← Chapters

ထျန်းယွမ်ဓားကို ပြန်ပြုပြင်ခြင်း

Vol. 49 Ch. 682

ထျန်းယွမ်ဓားကို ပြန်ပြုပြင်ခြင်း

Vol. 49 Ch. 682

ဘေးတွင်ရှိသော ပန်းလင်ဘက်သို့ လောထျန်း လှည့်ကြည့်လိုက်သည်။

ပန်းလင်က မယုံကြည်နိုင်ဟန်ဖြင့် ဆိုလာ၏။

" ကျွန်မ... အဆင့်တက်သွားတာလား ။ တကယ်ကြီး အဆင့်တက်သွားတာလား.. ။ ကျွန်မက အနည်းဆုံး နောက်ထပ် နှစ် လေး၊ငါးရာ အထိ အချိန်ယူရဦးမယ် ထင်နေတာ "

ထို့နောက် သူမ လောထျန်းလက်ကို လှမ်းဆွဲကာ ပြောလိုက်သည်။

" သခင်လေးလောထျန်း ၊ ကျွန်မကို ဒီ သတ္ထုတွင်းရဲ့ အစောင့်အဖြစ် ထားပါလား "

လောထျန်းက သူမအား မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ပြန်ကြည့်လိုက်၏။

" ကောင်းပါပြီ ။ ဒါပေမယ့် ကျုပ် ဒီလေထုကို ချုပ်နှောင်ပြီးတော့ ထွက်ပေါက်တစ်ခုပဲ ချန်ထားမှာ ။ ခင်ဗျား ကျင့်ကြံချင်ရင် ဒီမှာ ကျင့်ကြံလို့ရတယ် "

ထိုထွင်းစာများမှာ အစွမ်းထက်လှပေရာ ပတ်ဝန်းကျင် လေထုတစ်ခုလုံးအပေါ် အကျိုးသက်ရောက်နိုင်သဖြင့် ဒီတိုင်းထား၍ မဖြစ်ကြောင်း လောထျန်း သိထားပြီး ဖြစ်ပါသည်။

သို့မဟုတ်လျှင် လျှို့ဝှက်ဒေသ တစ်ခုလုံး သတ္ထု​တွင်းကြီးအဖြစ် ပြောင်းကာ အခြား သက်ရှိများ အသက်ရှင်ရန် လမ်းပင် ရှိတော့မည်မဟုတ်ပေ။

ဥပမာ ဆိုရလျှင်... သက်မဲ့နေရာကြီးတစ်ခုလို ဖြစ်နေသည့် ကြယ်စင်သန့်စင်ကမ္ဘာအား ကြည့်၍ရပါသည်။

" ကိစ္စမရှိဘူး "

ပန်းလင်က စိတ်လှုပ်ရှားစွာ ပြန်ပြော၏။

ထိုထွင်းစာများဖြင့် ဆိုပါက သူမ ဘာမှလုပ်စရာ မလိုပဲ အစွမ်းတိုးနေမည်ဖြစ်ရာ.. ဤကမ္ဘာကြီးတွင် ပိုကောင်းသည့်နေရာ ရှိနိုင်ပါသေးလား ။

လောထျန်း ခေါင်းညိတ်လိုက်ပြီးနောက် အစီအမံတစ်

ခုကို သုံး၍ နေရာတစ်ခုလုံးအား ချုပ်နှောင်လိုက်တော့သည်။

ပြီးသွားသည်နှင့် ထွင်းစာများ၏ အပြင်သို့ သက်ရောက်မှုလည်း မရှိသလောက် ဖြစ်သွား၏။

အားလုံး ပြီးသွားသည့်နောက် လောထျန်းက ကောင်းကင်နှင့်မြေကြီးမီးဖိုကို ကြည့်၍ ပြောလိုက်သည်။

" အခု ငါနဲ့လိုက်ခဲ့ ။ ကိစ္စလေးတစ်ခု လုပ်စရာရှိတယ် "

" ဟုတ်ကဲ့ပါ သခင်ကြီး "

ကောင်းကင်နှင့်မြေကြီးမီးဖို မှာလည်း အချိန်မဆွဲရဲဘဲ လောထျန်းနောက်မှ ချက်ချင်းလိုက်သွား၏။

မကြာမီတွင်မူ.. သူတို့နှစ်ဦး အပြင်ရောက်လာကာ .. လောထျန်းက ကြယ်စင်သန့်စင်ကမ္ဘာမှ ရခဲ့သော ပစ္စည်းများကို ထုတ်လိုက်သည်။

