ငါ သူ့ကို ရိုကျိုးတတ်အောင်လုပ်ပေးမယ်
Vol. 81 Ch. 1215
ချန်ရှန်ဟုန်သည် ရွှီဖုန်းကျရှုံးမည်ဟု မထင်ခဲ့ပေ။ ချူးယွင်ဖန်းကို သူ့မျက်လုံးထဲပင် မထည့်ခဲ့ဟု ပြောရပေမည်။ သို့သော်လည်း လက်တွေ့က သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ခဲ့သည်။ ဤအရာများသည် ထိုမျှ မရိုးရှင်းကြောင်း သူ့ကို ပိုနားလည်လာစေသည်။
လူတိုင်း၏ ဖြောင့်မတ်သောဒေါသနှင့်မတူဘဲ ချူးရှို့ကျဲ၏မျက်နှာသည် ရုပ်ဆိုးသောအမူအရာတစ်ခုကို ပြသထားသည့်တိုင် သူ့ရင်ထဲတွင် ကြောက်ရွံ့မှုတစ်ခုကို ဆက်တိုက်ခံစားရသည်။ ဤသည်က ရွှီဖုန်းက သူ့ထက် များစွာသန်မာကြောင်း သူကောင်းစွာသိထားသောကြောင့်ဖြစ်သည်။
ရွှီဖုန်းသည် နတ်အဆင့်၏ တတိယအဆင့်သို့ တက်လှမ်းခဲ့သည့်တိုင် ကန်ချက်တစ်ချက်ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ ချူးယွင်ဖန်း၏ အင်အားသည် မည်မျှ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်ကို ဤမှတစ်ဆင့်ကောက်ချက်ချနိုင်သည်။ သူ့မျက်လုံးဖြင့်ကြည့်ပါက ရွှီဖုန်းတွင် ဒဏ်ရာတစ်ခုတည်းသာရှိသည်ကို မြင်ရန် မခက်ပေ။ ဤသည်က ကန်ချက်တစ်ချက်ကြောင့်ဖြစ်လာသော ဒဏ်ရာပင်ဖြစ်သည်။ တစ်နည်းဆိုရသော် ချူးယွင်ဖန်းသည် အစမှအဆုံးထိ တစ်ချက်သာ လှုပ်ရှားခဲ့သည်ဖြစ်ရာ ဤသည်က ကြောက်မက်ဖွယ်အကောင်းဆုံးအပိုင်းဖြစ်သည်။
ယခင်က ချူးရှို့ကျဲသည် ချူးယွင်ဖန်းနှင့် အကြိမ်ကြိမ်အခါခါ ဆက်ဆံရန် ကြိုးစားခဲ့သော်လည်း ခက်ခဲခဲ့သည်။ ပထမဆုံးအနေဖြင့် သူအလွန်စိတ်ဆိုးခဲ့သည်။ ချူးယွင်ဖန်းသည် အဘယ်ကြောင့် ရွှံ့ကဲ့သို့ ချောနေသနည်း။ သင်ခန်းစာပေးရန် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်၍မရပေ။ သို့သော် ယခု ရုတ်တရက် အလွန်ကံကောင်းသွားသည့်နှယ်ခံစားလိုက်ရသည်။ ယခင်က သူသာ ချူးယွင်ဖန်းကို အမှန်တကယ် ဒေါသဖြစ်စေခဲ့လျှင် ကန်ကျော်ကခြင်းခံခဲ့ရပေမည်။ သူ့လက်အောက်ငယ်သား ချူးယန်ဟွေ့သည် ချူးယွင်ဖန်း၏ ကန်ချက်ကြောင့် ထိုသို့ပင် ဒဏ်ရာရခဲ့သည်။
တွေးကြည့်ရုံဖြင့် သူတုန်လှုပ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ချူးယွင်ဖန်းကိုမုန်းတီးလာသည်။ သူ့တွင် ဤသို့ခွန်အားများရှိထားသည်ကို ရှင်းရှင်းလင်းလင်းသိထားသော်လည်း အဘယ်ကြောင့် မည်သို့မျှ မပြောသနည်း။ သူလုပ်သမျှသည် ချူးယွင်ဖန်း၏ မျက်လုံးထဲတွင် ဟာသတစ်ခုအဖြစ်ပင် ခံစားရသည်။
