အသံနှင့် မျက်စိပသာဒဖြစ်စေသော မီးတောက်မီးလျှံများကို ထုတ်ပေးခဲ့၏။
“ဒီလောက်ဆို မလုံလောက်သေးဘူးလား”
သံကောင်းများ အလွန်များပြားသောကြောင့် ၎င်းတို့အားလုံးကို ပေါင်းစည်းရန် အလွန်ခက်ခဲ၏။
လော့ထျန်သည် ပြီးပြည့်စုံသော ရုပ်သေးတစ်ခုကို ဖန်တီးရန် သူ၏စိတ်ကူးကို ကြိုးစားနေသော အရူးသိပ္ပံပညာရှင်တစ်ဦးနှင့် ဆင်တူနေ၏။
“လခွမ်း”
“ငါ့မှာရှိသမျှ အရာအားလုံး ပေးလိုက်မယ်”
လော့ထျန်သည် သူ၏သွားများကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး အတွင်းမှ “ကြမ်းတမ်းခြင်း” အော်ဟစ်လိုက်၏။
“ဘန်း”
သူ၏ခန္ဓာကိုယ်သည် ရှုပ်ထွေးသော ဆူညံသံကို စတင်ထုတ်လွှတ်နေပြီး သူ၏နက်နဲစွမ်းအင်သည် တိုက်ခိုက်မှုမှ ထွက်ပေါ်လာ၏။
ပြင်းထန်သောစွမ်းအင်သည် သူ၏လက်ဖဝါးဆီသို့ ပြေးသွားပြီး နောက်ဆုံးတွင် သံကောင်းအပုံဆီသို့ ရောက်သွား၏။
“ကျွိ… ကျွိ…”
သံကောင်းများ ပေါင်းစည်းခြင်းသည် သတ္တုများ ပွတ်တိုက်မှုမှ ပြင်းထန်သော အော်သံများကို ပေးနေ၏။
သို့သော် လော့ထျန်အတွက်မူ ဤသည်မှာ တေးသွားလှလှလေး ဖွင့်နေသည့် အသံနှင့်တူနေ၏။
“နီးလာပြီ ပြီးတော့မယ်”
“ဟားဟားဟား…”
သံကောင်းများ ပေါင်းစည်းခြင်းကို ကြည့်ရင်း လော့ထျန်သည် ပြင်းထန်စွာ စိတ်လှုပ်ရှားနေသော အမူအရာကို ထုတ်ဖော်ပြသ၏။
သူ၏သွေးများ ဆူပွက်နေပြီး သူ၏အိပ်မက်သည် အမှန်တကယ်ဖြစ်လာတော့မည်ဖြစ်၏။
“ထွက်ခဲ့စမ်း Optimus ခေါင်းဆောင်(စက်ရုပ်ခေါင်းဆောင်)”
“ဘန်း”
သံကောင်းများ ပေါင်းစည်းမှု ပြီးဆုံးသောအခါ အားကောင်းသည့် အရှိန်အဝါ တစ်ခု ထွက်ပေါ်လာ၏။
ထို့နောက်တွင် ရုပ်သေး၏ ပုံစံငယ်တစ်ခု လော့ထျန်၏စိတ်ထဲတွင် ပေါ်လာ၏။
လော့ထျန်သည် ကြွားဝါသောပုံစံဖြင့် စတင်ရယ်မောပြီး “ငါ့အတွက် ထရပ်စမ်း” ဟု အော်လိုက်လေသည်။
“ဘန်း ဘန်း…”
ပြီးစီးသွားသော ရုပ်သေးသည် ရပ်လိုက်သောအခါ ၎င်း၏ကိုယ်ခန္ဓာသည် စက်ဆူညံသံအမျိုးမျိုးကို ထုတ်ပေး၏။
၎င်းသည် ရပ်သွားသည်နှင့် လော့ထျန်သည် ၎င်းကို လုံးဝကြောင်အစွာ စိုက်ကြည့်နေ၏။
“လခွမ်း တခြားဘယ်သူက ဒီလိုလုပ်နိုင်မှာလဲ”
“ဒီအဖေက အရမ်းကို ထူးချွန်တာပဲ”
“ဒါက အတော်ကို မိုက်တာပဲ”