" အခု လက်နက်တွေ သန့်စင်ရအောင် "

သူ ပြော၏။

" ဟုတ်ကဲ့ပါ သခင်ကြီး ၊ ကျုပ်က လက်နက်သန့်စင်တဲ့နေရာမှာတော့ တော်ပါတယ် "

ကောင်းကင်နှင့်မြေကြီးမီးဖိုက ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။

လောထျန်းခေါ်ရာ လိုက်ခဲ့ပြီးနောက်ပိုင်း... ယခုမှသာ သူ့အစွမ်းများကို အသုံးချရပေတော့မည် ။

" သခင်ကြီး ၊ ဘာမှ စိတ်မပူပါနဲ့ ။ အလွန်ဆုံး သုံးလအတွင်းမှာ ကျုပ် သခင်လေးအတွက် မူလမသေမျိုးလက်နက်တစ်ခု သန့်စင်ပေးပါ့မယ် "

ကောင်းကင်နှင့်မြေကြီးမီးဖို ပြောလိုက်သည်။

လောထျန်း မျက်လုံးပြူးသွားကာ ပြန်မေး၏။

" သုံးလ.. ဟုတ်လား "

ကောင်းကင်နှင့်မြေကြီးမီးဖိုက အပြုံးဖြင့် ပြန်ပြောသည်။

" ဟုတ်တယ်ဗျ ၊ မြန်တယ်မလား သခင်ကြီး "

လောထျန်း စိတ်ပျက်လက်ပျက် ဖြစ်သွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

" ဒါဆို မင်းကို မသုံးတာ ပိုကောင်းမယ်နဲ့ တူပါတယ် "

မူလမသေမျိုးလက်နက် တစ်ခုကို လုပ်ရန် သုံးလပင် ကြာမတဲ့လား..

နောက်နေပါသလား .

ကောင်းကင်နှင့်မြေကြီးမီးဖိုက လောထျန်း၏ တုန့်ပြန်ပုံကြောင့် မြန်မြန် ပြန်ပြော၏။

" သခင်ကြီး ၊ မှော်လက်နက်တွေ လုပ်တဲ့နေရာမှာ အလောတကြီးလုပ်ရင် ဆုံးရှုံးမှု များတယ်ဗျ ။ သုံးလဆိုတဲ့ အချိန်က တော်တော်မြန်... "

သူ လောထျန်းအား နားချရန် ကြိုးစားလိုက်ပါသည်။

သို့သော်.. သူ့စကား မဆုံးခင်မှာပင် တဖက်ရှိ လောထျန်းဆီမှ တချွှင်ချွှင်မြည်သံများ ထွက်လာသည်။

ချွှင် ..

အလွန်ရုပ်ဆိုးလှကာ အလင်းတန်းတစ်ခု လက်နေသော ဓားကောက်တစ်လက် လေထဲ ပျံတက်သွား၏။

" မူလ မသေမျိုးလက်နက်ကို သန့်စင်လိုက်နိုင်တာလား... "

ကောင်းကင်နှင့်မြေကြီးမီးဖို တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

သူ စကားအနည်းငယ် ပြောနေစဥ်အတွင်းမှာပင် လောထျန်းက မူလမသေမျိုးလက်နက် တစ်ခုကို လုပ်ပြီးသွားသတဲ့လား ။

ထိုအရာမှာ ကြည့်ရဆိုးသည့်တိုင် ..

မူလမသေမျိုးလက်နက်တစ်ခု၏ အရောင်အဝါဖြစ်ကြောင်း သူ ကောင်းကောင်းကြီး ခံစားမိပါ၏။

ထို့အပြင်.. ၎င်းက သာမာန် မူလမသေမျိုးလက်နက်ထက်လည်း ပိုအစွမ်းထက်ပါသည်။

ထိုတခဏ၌ ကောင်းကင်နှင့်မြေကြီးမီးဖို အလွန်လည်း စိတ်ဓာတ်ကျသွားတော့သည်။

လောထျန်းရှေ့မှောက်တွင်.. သူ၏ အကောင်းဆုံး စွမ်းရည်များလည်း အသုံးမဝင်ပါချေ ။

တဖက်မှ လောထျန်းမှာမူ.. လက်နက်များကိုသာ ဆက်လုပ်နေသည်။

ဤသို့ဖြင့် ပစ္စည်းများအားလုံး ကုန်သွားချိန်မှ လောထျန်း သက်ပြင်းချလိုက်၏။

" ဒီတစ်ခေါက်.. မှော်လက်နက်တွေ ၇၀၀ ကျော်လောက် သန့်စင်လိုက်နိုင်တာ ဆိုတော့ အဆင်တော့ ပြေသွားပြီ "

