← Chapters

မသေမျိုးဘုရင် ငါးယောက်

Vol. 49 Ch. 676

မသေမျိုးဘုရင် ငါးယောက်

Vol. 49 Ch. 676

ထိုတခဏ၌ ခန်းမတစ်ခုလုံး တိတ်သွားသည်မှာ အပ်ကျသံပင် ကြားရမယောင်..

အားလုံး၏ မျက်လုံးများက လင်းရွှမ်ယီဆီ ရောက်လာကြသည်။

မူလမသေမျိုးလက်နက် စာရင်းထဲတွင် အဆင့်သုံး ရထားသော... ကောင်းကင်နှင့်မြေကြီး မီးဖို တဲ့လား...

ကြယ်စင်သန့်စင်ကမ္ဘာထဲမှ အစွမ်းအထက်ဆုံး မသေမျိုးလက်နက်ကို တစ်ယောက်ယောက်က ရသွားခဲ့ပြီတဲ့လား...

ထိုသတင်းမျိုးက အပေါ်ကမ္ဘာကိုပင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေနိုင်ပါသည်။

ထိုလက်နက်ကို ရခဲ့သော သူမှာလည်း မိန်းမငယ်လေးတစ်ယောက် ဖြစ်နေသတဲ့...

အခန်းထဲရှိ လူများအားလုံး လှုပ်လှုပ်ရွရွ ဖြစ်လာကြတော့သည် ။

တဖက်မှ လင်းရွှမ်ယီမှာကား ယွိဝမ်ချန်း၏ စကားကိုကြားပြီး အံ့သြမှင်သက်မိနေပါ၏။

ထို့နောက်တွင်မူ... သူမ ဒေါသထွက်လာသည်။

ယွိဝမ်ချန်း က အဘယ့်ကြောင့် ထိုစကားမျိုး ပြောခဲ့သည်ကို သူမ နားမလည်ပဲ မနေပါချေ ။

ထိုသူက ကောင်းကင်ဘုံကြယ်လမ်းစဥ်ထဲ၌ သူမကို သတ်ရန် မအောင်မြင်ခဲ့သည့်အတွက်...

ယခု အခြားသူများကို အသုံးချပြီး သူမကိုသတ်ရန် ထပ်ကြိုးစားလာခြင်းပင် ။

မည်မျှ မုန်းစရာ ကောင်းလိုက်ပါသနည်း ။

ထိုစဥ်.. ယွိဝမ်ချန်း ထံမှ မသေမျိုးလက်နက်ကို ယူသွားခဲ့သော လူကြီးက ယွိဝမ်ချန်း၏ ခေါင်းပေါ်

သို့ ရုတ်တရက် လက်တင်လာ၏။

ဝီ....

ယွိဝမ်ချန်းမှာ ရှေးဟောင်းသားရဲကြီးတစ်ကောင်က သူ့အား ဖုံးအုပ်လိုက်သလို ရုတ်ချည်း ခံစားလိုက်ရသည်။

အကယ်၍ တဖက်လူသာ သူ့အား ဖိနှိပ်လာပါက သူ့ စိတ်ဝိဥာဥ်ရော ခန္ဓာကိုယ်ပါ ဖျက်ဆီးခံရမည်ကို သိလိုက်သည့်အတွက်... ယွိဝမ်ချန်း လှုပ်ပင် မလှုပ်ရဲပါ ။

ထိုစဥ် တဖက်လူက အေးစက်စက်ပြောလာသည်။

" ဟိုမိန်းကလေးက ကောင်းကင်နဲ့မြေကြီး မီးဖိုကို ရခဲ့တယ်လို့ မင်းပြောတာ.. အမှန်ပဲလား "

ထိုသူ၏ အသံတွင်လည်း စိတ်လှုပ်ရှားမှုတို့ အထင်းသား ပါနေ၏။

ယွိဝမ်ချန်း တံတွေးကို ခက်ခက်ခဲခဲ မြိုချကာ ပြောလိုက်ရသည်။

" အမှန်ပါဗျာ ။ ကျုပ် ကောင်းကင်ဘုံကြယ်လမ်းစဥ် မှာ ရှိနေတုန်းက သူ့ဆီကနေ အရောင်အဝါကို အာရုံခံမိခဲ့တယ် ။ အဲ့ဒါ တကယ့်ကို ကောင်းကင်နဲ့မြေကြီးမီးဖို ပါ "

