ကောင်းကင်ဘုံမီးတောက် နှလုံးသား
Vol. 49 Ch. 674
" သခင်လော လောထျန်း ၊ ဒီ ကြယ်စင်သန့်စင်ကမ္ဘာမှာ ကြယ်ကြွေတာက အပြင်ကမ္ဘာနဲ့ မတူဘူး ။ ဒီ ဥက္ကာခဲတွေအားလုံးက မူလမသေမျိုးအဆင့် ပစ္စည်းတွေပဲ ။ ပြီးတော့ ဒီနေရာရဲ့ ထူးခြားတဲ့ ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းတွေလဲ ပေါင်းစပ်ပါဝင်နေတဲ့အတွက် ကျလာတဲ့ ဥက္ကာခဲတိုင်းက မူလမသေမျိုးလက်နက်နဲ့ ယှဥ်လို့ရတယ် ။ အဲ့တော့ ကျွန်မတို့ မြန်မြန်ရှောင်မှဖြစ်မယ် "
လင်းရွှမ်ယီ ပြောလိုက်သည်။
သို့သော် လောထျန်းက ခေါင်းယမ်း၍ ပြန်ပြော၏။
" ရှောင်စရာ မလိုဘူး "
သူ ပြောပြောဆိုဆိုပင် ရှေ့တိုးလိုက်သည်။
လင်းရွှမ်ယီ မှင်သက်သွားကာ တွေးမိလိုက်၏။
" သခင်လေး လောထျန်းက သူ့ရဲ့ အကာအကွယ် မူလမသေမျိုးလက်နက်တွေရဲ့ အစွမ်းကို စမ်းသပ်ချင်လို့များလား "
သူမ ထိုသို့ တွေးနေစဥ်မှာပင် ပထမ ဥက္ကာခဲက လောထျန်းရှေ့သို့ ကျလာသည်။
သို့သော်.. လောထျန်းက သူ့ မူလမသေမျိုးလက်နက်ကို မထုတ်ဘဲ ...
လက်ကိုသာ ဆန့်ထုတ်လိုက်ပါ၏။
ဘုန်း...
ကောင်းကင်ဘုံလက်ဝါးသိုင်း အသက်ဝင်လာပြီး ရွှေရောင်လက်ကြီးတစ်ဖက် ပေါ်လာသည်။
ထိုရွှေရောင်လက်ဝါးကြီးက ဥက္ကာခဲအား ဖမ်းဆုပ်လိုက်၏။
အစောကလေးတင် ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်တော့မလို ဖြစ်နေခဲ့သော ဥက္ကာခဲကြီးမှာ လောထျန်းလက်ထဲသို့ ငြိမ်သက်စွာပင် ကျသွားကာ.. ဘေးသို့ ပစ်ချခံလိုက်ရတော့သည်။
ဝုန်း... ဝုန်း .. ဝုန်း....
ထိုစဥ်မှာပင် လောထျန်းက ဆက်ကျလာသော ဥက္ကာခဲများအား ယခင်နည်းအတိုင်း တစ်ခုပြီးတစ်ခု ဖမ်းဆုပ်ပြီး ဘေးသို့ ပစ်ချထားလိုက်ပြန်၏။
ထိုသို့ လုပ်နေစဥ် တလျှောက်လုံးလည်း သူ နေရာပင် ရွှေ့မသွားခဲ့ပါ ။
ဥက္ကာခဲများ မကျလာသေးခင် အချိန်ကို အခွင့်ကောင်းယူပြီး နောက်လှည့်၍ သူ့လူများနှင့် စကားပင် ပြောလိုက်ပါသေးသည်။
အားလုံးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း မှင်သက်နေကြတော့၏။
" ဒါ... သူ့ရဲ့ လက်ဗလာချည်းသက်သက်ကတောင် မူလမသေမျိုးလက်နက်ရဲ့ အစွမ်းထက် ပိုသာနေတာပဲ "
" ဘုရားရေ... ငါက သူ မှော်လက်နက်တွေရဲ့ အစွမ်းကို အားကိုးပြီးတော့ပဲ ကောင်းကင်နဲ့မြေကြီး မီးဖိုကို
ဖိနှိပ်နိုင်ခဲ့တယ် ထင်နေတာ ။ အခုတော့ အဲ့လို ဟုတ်ပုံမရဘူး ။ တကယ်လို့ သူသာ မှော်လက်နက်တွေ မသုံးဘဲ ကိုယ်တိုင်ဝင်တိုက်ခဲ့ရင် ကောင်းကင်နဲ့မြေကြီးမီးဖို ပြိုကွဲသွားတာ ကြာနေလောက်ပြီ "
အားလုံး ထိုသို့တွေးကာ ကောင်းကင်နှင့်မြေကြီးမီးဖိုအား လှည့်ကြည့်လိုက်ကြသည်။
ကောင်းကင်နှင့်မြေကြီးမီးဖိုမှာလည်း ထိုမြင်ကွင်းကို ကြည့်ရင်း တဆတ်ဆတ် တုန်နေရှာပါ၏။
သူ့အတွက်လည်း ၎င်းက တုန်လှုပ်ဖွယ် ကောင်းလှသည်မှာ အသိသာပါပင် ။
ဝုန်း..
