ချူးယွင်ဖန်း ငါမင်းကို သင်ခန်းစာပေးမယ်
Vol. 81 Ch. 1214
သူ၏ လှုပ်ရှားမှုများက သန့်ရှင်းသပ်ရပ်ကာ အပိုလှုပ်ရှားမှုမရှိခဲ့ပေ။ ကျန်ချက်တစ်ချက်တည်းဖြင့် ရွှီဖုန်း လဲကျသွားသည်။ တစ်ချက်ကန်လိုက်ရုံဖြင့် ရွှီဖုန်း၏ ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်သွားသည်။ ချူးယွင်ဖန်းက
ထိန်းထားခြင်းကြောင့်သာမဟုတ်ပါက ထိုကန်ချက်တစ်ချက်တည်းက ရွှီဖုန်းကို ပေါက်ကွဲသွားစေနိုင်သည်။
"မင်းက ငါ့ကို သင်ခန်းစာ သင်ပေးချင်တာလား။ အမှိုက်တစ်စကများ" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
ချူးယွင်ဖန်း၏ စကားကိုကြားသောအခါ ရွှီဖုန်းက ချက်ချင်းပင် နောက်ထပ်တစ်ကြိမ် သွေးများအန်ထွက်လာသည်။ သူသည် ချူးယွင်ဖန်းနှင့် ပြဿနာရှာရန် ယုံကြည်မှုအပြည့်ရှိခဲ့သည်။
သူသည် ချူးယွင်ဖန်းကို သင်ခန်းစာတစ်ခု သင်ပေးချင်ကာ တစ်စုံတစ်ခုကို မမက်မောခြင်းဟူသည့် အဓိပ္ပါယ်ကို သိရန် ပြောပြချင်သည်။
ချူးယွင်ဖန်းက သူ့ကို မြေပြင်ပေါ် ထိ ကျန်ချလိမ့်မည်ဟု မည်သူသိမည်နည်း။ သူ့ခွန်အားကိုပင် အပြည့်အဝအသုံးမပြုခဲ့ဘဲ အလွန်ကြီးမားသော ပျားအုံကို ကန်လိုက်သည့်အလားပင်ဖြစ်သည်။ အထူးသဖြင့် ချူးယွင်ဖန်း၏ မထီမဲ့မြင်ပြုသောအမူအရာသည် အကြီးမားဆုံးသော ထိုးနှက်ချက်ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ လူအများက ဤမြင်ကွင်းကိုမြင်လိုက်ကြရသောအခါ ၎င်းတို့ မျှော်လင့်ထားသကဲ့သို့ပင်ဖြစ်၍ အလွန်အကြူးအံ့သြကြခြင်းမရှိကြပေ။ ရှန်ဟဲဆေးပညာခန်းမ၏ ပိုင်ရှင်၏ စွမ်းအားသည် မယုံနိုင်စရာအဆင့်တွင် ရှိနေသည်။
သူသည် သာမန်နတ်အဆင့်များကို တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်သည်။
ဘေးမှကြည့်နေသော ချူးဟုန်ချိုင်သည် အလွန်စိတ်သက်သာရာရသွားသည်။ သူလုပ်နိုင်ခဲ့ခြင်းမဟုတ်သော်လည်း ဤသည်က သူ့ဒေါသကို ဖြေဖျောက်ရန် ကူညီပေးခဲ့သည်။ ယခင်က ရွှီဖုန်းက သူ့ကို အနိုင်ယူခဲ့သည့်အပြင် လှောင်ပင်လှောင်ပြောင်ခဲ့သည်။
"အငယ်တန်း မြို့စားက မင်းကို ဒီကိစ္စအတွက် အလွတ်ပေးမှာမဟုတ်ဘူး" ရွှီဖုန်းက နောက်တစ်ကြိမ်သွေးအန်ကာ အကြိတ်လိုက်သည်။
"သူငါ့ဆီမလာရင် ငါသူ့ဆီသွားမယ်။ သူလိုချင်တိုင်း ဝင်စွက်ဖက်လို့မရတဲ့အရာတွေရှိတယ်။ သူ့ကိုယ်သူဘယ်သူထင်နေတာလဲ။ အရူး”
