← Chapters

ဝမ်ဟွန်းကွေ့ယီဂိုဏ်း၏ သတင်း

Vol. 49 Ch. 683

ဝမ်ဟွန်းကွေ့ယီဂိုဏ်း၏ သတင်း

Vol. 49 Ch. 683

ကျူးကဲ့ကျန့် ထွက်သွားပြီးနောက် လောထျန်းတစ်ယောက် စိတ်ဝိဉာဉ်ပုလဲလုံးကို ကိုင်၍ အတွေးနက်နေ၏။

တခဏကြာပြီးနောက်တွင်မူ သူ တည်နေရာထပ်ရွှေ့ပြောင်းကာ သူ့အဖေ ၊ လောဖုန်း ရှိရာဆီ ရောက်သွားသည်။

" ထျန်းလေး ၊ အဖေက အချိန်နဲ့နေရာဗိမာန်ထဲကို ကျင့်ကြံဖို့အတွက် ဝင်တော့မလို့... ဘာလို့ ဒီကို ရောက်နေတာလဲ "

လောဖုန်းက လောထျန်းကို တွေ့သည်နှင့် တအံ့တသြ မေးသည်။

သူ့သား လောထျန်းမှာ သူ့အတွက် ဂုဏ်ယူစရာအကောင်းဆုံး သူတစ်ယောက်ဟု ဆိုရပေမည်။

လောထျန်းကြောင့်သာ မဟုတ်လျှင် သူတို့ လောမိသားစုမှာ ပျောင်ပိုင်မြို့၏ အင်အားကြီးမိသားစု

များထဲမှ တစ်ခုအဖြစ်သာ ရှိဦးမည်ဖြစ်ပါသည်။

မဟုတ်သေးပါ... အမှန်ဆိုလျှင် မျိုးစုံသော အကြောင်းရင်းများကြောင့် သူတို့ လောမိသားစုတစ်ခုလုံး ပျောက်ကွယ်နေလောက်လေပြီ ။

သို့သော်.. ယခုတွင်ကား လောမိသားစုသည် ထျန်းယွမ်ကမ္ဘာတွင် အင်အားအကြီးဆုံး အဖွဲ့တစ်ခု ဖြစ်လာခဲ့ပြီး..

သူတို့ လောမိသားစုမှာလည်း ထျန်းယွမ်ကမ္ဘာ၏ အစွမ်းအထက်ဆုံး မိသားစုတစ်ခု ဖြစ်နေလေပြီ ။

ထိုအရာအားလုံးမှာ လောထျန်းကြောင့် ဖြစ်လာခဲ့ခြင်းပင် ။

" အဖေ ၊ ဒီ စိတ်ဝိဉာဉ်ပုလဲလုံးကို ယူပြီးတော့မှ ကျင့်ကြံလိုက်ပါ "

လောထျန်းက အပြုံးဖြင့် ဆို၏။

" စိတ်ဝိဉာဉ်ပုလဲလုံးလား.... တခြားတစ်ယောက်ကိုပဲ ပေးလိုက်ပါ ထျန်းလေးရယ် ။ အဖေက ဗောဓိသီး

လဲ ရထားတာဆိုတော့ ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် ဖြစ်လာဖို့လုံလောက်မှာပါ "

လောဖုန်း ငြင်းလိုက်သည်။

လောထျန်းက အပြုံးဖြင့် ဆက်ပြော၏။

" အဖေ ၊ ဒီ စိတ်ဝိဉာဉ်ပုလဲလုံးက အရင်ဟာတွေနဲ့ မတူဘူးဗျ ။ ဒါကို အဖေ သန့်စင်လိုက်သင့်တယ် ။ အဖေက လက်ရှိမှာ လောမိသားစုရဲ့ ခေါင်းဆောင်တစ်ယောက်ဆိုတော့.. လုံလောက်တဲ့အစွမ်းမျိုး မရှိထားရင် ဘယ်သင့်လျော်ပါ့မလဲဗျာ "