ချူးယွင်ဖန်းက သူ့ကို လူရွှင်တော် ဒါမှမဟုတ် မျောက်ရိုင်းတစ်ကောင်အဖြစ် မြင်နေသည့်နှယ်ပင်ဖြစ်သည်။ ချူးရှို့ကျဲက ဤသည်ကိုတွေး၍ အလွန် ဒေါသထွက်မိသည်။ သို့သော်၊ သူသည် ချူးယွင်ဖန်း၏ပြိုင်ဘက်မဟုတ်ကြောင်း သူနားလည်ထားပြီးဖြစ်သည်။ သူအားကိုးနိုင်သည့် တစ်ဦးတည်းသောလူမှာ သူ၏ ဝမ်းကွဲညီအစ်ကို ချန်ရှန်ဟုန်ဖြစ်သည်။
"ချူးယွင်ဖန်း ဒီအတွက် မင်းကိုတန်ကြေးပေးခိုင်းမယ်" ချန်ရှန်ဟုန်ဒေါသထွက်သွားသည်။
"ချန်ရှန် စိတ်မပူနဲ့။ မနက်ဖြန်ပွဲရှိတယ်မလား ပွဲမှာ သူ့ကိုအနိုင်ယူပြီး လူရှေ့သူရှေ့ အရှက်ခွဲလိုက်ရင် ပိုကောင်းမှာမဟုတ်လား" ချူးရှို့ကျဲက အကြံပြုသည်။
"မနက်ဖြန်လား။ အဲ့တာ အကြံကောင်းပဲ" ချန်ရှန်ဟုန်က အံကြိတ်လိုက်သည် ။
ယခု ချူးယွင်ဖန်းကို အနိုင်ယူသည်နှင့် နှိုင်းယှဉ်ပါက ချန်ရှန်ဟုန်သည် မနက်ဖြန်ပွဲ၌ ချူးယွင်ဖန်းကို အနိုင်ယူရန် ပို၍ လိုလားသည်။
“ငါတို့ သူ့ကို အခုလွှတ်ထားလိုက်မယ်။ မနက်ဖြန်မှ သင်ခန်းစာပေးမယ်” ချန်ရှန်ဟုန်က ရယ်မောလိုက်သည်။
ဤအရာက မြို့ဝန် မပျော်မရွှင်ဖြစ်စေမည်ဆိုသည်နှင့် ပတ်သက်၍ သူမတွေးတော့ပေ။ သို့မဟုတ် သူ့နောက်တွင် မြို့စားနင်ရှိနေသောကြောင့် ယင်းက အရေးမကြီးပေ။ သူသည် အငယ်တန်းမြို့စားတစ်ဦးဖြစ်ခဲ့လျှင်ပင် သူ၏အဆင့်အတန်းသည် မြို့ဝန်ထက် နိမ့်ကျမည်မဟုတ်ပေ။ ထို့ကြောင့် သူ့တွင် ကြောက်စရာမရှိလှပေ။
ဒုတိယနေ့တွင် နေအိမ်တစ်ခုလုံး ရှုပ်ပွသွားသည်။ မြို့ဝန်နှင့် အဘွားအိုတို့ ပြန်လာပြီးနောက်၊ ဤပွဲကို ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။ အိမ်သူအိမ်သားအားလုံး၊ နာမည်ဖြင့်ခေါ်နိုင်သည့်သူတိုင်း၊ သူတို့နှင့်သက်ဆိုင်သော ရာနှင့်ချီသော ဆွေမျိုးသားချင်းများအားလုံး ဤနေရာတွင် စုရုံးလာကြသည်။
အထူးသဖြင့် အငယ်တန်း မြို့စားမင်းနှင့် မင်းမျိုးမင်းနွယ်၏ အခြားကလေးများသည် ပွဲသို့ ပါဝင်လာကြသည်။
သို့သော် ပွဲမစမီတွင် ဤ ချန်ရှန်ဟုန်သည် ကိုင်တွယ်ရန် မလွယ်ကူကြောင်း လူတိုင်းကြားသိခဲ့ရသည်။ သူသည် နေအိမ်သို့ ယခုမှရောက်ရှိလာသော်လည်း အမွေဆက်ခံမည့်ရွေးချယ်မှုကို လူသိရှင်ကြား အနှောင့်အယှက်ပေးနေပြီဖြစ်သည်။ မူလနာမည်ကြီး ကိုယ်စားလှယ်လောင်း နှစ်ဦးဖြစ်သည့်ချူးဟုန်ချိုင်နှင့် ချူးဟောက်ယွီတို့သည် ရွှီဖုန်းထံတွင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
