လက်သီးတစ်ချက်ဖြင့် အန်းကျန်းကော်ကို အနိုင်ယူခြင်း
Vol. 81 Ch. 1204
မည်သို့ပင်ဖြစ်စေကာမူ ချူးယွင်ဖန်းက ကောလဟာလကများကအတိုင်း ကံကောင်းသည်ဟူသောအရာမှာ မမှန်ကြောင်းသေချာလာသည်။ တစ်ချိန်တည်းမှာပင် ချူးယွင်ဖန်းသည် အန်းကျန်းကော်ကိုလည်း လေ့လာကြည့်ရှု့ခဲ့သည်။ အန်းကော်မြို့ဝန်၏ အန်းကျန်းကော်သည် ခုန်းလုံမြို့တွင် နာမည်ကျော်ကြားခဲ့သည်။ ယခု သူသည် အမှန်ပင် အထင်ကြီးဖွယ်ကောင်း၏။ အန်းကျန်းကော်သည် အလွန်ဆုံး အသက်သုံးဆယ်ကျော်မျှသာရှိမည်ဖြစ်ရာ နှစ်ဆယ်ကျော် သာမန်လူတစ်ဦးနှင့် ကွာခြားခြင်းအနည်းငယ်မျှမရှိပေ။ သို့သော် ကျင့်ကြံရေးတွင်မူ သူသည် နတ်အဆင့်ဆဠမအဆင့် အထွတ်အထိပ်သို့ရောက်နေပြီဖြစ်၍ သတ္တမအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။
နောင်တွင် ရွှေအမတေအဆင့်ထက်ဝက်သို့ဝင်နိုင်ရန် သူ့အတွက် မဖြစ်နိုင်ဘဲနေလိမ့်မည်မဟုတ်ပေ။
နတ်အဆင့်သို့ဝင်ကာစဖြစ်သော ချူးရှို့ကျဲနှင့် ချူးဟောက်ယီတို့သည် အလွန်အဆင့်နိမ့်သေးကာ.. တူညီသောအဆင့်တွင်ပင်မရှိပေ။ ၎င်းတို့အားလုံးသည် မြင့်မြတ်သော မျိုးနွယ်စုများမှ မျိုးဆက်သစ်များဖြစ်ကြသော်လည်း ၎င်းတို့ကြားမှ ကွာဟချက်က အလွန်ကြီးမားလွန်းလှသေးသည်။
“ငါ ရှို့ရှို့ဆီက ကြားတာ မင်းက အရမ်းသန်မာတယ်ဆိုပဲ။ ငါမင်းနဲ့ တိုက်ကြည့်ချင်တယ်” အန်းကျန်းကော်က ချူးယွင်ဖန်းကို လေးနက်စွာကြည့်၍ ပြောသည်။
သူသည် ထိုအဆင့်သို့ အသက်ငယ်ငယ်နှင့် ကျင့်ကြံလာနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သဘာဝကျစွာပင် သိုင်းပညာအကြောင်းရူးသွပ်သူဖြစ်သည်။ ချူးယွင်ဖန်းက မိမိထက် များစွာငယ်ရွယ်ပုံရသော်လည်း ကျင့်ကြံရေးအရ အန်းရှို့ရှို့ထက် ချူးယွင်ဖန်းက များစွာပိုသန်မာသည်။
သို့သော် သူက ချူးယွင်ဖန်း မည်မျှ သန်မာကြောင်း တိုက်ရိုက်နားမလည်သေးပေ။ သူ၏ အမြင်တွင် ချူးယွင်ဖန်းက မည်မျှသန်မာစေကာမူ သူနှင့်အဆင့်တူ၌သာရှိမည်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းအဆင့်အတွက် ၎င်းကပင် အလွန် ထိတ်လန့်ဖွယ်ကောင်းနေပြီဖြစ်၏။
“အဲ့လိုမလိုပါဘူး” ချူးယွင်ဖန်းက ခေါင်းခါလိုက်သည်။
‘အစ်ကိုက ကျွန်တော့်ပြိုင်ဘက်မဟုတ်ဘူး”
