မျက်ကန်းခွေး
Vol. 81 Ch. 1202
အန်းရှို့ရှို့၏ ဦးဆောင်မှုအောက်တွင် ချူးယွင်ဖန်းသည် ပထမတန်းစားနန်းဆောင်စားသောက်ဆိုင်၏ ဧည့်ခန်းမဆောင်သို့ အလျင်အမြန်လိုက်ပါသွားခဲ့သည်။ ထိုအချိန်တွင် ခန်းမကြီးက စည်ကားနေပြီဖြစ်သည်။ စီတုမြောင်ယီ၏ မွေးနေ့ပါတီသာ ဖြစ်ခဲ့သော်လည်း သူမ၏ဖြစ်တည်မှုအရ မိတ်ဆွေ အနည်းငယ်မျှဖြင့် စုစည်းခြင်းမျိုးမဟုတ်ပေ။
မြို့တော်၏ မြင့်မြတ်သော မျိုးဆက်သစ်အများအပြား တက်ရောက်ကြပြီး မြို့တော်၏ အထင်ကရ ပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြသည်။ မှန်သည်။ ဤအရာများအားလုံးကို အန်းရှို့ရှို့က မိတ်ဆက်ပေးနေခြင်းဖြစ်ကာ ချူးယွင်ဖန်းကမူ ယင်းတို့အကြောင်းအနည်းငယ်မျှ မသိပေ။ ချူးယွင်ဖန်းကို ခန်းမထဲသို့ပို့ဆောင်ပြီးနောက် အန်းရှို့ရှို့သည် အမြန်နှုတ်ဆက်ကာ အခြားအရာများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ချူးယွင်ဖန်းကမူ ယင်းကို စိတ်မဝင်စားသဖြင့် ထောင့်ရှိ ခုံတစ်လုံးတွင် ထိုင်လိုက်သည်။ သူ့နားထဲတွင် ဖန်ခွက်ချင်းတိုက်သံများဖြင့်ပြည့်နေသည်။ လူအများအမြင်တွင် ဤသည်မှာလည်း လူမှုရေးဆိုင်ရာ သမရိုးကျကိစ္စဖြစ်သည်။ သို့သော် သူ့အတွက် ယင်းက အရေးမကြီးပေ။ မကြာမီ၌ပင် ချူးရှို့ကျဲနှင့် အခြားသူများလည်းဝင်လာကြရကာ တစ်ချက်ဝေ့ဝိုက်ကြည့်လိုက်ကြပြီးနောက် မျက်လုံးစုံမှိတ်လျက် ထောင့်တစ်နေရာတွင်ထိုင်နေသော ချူးယွင်ဖန်းကို အမြန်တွေ့လိုက်ကြရသည်။
ချူးရှို့ကျဲ၏ မျက်နှာတွင် အနည်းငယ် အေးစက်သော အမူအရာ ပေါ်လာသည်။ မကြာခင်၌ပင် လူလတ်ပိုင်းအရွယ် အိမ်တော်ထိန်းယောက်ကို ဆင့်ခေါ်သဖြင့် ချူးရှို့ကျဲဆီသို့ရောက်လာ၏။
“သခင်လေးကျဲ သခင်လေးအတွက် ကျွန်တော်မျိုးဘာလုပ်ပေးရမလဲ” လူလတ်ပိုင်းအရွယ်က ချူးရှို့ကျဲကိုကြည့်ရင်း မေးသည်။
ချူးရှို့ကျဲသည် ချူးယွင်ဖန်းကိုကြည့်ကာ တစ်ခုခုပြောလိုက်သည်။ ခဏအကြာတွင် ထိုလူ၏ မျက်နှာထက်၌ လေးနက်သောအမူအရာဖြင့် ထွက်ခွာသွား၏။ ချူးယွင်ဖန်းက ထောင့်တစ်နေရာတွင် အနားယူနေကာ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာခဲ့သည်။ ရုတ်တရက် တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ လူလတ်ပိုင်းအရွယ် အိမ်တော်ထိန်းတစ်ဦးသည် ရန်လိုသည့်အမူအရာဖြင့် သူ့ဆီသို့လျှောက်လာသည်ကိုမြင်လိုက်ရ၏။