အထူးသဖြင့် ချန်ရှန်ဟုန်ကြီးစိုးနေချိန်တွင် ဤအရာသည်ကောင်းမွန်သော ခံစားချက်တစ်ခုမဟုတ်ပေ။ ချူးရှို့ကျဲနှင့် အခြားသူများမှလွဲ၍ အားလုံးက အနည်းငယ် ဝမ်းနည်းသွားကြသည်။ ရန်သူက တံခါးလာခေါက်နေသည့်နှယ် ခံစားကြရသည်။ ပွဲစစချင်းတွင် ချူးယွင်ဖန်းနှင့် ချူးဟုန်ချိုင်တို့ အတူတူရောက်ရှိလာကြသည်။ သို့သော် အဝင်ဝတွင် တစ်စုံတစ်ယောက်က တားဆီးခဲ့သည်။
ဤလူသည် ချူးဟောက်ယွီမှတပါး အခြားသူမဟုတ်ပေ။
"တွေ့ရတာ ဝမ်းသာပါတယ်" ချူးဟောက်ယွီနှင့်အဆက်အသွယ်မရှိလှသောကြောင့် ချူးယွင်ဖန်းကပြောလိုက်သည်။
သို့သော် သူ့စိတ်ထဲတွင် သံသယအချို့ရှိနေသည်။ ချူးဟောက်ယွီက အဘယ်ကြောင့် သူ့ကို ယခုအချိန်တွင်ရှာနေသနည်း။ ချူးဟောက်ယွီက ယခုအချိန်တွင် အဆင်မပြေလှပေ။ သူ့မျက်နှာတစ်ခုလုံးက ဖြူဖျော့နေသည်။ ရွှီဖုန်းနှင့် တိုက်ပွဲမှ ရခဲ့သော သူ၏ ဒဏ်ရာက အပြည့်အဝ ပြန်လည်မသက်သာသေးပေ။ နောက်ဆုံးတွင် သူသည် ချူးဟုန်ချိုင်မဟုတ်ပေ။ ချူးဟုန်ချိုင်ကမူ ချူးယွင်ဖန်း၏အ အကူအညီဖြင့် ချူးဟုန်ချိုင်သည် နေ့တွင်းညချင်းပြန်လည် ကျန်းမာလာခဲ့သည်။
သို့သော် ချူးဟောက်ယွီသည် နတ်အဆင့်တွင်ရှိနေသည်။ အပြည့်အဝ ပြန်ကောင်းလာပြီဟု မပြောနိုင်သော်လည်း တစ်ဝက်ကျော်မျှ ပြန်ကောင်းလာပြီဖြစ်သည်။ အနည်းဆုံးအနေဖြင့် အိပ်ရာထဲတွင် လှဲနေရာမလိုတော့ဘဲ အိပ်ရာထနိုင်နေပြီဖြစ်သည်။
"ဘာကိစ္စရှိလို့လဲ" ချူးယွင်ဖန်းသည် တည့်တိုးမေးလိုက်သည်။
ချူးဟောက်ယွီသည် ချူးယွင်ဖန်းကို လေးနက်သောအမူအရာဖြင့် ကြည့်၍ အချိန်အတော်ကြာပြီးနောက်မှ ပြောလိုက်၏။
“ချူးယွင်ဖန်း ငါ အမွေခံနေရာအတွက် လက်လျှော့ပြီး မင်း အဲ့နေရာရအောင် ကူညီပေးဖို့ စီစဥ်နေတာ”
ချူးယွင်ဖန်းကဲသို့ စိတ်ဓာတ်ခိုင်မာသူမျိုးပင်လျှင် အနည်းငယ်တွေဝေသွားသည်။ ချူးဟောက်ယွီဟာ လွယ်လွယ်နှင့်အရှုံးပေးတတ်သောသူမဟုတ်ပေ။
"ဘာလို့လက်လျှော့လိုက်တာလဲ”
ချူးယွင်ဖန်းက ဤသို့ပြောမည့်သူမဟုတ်ပေ။ မှန်သည်။ ချူးဟုန်ချိုင်က ပြောခဲ့ခြင်းပင်ဖြစ်၏။
ချူးဟောက်ယွီက ခါးခါးသီးသီး ပြုံးလိုက်သည်။
'အရင်က ငါက အမွေဆက်ခံဖို့ အသင့်တော်ဆုံးလူလို့ ထင်ခဲ့တာ။ ချူးဟုန်ချိုင်ပဲဖြစ်ဖြစ် ချူးရှို့ကျဲပဲဖြစ်ဖြစ်၊ ငါက အဆင့်မနိမ့်ဘူးလို့ ငါယုံကြည်တယ်။ ဒါပေမယ့် မနေ့က ဖြစ်ပျက်ခဲ့တာတွေက ငါဟာ အရည်အချင်းအပြည့်အဝမရှိသေးဘူးဆိုတာကို လုံးဝနားလည်သွားစေတယ်။ ဒါ့အပြင် ချန်ရှန်ဟုန်က ငါ့ကို အရှက်ရစေခဲ့တယ်။ ငါလက်စားချေဖို့မလုပ်နိုင်ရင် ငါက လူမဟုတ်တော့ဘူး။ ဒါကို လုပ်နိုင်တဲ့သူက ချူးယွင်ဖန်းပဲလို့ ငါယုံကြည်တယ်။ ဘာပဲဖြစ်ဖြစ် ချူးယွင်ဖန်းဒါမှမဟုတ် ချူးဟုန်ချိုင်ဆိုရင်တောင် ချူးရှို့ကျဲမဖြစ်ရဘူး”