သူ့စကားကြောင့် လောဖုန်း အိုးတို့အမ်းတမ်း ပြုံးလိုက်ရသည်။

အမှန်တွင်လည်း လက်ရှိပျောင်ပိုင်မြို့၌ အစွမ်းထက် ဘီလူးများ များစွာပင် ရှိနေလေပြီ။

လောမိသားစု၏ လူငယ်မျိုးဆက်ထဲတွင်ပင် အစွမ်းထက်ကျင့်ကြံသူ များစွာ ရှိနေရာ.. မိသားစုခေါင်းဆောင်တစ်ယောက် ဖြစ်သော သူ့အစွမ်းက လုံလောက်ခြင်းမရှိဟု လောဖုန်း မကြာခဏ အတွေးဝင်နေမိပါ၏။

လောမိသားစုဝင် မည်သူကမှ ထိုအကြောင်းကို စကားမဟကြသည့်တိုင်.. ၎င်းက မဖြစ်သင့်ဟု သူ ခံစားမိပါသည်။

ထို့ကြောင့် လောထျန်းစကားကို ခဏတာမျှစဉ်းစားကာ.. သူ ခေါင်းညိတ်လိုက်၏။

" ကောင်းပါပြီ ၊ ဒါဆို အဖေ ဒါကိုယူပြီး သန့်စင်လိုက်မယ် "

လောထျန်း ဦးညွှတ်၍ စိတ်ဝိဉာဉ်ပုလဲလုံးအား ပေးလိုက်သည်။

လောဖုန်းက ၎င်းကို ယူပြီးနောက် အချိန်နှင့်နေရာဗိမ္မာန်ဆီသို့ ထွက်သွား၏။

ထိုအချိန်ထိ သူ့လက်ထဲရှိ စိတ်ဝိဉာဉ်ပုလဲလုံးထဲ၌ ဘာအကြောင်းအရာများ ပါသည်ကို သူ မသိသေးပါချေ ။

တဖက်မှ လောထျန်းမှာကား လောဖုန်းထွက်သွားပြီးနောက်.. ဘာလုပ်ရမည်မသိပဲ အူကြောင်ကြောင်

သာ ဆက်ရပ်နေရှာ၏။

ထျန်းယွမ်ဓားကို ပြုပြင်၍ မပြီးမချင်း သူ့အတွက် ဘာမှလုပ်စရာလည်း ရှိမနေပါ...

ထိုစဉ်မှာပင်..

" သခင်လေး... "

ပျောင်ပိုင်မြို့မှ စစ်သားတစ်ယောက်က အပြေးအလွှား ရောက်လာသည်။

" အင်း... ဘာဖြစ်လို့လဲ "

လောထျန်း ထိုလူငယ်ကိုကြည့်ကာ မေးလိုက်သည်။

" သခင်လေး ၊ မြို့ပြင်မှာ ရွှယ်လင်းလုံ လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က သခင်လေးကို လာရှာနေပါတယ် "

လူငယ် ပြန်ပြော၏။

" ရွှယ်လင်းလုံ... အဲ့နာမည်ကို ရင်းနှီးသလိုပဲ... "

လောထျန်း ခေတ္တမျှ စဉ်းစားနေပြီးမှ ရုတ်တရက် ပြန်အမှတ်ရသွားသည်။

ထိုအမျိုးသမီးမှာ သူနှင့် ထျန့်ရှန့်သိုင်းပြိုင်ပွဲတွင်ဆုံပြီး ဆုမီတောင်တွင်ပါ ထပ်တွေ့ခဲ့သည့် အမျိုးသမီးပင်.. အေးစက်နေသည့် ရေခဲရိုက်နှလုံးသားနှင့် လှပသည့် အမျိုးသမီးလေးကို သူသတိရသွား၏။

ထိုအလှလေးက သူ့ကို အဘယ့်ကြောင့် လာရှာနေရပါသနည်း ။

" အထဲကို လွှတ်လိုက်ကွာ "

သူ ခဏတာ တွေးကာ မထူးခြားဟန်ဖြင့် ဆိုလိုက်သည်။

ဤသို့ဖြင့် မကြာခင်မှာပင် လူငယ်၏ လမ်းပြဦးဆောင်မှုနှင့်အတူ စိုးရိမ်မကင်းမျက်နှာဖြင့် ရွှယ်လင်းလုံတစ်ယောက် ရောက်လာ၏။

လောထျန်းကို တွေ့သည့်အချိန်တွင်မူ.. သူမ ငိုချလုမတတ် ဖြစ်သွားရှာသည်။

" သခင်လေးလောထျန်း ၊ ကျေးဇူးပြုပြီးတော့ ကျွန်မရဲ့ဆရာကို ကယ်ပါဦးရှင် "