ချူးယွင်ဖန်းက ရယ်မောလိုက်သည်။ ရွှီဖုန်းသည် ချူးယွင်ဖန်းကို နှိမ်နင်းရန် ချန်ရှန်ဟုန်ကို အသုံးပြုလိုသော်လည်း ချူးယွင်ဖန်းသည် ချန်ရှန်ဟုန်ကို မကြောက်ကြောင်း မည်သူသိမည်နည်း။ တကယ်တမ်းတွင် သူသည် ထိုချန်ရှန်ဟုန်ကို လုံးလုံးလျားလျားဂရုမစိုက်ပေ။ ချူးယွင်ဖန်း၏ စကားဆုံးသောအခါ သူနှင့် ချူးဟုန်ချိုင်တို့သည် ရှန်ဟဲဆေးပညာသို့ပြန်သွားကြသည်။
"ဒါဆို မင်းဘယ်လိုထင်လဲ၊ အခုရေတွင်းရဲ့အောက်ခြေက ဖားက ဘာကိုဆိုလိုလဲဆိုတာ မင်းသိပြီလား”
“အစ်ကိုဖန်း ကျွန်တော် မှားသွားတယ်။ ကျွန်တော် အဲ့လောက် မာန်မတက်ခဲ့သင့်ဘူး။ ကျွန်တော် သေချာပေါက် အားစိုက်ထုတ်ပြီး လေ့ကျင့်ပါ့မယ်” ချူးဟုန်ချိုင်က စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောသည်။
ကျုံးရှင်မြို့ဝန်၏ နေအိမ်ရှိ ဧည့်ခန်းအဖြစ် ပြောင်းလဲထားသည့် နေရာလေးတွင် လူငယ်တစ်စု အတူတကွထိုင်နေကြသည်။ အဖွဲ့ခေါင်းဆောင်မှာ ခန္ဓာကိုယ်တောင့်ဖြောင့်သော လူငယ်တစ်ဦးဖြစ်သည်။ သူသည် အလွန်လှပသော ၀တ်ရုံရှည်ကို ၀တ်ဆင်ထားကာ မျက်လုံးများကလည်း အလွန် အနှိုင်းမဲ့ တောက်ပနေသဖြင့် အလွန်ကြောက်မက်ဖွယ်အငွေ့အသက်က ဖြာထွက်နေသည်။
သူ၏အကြည့်အောက်တွင် လူတိုင်းသည် ၎င်းတို့၏နာခံမှုကိုပြသရန် ခေါင်းငုံ့ထားပြီး ချူးရှို့ကျဲလည်း အပါအဝင်ဖြစ်သည်။
“ရှန်ဟုန် မင်းက အံ့သြစရာပဲ အန်းကျန်းကော်ကိုတောင် အနိုင်ယူခဲ့တယ်လို့ ငါကြားတယ်” ချူးရှို့ကျဲက သူ့မျက်နှာကို အံ့သြတကြီး ပြောလိုက်သည်။ "အန်းကျန်းကော်က ခုန်းလုံရဲ့ မျိုးဆက်သစ်တွေကြားမှာ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ပဲ။ သူတောင် မင်းနဲ့မယှဥ်နိုင်ဘူးဆိုတော့ ခုန်းလုံးကို ရှင်းပစ်ဖို့ မင်းအတွက်ခက်မှာမဟုတ်ဘူး။ ထိုလူငယ်သည်ကာ အငယ်တန်းမြို့စားချန်ရှန်ဟုန်မှတပါးအခြားသူမဟုတ်ပေ။
ချန်ရှန်ဟုန်က ဤစကားကိုကြားသောအခါ ဂုဏ်ယူစွာပြုံးလိုက်သည်။
"ဒါက ဘာမှမဟုတ်ပါဘူး၊ ခုန်းလုံမြို့က သေးငယ်တဲ့မြို့လေးပဲလေ။ ရှို့ကျဲ မင်း ကျုံးရှင်မြို့ဝန်နေရာကိုရရင် အဝေးကို ထပ်ကြည့်ရမယ်။ တော်ဝင်မြို့တော်နဲ့ ယှဉ်ရင် ခုန်းလုံမြို့က သေးလွန်းတယ်။"
"မှန်တယ်၊ မှန်တယ်။ ငါ မြို့ဝန်ဖြစ်လာပြီးရင် မင်းရဲ့ ဦးဆောင်မှုကို ငါသေချာပေါက် လိုက်နာမှာပါ" ချူးရှို့ကျဲက အမြန်ပြောလိုက်သည်။