ချူးဟောက်ယွီက ဤသို့ရှင်းရှင်းလင်းလင်းတွေးထားသည်။ ယခုအချိန်တွင် သူသည် ပြိုင်ပွဲမှ ထွက်ခဲပြီးဖြစ်သည်။ ချူးဟုန်ချိုင်တွင် ကျောထောက်နောက်ခံပေးထားသော ချူးယွင်ဖန်းရှိကာ ချူးရှို့ကျဲကို ချန်ရှန်ဟုန်က ကျောထောက်နောက်ခံပေးထားသည်။ မည်သူအနိုင်ရသည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ သူ့အလှည့်မဟုတ်သည်မှာ သေချာသည်။ ချန်ရှန်ဟုန်၏ ခွန်အားက သူစိတ်ကူးနိုင်သည့်အတိုင်းအတာထက် ကျော်လွန်သွားသည်။ယ မြို့စားနင်၏အိမ်ထောင်စု၏ဖိအားနှင့်အတူ ၎င်းသည်သူ့ကိုပြိုလဲသွားစေနိုင်လောက်အောင်လုံလောက်သည်။
ချန်ရှန်ဟုန်က လှုပ်ရှားရန်ပင် လိုအပ်မည်မဟုတ်၊ သူ့လက်အောက်ငယ်သားတစ်ယောက်ယောက်က သူ့ကို အလွယ်တကူ အနိုင်ယူနိုင်ပေလိမ့်မည်။ ချူးဟောက်ယွီနှင့် ချူးဟုန်ချိုင်တို့က အတူတူပင်ဖြစ်သည်။ ချူးယွင်ဖန်း၏ စကားအရ သူတို့နှစ်ယောက်လုံး အမြင်ကျဥ်းလှသည်။ ၎င်းတို့၏ အမြင်သည် ကျုံးရှင်မြို့ဝန်၏ အိမ်တော်အတွင်းသာရှိသည်။ ယခု၊ ချန်ရှန်ဟုန်၏ ပြင်းထန်သော စွက်ဖက်မှုကြောင့် မိမိတို့က အလွန် အင်အားနည်းလွန်းကြောင်း အမှန်တကယ် နားလည်သွားခဲ့သည်။
ဤဆုံးဖြတ်ချက်ကိုချရန် သူ့အတွက် အလွန်ခက်ခဲခဲ့သည်။ နှစ်ပေါင်းများစွာ ကြိုးကြိုးစားစားလုပ်ဆောင်ခဲ့သဖြင့် လွယ်လွယ်နှင့်အရှုံးမပေးချင်သော်လည်း လက်တွေ့တွင်အရှုံးပေးခဲ့ရသည်။ ချူးယွင်ဖန်းနှင့် ချူးဟုန်ချိုင်သာ နောက်ဆုံးအောင်ပွဲရခဲ့ပါက သူသည် ဒဏ်ရာကင်းစွာဖြင့် လွတ်မြောက်သွားနိုင်သည်။
သူသည် ချူးယွင်ဖန်းနှင့် ချူးဟုန်ချိုင်တို့နှင့် နက်ရှိုင်းသော ပဋိပက္ခများ မရှိသော်လည်း နောက်ဆုံးတွင် ချူးရှို့ကျဲသာ အနိုင်ရပါက၊ ခုန်းလုံမြို့၌ သူ၏ နောက်ဆုံးခြေကုပ်စခန်းကို ဆုံးရှုံးသွားဖွယ်ရှိသည်။
လက်တွေ့ဘဝ၏ ဖိအားအောက်တွင် သူ့၌ ရွေးချယ်ရန် လမ်းမရှိတော့ပေ။
ချူးဟုန်ချိုင်သည် ထိတ်လန့်နေသေးသော်လည်း ချူးယွင်ဖန်းက ၎င်းကို ကြိုတင်မှန်းဆပြီးသားဖြစ်သည်။
သူက ချက်ချင်းပြုံး၍ ပြောလိုက်၏။
“မြို့စားနေရာနဲ့ပတ်သက်ပြီး ငါစိတ်မဝင်စားပါဘူး။ ချူးဟုန်ချိုင်ကို မင်းကူညီပေးနိုင်တယ်။ ချန်ရှန်ဟုန်ကတော့… ငါ သူ့ကို သင်ခန်းစာတစ်ခုပေးလိုက်မယ်”