နောက်ဆုံးတွင်မူ လောထျန်းက နောက်ဆုံးဥက္ကာခဲအား ဖမ်းယူလိုက်ပြီးနောက်... ဥက္ကာခဲများအားလုံးကို စစ်ဆေးကြည့်လိုက်၏။
ပြီးနောက်... သူ့မျက်နှာ ဝင်းသွားသည်။
" ကောင်းတယ်ကွာ... ဒီပစ္စည်းတွေနဲ့ဆို မူလမသေမျိုးလက်နက်တွေ ထောင်နဲ့ချီပြီး လုပ်လို့ရပြီ "
လောထျန်း စိတ်လှုပ်ရှားစွာ ဆိုလိုက်သည် ။
သူ ထျန်းမင်ကမ္ဘာနှင့် ရင်ဆိုင်ရန်အတွက်လည်း ယုံကြည်ချက် ရှိသွားလေပြီ ။
ကျန်လူများမှာမူ ရှေ့မှ တောင်လိုပုံနေသည့် မူလမသေမျိုးအဆင့် ပစ္စည်းများကို ကြည့်ရင်း ကြက်သေ သေနေကြတော့၏။
လောထျန်းက အားလုံး ဖြစ်နေသည့် မျက်နှာထားကို တစ်ချက် လှည့်ကြည့်လာသည်။ သူ ချက်ချင်းပင် ရက်ရက်ရောရော ပြော၏။
" ငါ မင်းတို့ကိုတောင် မေ့တော့မလို့ ။ လိုချင်ကြလား... လိုချင်ရင် ကြိုက်တာယူကြနော် "
လိုချင်ရင် ယူ တဲ့လား...
တဖက်လူများ မူးနောက်နောက်ပင် ဖြစ်သွားကြတော့သည် ။
ထိုအရာများမှာ မူလမသေမျိုးအဆင့် ပစ္စည်းများဖြစ်ပြီး...
လက်သည်းခွံလောက် အရွယ်အစားလေးကပင် အဖိုးတန်လှပါသည်။
သို့သော်... လောထျန်းက ကြိုက်တာယူ တဲ့လား..
ဂလု ..
လင်းရွှမ်ယီတစ်ယောက် တံတွေးကို ခက်ခက်ခဲခဲ မြိုချကာ တီးတိုးပြောလိုက်သည်။
" သခင်လေးလောထျန်း ၊ အဲ့ပစ္စည်းတွေက အဖိုးတန်လွန်းတယ်ရှင့် ။ ကျွန်မတို့ လက်ခံလို့ မဖြစ်ဘူး "
ထိုစကားကို ကြားသောအခါ လောထျန်း ပြုံးလိုက်၏။
" အဲ့လောက် အဖိုးမတန်ပါဘူးကွာ.. မယုံရင် ကြည့်လိုက် "
သူ ပြောကာ လက်ဆန့်ထုတ်လိုက်သည်။
ဝုန်း..