ထိုစကားကိုကြားသောအခါ အန်းရှို့ရှို့နှင့် စီတုမြောင်ယီတို့က ချူးယွင်ဖန်းကို အံ့သြစွာကြည့်လိုက်သည်။ ချူးယွင်ဖန်း၏စကားလုံးများက အလွန်မာန်မာနထောင်လွှားလွန်းလှသည်။ အန်းကျန်းကော်၏ ခွန်အားဖြင့် ကျွမ်းကျင်သူဟောင်းများပင်လျှင် မယှဥ်နိုင်ပေ။ သို့သော် ချူးယွင်ဖန်းကမူ အန်းကျန်းကော်က သူ၏ ပြိုင်ဘက်မဟုတ်ဟု ပြောင်ဘွင်းဘွင်းပြောခဲ့သည်။ တစ်ဖက်တွင်မူ လျောင်သာ့ယီက ချူးယွင်ဖန်း၏ စကားလုံးများကို ယုံကြည်သည်။ သူသည် သူနှင့် အဆင့်တူသည့် ချန်ခယ့်ကို ချူးယွင်ဖန်းက လက်တစ်ချက်တည်းဖြင့် မည်သို့သတ်ခဲ့ကြောင်းမြင်ခဲ့ဖူးသည်။
“ငါမယုံဘူး” အန်းကျန်းကော်က ခေါင်းခါလိုက်သည်။
သူသည် ချူးယွင်ဖန်း၏ စကားလုံးများထဲမှ ယုံကြည်မှုအပြည့်ကို ခံစားသိရှိနိုင်သည်။ သို့သော် ချူးယွင်ဖန်း၏ ပြိုင်ဘက်မဟုတ်ဟုမူ မယုံကြည်နိုင်ပေ။ ၎င်းတို့ တိုက်ပင်မတိုက်ရသေးဘဲ အရှုံးကို ဝန်ခံလိုက်ရန် အလွန်ခက်ခဲသည်။
“ဒါဆို တိုက်ဖို့နေရာရှာရအောင်” ချူးယွင်ဖန်းက ပြောသည်။
“ကောင်းတယ်” အန်းကျန်းကော်က အားတက်သရောပြော၏။
မကြာမီတွင် စီတုမြောင်ယီက ချူးယွင်ဖန်းကို ပထမတန်းစားစားသောက်ဆိုင်၏ လေ့ကျင့်ရေးခန်းမသို့ ခေါ်သွားရန် လူတစ်ယောက်အားစေခိုင်းခဲ့သည်။ သူမသည် တိုက်ပွဲကို အလွန်အင်မတန်ကြည့်ချင်နေသော်လည်း ယနေ့သည် မိမိမွေးနေ့ဖြစ်၍ ပွဲခန်းမထဲတွင်မရှိ၍ မဖြစ်ပေ။ လေ့ကျင့်ရေးခန်းတွင် ချူးယွင်ဖန်းနှင့် အန်းကျန်းကော်တို့က အဝေးမှ မျက်နှာချင်းဆိုင်ထားကြသည်။ လေ့ကျင့်ရေးခန်းမတစ်ခုလုံးတွင် အန်းရှို့ရှို့သာလျှင် ပွဲကြည့်သူအဖြစ်ရှိသည်။
“မင်းတိုက်ချင်ရန် ခွန်အားအပြည့်နဲ့တိုက် မဟုတ်ရင် နောက်ထပ် အခွင့်အရေးရမှာမဟုတ်ဘူး” ချူးယွင်ဖန်းက ပေါ့ပါးစွာပြောသည်။
"မင်း တကယ်ကို ယုံကြည်မှုရှိတာပဲ" အန်းကျန်းကော်က ချူးယွင်ဖန်းကိုကြည့်၍ပြောလိုက်၏။ ချူးယွင်ဖန်းကမူ ပြုံး၍ပြန်မပြောပေ။ သို့သော် ထိုအချိန်၌ အန်းကျန်းကော်က စတင်လှုပ်ရှားခဲ့သည်။ သူသည် အလွန်လျင်မြန်လွန်းသောအရှိန်ဖြင့် ချူးယွင်ဖန်းကို ချက်ချင်းကန်ချလိုက်သည်။
ဘမ်း
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လေ့ကျင့်ရေးခန်းရှိ အတားအဆီးသည် ချက်ချင်း ပြန်လည်ကောင်းမွန်လာပြီး ပျက်စီးခြင်းမှ ကာကွယ်နိုင်ခဲ့သည်။ အန်းကျန်းကော်က ချူးယွင်ဖန်းကို ကန်ခဲ့ရာ ဤကန်ချက်က ချူးယွင်ဖန်းကို ပြင်းပြင်းထန်ထန်ဒဏ်ရာရစေမည်ဟု သူမမျှော်လင့်ထားခဲ့သော်လည်း တကယ့်ရလဒ်က သူ့ကို အံ့အားသင့်စေခဲ့သည်။