သူမ အသံတုန်တုန်ဖြင့် ဆိုရှာသည်။

" မင်းရဲ့ဆရာ.. ဟုတ်လား ၊ မင်းဆရာက ဘာဖြစ်လို့လဲ "

လောထျန်း အံ့သြတကြီး ပြန်မေးလိုက်၏။

ရွှယ်လင်းလုံမှာ အလွန်စိုးရိမ်နေဟန် တူကာ ခေတ္တမျှ စကားမဆိုနိုင် ဖြစ်နေပြီးမှ ငိုရင်းပြန်ပြောသည်။

သူမ၏ စကားသံမှာ ငိုသံနှင့်ရောနေသဖြင့် အချိန်အတန်ကြာ အားစိုက်နားထောင်ပြီးမှသာ လောထျန်း အခြေအနေကို နားလည်သွားသည်။

ဖြစ်ပုံမှာ... ရွှယ်လင်းလုံ၏ ဂိုဏ်းဖြစ်သော ၊ ချီရွှယ်နန်းတော်၏ တားမြစ်နယ်မြေထဲတွင် အစွမ်းထက် အချုပ်အနှောင်တစ်ခု ရှိသည်ဆို၏။

ထိုအချုပ်အနှောင်အောက်တွင် အစွမ်းထက်သက်ရှိတစ်ဦးကိုလည်း ချုပ်နှောင်ထားသည်။

ချီရွှယ်နန်းတော်၏ ခေတ်အဆက်ဆက်မှ ဂိုဏ်းချုပ်များမှာ ထိုအချုပ်အနှောင်ကို သုံး၍ အစွမ်းထက်သက်ရှိဆီမှ အစွမ်းကိုစုပ်ယူကာ ကျင့်ကြံခဲ့ကြသည်။

သို့သော်.. အချိန်ကြာလာသည်နှင့်အမျှ အချုပ်အနှောင် ပြေလျော့လာပြီး ထိုအစွမ်းထက်သက်ရှိက ၎င်း၏ စိတ်ဝိဉာဉ်အစွမ်းကို သုံး၍ ချီရွှယ်နန်းတော် ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ကို တိုက်ခိုက်ခဲ့၏။

ထို့ကြောင့်လည်း လက်ရှိ ချီရွှယ်နန်းတော် ဂိုဏ်းချုပ်မှာ ကျန်းမာရေးပြဿနာများ ကြုံနေရခြင်းပင် ။

အစပိုင်းတွင်မူ.... ဆုမီတောင်သို့ သွားခဲ့သည့်ခရီးမှ ရခဲ့သော ဆေးရည်ကြောင့် ချီရွှယ်နန်းတော်ဂိုဏ်းချုပ်ကြီး ဒဏ်ရာများမှ သက်သာပျောက်ကင်းလုနီးပါး ဖြစ်သွားခဲ့ပါသေးသည်။

သို့သော်.. ပြီးခဲ့သည့်ရက်ပိုင်းတွင် ထူးဆန်းသော အစွမ်းထက်ကျင့်ကြံသူများ ရုတ်တရက် ရောက်လာကာ ချီရွှယ်နန်းတော်ထဲ ကျူးကျော်ဝင်ရောက်ပြီး အချုပ်အနှောင်ကို တိုက်ခိုက်ခဲ့ကြ၏။

ထိုအချုပ်အနှောင်က လုံးဝမပျက်စီးသွားခဲ့သည့်တိုင် အစွမ်းထက်သက်ရှိထံမှ စိတ်ဝိဉာဉ်အစွမ်း

ပမာဏများစွာပင် လွှတ်ထွက်သွားခဲ့သဖြင့် ချီရွှယ်နန်းတော်ဂိုဏ်းချုပ်ကြီး ဒဏ်ရာပြင်းထန်စွာ ထပ်ရသွားခဲ့ပြန်သည်။

