← Chapters

ရုပ်ရှင်ရုံ

Vol. 13 Ch. 182

ရုပ်ရှင်ရုံ

Vol. 13 Ch. 182

လုရှင်းချန်၏ ပြုံးယောင်ယောင်မျက်နှာသည် ချက်ချင်း ရပ်တန့်သွား၏။ လို့ရှားရှား၏ စကားလုံးတိုင်းသည် သူ၏ ခံစားချက်ကို တိကျစွာ ထိမှန်သွားသဖြင့် သူ၏မျက်နှာသည် ဖြူရော်သွားသည်။

လို့ရှားရှားသည် သူ့ကို အသာစောင်း၍ ကြည့်လိုက်သည်၊၊ သူမ၏စကားများက အကျိုးသက်ရောက်မှုရှိနေသည်ကို သတိပြုမိသဖြင့် ဆက်လက်၍ မီးထိုးပေးလိုက်သည်။

“မိန်းကလေးတစ်ယောက်ကိုတောင် ကာကွယ်မပေးနိုင်ဘဲ လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်ဖို့ အိပ်မက်မက်နေတယ်ပေါ့လေ။ အဟွတ်ဟွတ်.. ကျွန်မသာ ရှင့်နေရာမှာဆို မြေကြီးထဲ ကျင်းတူးပြီးဝင်လိုက်ပြီ။ ဒါပေမဲ့ ရှင့်ရဲ့မီးစွမ်းရည်ကတော့ အသုံးဝင်သားပဲ၊၊ဥပမာ-လူတွေအတွက် အဝတ်အစားတွေ မီးပူတိုက်ပေးလို့ရတယ်လေ”

“တော်တော့”

လူ့ရှင်းချန်သည် ချက်ချင်း ထရပ်လိုက်၏။ သူ့သွားများကို ကြိတ်ထားသဖြင့် အကြောများထောင်နေသည်။ သူသည် ရှေ့ရှိ ဂိုဒေါင်ကို ရန်လိုသော အမူအရာဖြင့် လက်ညှိုးထိုးပြလိုက်သည်။

“ကောင်းပြီ၊ မင်း ဂိုဒေါင်တစ်ခုကို ရွေးလိုက်စမ်း။ ငါ အထဲက ကြွက်တစ်ကောင်၊ ပိုးဟပ်တစ်ကောင်၊ ပိုးမွှားတစ်ကောင်မကျန် အကုန်မီးရှို့မပစ်နိုင်ဘူးဆိုရင် သူတို့ရဲ့ သန့်ရှင်းရေးစံနှုန်းတွေက အကောင်းဆုံးပဲလို့ ငါယူဆလိုက်မယ်”

လို့ရှားရှားသည် မျက်ခုံးတစ်ချက်တွန့်ကာ မျက်မှန်နက်ကို ပင့်ကာ ပြုံးလိုက်သည်၊၊ ထို့နောက် ကိုယ်ကိုင်းကာ သူ၏လက်ကို ရှေ့သို့ ဝှေ့ယမ်းလိုက်သည်။

“မီးနတ်ဘုရား... ကြွပါ”

ရွှေအိုရောင်နေရောင်ခြည်အောက်တွင် စိမ်းလန်းသော သစ်ပင်များဝိုင်းရံထားသည့် တိတ်ဆိတ်သော လမ်းတစ်လျှောက်တွင် မော်တော်ဆိုင်ကယ်သည် ခရီးနှင်နေသည်။ လင်းရှန်သည် နောက်ထိုင်ခုံတွင် ထိုင်ရင်း ရှေ့မှ မြို့ကို ငေးကြည့်နေသည်။ မြို့၏အစွန်းတွင် ဓာတုဗေဒစက်ရုံကြီးတစ်ခု ရှိပြီး ဓာတ်ပေါင်းဖိုကြီးများ၊ ပေါင်းခံစက်များဖြင့် ပြည့်နေ၏။

