← Chapters

ဘယ်သူက ဘယ်သူ့မျက်နှာကို ရိုက်တာလဲ

Vol. 81 Ch. 1201

ဘယ်သူက ဘယ်သူ့မျက်နှာကို ရိုက်တာလဲ

Vol. 81 Ch. 1201

"ဝမ်ကျောက်၊ ဆိုင်ကို ဂရုစိုက်နော်၊ ငါလုပ်စရာရှိလို့ အပြင်သွားလိုက်ဦးမယ်”

ချူးယွင်ဖန်းက ပြောပြီးသည်နှင့် ဆိုင်ထဲမှ ထွက်လာခဲ့သည်။ ယနေ့သည် စီတုမြောင်ယီ၏ မွေ့နေ့ဖြစ်၍ ဖိတ်စာလက်ခံရရှိပြီးသည်နှင့် မွေးနေ့ပွဲသို့ တက်ရန် အလျင်စလိုသွားခဲ့သည်။

စီတုမျိုးနွယ်သည် ခုန်းလုံမြို့ရှိ ထိပ်တန်းကုန်သည်မိသားစုများအနက်မှ တစ်ခုဖြစ်ရာ ၎င်းတို့သည် မဟာဝေ့နိုင်ငံ၌ပင် သြဇာကြီးမားခဲ့သည်။ စီတုမြောင်ယီသည် စီတုမျိုးနွယ်စု၏ အကြီးဆုံးသမီးဖြစ်သောကြောင့် သူမ၏ မွေးနေ့ပွဲသို့ တက်ရောက်ရမည်ဖြစ်သည်။ ယနေ့တွင် မြို့တော်ရှိ အကြီးဆုံး ပထမတန်းစားနန်းဆောင် စားသောက်ဆိုင်ကို စီတုမျိုးနွယ်စုမှ ကြိုတင်မှာယူခဲ့သည်။ ပါတီပွဲကို တက်ရောက်လာကြသူများက မြို့အနှံ့မှလာ၍ ပထမတန်းစားစားသောက်ဆိုင်တွင်စုရုံးကြသည်။

“သခင်လေး စိတ်မကောင်းပါဘူး ပထမတန်းစား နန်းဆောင်မဏ္ဍပ်ကို ဒီနေ့ပဲ အကြီးဆုံး မမ‌လေးက ကြိတင်ပြီး စာရင်းပေးထားလို့ အများအတွက် မဖွင့်ပေးပါဘူး”

စားသောက်ဆိုင်ရှေ့တွင် ချူးယွင်ဖန်းကို အစောင့်တစ်ဦးမှ တားလိုက်သည်။

“ကျွန်တော် ပါတီတက်ဖို့ လာခဲ့တာပါ” ချူးယွင်ဖန်းက တည်ငြိမ်စွာပြောသည်။

အစောင့်က ကြားသောအခါ သူ့အမူအရာက ချက်ချင်းပင် ပို၍ ဖော်ရွေလာခဲ့သည်။

“ကျေးဇူးပြုပြီး ဖိတ်စာလေးပြပေးပါ”

ချူးယွင်ဖန်းက အတန်ငယ် အံ့အားသင့်သွားသည်။ အစောပိုင်းက အန်းရှို့ရှို့သည် စီတုမြောင်ယီ၏ ကိုယ်စားနှုတ်ဖြင့် ဖိတ်ကြားခဲ့သော်လည်း ဖိတ်စာတစ်စောင်မျှ မပေးခဲ့ပေ။

"စိတ်မကောင်းပါဘူး ကျုပ်မှာ ဖိတ်စာမရှိဘူး” သူက တည့်တိုးပြောသည်။

“ဒါပေမယ့် ကျုပ်က မင်းတို့ မမလေး ကိုယ်တိုင်ကိုယ်ကျဖိတ်ထားတဲ့ဧည့်သည်ပါ။ ဒါက အထက်အရာရှိတွေကို တင်ပြပြီးမေးကြည့်လို့ရပါတယ်။ ကျုပ်နာမည်က ချူးယွင်ဖန်းပါ”

ဧည့်ကြိုက ချူးယွင်ဖန်းတွင် ဖိတ်စာမရှိကြောင်းကြားလိုက်ရသောအခါ အနည်းငယ် ရှက်သွားရသည်။ သို့သော် ချူးယွင်ဖန်း၏ ယုံကြည်ချက်ပြည့်နေသော အမူအရာကိုမြင်သောအခါ သူက စိတ်ကို