ချူးရှို့ကျဲသည် ချန်ရှန်ဟုန်ကို ကပ်ဖားရန် ကြိုးစားနေပုံရသော်လည်း ရောက်ရှိလာသော လူငယ်များအားလုံးသည် မြင့်မြတ်သောမိသားစုမှ ဆင်းသက်လာသူများဖြစ်သည်။ ၎င်းတို့အားလုံးက ချန်ရှန်ဟုန်ရဲ့ ကွပ်ကဲမှုအောက်တွင်ရှိနေသည်။ တော်ဝင်မြို့တော်တွင် ချန်ရှန်ဟုန်သည် မြင့်မြတ်သောကလေးများ၏ ဂိုဏ်းခွဲများစွာထဲမှ ခေါင်းဆောင်ဖြစ်သည်။
ချန်ရှန်ဟုန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူ့ညီဝမ်းကွဲကို မကြိုက်လှသော်လည်း အနာဂတ်ကို ဂရုစိုက်သည်။ သူသာ မြို့စားနင်ဖြစ်လာပြီးလျှင် ချူးရှို့ကျဲက ကျုံးရှင်မြို့ဝန်ဖြစ်လာသောအခါ နှစ်ဖက်စလုံးသည် မဟာမိတ်ဖွဲ့နိုင်မည်ဖြစ်သည်။ ထိုအနာဂတ်သည် သူ့အတွက် အလွန်အကျိုးရှိပေလိမ့်မည်။
မဟုတ်ပါက ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်းဖြင့် မြို့ဝန်တစ်ယောက်ကို မကျေမနပ်ဖြစ်စေရန် အဘယ်ကြောင့်စွန့်စားရမည်နည်း။ အနာဂတ် မြို့ဝန်အဆင့် လက်အောက်ခံတစ်ဦးကို ရရှိရန် သွေးဆောင်မှုသည် ရိုးရှင်းလွန်းလှသည်။
"ဘာ ချူးဟုန်ချိုင် ဘာချူးဟောက်ယွီလဲ။ ငါ အလွယ်တကူ ဖြေရှင်းဖို့ ရွှီဖုန်းကို ခိုင်းထားတယ်။ ဘာမှမဟုတ်ပါဘူး၊ ချူးရှို့ကျဲ၊ ပညာတစ်ခုလောက် ဝေမျှပေးမယ်။ ခွန်အားက အရာအားလုံးရဲ့ အခြေခံအုတ်မြစ်ပဲ၊ မင်းက အားနည်းလွန်းတယ်။ မင်းမှာ အင်အားအလုံအလောက်ရှိရင် ဒီအပြင်လူတွေ ဒီတိုင်း ခုန်ထွက်သွားမှာလား။" ချန်ရှန်ဟုန်က ဘာသိဘာသာ ပြောလိုက်သည်။
"မင်းပြောတာမှန်တယ် ရှန်ဟုန် ငါသေချာပေါက် ကျင့်ကြံရေးကို အားစိုက်ပါ့မယ်”
ချူးရှို့ကျဲအနည်းငယ် တုန်လှုပ်သွားသည်။ ကျင့်ကြံရေးစွမ်းရည်နှင့် အရင်းအမြစ်များပေါ်တွင်မူတည်သည်။ သူ့အရည်အချင်းက အလွန်ကောင်းမွန်သော်လည်း ပြဿနာမှာ သူ၏ အရင်းအမြစ်များက ဤလူများနှင့်မယှဥ်နိုင်ပေ။ သူသည် မြို့ဝန်၏ တိုက်ရိုက်ဆက်ခံသူမဟုတ်သောကြောင့် ပုံမှန်စံနှုန်းများအတိုင်း လေ့ကျင့်ခွင့်မရခဲ့ပေ။
ယခု အနည်းငယ်နောက်ကျသွားပြီဖြစ်သည်။
"ဦးလေးနဲ့ စကားနည်းနည်းပြောရမယ်။ အမွေဆက်ခံမယ့် ကိုယ်စားလှယ်လောင်းအတွက် ဒါဘယ်လိုရွေးချယ်မှုကြီးလဲ။ ဒါက အနီးနဲ့အဝေးက မိသားစုဆက်ဆံရေးကို ခွဲခြားတာမဟုတ်ဘူးလား”
ချန်ရှန်ဟုန်က ဆက်ပြောသည်။
"ဟုတ်တယ်”
ဤအကြောင်းပြောသောအခါ ချူးရှို့ကျဲသည် ရုတ်တရက် အလွန်စိတ်ပျက်သွားကာ အကြောင်းမှာ ဆွေမျိုးအချင်းအချင်း ခွဲခြားလိုက်လျှင် သူသည် အမွေဆက်ခံသူ ဖြစ်လာပေလိမ့်မည်။
"ဒါပေမယ့် ဘာလို့ ရွှီဖုန်းပြန်မလာသေးတာလဲ" ချန်ရှန်ဟုန်က သိချင်စိတ်အပြည့်ဖြင့်မေးလိုက်သည်။
