← Chapters

အစွမ်းထက် ထွင်းစာများ

Vol. 49 Ch. 680

အစွမ်းထက် ထွင်းစာများ

Vol. 49 Ch. 680

" ကျွန်မ... ယွိဝမ်ချန်းကို သတ်လိုက်တာလား . "

ရှန့်ယွီမှာ ထိုအချိန်မှ မည်သို့ ဖြစ်ပျက်သွားသည်ကို အသိဝင်လာဟန်တူပါ၏။

" အရမ်းကြီး အတွေးလွန်မနေနဲ့ ။ သူက ကောင်းကင်ဘုံမီးတောက်ကြောင့် သေသွားခဲ့ရတာ ။ နင်နဲ့ ဘာမှမဆိုင်ဘူး "

လင်းရွှမ်ယီ အထွန့်တက်လိုက်သည်။

ရှန့်ယွီ တစ်ယောက် အူကြောင်ကြောင် ပြုံးလိုက်၏။

ထိုစဉ် လောထျန်းက အားလုံးဘက် လှည့်ကြည့်၍ ပြောလာသည်။

" ကဲ .. အခု ကြယ်စင်သန့်စင်ကမ္ဘာကို ပိတ်ဖို့အချိန်ရောက်ပြီ ။ အားလုံး အသင့်ပြင်ထားကြတော့ ၊ ကျုပ် အားလုံးကို အပြင်ပြန်ပို့ပေးမယ် "

သူ့စကားကို ကြားသောအခါ လင်းရွှမ်ယီ၏ မျက်နှာပေါ်၌ တွန့်ဆုတ်မှု အရိပ်ယောင်တို့ ပေါ်လာ၏။

" သခင်လေး လောထျန်း ၊ သခင်လေး အပေါ်ကမ္ဘာကို ဘယ်တော့လောက် လာဖြစ်မလဲ "

သူမ ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် မေးလာသည်။

" အပေါ်ကမ္ဘာလား ... လိုအပ်ရင်တော့ ကျုပ် သွားမှာပါ "

လောထျန်း ပြန်ပြော၏။

သူ့စကားကိုကြားမှ ရှန့်ယွီတို့ ညီအမနှစ်ယောက် ပြုံးနိုင်သွားကြသည်။

" ကျွန်မတို့က အပေါ်ကမ္ဘာမှာပဲ ရှိနေမှာဆိုတော့ သခင်လေး ရောက်လာတာနဲ့ သေချာ ကြိုဆိုဧည့်ခံပါ့မယ် "

လင်းရွှမ်ယီက အပြုံးဖြင့် ဆိုလိုက်သည်။

ထိုစဉ်မှာပင်..

ဝီ...

အားလုံးလက်ထဲရှိ ကြယ်စင်သန့်စင်မြေပုံများ အရောင်လက်လာကြသည်။

အလင်းတန်းတစ်ခုကလည်း အားလုံးကို လွှမ်းခြုံလာ၏။

၎င်းမှာ ကြယ်စင်သန့်စင်ကမ္ဘာ ပိတ်တော့မည့် လက္ခဏာဖြစ်ကြောင်း အားလုံး နားလည်လိုက်ကြသည်။

" သခင်လေးလောထျန်း ၊ သခင်လေး အပေါ်ကမ္ဘာကို သွားမှဖြစ်မယ် "

ထိုစဉ် ရှန့်ယွီက အော်ပြောလာ၏။

တစ်ချိန်တည်းမှာပင် အလင်းတန်း ဖျတ်ခနဲလက်သွားပြီး ရှန့်ယွီနှင့် အခြားသူများ လေထုလမ်းကြောင်းတစ်ခုထဲ ရောက်သွားကြသည်။

တခဏအကြာတွင်မူ.. သူတို့ ညီအမနှစ်ယောက် တောင်တစ်လုံးဆီ ပြန်ရောက်သွားကြ၏။

ထိုနေရာမှာ အပေါ်ကမ္ဘာရှိ သူမတို့နေထိုင်သော နေရာပင်..

" ပြန်ရောက်ပြီပဲ... "

ရှန့်ယွီတို့ နှစ်ယောက်လုံး သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။

ဤတစ်ကြိမ် ကြယ်စင်သန့်စင်ကမ္ဘာ ခရီး၌ သူမတို့ အကျိုးအမြတ်များစွာပင် ရခဲ့ပါသည်။

အလွန်အစွမ်းထက်လှသော ကောင်းကင်ဘုံမီးတောက် နှစ်ခုအပြင် ....