လောထျန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

" နတ်ဆိုးနတ်ဘုရားကြီး ပြောတဲ့အတိုင်းဆိုရင်... ထျန်းမင်ကမ္ဘာမှာ သူ့ကို စက္ကန့်ပိုင်းလေးအတွင်း သတ်နိုင်တဲ့သူတွေက အနည်းဆုံး မသေမျိုးဘုရင်အဆင့် ရှိကြတယ်တဲ့ ။ တစ်နည်းပြောရရင်တော့ ထျန်းမင်ကမ္ဘာမှာ မသေမျိုးဘုရင်တွေ တစ်ရာလောက် ရှိ

တယ်ဆိုတဲ့ သဘောပဲ "

" ငါက အစွမ်းထက်တဲ့ မသေမျိုးဘုရင် တစ်ယောက်ကို လွယ်လွယ်လေး သတ်နိုင်တယ်ဆိုပေမယ့်.. အဲ့လိုမျိုး ရာဂဏန်းလောက် ပေါ်လာရင်ကျ အားလုံးကို အချိန်တိုလေးအတွင်း သတ်ဖို့ မလွယ်လောက်ဘူး "

" တကယ်လို့ မသေမျိုးဘုရင် တစ်ယောက်ယောက်သာ ငါ့လက်ကနေ လွတ်ထွက်သွားပြီး ပျောင်ပိုင်မြို့ထဲ ဝင်လိုက်နိုင်ရင် အားလုံး ဒုက္ခရောက်ကုန်ကြမှာ "

" ဒါပေမယ့်... အခုက မူလမသေမျိုးလက်နက်တွေလဲ ရှိနေပြီဆိုတော့ နည်းနည်းလေးတော့ ခုခံနိုင်မှာပါလေ "

" ဒါပေမယ့်... ထျန်းမင်ကမ္ဘာမှာ မသေမျိုးဘုရင်ထက် ပိုအစွမ်းထက်တဲ့သူ ရှိနေရင်တော့ ဒီမှော်လက်နက်တွေက အလုပ်မဖြစ်နိုင်လောက်ဘူး "

" ထျန်းမင်ကမ္ဘာဆိုတာ ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခုထဲမှာ အစွမ်းအထက်ဆုံးပဲ... "

" အဲ့တော့.. ငါ ပိုပြီးအစွမ်းထက်လာအောင် လုပ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိဘူး "

လောထျန်း စိတ်ထဲမှကြိတ်၍ တွက်ချက်လိုက်သည်။

အမှန်တွင်လည်.. မသေမျိုးဘုရင်များနှင့် တိုက်ခိုက်ပြီးနောက် သူ့စိုးရိမ်မှုများ များစွာ တိုးလာခဲ့ရပါ၏။

သူ အသက်ပြင်းပြင်း ရှိုက်လိုက်ပြီး.. ဟင်းလင်းပြင်လက်စွပ်ထဲမှ ထျန်းယွမ်ဓားကျိုးကို ထုတ်လိုက်သည်။

" ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြောတာတော့ ငါသာ ဒီထျန်းယွမ်ဓားကို ပြင်နိုင်မယ်ဆိုရင်... ထျန်းယွမ်ကမ္ဘာရဲ့ တာအိုကမ္ဘာသစ်သီးကို ရနိုင်တယ်တဲ့ ။ အဲ့ကျမှလဲ ငါ ကျင့်ကြံခြင်း အဆင့်တက်နိုင်မှာ "

လောထျန်း တွေး၏။

ထျန်းယွမ်ဓားကို ပြင်ရမည့်ကိစ္စအား ဆက်တွေးလိုက်ချိန်တွင်မူ.. သူ ရုတ်တရက် စိုးရိမ်သွားရပါသည်။

ထိုသို့ဖြစ်ရခြင်းမှာလည်း သူ့အတွက် ထျန်းယွမ်ဓားကို ပြင်ရန် ခက်ခဲသောကြောင့် မဟုတ်ပါ။ သူ ထိုဓားအား ယခင်ထက် ပိုအစွမ်းထက်အောင်ပင် လုပ်နိုင်မည်ဟု ယုံကြည်ချက် ရှိပါ၏။

သို့သော် ထျန်းယွမ်ဓား၏ အရေးကြီးဆုံးအချက်မှာ.. လျှို့ဝှက်ဒေသကို ဖွင့်နိုင်ခြင်းပင်..