တဖက်လူက အသံကျယ်ဖြင့် အော်ရယ်လိုက်၏။

" ကောင်းတယ်ကွာ... မင်းက မဆိုးဘူးပဲ "

ထိုသို့ပြောပြီးနောက် သူ ယွိဝမ်ချန်းဆီမှ ထွက်လာကာ လင်းရွှမ်ယီဆီ တန်းသွားလိုက်သည်။

သို့သော် ထိုစဥ်တွင် ..

ချွှင်...

ထိုလူရှေ့၌ ဓားစွမ်းအင်တစ်ခု ရုတ်ချည်း ပေါ်လာ၏။

" ဟင်.. ဘယ်ကောင် သေချင်နေတာလဲ "

လူကြီးက လှောင်ပြုံးဖြင့် ပြော၍ ဓားစွမ်းအင်အား လက်ဝါးဖြင့် ရိုက်လိုက်သည်။

သူသည် အစွမ်းထက်သော မသေမျိုးဘုရင် တစ်ယောက်ဖြစ်ရာ.. သူ့ကို တားရဲသူသည် သေချင်နေ၍ပင်...

သို့သော်..

ဝုန်း ..

အစွမ်းနှစ်ခု ထိတွေ့ရာမှ အသံကျယ်တစ်သံ ထွက်လာ၏။

လူနှစ်ယောက်လုံး ခြေတစ်လှမ်းစီ နောက်ဆုတ်သွားကြသည်။

သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက်... မျက်လုံးများထဲ၌ အံ့သြရိပ်တို့ ကိုယ်စီပေါ်လာကြ၏။

ယွိဝမ်ချန်း တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။

နောက်ထပ် မသေမျိုးဘုရင် တစ်ယောက်ပါလား...

အရောင်အဝါကို ဖုံးကွယ်ထားသော အစွမ်းထက်လူကြီးမှာ မသေမျိုးဘုရင် ဖြစ်နိုင်သည်ကို သူ အစောတည်းက သိထားပြီး ဖြစ်သော်လည်း..

ထိုအဆင့်မျိုးနှင့် ကျင့်ကြံသူ တစ်ယောက်ထက်ပို ရှိနေမည်ဟုမူ ထင်မထားခဲ့ပါ ။

" မင်းက ငါနဲ့ ယှဥ်ချင်တယ်ပေါ့ "

ယွိဝမ်ချန်းကို ခြိမ်းခြောက်ခဲ့သော လူကြီးက တဖက်မှ ဓားသမား မသေမျိုးဘုရင်အား အေးစက်စက် မေးလိုက်သည်။

ဓားသမား မသေမျိုးဘုရင်က လှောင်ပြုံးဖြင့် ပြန်ပြော၏။

" မင်းနဲ့ ယှဥ်တယ်.. ဟုတ်လား ။ ကောင်းကင်နဲ့မြေကြီးမီးဖိုက မင်းအပိုင်မှ မဟုတ်တာကွာ ။ မင်းကျတော့ ယူလို့ရပြီး ငါကျ ယူလို့မရဘူးပေါ့ "

တဖက်မှ မသေမျိုးဘုရင် မျက်ခုံးပင့်သွားသည်။

" ကောင်းပြီလေ ၊ ဒါဆို မင်းနဲ့ငါ တိုက်ခိုက်ကြတာပေါ့ ။ ငါတို့ထဲက အနိုင်ရတဲ့သူက ကောင်းကင်နဲ့မြေကြီးမီးဖိုကို ရမယ် "

" ငါလဲ အဲ့ဒါပဲ လိုချင်တာ "

ထို့နောက်တွင်မူ လူနှစ်ဦး လှုပ်ရှားသွားပြီး အစွမ်းအထက်ဆုံး သိုင်းကွက်များဖြင့် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်လိုက်ကြတော့၏။

တဖက်မှ လောထျန်းမှာကား ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အနေတော့သည်။

အနိုင်ရတဲ့သူက ကောင်းကင်နဲ့မြေကြီးမီးဖိုကို ရမယ်တဲ့လား...