ထိန်းထားသည်။ ချူးယွင်ဖန်းသည် လူလိမ်တစ်ယောက်နှင့်မတူပေ။

"ဒါဆို ခဏစောင့်ပါဦး သခင်လေးချူး။ ကျွန်တော် ဝင်ပြီး သတင်းပို့လိုက်မယ်" ဧည့်ကြိုကပြောသည်။

"ကောင်းပြီ သွားတော့" ချူးယွင်ဖန်းက ပြောသည်။

ဤမြင်ကွင်းကို ဧည့်သည်များစွာက မြင်တွေ့ခဲ့ရသော်လည်း ချူးယွင်ဖန်း၏နောက်ခံအကြောင်း သေချာမသိကြပေ။ ၎င်းတို့က ချူးယွင်ဖန်းကို မမြင်ဖူးခဲ့ကြပေ။

“အဲ့လူက ဘယ်သူလဲ သူဘာလို့ ဖိတ်စာမရခဲ့တာလဲ”

"သူက ငါတို့ အသိုင်းအဝိုင်းထဲက တစ်ယောက်နဲ့မှ မတူဘူး”

ရုတ်တရက် လူအုပ်တစ်အုပ်က အဝေးမှ လျှောက်လာရာ လျှောက်လာသူမှာ ချူးယွင်ဖန်းမှတပါး အခြားသူမဟုတ်ပေ။ ချူးရှို့ကျဲ၏ နောက်တွင် ချူးယန်ဟွေ့၊ ချူးရုန်ယန်နှင့် အခြားသူများလည်းပါသည်။ ချူးယွင်ဖန်းကိုတွေ့သောအခါ အားလုံးက သူ့ကို ဒေါသတကြီးစိုက်ကြည့်နေကြသည်။ ချူးရှို့ကျဲသည် ချူးယွင်ဖန်းကို ထူးထူးခြားခြား ကြည့်နေ၍ ထိုနေရာတွင် အဘယ်ကြောင့် ရပ်နေသည်ကို မသိသော်လည်း မကြာမီ၌ပင် အခြားအစေခံများထံမှ အကြောင်းစုံကိုကြားလိုက်ရသည်။

“ဆိုတော့ တချို့ လူတွေက ဖိတ်စာမရခဲ့ကြပေမယ့် ပျော်ပွဲမှာ ပါချင်လွန်းလို့ ယုံကြည်ချက်အပြည့်ပြောနေကြတုန်းပဲ။ ကျွတ်.. ကျွတ်… လူမှုရေးလှေကားကို တက်ဖို့ဆို ကိုယ့် သိက္ခာကိုယ်တောင် မမူတော့ဘူး” ချူးရှိ့ကျဲက ကျယ်လောင်စွာပြောသည်။

ရုတ်တရက်ပင် ဧည့်သည်များ၏ မျက်နှာများတွင် နားလည်သဘောပေါက်မှုအငွေ့အသက်တချို့ပေါ်လာသည်။

‘ဒါက ဒီလိုပေါ့။ ဆိုတော့ ဒါက အဖိတ်မခံရဘဲ လာတဲ့လူပေါ့လေ’

၎င်းတို့အားလုံးက ဤအသိုင်းအဝိုင်းကို အများပြည်သူ လွယ်လင့်တကူဝင်ခွင့်မပြုထားသဖြင့် ဤသို့သော လူများစွာကို မြင်ဖူးကြသည်။ ဖိတ်စာမရရှိခဲ့သော လူအများအပြားသည် အချိတ်အဆက်တချို့ရနိုင်ရန် ခိုးဝင်ချင်ကြသည်။ ၎င်းတို့၏ အမြင်တွင် ချူးယွင်ဖန်းသည် သေချာပေါက်ပင် ထိုသို့သော လူမျိုးဖြစ်၏။ ၎င်းတို့က ထပ်မံ၍ ချူးယွင်ဖန်းကို ကြည့်လာသော အကြည့်များက အထင်သေးမှုများပါဝင်လာသည်။

“သူက အဲ့လိုလူမျိုးဖြစ်နေမယ်လို့ ငါမမျှော်လင့်ထားမိဘူး”

“ကျွတ် ကျွတ် တချိုလူတွေက အတော့်ကို အရေထူတာပဲ”