လက်နက်သန့်စင်ခြင်း အနုပညာကျမ်းလည်း ပါပါသေး၏။

" အမတို့ နှစ်ယောက် ပြန်ရောက်လာကြပြီပဲ "

ထိုစဉ် ခပ်လှမ်းလှမ်းရှိ လူငယ်တစ်ယောက်က သူတို့ကို တွေ့သွားကာ အပြုံးဖြင့် ဦးညွှတ်၍ ဆိုသည်။

လင်းရွှမ်ယီ ခေါင်းညိတ်လိုက်၏။

" အင်း.. ငါတို့ မရှိတဲ့အချိန် ဘာတွေဖြစ်သွားခဲ့သေးလဲ "

လူငယ်က ခဏတာ စဉ်းစားပြီးမှ ပြန်ဖြေသည်။

" ဂိုဏ်းထဲမှာတော့ ဘာမှ ဖြစ်မသွားဘူးဗျ ။ အပြင်မှာတော့ တစ်ခုဖြစ်သွားတယ် "

" ဟင်.. ဘာတွေ ဖြစ်သွားလို့လဲ "

လင်းရွှမ်ယီက ပုံမှန်အတိုင်း မေးလိုက်၏။

လူငယ်က သူ့လက်ထဲမှ ကားချပ်လိပ်နှစ်ခုကို ထုတ်လိုက်သည်။

" ဒီဟာ... သေမိန့်စာ နှစ်စောင်ပဲဗျ ။ အဲ့ထဲက တစ်ခုကိုဆို သခင်ကြီး ထျန်းမင်ကျိုးကိုယ်တိုင် ထုတ်ထားတာ "

" သခင်ကြီးထျန်းမင်ကျိုး... ဟို မသေမျိုးဘုရင်တွေထဲက တစ်ယောက်လား.. ။ သူ့ကို ဘယ်သူက စော်ကားလိုက်တာလဲ.. ကြည့်ရအောင် "

လင်းရွှမ်ယီ အံ့အားသင့်သွားကာ သေမိန့်စာ တစ်ခုကို ယူလိုက်သည်။

ရှန့်ယွီကလည်း အခြားတစ်ခုကို ယူလိုက်၏။

သူတို့နှစ်ယောက်လုံး သေမိန့်စာ နှစ်စောင်ကို

တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြပြီးနောက် မျက်လုံးပြူးကုန်ကြသည်။

" မမ.... "

" ရှန့်ယွီ.... "

သူမတို့နှစ်ယောက်လုံး တအံ့တသြ ရေရွတ်ကာ သေမိန့်စာများကို အချင်းချင်း လဲလှယ်၍ ကြည့်လိုက်ကြသည်။

ပြီးနောက်တွင်ကား.. နှစ်ယောက်လုံး ကြက်သေ သေသွားကြ၏။

ထို သေမိန့်စာ နှစ်စောင်လုံးမှ ရုပ်ပုံများမှာ လူတစ်ယောက်တည်း ဖြစ်ပြီး...

၎င်းမှာ လောထျန်း၏ ပုံတူပန်းချီပင်..

တဖက်ရှိ ကြယ်စင်သန့်စင်ကမ္ဘာအတွင်း၌...

ကြယ်စင်သန့်စင်ကမ္ဘာ၏ သခင်ကြီး ဖြစ်လာသော လောထျန်းမှာ အပြင်ပြန်မထွက်သေးချေ ။

လက်ရှိတွင် သူသည် ကြယ်စင်သန့်စင်ကမ္ဘာအား စိတ်ကြိုက်ဝင်ထွက်နိုင်ပြီ ဖြစ်သဖြင့် ကြယ်စင်သန့်စင်မြေပုံအား မလိုအပ်တော့ပါ ။

" ကောင်းကင်နဲ့မြေကြီးမီးဖို... ၊ ဒီ ကြယ်စင်သန့်စင်ကမ္ဘာထဲမှာ တာအိုကမ္ဘာသစ်သီးတွေရော ရှိလား "

လောထျန်းက ကောင်းကင်နှင့်မြေကြီးမီးဖို အား လှမ်းမေးလိုက်သည်။

တဖက်မှ မြန်မြန်တုန့်ပြန်၏။

" ဒီကြယ်စင်သန့်စင်ကမ္ဘာက ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခု မဟုတ်တာမို့ တာအိုကမ္ဘာသစ်သီးတော့ မရှိဘူး သခင်ကြီး "

" အဲ့လိုလား... "

လောထျန်း စိတ်ပျက်သွားဟန်တူကာ ခေါင်းအသာညိတ်လိုက်သည်။

ကောင်းကင်နှင့်မြေကြီးမီးဖိုမှာ အရိပ်အခြည်ကို သိသဖြင့် လောထျန်းဖြစ်သွားပုံကို တွေ့သည်နှင့် ချက်ချင်းပြောသည်။

" သခင်ကြီး ၊ ကျုပ်တို့ဆီမှာ တာအိုကမ္ဘာသစ်သီး မရှိပေမယ့်.. အဲ့ထက် ပိုအဖိုးတန်တဲ့ဟာတော့ ရှိတယ် "