“ပုံမှန်ဆို ဒီလောက်ကြီးတဲ့ ဓာတုဗေဒစက်ရုံက လူနေအိမ်ရာတွေနဲ့ အလှမ်းဝေးတဲ့နေရာမှာ ဆောက်သင့်တာမဟုတ်လား”

လင်းရှန်က မှတ်ချက်ပေးသည်။

“ဒါပေမဲ့ ဒီမှာကျတော့ အနီးနားမှာပဲ ရှိနေတယ်”

ကီကီက ပြန်ဖြေသည်၊၊

“ဒါကြောင့်ပဲ ထူးဆန်းတဲ့ သတ္တဝါတွေ ဝင်မလာနိုင်တာ ဖြစ်နိုင်တယ်... ဓာတုပစ္စည်းယိုစိမ့်မှု တစ်ခုခုကြောင့်လား မသိဘူး”

လင်းရှန်သည် သူ့နဖူးကို ပွတ်သပ်ရင်း သက်ပြင်းချသည်။

“သတ္တဝါတွေ ဝင်မလာနိုင်ပေမဲ့ ငါတို့ကတော့ ဝင်လို့ရတယ်... ဒါဆို တကယ်တမ်း ဘယ်သူက သတ္တဝါလဲ”

ကီကီက မျက်စောင်းထိုးပြုံးပြလိုက်သည်။

“မဖြစ်နိုင်ပါဘူး... လူတွေ ခံနိုင်ရည်ရှိတဲ့အရာတွေကို သူတို့က ခံနိုင်ရည်မရှိတာလည်း ဖြစ်နိုင်တယ်။ ဂြိုလ်သားကျူးကျော်တဲ့ ရုပ်ရှင်တွေ ရှင်မကြည့်ဖူးဘူးလား။ တချို့ အခြေခံလူသားဗိုင်းရပ်စ်ကတောင် ဂြိုလ်သားစစ်တပ်တစ်ခုလုံးကို ရှင်းပစ်နိုင်တယ်”

လင်းရှန် ဆွံ့အသွားသည်၊၊

သေစမ်း… သူမ ပြောတာက တကယ်ပဲ အချက်ကျနေတယ်။

သူသည် လေကို ရှူသွင်းလိုက်ပြီး ပုံမှန်မဟုတ်သော ဓာတုနံ့အချို့ကို ရှာဖွေလိုက်သည်။

မြို့၏အဓိကလမ်းမကြီးအနီးသို့ ရောက်သောအခါ ကီကီသည် မော်တော်ဆိုင်ကယ်ကို အရှိန်လျော့လိုက်သည်။

အဆောက်အအုံများ—အိမ်အောက်ထပ်၊ ပိတ်ထားသောဆိုင်ခန်းများနှင့် စွန့်ပစ်ထားသော လမ်းများ— မြင်လိုက်ရ၏။ အချို့တံခါးများသည် တင်းကျပ်စွာပိတ်ထားပြီး အချို့မှာမူ လေတိုက်၍ တကျွီကျွီအသံနှင့် ပွင့်နေသည်။ အအေးဒဏ်ကြောင့် အချိန်မတိုင်မီ ဝါသွားသော သစ်ရွက်ကြွေများသည် လမ်းများပေါ်တွင် ပြည့်နေ၏။ ကုန်စုံဆိုင်ရှိ စင်များသည် ဗလာနတ္တိဖြစ်ပြီး ဖုန်မှုန့်များနှင့် မှိုများဖြင့် ဖုံးလွှမ်းနေသည်။

ကီကီသည် အထီးကျန်ဆန်မှုကို ခံစားရကာ မျက်မှောင်ကြုတ်လိုက်သည်။

“ဒီနေရာက ထူးဆန်းတယ်။ ဘယ်သူမှ နေထိုင်ခဲ့ပုံတောင် မပေါ်ဘူး”

လင်းရှန်သည် ပတ်ဝန်းကျင်ကို သေချာစစ်ဆေးရင်း ဝိညာဉ်လှိုင်းရှာဖွေစက်ကို ထုတ်ကာ ဖွင့်လိုက်သည်။