"သခင်လေး ကျေးဇူးပြုပြီး ကျွန်တော့်ကို ဖိတ်စာပြပေးပါဦး" ထိုသူက ချူးယွင်ဖန်းကို စိုက်ကြည့်၍ ပြောသည်။
"ငါ့မှာ ဖိတ်စာမရှိဘူး၊ ဒါပေမယ့် မင်းရဲ့ မမလေးကို မေးလို့ရတယ်။ ငါ့နာမည်က ချူးယွင်ဖန်း"
ထိုအချိန်တွင် ချူးယွင်ဖန်း၏မျက်နှာသည် စိတ်မရှည်မှုအချို့ကို ပြသနေသည်။ သူ၏ သည်းခံစိတ်က မည်မျှပင် အားကောင်းစေကာမူ ယခုအချိန်တွင်မူ ဒေါသအနည်းငယ်ထွက်သွားရသည်။ ထို့အပြင် ဤလူက သူ့ကို မည်မျှ ပစ်မှတ်ထားနေကြောင်း ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
ချူးယွင်ဖန်းက သူ့တွင်ဖိတ်စာမရှိကြောင်းပြောလိုက်သည်နှင့်တစ်ပြိုင်နက် ထိုသူ၏ မျက်နှာထက်တွင် ပျော်ရွှင်သောအငွေ့အသက်တချို့ထွက်ပေါ်လာကာ ပြောလိုက်သည်။
"မင်းရဲ့ အဆက်အသွယ်တွေကို ငါဂရုမစိုက်ပါဘူး၊ မင်း ဖိတ်စာမပြနိုင်ရင် မင်းကို ထွက်သွားခိုင်းမယ်"
ချူးယွင်ဖန်းက ထိုသူကို တစ်ချက်ကြည့်ကာပြောလိုက်၏။
"မင်းကိုဘယ်သူညွှန်ကြားတာလဲ ငါမသိဘူး၊ ဒါပေမယ့် မင်းသေချာစဉ်းစားမယ်လို့ ငါမျှော်လင့်တယ်။ တချို့အရာတွေက မင်းမလုပ်နိုင်ဘူး"
ထိုသူကို အခြားတစ်ဦးက စေခိုင်းခဲ့ခြင်းဖြစ်နိုင်သည်မှာ ချူးယွင်ဖန်းအတွက် တွေးရန် မခက်ခဲလှပေ။ မဟုတ်လျှင် သူ့ကို ဤသို့နှောက်ယှက်မည်မဟုတ်ပေ။ ချူးယွင်ဖန်းက မဟာဝေ့နိုင်ငံတော်တွင်တစ်နှစ်ကြာ သီးသန့်နေထိုင်ခဲ့သ်ည။ သူသည် လူများစွာနှင့် ရန်စမရှိသဖြင့် ဤအရာသည် ချူးရှို့ကျဲနှင့် သက်ဆိုင်သည်ဟု ခန့်မှန်းရန် မခက်ခဲပေ။
အိမ်တော်ထိန်းက ချူးယွင်ဖန်း၏စကားကြောင့် ချက်ချင်းဒေါသတကြီးအော်လိုက်၏။
"ငါဘယ်လိုလုပ်ရမလဲဆိုတာ မင်း ဂရုစိုက်နေစရာမလိုပါဘူး၊ မင်း ဖိတ်စာမပြနိုင်ရင် ထွက်သွားလေ။ ဒါစည်းကမ်းနဲ့အညီပဲ”
ထိုအချိန်တွင် ဤအော်သံများက လူစုလူဝေးကို ဆွဲဆောင်ခဲ့သည်။ လူများစွာက ထိတ်လန့်တကြားဖြစ်ကုန်ကြသည်။ ဖိတ်စာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဤနေရာသို့ လာနိုင်သည့်သူများသည် တိကျသေချာသော အနေအထားတစ်ခုရှိနေသည်။ ထိုလူလတ်ပိုင်းအရွယ် အိမ်တော်ထိန်းကမူ ဖိတ်စာပြရန် အတင်းအကြပ်အခိုင်အမာတောင်းဆိုနေ၏။