လက်ရှိတွင်... ဂိုဏ်းချုပ်ကြီးမှာ သေလုမျောပါး အခြေအနေသို့ပင် ရောက်နေလေပြီ ။

ရွှယ်လင်းလုံက အသံတုန်တုန်ဖြင့် ဆက်ပြောရှာ၏။

" ဒါနဲ့တင် မပြီးသေးဘူးရှင့် ။ အဲ့အစွမ်းထက် ကျင့်ကြံသူတွေက.. နောက်ထပ် ရက်နည်းနည်းနေရင် သူတို့ထပ်လာပြီး အချုပ်အနှောင်ကို လုံးဝကျိုးပျက်သွားအောင် ဖျက်ဆီးပစ်မယ်လို့ပါ ပြောသွားသေးတယ် ။ အဲ့လိုသာ တကယ်လုပ်လိုက်လို့ကတော့ ကျွန်မတို့ ချီရွှယ်နန်းတော်တင်မကဘူး ၊ မြောက်ပိုင်းဒေသ တစ်ခုလုံးပါ ဖျက်ဆီးခံရမှာ "

သူမ ထိုသို့ပြောကာ ဝမ်းပမ်းတနည်း ထပ်ငိုလိုက်ပြန်သည်။

သူမစကားကြောင့် လောထျန်း မျက်ခုံးပင့်သွား၏။

" မြောက်ပိုင်းဒေသကိုပါ ဖျက်ဆီးမှာ.. ဟုတ်လား ။ အဲ့လူတွေက ဘယ်အဖွဲ့ကလဲဆိုတာ မင်းသိလား "

ရွှယ်လင်းလုံ ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ပြန်ပြောသည်။

" သူတို့ပြောတာတော့.... သူတို့က ဝမ်ဟွန်းကွေ့ယီဂိုဏ်း ကတဲ့... "

" ဝမ်ဟွန်းကွေ့ယီဂိုဏ်း.. ဟုတ်လား "

ထိုအမည်ကို ကြားသည်နှင့် လောထျန်း၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားသည်။

သူ ဝမ်ဟွန်းကွေ့ယီဂိုဏ်းနှင့် ကြိမ်ဖန်များစွာပင် ထိပ်တိုက်ကြုံခဲ့ရပါ၏။

ထိုသူများမှာ မရေမတွက်နိုင်သော သက်ရှိများစွာကို စတေးကာ ကောက်ကျစ်သည့်အရာများကို လုပ်နေကြသူများဖြစ်ပြီး..

သူ ယခင်က ကြုံခဲ့ရသည့် ပြဿနာတော်တော်များများမှာလည်း ထိုသူများ၏ လက်ချက်ကြောင့်သာ များပါသည်။

သို့သော် နတ်ဆိုးဧကရာဇ် ရှုံးနိမ့်သွားပြီး နောက်တွင်မူ ဝမ်ဟွန်းကွေ့ယီဂိုဏ်း နှင့် စိတ်ဝိဉာဉ်သခင်ကြီးများအဖွဲ့က ထူးဆန်းစွာပင် ပျောက်ကွယ်သွားခဲ့ကြ၏။

လောထျန်း ထိုသူများအကြောင်းကို လိုက်စုံစမ်းခဲ့သေးသည့်တိုင် ဘာသတင်းအစအနမှ မရခဲ့ပါ ။

ထို့ကြောင့်လည်း သူတို့အားလုံး အပေါ်ကမ္ဘာသို့ တက်သွားပြီဟုသာ သူ ထင်ခဲ့သည်။

ယနေ့တွင်ကား.. ထိုသူများသတင်းကို မမျှော်လင့်ပဲ ထပ်ကြားရလေပြီ ။

ထိုသူများမှာ သူ့အတွက် ရန်သူတော်များဖြစ်ရာ နည်းနည်းလေးပင် ချမ်းသာပေး၍ မဖြစ်ပါချေ ။

" ဟား ဟား... အဲ့ကိစ္စကို ဘာမှစိတ်မပူနဲ့တော့ ၊ ကျုပ်တာဝန်သာ ထားလိုက် ။ ဒီကောင်တွေ လာရဲရင် လာပါစေ ၊ ကျုပ်က သူတို့တွေ ဒီကမ္ဘာထဲ မွေးဖွားလာတာ နောင်တရသွားအောင်ပါ လုပ်ပစ်မှာ "

လောထျန်း ခက်ထန်စွာ ပြောလိုက်သည်။

ရွှယ်လင်းလုံမှာ သူ့စကားကို ကြားပြီး တစ်ကိုယ်လုံးပင် တုန်သွားရှာ၏။

" ထင်ထားတဲ့အတိုင်း... သူက ငါ့ကို တကယ်ဂရုစိုက်တာပဲ.... "

သူမခေါင်းသေးသေးလေးထဲတွင်လည်း အတွေးများ ဝင်လာပြန်သည်။

ထိုစဥ်မှာပင်..