"ရှန်ဟုန် ချူးယွင်ဖန်းကို လျှော့မတွက်နဲ့။ သူက ကောက်ကျစ်ဆုံးပဲ။ ချူးဟုန်ချိုင်ဒါမှမဟုတ် ချူးဟောက်ယွီကို ငါဂရုမစိုက်ဘူး" ချူးရှို့ကျဲက အမြန်ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး၊ လိမ္မာပါးနပ်မှုနဲ့ ပူးပေါင်းကြံစည်မှုတွေဟာ အကြွင်းမဲ့ခွန်အားနဲ့ ရင်ဆိုင်ရတဲ့အရာတွေချည်းပါပဲ။" ချန်ရှန်ဟုန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ရုတ်တရက်ပင် အပြင်ဘက်မှ လျင်မြန်သော ခြေသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် အစေခံအနည်းငယ်က လူတစ်ဦးကို ထမ်းစင်ဖြင့် သယ်ဆောင်လာသည်။ ထမ်းစင်ပေါ်တွင် လဲလျောင်းနေသောလူသည် နာကျင်စွာ ညည်းတွားနေသည်။
ရွှီဖုန်းမှတပါး မည်သူဖြစ်နိုင်မည်နည်း။
"ဒါက ဘယ်လိုဖြစ်ရတာလဲ”
"ဒါဘယ်သူလဲ”
"ငါတို့အစ်ကိုကို ဘယ်ကောင်က ရိုက်ရဲတာလဲ”
ထိုအချိန်တွင် မြင့်မြတ်သောမိသားစုများ၏ သားမြေးများ အားလုံး တစ်ပြိုင်နက် စကားပြောနေကြသည်။ သူတို့၏ဂုဏ်သိက္ခာကို အပြင်းအထန် စိန်ခေါ်ခြင်းခံလိုက်ရပြီဟု ခံစားခဲ့ရသည်။ ကြီးကျယ်သော အတွေးများဖြင့် ခုန်းလုံမြို့သို့လာခဲ့ကြခြင်းဖြစ်ရာ ယခု ရွှီဖုန်းက ဒဏ်ရာရသွားသည်မှာ ၎င်းတို့ မျက်နှာတည့်တည့်ကို ဖြတ်ရိုက်လိုက်ခြင်းပင်မဟုတ်သလော။
မကြာခင်၌ပင် အားလုံးက မည်သို့ဖြစ်ပျက်ခဲ့ကြောင်း သိသွားကြသည်။ ရွှီဖုန်းသည် ချူးယွင်ဖန်းနှင့် ပြဿနာရှာပြီး ချူးယွင်ဖန်း၏ကန်ချက်ကြောင့် ဒဏ်ရာရခဲ့ခြ့င်းဖြစ်သည်။
ထိုစကားကိုကြားသောအခါ တော်ဝင်မြို့တော်မှ မြင့်မြတ်သော သားသမီးများသည် ဒေါသတကြီး ဖြစ်နေကြသည်။ သူတို့၏ အထင်အမြင်တွင်၊ ခုန်းလုံမြို့တွင် မည်သည့် ပညာရှင်မျှ မရှိသင့်ပေ။
မှန်သည်။ ထိုပညာရှင်ကြီးများကမူ အခြားကိစ္စဖြစ်သည်။ သို့သော် မျိုးဆက်ဟောင်းများသည် ယေဘုယျအားဖြင့် စွက်ဖက်ခြင်း မပြုကြပေ။ အကြောင်းမှာ ၎င်းတို့နောက်တွင် အာဏာကြီး မိသားစုမရှိသူ မည်သူရှိသနည်း။ ဤသို့အခြေအနေမျိုးဖြစ်လာလိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားသည်မှာ အတိအကျပင်ဖြစ်သည်။
“သေစမ်း” ချန်ရှန်ဟုန်အံကြိတ်လိုက်သည် ။ သူ့မျက်နှာတစ်ခုလုံး ပူလောင်နေသည့်နှယ်ခံစားလိုက်ရ၏။ ယခင်က ယုံကြည်မှုလွန်ကဲစွာ ကြွားလုံးထုတ်ခဲ့ဖူးသော်လည်းယခုအချိန်တွင်မူ မျက်နှာတည့်တည့်အရိုက်ခံလိုက်ရပြီဖြစ်သည်။
"ချူးယွင်ဖန်း ငါ မင်းကို သင်ခန်းစာတစ်ခုသင်ပေးမယ်”