ချူးယွင်ဖန်းက ကြောက်လန့်ခြင်းမရှိသည့်အဖြစ် တစ်လက်မမျှမလှုပ်ခဲ့ပေ။ အန်းကျန်းကော်၏ တိုက်ခိုက်မှုသည် သူ့အတွက် မည်သို့မျှ သက်ရောက်ရောက်မှုမရှိသကဲ့သို့ပင်ဖြစ်၏။
ဝှစ်
ထို့နောက် အန်းကျန်းကော်၏ လှုပ်ရှားမှုများက ပို၍ လျင်မြန်လာရာ တစ်ခဏအတွင်း၌ လေ့ကျင့်ရေးခန်းမတစ်ခုလုံးတွင် မုန်တိုင်းများဖြင့်ပြည့်သွားသည်။ သူ၏ ကျင့်ကြံရေးသည် နတ်အဆင့်ဆဌမအဆင့် ကန့်သတ်မှုများမှ အထွတ်အထိပ်သို့ရောက်ရှိသွားသည်။ ဝိညာဉ်နယ်ပယ်၏ ကန့်သတ်ချက်များကြောင့် ခွန်အားအရ ပြည်ထောင်စု၏ နတ်အဆင့်များနှင့် ယှဥ်ပြိုင်နိုင်စွမ်းမရှိပေ။
သို့သော် အလွန် တုန်လှုပ်ဖွယ်ကောင်းနေသေးသည်။
အန်းရှို့ရှို့မျက်လုံးများ ပြူးကျယ်သွားသည်။ ချူးယွင်ဖန်းသည် မုန်တိုင်း၏ ဝါးမြိုခြင်းခံလိုက်ရကြောင်း သူမမြင်လိုက်သော်လည်း ထို့နောက်တွင် အလွန်ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသကဲ့သို့ ကြီးမားသော ပေါက်ကွဲသံကို ကြားလိုက်ရသည်။ သို့သော်၊ သူမ၏မျက်လုံးများထဲသို့ နတ်စွမ်းအင်ထည့်၍ ကြည့်ပြီးနောက် ပြင်းထန်သောတိုက်ပွဲ လုံးဝမရှိသည်ကို သူမတွေ့လိုက်ရလေသည်။ တိုက်ခိုက်နေခဲ့သူမှာ အန်းကျန်းကော်ဖြစ်ကာ သူ၏တိုက်ခိုက်မှုများကို ချူးယွင်ဖန်းက အလွယ်တကူ တားဆီးနိုင်ခဲ့သည်။
အန်းကျန်းကော်က မည်မျှပင်လျှင်မြန်စေကာမူ တိုက်ခိုက်မှုက မည်မျှပင် အံ့ဖွယ်ကောင်းနေစေကာမူ ချူးယွင်ဖန်းက သူ့အရှိန်ကို အမြဲလိုက်နိုင်သည်။ အန်းကျန်းကော်၏ တိုက်ခိုက်မှုများက အနည်းငယ်မျှ သက်ရောက်မှုမရှိခဲ့ပေ။
အန်းရှို့ရှို့လွန်စွာ ထိတ်လန့်သွားသည်။ သူ့အစ်ကိုကို ကောင်းစွာသိကာ မုန်တိုင်း၏သားဟု လူသိများသည်။ သူ၏တိုက်ခိုက်မှုများသည် အလွန်လျင်မြန်၍ ပြင်းထန်လှသည်။ သူ့အစ်ကိုထက် ကျင့်ကြံရေးအဆင့် မြင့်သောသူများပင်လျှင် သူ့ကို တစ်ခုခုလုပ်ရန် ခဲယဥ်းသည်။
ချူးယွင်ဖန်းသည် ဤအချက်ကို လုံးဝပြောင်းပြန်လှန်ပစ်မည်ဟု မည်သူထင်မည်နည်း။ ချူးယွင်ဖန်းသည် လုံးလုံးလျားလျား အေးအေးလူလူဖြစ်နေသည်။ အန်းကျန်းကော်၏ အမူအရာက ပို၍ပို၍ လေးနက်လာကာ မူလက လေးနက်သောအမူအရာနှင့် လုံးဝကွာခြားနေသည်။