သူ့ကို လုံးဝ ထည့်မတွက်ကြဘူးလား...

လောထျန်း စကားပြောရန် ပြင်လိုက်စဥ်မှာပင် .

ဘုန်း...

ဟင်းလင်းပြင် လေထုထဲမှ လက်ကြီးတစ်ဖက် ရုတ်တရက် ထွက်လာကာ လင်းရွှမ်ယီအား ဖမ်းဆုပ်လာ၏။

" ဟင်... "

လောထျန်း မျက်ခုံးပင့်သွားကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော်... တဖက်တွင် တိုက်ခိုက်နေကြသော မသေမျိုးဘုရင် နှစ်ယောက်က သူ့ထက်ပို မြန်မြန်တုန့်ပြန်လာကြ၏။

" သေချင်နေတာလား.. "

" ဖယ်စမ်း... "

နှစ်ယောက်လုံး တိုက်ခိုက်ရာမှ ရပ်လိုက်ကြပြီး လက်ကြီးဆီ ပြေးဝင်သွားကြသည်။

ဝုန်း...

အသံကျယ် တစ်သံနှင့်အတူ လက်ကြီး နောက်ဆုတ်သွားရ၏။

ဟင်းလင်းပြင်ထဲမှ ငြီးငြူသံတစ်ခုလည်း ထွက်လာ

သည် ။

ထို့နောက်.. ချက်ချင်းမှာပင် လူတစ်ယောက် ပေါ်လာ၏။

" ဟား ဟား... မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ "

ထိုလူက ပေါ်ပေါ်လာချင်းမှာပင် မျက်မှောင်ကြုံ့ရင်း အပြုံးဖြင့် ဆိုသည်။

ယွိဝမ်ချန်းမှာ ထိုသူကို မြင်သည်နှင့် ပါးစပ်အဟောင်းသား ဖြစ်သွား၏။

​နောက်ထပ် မသေမျိုးဘုရင် တစ်ယောက်...

မသေမျိုးဘုရင် သုံးယောက်က ကြယ်စင်သန့်စင်ကမ္ဘာထဲကို မည်သူမှ မသိမထားမိအောင် ခိုးဝင်လာနိုင်ခဲ့ကြသတဲ့လား..

ဓားသမား မသေမျိုးဘုရင်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားသည်။

" ဒီအရောင်အဝါက.... မင်းက... အမုန်းတရားဂိုဏ်း ကလား.. "

တတိယ မသေမျိုးဘုရင်က ခေါင်းယမ်း၍ ပြန်ပြော၏။

" ငါ့ရဲ့ အရောင်အဝါနဲ့က... ငါဘယ်သူဆိုတာ ဖုံးကွယ်ဖို့ ခက်လွန်းတယ်လို့တောင် ငါ ပြောနေခဲ့သေးတာ "

သူ့ ဝန်ခံစကားကြောင့် တဖက်မှ မသေမျိုးဘုရင် အံ့အားသင့်သွားပုံ ပေါ်သည်။

လောထျန်းကမူ နားမလည်နိုင်ဟန်ဖြင့် တအံ့တသြ မေး၏။

" အမုန်းတရားဂိုဏ်း... ဟုတ်လား "

ဘေးမှ ရှန့်ယွီက ရှင်းပြရှာသည်။

" အမုန်းတရားဂိုဏ်း ဆိုတာ... အပေါ်ကမ္ဘာမှာ အင်အားအကြီးဆုံး အဖွဲ့ကြီးတွေထဲက တစ်ခုပဲရှင့် ။ ပြီးတော့ အဲ့အဖွဲ့က လူတွေရဲ့ အပြုအမူက ထူးလဲထူးဆန်းတယ် ။ ဒါ့ကြောင့်မို့ အများစုက သူတို့နဲ့ ပြဿနာမဖြစ်ချင်ကြဘူး "

စကားဆုံးအောင် နားထောင်ပြီးနောက် လောထျန်း ခေါင်းအသာညိတ်လိုက်သည်။

ထိုစဥ် ဓားသမားမသေမျိုးဘုရင်က ပြောလာ၏။

" ကြည့်ရတာ.. ဒီ ကောင်းကင်နဲ့မြေကြီးမီးဖိုရဲ့ ပိုင်ရှင်က ကျုပ်တို့သုံးယောက်ထဲက တစ်ယောက် ဖြစ်မယ်နဲ့တူတယ် "