သို့ဖြစ်ရာ.. အကယ်၍ သူ့အကြံအတိုင်း စိတ်ကြိုက်ပြင်လိုက်လျှင်... ဓားက ပိုအစွမ်းထက်သွားနိုင်သော်လည်း... လျှို့ဝှက်ဒေသအား မဖွင့်နိုင်ဘဲ ဖြစ်သွားနိုင်ပါသည်။ သို့ဆိုလျှင် သူ တာအိုကမ္ဘာသစ်သီးကိုလည်း ရနိုင်တော့မည်မဟုတ်ရာ.. အခြေအနေ ဆိုးသွားပေလိမ့်မည်။

ထို့ကြောင့်လည်း လောထျန်း စိတ်ပူရခြင်းပါပင် ။

ထိုစဥ် ကောင်းကင်နှင့်မြေကြီးမီးဖိုက လောထျန်း၏ အတွေးကို သိနေသည့်အလား မေးလာ၏။

" သခင်ကြီး ၊ စိတ်အနှောင့်အယှက် ဖြစ်စရာ တစ်ခုခုများ ရှိနေလား "

လောထျန်းက ၎င်းဘက် ပြန်ကြည့်ကာ သူစိုးရိမ်နေသည်များကို ပြောပြလိုက်သည်။

စကားဆုံးအောင် နားထောင်ပြီးနောက်တွင်ကား ကောင်းကင်နှင့်မြေကြီးမီးဖို လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။

" အဲ့လိုကိုး... အဲ့ဒါက ကိစ္စမရှိဘူးဗျ "

၎င်းက ဆိုသည်။

" ဟင်... မင်း ပြင်နိုင်လို့လား "

လောထျန်း၏ မျက်လုံးများ အရောင်လက်သွား၏။

" လုပ်နိုင်တယ် သခင်ကြီး ။ ဓားက ကျိုးနေတယ် ဆိုပေမယ့် အသက်သွေးကြောတွေတော့ ရှိနေသေးတယ်လေ ။ ကျုပ် အဲ့ဒါကို ပြန်ဆက်ပြီးတော့ ထွင်းစာတွေကို ပြင်လိုက်ရင် ရပြီ "

ကောင်းကင်နှင့်မြေကြီးမီးဖိုက ပြန်ပြောသည်။

လောထျန်း၏ မျက်လုံးများ ဝမ်းသာမှုကြောင့် အရောင်ပိုလက်သွားတော့သည်။

" ကောင်းပြီကွာ ၊ ဒါဆို မင်းကိုပဲ တာဝန်ပေးထား

လိုက်မယ် ။ ဒါကို ပြင်ပြီးဖို့ဆိုရင် အချိန်ဘယ်လောက် ကြာနိုင်လဲ "

" အရင်ကလို ဆိုရင်တော့ ပြန်ပြင်ဖို့ တစ်လလောက် ကြာနိုင်တယ်ဗျ ။ ဒါပေမယ့်.. သခင်ကြီး လက်နက်သန့်စင်တာကို ကြည့်ရင်းနဲ့ ကျုပ်အတွက် အကျိုးကျေးဇူးတွေ အများကြီးရခဲ့တယ် ။ အခုဆို ကျုပ်ကို အချိန်ငါးရက် ပေးရုံနဲ့ လုံးဝအကောင်းတိုင်းဖြစ်အောင် ပြန်လုပ်နိုင်မှာ အသေချာပဲ "

ကောင်းကင်နှင့်မြေကြီးမီးဖို ပြန်ပြောလိုက်သည်။

" ငါးရက်... ကောင်းတယ်ကွာ ။ ဒါဆို မင်းပဲ လုပ်လိုက်တော့နော် ။ နောက် ငါးရက်နေရင် ငါ မင်းဆီပြန်လာခဲ့မယ် "

လောထျန်း ခေါင်းညိတ်ကာ ထျန်းယွမ်ဓားအား ကောင်းကင်နှင့်မြေကြီးမီးဖိုဆီသို့ ပေးလိုက်၏။

" စိတ်မပူပါနဲ့ သခင်ကြီး "

ကောင်းကင်နှင့်မြေကြီးမီးဖို မှာလည်း ယခုမှသာ သူ့အစွမ်းကို ပြသခွင့်ရတော့မည် ဖြစ်သဖြင့် ဝမ်းသာပျော်ရွှင်နေပါသည်။

ထို့နောက်တွင်မူ လောထျန်းက အချိန်နှင့်နေရာဗိမ္မာန်အပြင်ဘက်သို့ တည်နေရာရွှေ့ပြောင်းသွား၏။

ဝီ....