" ဟင်.. ဘာကြီးလဲ "

လောထျန်း မေးလိုက်သည်။

" ထွင်းစာတစ်ခုပါ.. "

" ထွင်းစာ... "

လောထျန်း နှုတ်ခမ်းမဲ့သွား၏။

ထွင်းစာက ဘာအဖိုးတန်ပါသနည်း ။

လောထျန်း၏ မကျေမနပ် ဖြစ်သွားပုံကြောင့် ကောင်းကင်နှင့်မြေကြီးမီးဖိုက ရှင်းပြသည်။

" ဒီထွင်းစာက ထူးခြားတယ် သခင်ကြီး ။ ဒီကြယ်စင်သန့်စင်ကမ္ဘာထဲမှာ ရှိတဲ့ သဘာဝ မူလမသေမျိုးလက်နက်တွေ တစ်ဝက်လောက်က အဲ့ထွင်းစာရဲ့ အရှိန်အဝါအောက်မှာ မွေးဖွားလာကြတာပါ ။ ကျုပ်တောင် အဲ့ထဲပါတယ် "

" အဲ့လိုလား "

လောထျန်း စိတ်ဝင်စားသွားသည်။

ထွင်းစာလေး တစ်လုံးတည်းက ဤကမ္ဘာထဲရှိ ပစ္စည်းများကို သဘာဝ မူလမသေမျိုးလက်နက်များ ဖြစ်လာအောင် လုပ်ပေးနိုင်သတဲ့လား.. ။

ထူးဆန်းလှပေသည်။

" ငါ့ကို အဲ့ဆီခေါ်သွားစမ်းပါ "

လောထျန်း ပြောလိုက်၏။

" ဟုတ်ကဲ့ပါ သခင်ကြီး "

ကောင်းကင်နှင့်မြေကြီး မီးဖိုက ချက်ချင်းပင် လေထုလမ်းကြောင်းတစ်ခုကို ဖွင့်ကာ လောထျန်းအား ခေါ်သွားလိုက်သည်။

လောထျန်း ထိုလမ်းကြောင်းထဲမှ ပြန်ထွက်ချိန်တွင်မူ.. ထူးခြားသော နေရာတစ်ခုဆီ ရောက်သွားသည်။

" ရှေ့နားလေးမှာပါ သခင်ကြီး "

ကောင်းကင်နှင့်မြေကြီးမီးဖိုက တလေးတစား ပြော၏။

လောထျန်း ခေါင်းညိတ်ကာ တဖက်လူ၏ လမ်းပြမှုအတိုင်း နောက်မှ လိုက်သွားသည်။

ဝီ...

တခဏအကြာမှာပင် အရှေ့ဘက် မလှမ်းမကမ်း၌ ထွင်းစာတစ်ခု လေထဲ မျောနေသည်ကို သူ မြင်လိုက်ရပါ၏။

၎င်းထွင်းစာမှာ အောက်ခံပစ္စည်းတစ်ခုခု မပါဘဲ ထွင်းစာချည်းသက်သက်သာ ဖြစ်သည့်တိုင် ၊ အစိုင်အခဲအဖြစ် စုစည်းကာ များစွာသော တာအိုကျင့်စဉ်များအဖြစ် ပြောင်းလဲနေပါသည်။

ထိုထွင်းစာဘေးရှိ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများလည်း ပုံမှန်မဟုတ်ပါချေ ။.

ရုတ်တရက်.. လောထျန်း တစ်ခုကို အာရုံခံမိကာ သူ့အဝတ်စားများကို ငုံ့ကြည့်လိုက်သည်။

သူ့အဝတ်များမှာ သာမာန်သာဖြစ်ပြီး မည်သို့သော ထူးခြားသည့် ရတနာမျိုးနှင့်မှ မလုပ်ထားပါ ။

သို့သော်.. လက်ရှိတွင် သူ့အဝတ်စားများ၏ အရည်သွေး တိုးတက်လာသည်ကို သူ ကောင်းကောင်းကြီး အာရုံခံနေရပါ၏။

" ဒီထွင်းစာက ဘေးမှာရှိတဲ့ ပစ္စည်းတွေကို ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းတွေ စုပ်ယူစေပြီးတော့ ကိုယ်တိုင် အဆင့်တက်လာစေတာလား ။ ကြယ်စင်သန့်စင်ကမ္ဘာထဲမှာ မူလမသေမျိုးအဆင့် ပစ္စည်းတွေ အများကြီးရှိနေတာ မဆန်းတော့ပါဘူး "