သို့သော် မျှော်လင့်မထားစွာပင် အမုန်းတရားဂိုဏ်း မှ မသေမျိုးဘုရင်က လက်ယမ်း၍ ပြောလာသည်။

" မဟုတ်ဘူး... ဒီမှာ မသေမျိုးဘုရင် သုံးယောက်ထက် မကဘူး "

" ဟင်... ဘာအဓိပ္ပါယ်လဲ.. "

ပထမ မသေမျိုးဘုရင် အံ့အားသင့်သွားသည်။

အမုန်းတရားဂိုဏ်း မှ မသေမျိုးဘုရင်က အပြုံးဖြင့် နောက်လှည့်၍ ပြော၏။

" ဟိုနှစ်ယောက်... ထွက်လာခဲ့ကြလေ ။ အားလုံး ပြီးသွားမှ အကျိုးအမြတ်ကို ဝင်သိမ်းဖို့ စဥ်းစားနေကြတာလား "

သူ့စကားဆုံးသည်နှင့် လူအုပ်ထဲမှ အဘိုးအိုတစ်

ယောက်က သက်ပြင်းချပြီး ပြောလာသည်။

" ကျုပ်က ကိုယ့်ကိုကိုယ် ကောင်းကောင်းကြီး ဖုံးကွယ်ထားနိုင်ပြီ ထင်နေတာ ။ ခုလို သိ​နေမယ်လို့ ထင်မထားမိဘူး "

သူ ထိုသို့ပြောကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။

ဝုန်း ...

ခန်းမတစ်ခုလုံး ကြောက်မက်ဖွယ် လူသတ်အရိပ်အငွေ့ဖြင့် ပြည့်သွားသည်။

လောထျန်း ၎င်းကိုကြည့်ကာ အနည်းငယ် အံ့အားသင့်သွားရ၏။

ထိုအဘိုးအိုမှာ သူ ကြယ်စင်သန့်စင်ကမ္ဘာထဲ ဝင်ခါနီး၌ သူ့ထံမှ ကာကွယ်ပေးရန် အဖိုးအခဆိုပြီး ငွေတောင်းခဲ့သူပင် ။

ထိုသူက မသေမျိုးဘုရင် တစ်ယောက်တဲ့လား...

ထိုစဥ် အမုန်းတရားဂိုဏ်း မှ မသေမျိုးဘုရင်က မလှမ်းမကမ်းတွင် ရှိနေသော ခေါင်းပေါ် မသေမျိုးလက်နက် တင်ထားသည့် လူငယ်တစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

အခြား မသေမျိုးဘုရင်များလည်း လှည့်ကြည့်လာကြ၏။ သို့သော်.. ထိုလူငယ်က မည်သူဆိုသည်ကို သူတို့ မသိကြပါ ။

" ဒီကောင်ကရော မသေမျိုးဘုရင်လား ။ သူ့အစွမ်းကို စမ်းကြည့်မယ်ကွာ "

ပထမ မသေမျိုးဘုရင် မျက်ခုံးပင့်သွားကာ လူငယ်အား ဖမ်းဆုပ်ရန် ပြင်လိုက်သည်။

" အင်... "

လူငယ်က ကြောက်ရွံ့သွားဟန်ဖြင့် ချက်ချင်း နောက်ဆုတ်လိုက်၏။

၎င်းကိုကြည့်နေသော တဖက်မှ မသေမျိုးဘုရင် အံ့အားသင့်သွားသည်။

ထိုလူငယ်က မသေမျိုးဘုရင်နှင့် လုံးဝ မတူပါချေ ။

သို့သော်.. ထိုစဥ်မှာပင် လူငယ်ခေါင်းပေါ်ရှိ လက်နက်မှ လက်တစ်ဖက် ဆန့်ထွက်လာ၏။

ဝုန်း ..