သူ စိတ်ဝိဥာဥ်ပုလဲလုံး နှစ်လုံးကို ကိုင်ရင်း အတွေးများနေတော့သည်။

" ဒီနှစ်ခုကို ဘယ်သူတွေကို ပေးရင်ကောင်းမလဲ "

လောထျန်း တီးတိုးရေရွတ်လိုက်သည်။

ထိုစဥ်မှာပင် ရင်းနှီးသော အရောင်အဝါတစ်ခုကို သူ ရုတ်တရက် အာရုံခံမိလိုက်၏။

ထို့နောက်တွင်... လောထျန်း၏ ပုံရိပ် လှုပ်ရှားသွားပြီး နေရာမှ ပျောက်က်ယွယ်ကာ.. ချောက်ကမ်းပါး တစ်ခုဆီသို့ ရောက်သွားသည်။

" ကျူးကော့ကျန်းပါလား ၊ ငါ့ဆီမှာ အခွင့်ကောင်းတစ်ခုရှိတယ် .. လိုချင်လား "

လောထျန်းက ခပ်လှမ်းလှမ်းရှိ တဖက်လူအား လှမ်းမေးလိုက်၏။

ထိုသူမှာ ကျန်းဟွမ် တောင်၏ နတ်ဘုရားသားတော်ဟောင်း ပါပင်...

ကျူးကော့ကျန်းက လောထျန်းအသံကို ကြားသည်နှင့် ချက်ချင်းလှည့်ကြည့်လာပြီး မျက်မှောင်ကြုံ့သွားသည်။

" ဘာအခွင့်အရေးလဲ "

သူ မေးလိုက်၏။

လောထျန်းက လက်ယမ်း၍ ဓားသမား မသေမျိုးဘုရင်၏ စိတ်ဝိဥာဥ်ပုလဲလုံးကို ထုတ်ကာ .. စိတ်ဝိဥာဥ်ပုလဲလုံး၏ အလုပ်ဖြစ်ပုံကို ကျူးကော့ကျန်းအား ရီင်းပြလိုက်သည်။

စကားဆုံးအောင် နားထောင်ပြီးနောက် ကျူးကော့ကျန်း၏ မျက်နှာထား တည်သွားပါ၏။

" ကျုပ်က ကိုယ်ပိုင် ဓားကျင့်စဥ်ကိုပဲ ကျင့်ကြံချင်တာ ။ အဲ့ စိတ်ဝိဥာဥ်ပုလဲလုံးကို မြိုလိုက်ရင်... ဓားကျင့်စဥ်ရဲ့ ကန့်သတ်ချက်အခက်ခဲတွေကို ကျုပ်

ကိုယ်ပိုင်အစွမ်းနဲ့ ကျော်ဖြတ်နိုင်တော့မှာ မဟုတ်ဘူး ။ ဒါပေမယ့်.... ထျန်းမင်ကမ္ဘာရဲ့ အကြောင်းတွေကိုလဲ ကြားထားတာဆိုတော့... ထျန်းယွမ်ကမ္ဘာသား တစ်ယောက်အနေနဲ့ လုပ်သင့်တာ လုပ်ရမှာပဲ ။ အဲ့ စိတ်ဝိဥာဥ်ပုလဲလုံးကို ပေးကွာ "

ကျူးကော့ကျန်းပြောကာ လက်ဆန့်ထုတ်လိုက်သည်။

လောထျန်း ခေါင်းညိတ်ပြီး ဓားသမား မသေမျိုးဘုရင်၏ စိတ်ဝိဥာဥ်ပုလဲလုံးအား တဖက်လူဆီသို့ ပစ်ပေးလိုက်၏။

ကျူးကော့ကျန်းက ပြောလာသည်။

" ကျုပ် အချိန်နဲ့နေရာဗိမ္မာန်ကို သွားပြီး ကျင့်ကြံလိုက်ဦးမယ် ။ ထျန်းမင်ကမ္ဘာ ကျူးကျော်လာတဲ့ အချိန်ကျရင်သာ လာခေါ်လိုက်ပါ ။ ကျုပ် အကောင်းဆုံး ကြိုးစားပြီးတော့ ရန်သူတွေကို သတ်မယ် "

All Chapters