လော့ထျန်သည် transformer ရုပ်ရှင်(အသွင်ပြောင်းစက်ရုပ်ရုပ်ရှင်) မှ Optimusခေါင်းဆောင်ပုံရိပ်ကို ဖန်တီးခဲ့၏။
၎င်းသည် အရောင်မှလွဲ၍ အပြင်ပိုင်းပုံပန်းသဏ္ဌာန်မှာ အတိအကျတူညီနေ၏။
ဤသည်မှာ အတော်လေးကို တုန်လှုပ်ဖွယ်ဖြစ်၏။
လော့ထျန်သည် သူကိုယ်တိုင်ပင် လုံးဝရှုပ်ထွေးအောင် တုန်လှုပ်ခဲ့လေသည်။
သူသည် စက်ရုပ်ခေါင်းဆောင် တစ်ဦးကို ပြုလုပ်ရန် စိတ်ကူးရှိခဲ့သော်လည်း တကယ်တမ်း အောင်မြင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
မာကျော၏။
ဤအရာသည် အတုမရှိသော မာကျောသည့် တည်ရှိမှုတစ်ခုနှင့်တူနေ၏။
“ဒီကစပြီး မင်းနာမည်က Optimus ခေါင်းဆောင်ပဲ ဟားဟားဟား…”
လော့ထျန်သည် အရူးအမူး ကျယ်လောင်စွာ ရယ်မောတော့၏။
ဤရက်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသည်မှာ ထိုက်တန်သည်ပင်။
Optimus ခေါင်းဆောင် ရှိနေသောကြောင့် Megatron (Optimusရဲ့ရန်သူ) လည်း မပါဝင်လို့မရပေ။
ရူးလောက်စရာပဲ။
တကယ်ကို ရူးစရာပင်။
လော့ထျန်သည် အခြားကြီးမားသော သံကောင်းပုံတစ်ခုကို စတင်စုပုံလိုက်၏။
နာရီဝက်ကြာ လုံးပမ်းပြီးနောက် Megatron သည် စတင်ရပ်တည်လာ၏။
၎င်းတို့နှစ်ဦးသည် အနည်းဆုံး ၄ မီတာခန့် မြင့်ပြီး သူတို့၏ခန္ဓာကိုယ်သည် ညဘက် Reaper(ဖျက်စီးသူများအဖွဲ့) ကဲ့သို့ အနက်ရောင်ဖြစ်နေ၏။
၎င်းတို့ကို ဝိညာဉ်တောင်တန်း၏ အပြင်ဘက်အစွန်အဖျားတွင် ထားရှိသောအခါ မည်သူက ခုခံနိုင်မည်နည်း။
စိတ်လှုပ်ရှားမှု။
သူသည် အတော်လေးကို စိတ်လှုပ်ရှားနေ၏။
လော့ထျန်သည် မရပ်တန့်ဘဲ ရုပ်သေးစစ်သားများကို ဆက်လက်ပြုလုပ်နေ၏။
တတိယပေါ်လာသူမှာ Omega Supreme(အကြီးဆုံးကာကွယ်ရေးခေါင်းဆောင်)ဖြစ်ပြီး စတုတ္ထမှာ Bumblebee(လှုပ်ရှားသူ ရိုဘော့စ်)ဖြစ်၏။
Transformers ၏ ပုံရိပ်မှ ပုံသွင်းထားသော ဤရုပ်သေး လေးဦးနှင့်အတူစက်ရုပ် များသည် ဤကမ္ဘာကို ကျူးကျော်ဝင်ရောက်လာသကဲ့သို့ ဖြစ်နေ၏။
ဤတုန်လှုပ်ဖွယ်မြင်ကွင်းသည် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်ပေ။
“အိုး ဘုရားရေ…”
“သခင်လေး ဒါတွေက ဘာတွေလဲ”
ဖုန်းလေသည် ခြံဝင်းထဲသို့ ဝင်လာရာ သူ၏မျက်လုံးများ ပြူးထွက်နေ၏။