ဤလူများက လူမိုက်များမဟုတ်ကြသောကြောင့် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သဘာဝအတိုင်း နားလည်ကြသည်။ လူများစွာက လှည့်ကြည့်လာကြကာ ချူးယွင်ဖန်း မည်သို့လုပ်မည်ကို သိချင်ကြသည်။
"စည်းမျဥ်းစည်းကမ်းနဲ့အညီ လုပ်ရတာ ဘယ်လောက်ကောင်းလဲ။ ဒါ စီတုမျိုးနွယ်စုက သူတို့ရဲ့ ကျွန်တွေကို သင်ထားတဲ့နည်းလား။ ဧည့်သည်တွေကို လိုက်ဖမ်းပြီး မင်း အထင်ကြီးလောက်စရာ အပြုအမူတွေ လုပ်နေတာ အသေအချာပဲ"
ရုတ်တရက် လှောင်ရယ်ရယ်မောသံကို ကြားလိုက်ရသည်။ ထို့နောက် အရပ်မြင့်မြင့် ယောက်ျားတစ်ယောက်လျှောက်လာသည်။ အသတ်လတ်ပိုင်းအိမ်တော်ထိန်းက ဤသည်ကိုမြင်လိုက်ရသောအခါ အံ့သြသွားရသည်။ ၎င်းမှာ တိုက်ပွဲဝံပုလွေမျိုးနွယ်စုရှိ
လက်ထောက်ခေါင်းဆောင် လျောင်သာ့ယီဖြစ်သည်။ ယင်းက သူ့ဆရာနှင့် တန်းတူညီမျှသော အဆင့်အတန်းရှိသူဖြစ်၏။
“ဆရာ…” လောင်သာ့ယီက တစ်စုံတစ်ခုပြောရန်ပြင်လိုက်သော်လည်း တစ်ခုခုကို သဘောပေါက်နားလည်သွားကာ စကားပြောင်းလိုက်သည်။
“ဆရာချူး တိုက်ဆိုင်လိုက်တာ… ခင်ဗျားကို ဒီမှာတွေ့ရမယ်လို့ မမျှော်လင့်ထားဘူး”
"စီတုမြောင်ယီနဲ့ ကျွန်တော် လူချင်းသိပါတယ်။ ဒီနေ့ သူ့မွေးနေ့ပွဲကို ဖိတ်ထားတာ… ဒီလောက်ကိစ္စတွေ ရှုပ်နေမယ်လို့ မထင်ထားခဲ့ဘူး။ စိတ်ဝင်စားဖို့ကောင်းတယ်။ တချို့လူတွေက ကျွန်တော့်ိကု အေးဆေးမနေနိုင်ကြဘူး” ချူးယွင်ဖန်းက အိမ်တော်ထိန်းကို မကြည့်ဘဲ ပြောလိုက်သည်။
"မင်းဘာလို့ ဒီရောက်လာတာလဲ။ ဒုခေါင်းဆောင်လျောင်”
"ကျုပ်တို့ စီတုယဲ့နဲ့ သဘောတူညီချက်တစ်ခု ဆွေးနွေးဖို့ ဒီကို ရောက်လာတာပါ။ ဒီမှာ ဒီလို မျက်မမြင်ခွေးတစ်ကောင်နဲ့တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး”
စီတုယဲ့သည် စီတုမြောင်ယီ၏ဖခင်ဖြစ်ကာ စီတုမျိုးနွယ်၏ခေါင်းဆောင်ဖြစ်သည်။
လျောင်သာ့ယီက အိမ်တော်ထိန်းကို အေးစက်စွာကြည့်လိုက်ကာ အလွန်ဒေါသထွက်လာ၏။ အကယ်၍ သူ့ဂိုဏ်းထဲမှ တစ်ယောက်ဖြစ်ပါက ထိုသူကို တစ်ခါတည်း သုတ်သင်ပစ်လိုက်ပေလိမ့်မည်။
သူသည် ချူးယွင်ဖန်း၏ နည်းစနစ်များကို သူ့မျက်လုံးဖြင့် မြင်ဖူးသည်။ သူ၏ ခွန်အားထက်ဖြစ်စေ၊ ဆေးပညာအဆင့်ဖြစ်စေ ချူးယွင်ဖန်းနှင့်ယှဥ်လျှင် ဒုတိယသာလိုက်ရပေမည်။ ချူးယွင်ဖန်းသည် တိုက်ပွဲဝံပုလွေလက်ထောက်ခေါင်းဆောင်ကို တစ်ချက်တည်းဖြင့် သုတ်သင်ပစ်လိုက်သည်။ ယခု တိုက်ပွဲဝံပုလွေအဖွဲ့သည် လက်စားချေရန်မဆိုနှင့် ရိုင်းရိုင်းစိုင်းစိုင်းပြောရန်ပင် သတ္တိမရှိကြပေ။