“ဒါက ငါ့အလှည့်ပဲ။ ငါ့လက်သီးကို ခံကြည့်လိုက်” ချူးယွင်ဖန်းက ပေါ့ပါးစွာပြောသည်။
အန်းကျန်းကော်၏ ဝိဉာဥ်က ချက်ချင်းအေးခဲသွားသည်။ ထို့နောက် ချူးယွင်ဖန်းက လက်သီးဆုပ်လျက် သူ့ကို ထိုးလိုက်သည်ကိုမြင်လိုက်ရ၏။ ယင်း၏ အရှိန်က အလွန်လျင်မြန်ခြင်းမရှိလှသော်လည်း ချူးယွင်ဖန်း၏ လက်သီးသည် သူ မည်သို့မျှ ရှောင်တိမ်းရန် မတတ်နိုင်သကဲ့သို့ ခံစားချက်မျိုးပေးသည်။ အန်းကျန်းကော်သည် သိုင်းပညာကျွမ်းကျင်သူဖြစ်သည်။ ထို့ကြောင့် ချူးယွင်ဖန်းက သူ့အားအမှန်တကယ် လုံးဝဖိနှိပ်ထားသည်ကို ချက်ချင်းနားလည်ခဲ့ပြီးနောက် ယင်းကို လုံးဝ မရှောင်နိုင်ဟု ခံစားလိုက်ရသည်။
ချူးယွင်ဖန်း၏ ရိုးရှင်းသော လက်ချက်ကြောင့် သဘာဝ၏ ဝိညာဉ်စွမ်းအင်ကို လှုံ့ဆော်ပေးကာ ကောင်းကင်နှင့် မြေကြီးကို ဖုံးအုပ်၍ မလွတ်နိုင်သော ပိုက်ကွန်တစ်ခု ဖြစ်လာသည်။
ဘမ်း
အန်းကျန်းကော်သည် မရှောင်နိုင်ခဲ့ပေ။ ချူးယွင်ဖန်း၏ လက်သီးသည် သူ့ရင်ဘတ်ကို တိုက်ရိုက်ထိသွားပြီး နောက်သို့ လွင့်ထွက်လျက် ကြိုးပျက်သွားသည့် စွန်တစ်စင်းကဲ့သို့ နံရံသို့ဝင်ဆောင့်ကာ ကြမ်းပြင်ပေါ်သို့ လျောကျသွားသည်။ သို့သော် အန်းကျန်းကော်က သူ ဒဏ်ရာအနည်းငယ်မျှ မရခဲ့ကြောင်းသိလိုက်ရ၏။
ချူးယွင်ဖန်း၏ လက်သီးချက်ဖြင့် လွင့်ထွက်သွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအားသည် လေထဲသို့ ချက်ချင်းပြန့်ကျဲသွားသည်။
ယခုအချိန်တွင် ချူးယွင်ဖန်းက သက်ညှာပေးနေသည်ဖြစ်ကြောင်း သူမည်သို့နားမလည်ဘဲနေလိမ့်မည်နည်း။ သူ့အတွက် အကောင်းအဆိုးမသိလျှင်ပင် ချူးယွင်ဖန်းကသာ သက်ညှာမပေးခဲ့ပါက ဤလက်သီးက သူ့ကို ပြင်းထန်စွာ ဒဏ်ရာရရှိစေနိုင်မည်ဖြစ်ကြောင်း ကောင်းစွာသိသည်။
သူ့ကိုယ်သူ ဖုန်သုတ်ပြီးနောက် ခါးသက်စွာ ပြုံးကာ လက်ခုပ်လိုက်သည်။
"ကရုဏာပြပေးလို့ ကျေးဇူးတင်ပါတယ်!"
ယခင်က ချူးယွင်ဖန်းက မိမိသည် သူ့ပြိုင်ဘက်မဟုတ်ကြောင်း ပြောသောအခါ မာန်တက်နေသည်ဟုထင်ခဲ့သော်လည်း ယခုမူ ချူးယွင်ဖန်းသည် မာနမကြီးဘဲ အမှန်အတိုင်းပြောနေပုံရသည်။
တိုတောင်းသော တိုက်ခိုက်ချိန်အတွင်း ချူးယွင်ဖန်းသည် နားမလည်နိုင်လောက်အောင် တွန်းလှန်၍ မရနိုင်ဟု ခံစားလိုက်ရ၏။