လီရွှယ်အာလည်း သူမ၏မျက်နှာပေါ်တွင် ထိတ်လန့်သောအမူအရာရှိပြီး ၎င်းတို့သည် ဘာမှန်းမသိဘဲ စက်လေးလုံးကို ကြည့်နေ၏။
ထို့နောက် လော့ထျန်က စိတ်လှုပ်ရှားစွာပြုံးပြီး “ဒါတွေက ငါ့ရဲ့ စူပါသံမဏိ လက်အောက်ခံတွေပဲ”
“ရှင် ဖန်တီးခဲ့တာလား”
လီရွှယ်အယာက မေးလေ၏။
ထို့နောက် လော့ထျန်က “ဟုတ်တယ်” ခေါင်းညိတ်လိုက်၏။
ဖုန်းလေသည် သူ၏အတွင်းစိတ်မှ ပျော်ရွှင်မှုများဖြင့် “သခင်လေး ကျွန်တော် အခုသခင်လေးကို ပိုပြီးကိုးကွယ်လာပြီ။
သခင်းလေးက အရမ်းမိုက်တာပဲ။
ဒီအရာတွေက အရမ်းအားကောင်းပုံပဲ” ပြုံးလျက်ပြောလေ၏။
ဖုန်းလေ၏မျက်နှာတွင် ကိုးကွယ်မှုအသွင်ရှိနေ၏။
ထို့နောက် သူက ပိုမိုနီးကပ်စွာကြည့်ရန် ပြေးသွားပြီး စက်များကို ထိမိကာ အလွန်ပျော်ရွှင်သောအမူအရာကို ပြသခဲ့၏။
လော့ထျန်က တခစ်ခစ်ရယ်ပြီး “သူတို့က သိပ်မသန်ပါဘူး အဆင့် ၃ နတ်ဆိုးသားရဲနဲ့ အတူတူလောက်ပါပဲ” ဟု ပြောလိုက်၏။
အဆင့်ကန့်သတ်ချက်များသာမရှိပါက သူ၏ရုပ်သေးများသည် ပို၍ပင် အားကောင်းပေလိမ့်မည်။
သူသည် နောက်ဆုံးသော ပြီးပြည့်စုံသောအဆင့်သို့ ရောက်သည်နှင့် သူ၏ရုပ်သေးများသည် အဆင့် ၁၀ နတ်ဆိုးသားရဲများနှင့် နှိုင်းယှဉ်နိုင်လိမ့်မည်ဖြစ်၏။
ထို့အပြင် သူသည် ၅ ခုအထိ ပိုင်ဆိုင်နိုင်၏။
“အဆင့် ၃… ၃… ၃ နတ်ဆိုးသားရဲ”
ဖုန်းလေနှင့် လီရွှယ်အာသည် ပြိုင်တူပင် တုန်လှုပ်စွာ အော်ဟစ်မတတ်ဖြစ်သွားကြ၏။
အဆင့် ၃ နတ်ဆိုးသားရဲ သူတို့သည် နက်နဲဆရာအဆင့်ရှိသူများနှင့် နှိုင်းယှဉ်နိုင်ကြ၏။
ထို့အပြင် ဤနေရာတွင် ၄ ကောင်ရှိနေသည် ဤ…
အား လူတွေကို တုန်လှုပ်မှုကြောင့် သေစေချင်တာလား။
ဤအရာသည် သာမန်လူများအတွက် လက်ခံရန် လုံးဝမဖြစ်နိုင်ပေ။
လော့မိသားစုတွင် ရာစုနှစ်အတွင်း ရှားရှားပါးပါးပါရမီရှင်သည် လော့လင်ဖြစ်ပြီး ဆုံးမိသားစုတွင် သူတို့၏ပါရမီရှင်တပည့် ဆုံးကျယ်ရှိ၏။
ကျိုးမိသားစုတွင် သူတို့၏ကျိုးချန်းဖုန်းရှိပြီး ကျူးမိသားစုတွင် သူတို့၏ကျူးရှုန်းရှိ၏။
လော့ထျန်နှင့် နှိုင်းယှဉ်ပါက ဤထိပ်တန်းပါရမီရှင်များဟု ခေါ်ဆိုကြသည့်လူအားလုံးသည် အလွန်အားနည်းနေကြပေသည်။
“လခွမ်း သခင်လေး အဲဒီလောက်အထိ အံ့သြစရာကောင်းတာ ရပ်လို့ရမလား”