ဤအချိန်တွင် ချူးရှို့ကျဲက မာန်တက်စွာလမ်းလျှောက်လာလျက် မေးလိုက်သည်။

“ချူးယွင်ဖန်း မင်း ဒီလို ဘာလို့လုပ်နေတာလဲ။ မင်းမှာ ဖိတ်စာမရှိဘူးဆိုမှတော့ ဘာလို့ ဝင်ချင်နေတာလဲ”

သူ့မျက်လုံးထဲတွင် ချူးယွင်ဖန်းသည် သူ့အနီးသို့ ချဉ်းကပ်ရန် ကြိုးစားနေခြင်းမျှသာဖြစ်သည်။ သို့သော် ချူးယွင်ဖန်းက သူ့ကို ကြည့်ရန်ပင် စိတ်မဝင်စားပေ။ ယခုအချိန်ထိတိုင် ချူးယွင်ဖန်းက အလွန် မာန်တက် မောက်မာ ဝံ့ကြွားနေသေးသည်ကို မြင်လိုက်ရသဖြင့် ချူးရှို့ကျဲက အံကြိတ်ကာ မေးလိုက်သည်။

“ချူးယွင်ဖန်း မင်း ဒီကိုလာဖို့ အလုပ်ရှိလို့လား။ မင်းက မြို့စားကို အရှက်ခွဲနေတာပဲ”

“ဒါမင်း စောက်ကြောင်းမဟုတ်ဘူး” ချူးယွင်ဖန်းက ချူးရှို့ကျဲကို လှောင်ရယ်လိုက်သည်။

“မင်း…” ချူးရှို့ကျဲက ဒေါသတကြီးပေါက်ကွဲတော့မည့်အခိုက်တွင် သူ့နောက်မှ ချူးယန်ဟွေ့ ၊ ချူးရုန်ယန်နှင့် အခြားသူများကလည်း ချူးယွင်ဖန်းကိုကြည့်နေကြသည်။ ရုတ်တရက် အလျင်စလို ခြေသံများထွက်ပေါ်လာပြီးနောက် ဒေါသထွက်နေသော လူတစ်ယောက် ထွက်လာသည်။ ၎င်းသည်ကား အန်းရှို့ရှို့မှတပါး အခြားသူမဟုတ်ပေ။ သူမထွက်လာသည်ကိုမြင်သောအခါ ချူးယွင်ဖန်းက ပြုံး၍

သူမနှင့် စကားပြောရန်ပြင်လိုက်သည်။ အန်းရှို့ရှို့သည် အန်းကော်မြို့ဝန်၏ လက်ထဲမှ ပုလဲတစ်လုံးဖြစ်ကြောင်း သူသိသည်။ သူမသည် ခုန်းလုံမြို့တွင် မြင့်မြတ်သော သားသမီးများအသိုင်းအဝိုင်းရှိ ထိပ်တန်းလူအနည်းငယ်ထဲမှ တစ်ဦးလည်းဖြစ်သည်။ ကျုံးရှင်မြို့ဝန်၏ အမွေဆက်ခံသူအဖြစ် ရွေးချယ်ခံထားရသော သူ့ထက် သူမက များစွာ များစွာသာလွန်သည်။

သူက မြို့စား၏ အ‌မွေခံဖြစ်မလာသရွေ့ သူမနှင့် တန်းတူရပ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူသာ သူမနှင့် မိတ်ဆွေဖွဲ့နိုင်ပါက သူ့အတွက် အကျိုးမြတ်ရမည်မှာ ကျိန်းသေပင်ဖြစ်သည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခုရှိသည်။ အန်းကော်မြို့ဝန်၏ အာဏာဖြင့် အန်းရှို့ရှို့ကို လက်ထပ်နိုင်လျှင် ကျုံးရှင်မြို့ဝန်၏ အမွေဆက်ခံသူဖြစ်လာရန် သေချာသည်။

“အန်း…” ချူးရှို့ကျဲက စကားစလုဆဲဆဲတွင် သူ့ကို လုံးဝ မမြင်သကဲ့သို့ ဖြတ်သွားသည်ကိုမြင်လိုက်ရသည်။