" သခင်လေး ၊ အကြီးအကဲ ၉ က စိတ်ဝိဥာဥ်စခန်းကသူတွေရဲ့ ကျင့်ကြံခြင်းရလဒ်တွေကို စစ်ဆေးပေးဖို့ သခင်လေးကို မှာလိုက်ပါတယ် "

လောမိသားစုမှ လူငယ်တစ်ယောက် ရောက်လာပြီး ပြော၏။

" စိတ်ဝိဥာဥ်စခန်း.. ဟုတ်လား ၊ အဲ့ဒါ ဘာလဲ "

လောထျန်း အံ့အားသင့်သွားရသည်။

တဖက်လူငယ်က ချက်ချင်းရှင်းပြ၏။

" အဲ့ဒါ ပထမအကြီးအကဲရဲ့ အကြံပါဗျ ။ သူက မြို့ထဲက ကျင့်ကြံသူတွေကို ကိုယ့်ရဲ့ ကျင့်ကြံခြင်းလမ်း

စဥ်အပေါ်မူတည်ပြီး အဖွဲ့တွေခွဲထားခိုင်းတာပါ ။ ကျုပ်တို့ စိတ်ဝိဥာဥ်စခန်းက လူတွေကတော့ စိတ်ဝိဥာဥ်အစွမ်းကို အထူးပြုပြီးကျင့်ကြံတဲ့ သူတွေပါ ။ အဖွဲ့ထဲမှာ အားလုံးပေါင်း လူ ၃၆၀ ရှိပါတယ် ၊ ကျုပ်တို့အားလုံး သခင်လေးရဲ့အမိန့်ကို နာခံမှာပါ "

လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကာ ခေါင်းညိတ်၍ ဆိုသည်။

" အခု မင်းတို့က ကျင့်ကြံခြင်းရလဒ်တွေကို စမ်းသပ်ကြည့်ချင်ကြတာမလား ။ ကောင်းတယ်ကွာ ... မင်းတို့ စိတ်ဝိဥာဥ်စခန်းက သူတွအကုန် ငါ့နောက်လိုက်ခဲ့ကြဖို့ ပြောလိုက် "

ဝမ်ဟွန်းကွေ့ယီဂိုဏ်းမှ လူများမှာ စိတ်ဝိဥာဥ်အစွမ်းကို ကျင့်ကြံသူများဖြစ်ရာ...

စိတ်ဝိဥာဥ်စခန်းမှ သူများ၏ ရလဒ်ကို ထိုသူများနှင့် စမ်းသပ်ခြင်းထက် ပိုသင့်လျော်တာ ဘာရှိပါမည်နည်း ။

" ဟုတ်ကဲ့ပါ သခင်လေး "

လူငယ် ပြန်ပြော၏။

ဤသို့ဖြင့် မကြာခင်မှာပင် လောထျန်းရှေ့ ၌ စိတ်ဝိဥာဥ်စခန်းမှ လူ ၃၆၀ လုံး စုံစုံညီညီ စုဝေးရောက်လာကြသည်။

သူ့ရှေ့မှ အရပ်စုံ ၊ ခန္ဓာကိုယ် အရွယ်အစားစုံ လူများကိုကြည့်ကာ လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွား၏။

ထိုသူများက အဘယ့်ကြောင့် အားကိုးမရသည့်ပုံ ပေါက်နေရပါသနည်း ။

" တကယ်ဆိုရင် ရှောက်ကျို့က ဘာပြဿနာမှ မရှိပဲ ကိုင်တွယ်နိုင်သင့်တာပါ "

လောထျန်း စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူ ရွှယ်လင်းလုံဘက် လှည့်ကာ ပြော၏။

" ချီရွှယ်နန်းတော်ကို တည်နေရာရွှေ့ပြောင်းလို့ရတဲ့ အမှတ်အသားတွေကို မင်း သိတယ်မဟုတ်လား ။ ငါတို့ကို အဲ့ဆီ ခေါ်သွားပါ "

All Chapters