ခပ်လှမ်းလှမ်း ကောင်းကင်ယံမှ ဥက္ကာခဲတစ်ခု ကျလာပြန်၏။
လောထျန်းက ၎င်းအား လက်ဖြင့်ဖမ်းပြီး ဘေးသို့ ပစ်ချထားလိုက်ပြန်သည်။
" အပေါ်မှာ အဲ့လိုမျိုးတွေ အများကြီး ရှိတယ် "
သူ ပြော၏။
လင်းရွှမ်ယီ တုန်လှုပ်သွားရပြန်တော့သည်။
ဥက္ကာခဲအား လက်ဗလာဖြင့် ဖမ်းယူနိုင်သည်ကို ခဏထားလိုက်ပါဦး ....
ဤမျှ ကြောက်စရာကောင်းလှသည့် ဥက္ကာခဲကို လက်အသာယမ်းရုံဖြင့် ခေါ်ယူနိုင်ခြင်းက နောက်ကိစ္စတစ်ခု ဖြစ်သွားလေပြီ ။
သူမ လောထျန်း အပေါ် ရှိထားသည့် အထင်ကြီးမှုလည်း ပိုတိုးသွားတော့၏။
ထိုစဥ် ရှန့်ယွီက ရုတ်တရက် ပြောလာသည်။
" သခင်လေး လောထျန်း ၊ ကျွန်မတို့ကို ကောင်းကင်မီးတောက်ဒေသဆီ ခေါ်သွားပေးလို့ရော ရလား ။ ကျွန်မ ကောင်းကင်ဘုံမီးတောက် လိုချင်လို့ "
လက်နက်သန့်စင်သူ တစ်ယောက်အဖို့ ၊ မီးနှင့်ပတ်သက်သည့် အစွမ်းထက်အရည်အချင်းများ မရှိထားပါက ... ကောင်းကင်ဘုံမီးတောက်၏ အကူအညီကို ယူရပါသည်။
ထို့ကြောင့်လည်း ကောင်းကင်ဘုံမီးတောက်က လက်နက်သန့်စင်သူများအတွက် အလွန်အဖိုးတန်ခြင်းပင် ။
လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။
" တကူးတကကြီး သွားဖို့ မလိုပါဘူး "
စကားဆုံးချိန်မှာပင် သူ့လက် လှုပ်ရှားသွားပြန်သည်။
ဝုန်း...
ဘေးဘက်မှ လေထု ပြိုကွဲသွားကာ ရာပေါင်းများစွာသော ကောင်းကင်ဘုံမီးတောက် များ ချက်ချင်း ရောက်လာကြ၏။
၎င်းမှာ သူ ကြယ်စင်သန့်စင်ကမ္ဘာ၏ သခင်ကြီး ဖြစ်လာပြီးနောက် ပိုင်ဆိုင်လိုက်ရသည့် အစွမ်းပါပင်.. ။
" ဝိုး... ကောင်းကင်ဘုံမီးတောက်တွေ အများကြီးပဲ "
ရှန့်ယွီ၏ မျက်လုံးများ အရောင်လက်သွားကာ ရှေ့တိုးရန် ပြင်လိုက်သည်။
သို့သော် ဘေးတွင်ရပ်နေသော လင်းရွှမ်ယီ က တစ်ခုကို သတိထားမိပြီး ရုတ်တရက် ပြော၏။
" ရပ်လိုက်... "
" ဘာဖြစ်လို့လဲ မမ "
ရှန့်ယွီ လန့်သွားကာ သူမဘက်လှည့်ကြည့်၍ မေးလိုက်သည်။
လင်းရွှမ်ယီက ကောင်းကင်ဘုံမီးတောက်ကို စိုက်ကြ
ည့်ရင်း ပြော၏။
" ဒီ ကောင်းကင်ဘုံမီးတောက် တစ်ခုစီတိုင်းက ဆရာ့ရဲ့ ကောင်းကင်ဘုံမီးတောက်ထက် ပိုအစွမ်းထက်တယ် ။ နင် ဒါကိုသာ အလောတကြီး သန့်စင်လိုက်ရင် ပြန်တိုက်ခိုက်ခံရပြီးတော့ ချက်ချင်း ပျောက်သွားနိုင်တယ် "
" အင်... "
ရှန့်ယွီ မှာ ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ ခြေလှမ်းတစ်ဝက် ဆုတ်လိုက်သည်။
တဖက်မှ ကျင့်ဖုန်းက မျက်မှောင်ကြုံ့၍ ပြောလာ၏။