ဖုန်းလေသည် လော့ထျန်ကို မည်သို့မျှ မနားလည်နိုင်တော့ဟု ခံစားရသောကြောင့် တစ်ဖန်တုန်လှုပ်သွား၏။
လီရွှယ်အာလည်း အတူတူပင်ဖြစ်၏။
သူသည် ဤသံဘီလူးများကို မည်သို့ ဖန်တီးခဲ့ပါသနည်း။
ဤရက်များအတွင်း တံခါးပိတ် လျှို့ဝှက်ကျင့်ကြံနေခြင်းသည် လော့ထျန်သည် ဤစွမ်းရည်ကို ကျင့်ကြံနေ သလား။
သူဘယ်လိုလုပ်ခဲ့တာလဲ။
လော့ထျန်သည် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေသကဲ့သို့ လီရွှယ်အာသည် လော့ထျန်ကို တဖြည်းဖြည်း နားမလည်နိုင်တော့ပေ။
သူမက သူ့ကို နားမလည်နိုင်လေလေ သူမက ပိုသိချင်လေလေဖြစ်၏။
သူမ၏မသိစိတ်တွင် လော့ထျန်၏ဆွဲဆောင်မှုကြောင့် စွဲလန်းနေပြီဖြစ်၏။
သို့သော်…
လီရွှယ်အာသည် သူ၏ရင်ထဲတွင် လော့ထျန်အတွက် ပျော်ရွှင်နေ၏။
သူမ၏အတွင်း၌ အမြဲပျော်ရွှင်မှုများဖြင့် ခုန်ပေါက်နေသော နတ်သမီးလေးတစ်ပါးရှိပြီး
“ကျွန်မရဲ့အစ်ကိုကြီးလော့ထျန်က အကောင်းဆုံးပဲ
ကျွန်မရဲ့အစ်ကိုကြီးလော့ထျန်က အကောင်းဆုံးပဲ
ယို ယို ယို…”
ပျော်ရွှင်စွာ အားပေးနေသော ရဲဘော်တစ်ဦးကဲ့သို့ ရွတ်ဆိုနေ၏။
————
လော့ကျန့်ရှန်၏ ခြံဝင်းအတွင်း။
မာထုန်သည် သူ၏ယခင်ပြေးလွှားခြင်းကြောင့် အသက်ပြင်းပြင်းမရှူရဲဘဲ ဦးညွှတ်ပြီး ရပ်နေ၏။
လော့ကျန့်ရှန်၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပြီး သူ၏မျက်လုံးများကို မှိတ်ထား၏။
သူသည် အတွေးထဲတွင် ရှိနေပုံရပြီး “လော့ထျန်က တံခါးပိတ် လျှို့ဝှက်ကျင့်ကြံတော့မယ်လို့ ပြောလိုက်တာလား”
“အင်း သူ ဒီလိုပြောခဲ့တာပါ”
“ဒါပေမဲ့ ဒီကောင်ရဲ့ အမြင်အရတော့ လော့ထျန်က တစ်ခုခုကို ကြံစည်နေသလိုမျိုး ပြီးခဲ့တဲ့ရက်အနည်းငယ်က အရမ်းလျှို့ဝှက်နေခဲ့တယ်။
မျိုးနွယ်စုခေါင်းဆောင် သူက ၈ ရက်အတွင်း အဆင့် ၄ နတ်ဆိုးသားရဲနဲ့ တိုက်ခိုက်ရမှာကို ကြောက်လို့ ထွက်ပြေးဖို့ ကြံစည်နေတာလား”
မာထုန်က ယုံကြည်လက်ခံသောပုံစံဖြင့် မေးလိုက်၏။
လော့ကျန့်ရှန်၏မျက်လုံးများ ရုတ်တရက်ပွင့်လာပြီး သတ်ဖြတ်လိုသောစိတ်ကို ပြသလေ၏။
ထို့နောက် သူ၏နှုတ်ခမ်းများက အေးစက်သော မဲ့ပြုံးတစ်ခုကို ဖြစ်ပေါ်စေ၏။
“ထွက်ပြေးချင်တာလား။
သူ ဘယ်ကို ထွက်ပြေးနိုင်လဲဆိုတာ ငါ ကြည့်ချင်သေးတယ်…”