လက်နှစ်ဖက်က လေထဲတွင် ထိပ်တိုက်တွေ့သွားကာ ကမ္ဘာတစ်ခုလုံး တုန်ခါလာသည်။

" ဒါ... "

တဖက်မှ မသေမျိုးဘုရင် အံ့အားသင့်သွားပါ၏။ မသေမျိုးဘုရင်တစ်ယောက်က သူ့ကိုယ်သူ မသေမျိုးလက်နက် တစ်ခုအဖြစ် ပုံဖျက်ထားလိမ့်မည်ဟု သူ ထင်မထားခဲ့ပါချေ ။

ထိုနည်းလမ်းမှာ သူသုံးခဲ့သည့် နည်းထက် များစွာ ပိုကောင်းပေသည်။

ဝီ..

ထိုစဥ်မှာပင် နောက်ဆုံး မသေမျိုးဘုရင် ပေါ်လာ၏။

မသေမျိုးဘုရင် ငါးယောက် နေရာအသီးသီးတွင် ရပ်ကာ တစ်ယောက်ကိုတစ်ယောက် ရင်ဆိုင်ကြည့်လိုက်ကြသည်။

" ဟီး ဟီး... မင်းတို့အားလုံး ကောင်းကောင်းကြီး ဖုံးကွယ်ထားနိုင်ခဲ့ကြတာပဲကွ "

အမုန်းတရားဂိုဏ်း မှ မသေမျိုးဘုရင်က အပြုံးဖြင့် ဆိုသည်။

" မင်းလဲ အတူတူပါပဲ "

ငါးယောက်မြောက် မသေမျိုးဘုရင်က အေးစက်စက်ပြော၏။

ထိုစဥ် ဓားသမား မသေမျိုးဘုရင်က ရုတ်တရက် ပြောလာသည်။

" အားလုံး... ကျုပ်ကတော့ အဲ့ဒီ ကောင်းကင်နဲ့မြေကြီးမီးဖိုကို အရယူဖို့ ဆုံးဖြတ်ထားတယ် ။ အဲ့တော့ အားလုံးအနေနဲ့ ကျုပ်ကို မျက်နှာသာပေးဖို့ တောင်းဆိုပါတယ် ။ အဲ့အတွက်လဲ အနာဂါတ်မှာ ဆက်ဆက်ပြန်ကျေးဇူးဆပ်ပါ့မယ် "

သူ့စကား ဆုံးချိန်မှာပင် ပထမ မသေမျိုးဘုရင်က

အေးစက်စက် နှာခေါင်းရှုံ့၏ ။

" မင်းမျက်နှာက အဲ့လောက်အဖိုးတန်လို့လား... "

ဓားသမား မသေမျိုးဘုရင်၏ မျက်လုံးထဲတွင် လူသတ်အရိပ်အငွေ့များ ဖျတ်ခနဲ လက်သွားတော့သည်။

" ဒါဆို... ဘယ်လိုဖြစ်ဖြစ် တိုက်ခိုက်ကြမယ်ပေါ့ "

" မင်းက ဘယ်လိုထင်လို့လဲ ။ ဒါ ကောင်းကင်နဲ့မြေကြီးမီးဖို ကွ "

ပထမ မသေမျိုးဘုရင်က အေးစက်စက် ပြန်ပြော၏။

ထိုသူနှစ်ယောက် ထပ်တိုက်ခိုက်ကြမလို ဖြစ်သွားသည်။

သို့သော် ထိုစဥ်တွင်...အမုန်းတရားဂိုဏ်း မှ မသေမျိုးဘုရင်က အကြံပြုလာ၏။

" အားလုံး.... ကောင်းကင်နဲ့မြေကြီးမီးဖို အတွက်နဲ့ ကျုပ်တို့ငါးယောက် တိုက်ခိုက်တာက ပြဿနာမဟုတ်ဘူးနော် ။ ဒါပေမယ့်.. ကျုပ်တို့ တိုက်ခိုက်နေတဲ့အချိိန်မှာ ဘာမဟုတ်တဲ့ကောင်တွေက မီးဖိုကို ဝင်

လုသွားရင် ကောင်းမှာမဟုတ်ဘူးလေ ။ အဲ့တော့ မတိုက်ခိုက်ခင်မှာ ဒီနေရာကို အရင်ရှင်းလိုက်ဖို့ ကျုပ် အကြံပြုချင်တယ် "

All Chapters