" ဟုတ်တယ်... ဒီ ကောင်းကင်ဘုံမီးတောက်တွေက အစွမ်းမှာဆို... မူလမသေမျိုးလက်နက် သန့်စင်သူတွေရဲ့ ကောင်းကင်ဘုံမီးတောက်ထက် အစွမ်းမနိမ့်ဘူး "
" ဘယ်လို... မူလမသေမျိုး လက်နက်သန့်စင်သူတွေရဲ့ ကောင်းကင်ဘုံမီးတောက်... ဟုတ်လား ။ ဒါပေမ
ယ့်.. အဲ့မီးတောက်တွေက အင်မတန် အစွမ်းထက်ပြီးတော့ အပေါ်ကမ္ဘာရဲ့ ကောင်းကင်ဘုံမီးတောက် စာရင်းထဲမှာ နေရာရထားတာတွေလေ "
ရှန့်ယွီ တုန်လှုပ်စွာ ဆိုရှာသည်။
ထိုစဥ် ကောင်းကင်နှင့်မြေကြီးမီးဖိုက ပြောလာ၏။
" ကောင်းကင်ဘုံမီးတောက် အဆင့်... အဲ့ဒါ ဘာလဲ။ ခု မင်းရှေ့မှာ ရှိနေတဲ့ ကောင်းကင်ဘုံမီးတောက်တွေက ကြယ်စင်သန့်စင်ကမ္ဘာထဲမှာ အစွမ်းအထက်ဆုံးတွေပဲ ။ အဲ့ထဲက ကြိုက်တာသာ တစ်ခုယူလိုက် ။ အဲ့ထဲက ဘယ်တစ်ခုမဆို မင်းတို့ပြောတဲ့ ကောင်းကင်ဘုံမီးတောက်အဆင့် ဆိုတာကြီးကို ချေမှုန်းနိုင်မှာ သေချာတယ် "
ထိုစကားကြောင့် အားလုံးရင်ထဲ ဗြောင်းဆန်ကုန်ကြတော့သည်။
မျှော်လင့်မထားစွာပင် လောထျန်းက မထူးခြားဟန်ဖြင့် ယူခဲ့သည့် မီးတောက်များက ဤမျှ ကြောက်စရာကောင်းသတဲ့လား.. ။
ရှန့်ယွီ မှာ ကောင်းကင်ဘုံမီးတောက်ကို ကြည့်ရင်း နောင်တရသည့် မျက်နှာလေး ဖြစ်သွားသည်။
" သခင်လေး လောထျန်း ၊ ကျွန်မကို အဲ့ထက် ပိုအစွမ်းနိမ့်တဲ့ ကောင်းကင်ဘုံမီးတောက် ပေးလို့ရမလား ။ ကျွန်မ ဒီဟာတွေကို မသန့်စင်နိုင်ဘူး "
သူမ လေသံတိုးတိုးဖြင့် ပြောလိုက်၏။
သူမရှေ့မှ အရာမှာ ကောင်းလွန်းလှသည့်တိုင်.. သူမတွင် ၎င်းကို သန့်စင်နိုင်သည့်အစွမ်း မရှိပါချေ ။
သူမရင်ထဲ အရှုံးသမား တစ်ယောက်လိုပင် ခံစားလိုက်ရပါ၏။
သို့သော် ထိုစဥ်တွင် လောထျန်းက ပြောလာသည်။
" မသန့်စင်နိုင်ဘူးလား... ခဏလေး.. "
လောထျန်းက ပြောပြောဆိုဆိုပင် ရောင်စုံ ကောင်းကင်ဘုံမီးတောက်များကို ကြည့်ပြီး ၎င်းထဲမှ တစ်ခုကို လက်ဖြင့် ဆုပ်ကိုင်လိုက်၏။
" ဒီကောင်က စိတ်စွမ်းအင်အသိဉာဏ် ရှိတော့မှာပါလား ။ ပိုတောင် ကောင်းသေးတယ် ။ အဲ့ဒါဆို ငါပြောလဲ နားလည်မှာပေါ့ ။ အခု မိန်းကလေးကို သခင်
အဖြစ် သတ်မှတ်ပြီးတော့ သူ သန့်စင်တာကို ငြိမ်ငြိမ်ခံစမ်း.. မဟုတ်လို့ကတော့ မင်းကို ငါ သတ်မှာ "
လောထျန်းက ထိုသို့ ပြောနေစဥ်မှာပင် သူ့ကိုယ်မှ စိတ်ဝိဥာဥ်အစွမ်းများ တိုးလာပြီး ကောင်းကင်ဘုံမီးတောက်အား လွှမ်းခြုံလာသည်။
တဖက်မှ မီးတောက်မှာကား အလွန်ကြောက်ရွံ့နေဟန်တူကာ တုန်နေရှာ၏။
သူ အနည်းငယ်လည်း အရှက်ရနေဟန် တူသည့်တိုင်.. လောထျန်း၏ ကြောက်မက်ဖွယ် ဖိအားကြီးကြောင့် နည်းနည်းလေးပင် ပြန်မခုခံရဲပါချေ ။
သို့နောက်တွင် ..