ဂိုဏ်းတွင်းရှိ ချန်ခယ့်နှင့် ရင်းနှီးသော လူဟောင်းအချို့ပင်လျှင် မည်သို့မျှ မပြောရဲကြပေ။ ခေါင်းဆောင်၏အသက်ကို မကယ်တင်လိုခြင်းမဟုတ်သော်လည်း ချန်ခယ့်ကို တစ်ချက်တည်းနှင့် ရိုက်သတ်ခဲ့သော ကြောက်မက်ဖွယ်တည်ရှိမှုကို စော်ကားရန် မတတ်နိုင်ကြပေ။
နတ်အဆင့် အထွတ်အထိပ်တွင်ရှိနေသော ၎င်းတို့၏ ခေါင်းဆောင်ပင်လျှင် ချန်ခယ့်ကို တစ်ချက်တည်းဖြင့် မသတ်နိုင်ဟု ပြောခဲ့သည်။ ထို့နောက်တွင် ဂိုဏ်းချုပ်တစ်ဦးမှ ချူးယွင်ဖန်းကို ပြဿနာရှာခွင့်မပြုရန် ခေါင်းဆောင်က အမိန့်ပေးခဲ့သည်။ မဟုတ်လျှင် ဂိုဏ်းတစ်ခုလုံးက လိုက်ဖမ်းပေလိမ့်မည်။
အိမ်တော်ထိန်းက နှလုံးသားထဲမှ ကြောက်ရွံ့မှုကို မျိုသိပ်လိုက်သည်။ ဤအချိန်တွင် လွတ်လမ်းမရှိနိုင်တော့ပေ။
“ဒုခေါင်းဆောင်လျောင် ဆရာ ဝင်မစွက်ဖက်ပါနဲ့ဗျာ ဒါ စီတုမျိုးနွယ်ရဲ့ ကိစ္စပါ”
"ငါနှောင့်ယှက်နေတယ်ဟုတ်လား။ စီတုယဲ့သာ ဒီအကြောင်းသိရင် မင်းကို အသေသတ်ပစ်စေချင်နေလောက်ပြီ” လျောင်သာ့ယီက ပြောသည်။
ချူးယွင်ဖန်းသာ မည်မျှ စွမ်းအားကြီးကြောင်း စီတုယဲ့က သိရှိထားပါက တစ်စုံတစ်ဦးထံမှ အကျိုးအမြတ်ယူထားသော သစ္စာဖောက်ကို သတ်၍ ချူးယွင်ဖန်းကို ခွင့်လွှတ်ပေးရန် တောင်းဆိုမည်မှာ သေချာသည်။
ထိုအချိန်တွင် လူများစွာသည် ချူးယွင်ဖန်းကို မတူညီသောမျက်လုံးများဖြင့် ကြည့်နေကြသည်။ ချူးယွင်ဖန်းနှင့် လျောင်သာ့ယီတို့ ဆက်ဆံရေး မည်သို့ရှိကြောင်း ၎င်းတို့ မသိခဲ့ကြပေ။ ချူးယွင်ဖန်းက ဘာမှပြန်မပြောမီ လျောင်သာ့ယီက ရှေ့ထွက်လာသဖြင့် ဤအခြေအနေသည် အလွန်ထူးဆန်းသည်ဟု သူတို့ခံစားမိကြသည်။ လျောင်သာ့ယီက ချူးယွင်ဖန်းကို ထူးထူးခြားခြား လေးစားနေကြောင်း ၎င်းတို့ ဝိုးတဝါး ခံစားမိနိုင်သည်။ သူသည် သူတို့၏ခေါင်းဆောင်အပေါ် တူညီသောသဘောထားရှိကောင်းရှိပေမည်။
"ဒုခေါင်းဆောင်လျောင် ခင်ဗျား ဒီလိုဝင်ရောက်စွက်ဖက်တာဟာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာပဲ" အိမ်တော်ထိန်းက အခိုင်အမာပြောလိုက်သည်။
"ဒါဆို ဒီကိစ္စကို ငါကိုင်တွယ်မယ်”