လောထျန်း တအံ့တသြ ရေရွတ်လိုက်သည်။

ထိုထွင်းစာနှင့်ဆိုပါက .. သာမာန် ကျောက်တုံးလေးတစ်တုံးသည်ပင် အချိန်တစ်ခုအကြာ၌ ထိပ်တန်းအဆင့် ပစ္စည်းတစ်ခုအဖြစ် ပြောင်းသွားနိုင်ပေသည်။

တဖက်မှ ကောင်းကင်နှင့်မြေကြီးမီးဖိုက ခေါင်းညိတ်၍ ဆို၏။

" ဟုတ်တယ်ဗျ ၊ ဒါ ကြယ်စင်သန့်စင်ကမ္ဘာရဲ့ အကြီးဆုံး လျှို့ဝှက်ချက်တစ်ခုပေါ့ "

လောထျန်း အသက်ပြင်းပြင်း ရှိုက်လိုက်သည်။

" ငါသာ ဒီထွင်းစာကို ကျွမ်းကျင်သွားရင် ထိပ်တန်းအဆင့် လက်နက်ပစ္စည်းတွေ လုပ်နိုင်မှာပေါ့.. "

ထိုအတွေးဖြင့်ပင် လောထျန်း စိတ်လှုပ်ရှားသွား၏။

ပျောင်ပိုင်မြို့မှ သူ၏ လျှို့ဝှက်ဒေသတွင်ရော ၊ သူ့ကိုယ်ပိုင် အတွင်းကမ္ဘာငယ် ထဲတွင်ရော နေရာများ ကျယ်ဝန်းစွာ ရှိပါသည်။

သို့သော်.. ဘေးမှ ကောင်းကင်နှင့်မြေကြီးမီးဖိုက အောင့်သက်သက်အပြုံးဖြင့် ပြန်ပြောသည်။

" သခင်ကြီး ၊ အဲ့ထွင်းစာက အင်မတန်ရှုပ်ထွေးတာမို့ အဲ့ဒါကို ကျွမ်းကျင်ဖို့က တကယ်မလွယ်ဘူးဗျ ။ ဟိုးအရင်တုန်းက ကျုပ် အဲ့လိုလုပ်ဖို့ ကြိုးစားဖူးပေမယ့်.. နှစ်သုံးထောင်လောက် ကြာသွားခဲ့တာတောင် အဲ့ထွင်းစာရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံလေးကို နားမလည်နိုင်ခဲ့ဘူး "

သူ့စကားကြောင့် လောထျန်း အံ့သြတကြီး ဖြစ်သွား၏။

" တကယ်ကြီးလား.. ၊ ဒါဆို ငါ ကြိုးစားကြည့်လိုက်မယ်ကွာ "

သူ ပြောပြောဆိုဆိုပင် ထွင်းစာဆီ လျှောက်သွားလိုက်သည်။

ကောင်းကင်နှင့်မြေကြီးမီးဖို မှာကား ၎င်းကိုကြည့်ကာ ဘာပြန်ပြောရမည် မသိတော့ပါချေ ။

သူ နားချ၍လည်း အသုံးမဝင်နိုင်ကြောင်း ကောင်းကောင်းကြီး သိပါ၏။

အမှန်တွင်လည်း ... ကိုယ်တိုင်ကြုံမှသာ ထိုထွင်းစာ၏ ရှုပ်ထွေးမှုကို နားလည်နိုင်ပေမည် ။

ထိုစဥ် တဖက်မှ လောထျန်းမှာ ထွင်းစာရှေ့၌ ရပ်နေပြီး.. နာရီဝက်ခန့် အကြာမှသာ.. သက်ပြင်းချလာသည်။

" ဒီထွင်းစာက တကယ်လဲ ရှုပ်ထွေးတာပဲ "

လောထျန်း ခေါင်းယမ်း၍ ရေရွတ်လိုက်သည်။

ကောင်းကင်နှင့်မြေကြီးမီးဖိုမှာ အနည်းငယ် အံ့အားသင့်သွားသည်။

" သခင်ကြီးက အဲ့လောက် လွယ်လွယ်နဲ့ လက်လျှော့လိုက်တာလား ။ ငါ ထင်ထားတာထက် အများကြီး ပိုမြန်နေတာပဲ ။ ဒါပေမယ့်လဲ ကောင်းပါတယ်​လေ... အဲ့ထွင်းစာကို ကျွမ်းကျင်အောင် လုပ်နေလဲ အချိန်ဖြုန်းသလိုပဲ ဖြစ်သွားမှာ "

သူ ထိုသို့တွေးကာ လောထျန်းအား နှစ်သိမ့်စကားဆိုရန် ပြင်လိုက်သည်။

သို့သော်.. ထိုစဥ်မှာပင် လောထျန်းက လက်တစ်ဖက်ဆန့်ထုတ်၍ လေထဲ၌ တစ်ခုခုကို ရေးဆွဲလိုက်သည်။

All Chapters