ဝီ...
မီးတောက်ထဲမှ အမှတ်အသားတစ်ခု ပျံထွက်လာ၏။
" ကောင်းကင်ဘုံမီးတောက်ရဲ့ နှလုံးသားပါလား "
၎င်းကို မြင်သောအခါ လင်းရွှမ်ယီ တုန်လှုပ်သွားရ
ပြန်တော့သည်။
ကောင်းကင်ဘုံမီးတောက် နှလုံးသားမှာ ကောင်းကင်ဘုံမီးတောက်၏ အဓိက အကျဆုံးအပိုင်းဖြစ်ပြီး ...
၎င်းကို သန့်စင်လိုက်နိုင်ရုံဖြင့် မီးတောက်တစ်ခုလုံးကို သန့်စင်လိုက်နိုင်သလိုပါပင် ။
သို့ဆိုလျှင် ကောင်းကင်ဘုံမီးတောက်က ပိုင်ရှင်အား ပြန်မတိုက်ခိုက်နိုင်တော့သလို ပိုင်ရှင်အလိုကျလည်း အသုံးတော်ခံတော့မည် ဖြစ်၏။
သို့သော်.... ထိပ်တန်းအဆင့် လက်နက်သန့်စင်ခြင်း အစွမ်းရှိသူများသည်ပင် ဘဝတလျှောက်၌ ကောင်းကင်ဘုံမီးတောက် နှလုံးသားကို တွေ့ရန် ခဲယဥ်းလွန်းလှပါသည်။
ယခုမူကား.. လောထျန်း၏ စကားဖြင့်ပင် ကောင်းကင်ဘုံမီးတောက်က ၎င်း၏ နှလုံးသားကို ထုတ်ပေးလာသတဲ့.. ။
သူမ ဘယ်လို နားလည်ရပါတော့မည်နည်း ။
ထိုစဥ် လောထျန်းက မျက်မှောင်ကြုံ့၍ ပြောလာသည်။
" အဲ့ဒါ ဘာအဓိပ္ပါယ်လဲ ။ ဘာလို့ ငါ့ကို အဲ့ဒါကြီး လာပြနေတာလဲ ။ အသတ်ခံချင်နေပြီလား "
စကားဆုံးသည်နှင့် သူ့ စိတ်ဝိဥာဥ်အစွမ်းလည်း တိုးလာ၏။
ဝီ ...
ကောင်းကင်ဘုံမီးတောက် ချက်ချင်း တုန်သွားရှာပြန်တော့သည်။
သူ ကောင်းကင်ဘုံမီးတောက် နှလုံးသားကို ထုတ်ပေးနေသည့်တိုင် တဖက်လူက အဘယ့်ကြောင့် မကျေနပ်သေးပါသနည်း ။
သို့သော်... သူ လောထျန်းကိုလည်း အာမခံရဲပါ ။
ထို့နောက်တွင်ကား... ကောင်းကင်ဘုံမီးတောက်
နှလုံးသားက ရှန့်ယွီ ရှေ့သို့ သွားကာ သူ့ကိုယ်သူ သန့်စင်လိုက်တော့သည်။