သူမက သူ့ကို မကြည့်သဖြင့် မျက်နှာတစ်ခုလုံးလည်း အေးခဲသွားသည်။ ချူးယန်ဟွေ့၊ ချူးရုန်ယန်နှင့် ချူးရှို့ကျဲ၏ နောက်မှ အခြားသူများအားလုံးလည်း အံ့အားသင့်ကုန်ကြသည်။ ဤသည်က ၎င်းတို့ မျှော်လင့်ထားသောအရာနှင့် လုံးဝ ကွဲပြားသည်။ အန်းရှို့ရှို့က ၎င်းတို့ကြောင့် လာခဲ့သည်ဟု ထင်ခဲ့ကြသော်လည်း သူမကမူ ၎င်းတို့ကို တစ်ချက်မျှမကြည့်ခဲ့ပေ။

ထို့နောက် သူမသည် ချူးယွင်ဖန်းထံ လျှောက်လာကာ ရိုသေစွာပြော၏။

"တောင်းပန်ပါတယ် တောင်းပန်ပါတယ် စကားပြောမှားသွားလို့ပါ။ ဖိတ်စာကတ်လို အသေးအမွှားကိစ္စလောက်နဲ့ ရှင်တံခါးဝမှာ ရပ်နေရလိမ့်မယ်လို့ ထင်ထားမိဘူး”

အန်းရှို့ရှို့ကဤသို့သော အခြေခံအမှားမျိုးလုပ်မိသောကြောင့် အနည်းငယ် ရှက်သွားပုံပေါ်သည်။

"ဘာမှမဟုတ်ပါဘူး၊ ကိစ္စသေးသေးလေးပဲ" ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"သွားရအောင် ကျွန်မ ရှင့်ကို အထဲကို လိုက်ပို့ပေးမယ်" အန်းရှို့ရှို့က ချူးယွင်ဖန်းကို အထဲသို့ခေါ်သွားရာ အစမှအဆုံးထိ သူမသည် ချူးရှို့ကျဲကို ကြည့်ပင်မကြည့်ခဲ့ပေ။

ထိုအချိန်တွင် ချူးရှို့ကျဲ၏ မျက်နှာမှာ လုံးဝ ဖြူဖျော့သွားသည်။ ယခုတင် ချူးယွင်ဖန်းက ဖိတ်စာကတ်မရှိသဖြင့် လူမှုရေးလှေကားသို့တက်ရန် ကြိုးစားနေသည်ဟု လှောင်ပြောင်ခဲ့သည်။ အဆုံးတွင် အန်းရှို့ရှို့ထံတွင် မျက်နှာဖျက်ခံလိုက်ရပြီဖြစ်သည်။ အန်းကော်မြို့ဝန်၏ အဖိုးတန်သမီးတော်သည် ချူးရှို့ကျဲရှိနေခြင်းကိုပင် သတိမပြုမိခဲ့ပေ။ ယင်းအစား သူမသည် ၎င်းတို့ အထင်မကြီးထားသည့် ချူးယွင်ဖန်းကို ကြိုဆိုခဲ့သည်။

အချိန်အတော်ကြာပြီးနောက်၊ ချူးရှို့ကျဲက ဟစ်အော်ကာပြောလိုက်သည်။

"သွားကြစို့"

ချူးယန်ဟွေ့ နှင့် ချူးရုန်ယန်တို့က တိတ်ဆိတ်နေကာ ချူးရှို့ကျဲကို ထပ်မံဒေါသမဖြစ်စေရဲကြပေ။ တစ်ချိန်တည်းမှာပင် ၎င်းတို့လည်း အလွန်အံ့သြသွားကြသည်။ အန်းရှို့ရှို့သည် ချူးယွင်ဖန်းကို မည်သို့ သိခဲ့ကြောင်းမသိနိုင်သော်လည်း ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်နေပုံရသည်။

နောက်ဆုံးတွင် ၎င်းတို့က လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းတွင် ချူးယွင်ဖန်းကို သတိထားမိခဲ့သည်။ ၊ ယင်းမတိုင်မီက ချူးယွင်ဖန်းသည် ကိုယ်စားလှယ်လောင်းများကြားတွင် ထူးထူးခြားခြားအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း တကယ်တမ်းတွင်၊ သူ့တွင် အလွန်ကောင်းမွန်သော ကျောထောက်နောက်ခံမျိုးမရှိခဲ့ပေ။

အခြားဧည့်သည်များကလည်း ဤလူက မည်သူဖြစ်ကြောင်း သိချင်သောအမူအရာဖြင့်ကြည့်နေကြသည်။

All Chapters