မှိန်ဖျော့ဖျော့ အလင်းရောင်သည် အပြင်သို့ ထွက်လာပြီးနောက် ပြန်ရုပ်သိမ်းသွားသည်။ အနုတ်လက္ခဏာမှ စတင်ခဲ့သော ဒိုင်ခွက်သည် သုညသို့ ဖြည်းဖြည်းချင်း ရွေ့လာသည်။

ဒါက... ထူးဆန်းတယ်။

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။ ဟောင်းနွမ်းသော ရှာဖွေစက်က ချို့ယွင်းနေသလား။ ဒါမှမဟုတ် တစ်စုံတစ်ရာက ၎င်း၏တိုင်းတာမှုကို ထိခိုက်စေသလား။

အပ်၏ရွေ့လျားမှုသည် ထုံထိုင်းပြီး ပုံမှန်မဟုတ်ပုံပေါ်နေသည်။

မော်တော်ဆိုင်ကယ်သည် မြို့၏အလယ်ဗဟိုဖြစ်နိုင်သော လမ်းဆုံတစ်ခုသို့ ရောက်ရှိလာ၏။

မည်သို့ဆိုစေ အလယ်ဗဟိုတော့ မဟုတ်ပေ။ ကုန်စုံဆိုင်ငယ်တစ်ခု၊ ဘဏ်တစ်ခု၊ လမ်းတစ်ဖက်တွင် ပိုကြီးသော ရုပ်ရှင်ရုံတစ်ခု ရှိနေသည်။

သူတို့သည် ဆိုင်ကယ်ပေါ်မှ ဆင်းကာ မြင်ကွင်းကို ကြည့်ရှုလိုက်သည်။ နေရောင်ခြည်ဖုံးလွှမ်းနေသော လမ်းများသည် ထူးဆန်းစွာ အသက်မဲ့နေ၏။ အရာအားလုံးသည် ပျက်စီးယိုယွင်းနေသည်—တိတ်ဆိတ်နေပြီး၊ သီးခြားကင်းမဲ့နေသည်။ ပုပ်ပွ၍ ခြောက်သွေ့နေသော မြို့သူမြို့သားများ၏ ရုပ်အလောင်းများသည် လမ်းဘေးပလက်ဖောင်းပေါ်တွင် လဲလျောင်းနေပြီး သူတို့၏ အဝတ်အစားများသည် မြေကြီးနှင့် ပေါင်းစည်းနေ၏။ ယင်ကောင်များသည် အလောင်းများပေါ်တွင် တဝီဝီပျံသန်းနေသည်။

“ဒါက ထူးဆန်းတယ်... ငါ မနေ့ညက ဒီမှာ လူတွေရှိတာ မြင်ခဲ့တာကို”

ကီကီက တီးတိုးရေရွတ်လိုက်သည်။ သူမသည် အနီးရှိ မှောင်မိုက်၍ ဗလာဖြစ်နေသည် ဆိုင်တစ်ခု၏ ဒုတိယထပ် ပြတင်းပေါက်သို့ မော့ကြည့်လိုက်သည်။ အဝတ်ဆိုင်တစ်ဆိုင်၏ ကွဲနေသော မှန်ပြတင်းပေါက်ထဲတွင်၊ မော်ဒယ်အရုပ်အချို့သည် သူတို့၏အဝတ်အစားများ ကာလကြာရှည်စွာ ကင်းမဲ့နေကာ ထူးဆန်းစွာ ရပ်နေ၏။ သူတို့၏ ဗလာနတ္တိမျက်နှာများသည် လင်းရှန်နှင့် ကီကီကို တည့်တည့်စိုက်ကြည့်နေပုံရ၏။

လင်းရှန်၏ နောက်ကျောရိုးတစ်ခုလုံး စိမ့်တတ်သွားလေ၏၊၊

သူတို့နှစ်ဦးစလုံးသည် မနေ့ညက မြို့ထဲတွင် မီးရောင်များ—တစ်ခုတည်းမဟုတ်ဘဲ အများအပြားကို မြင်ခဲ့ကြသည်။

“သတိထား”

လင်းရှန်က သတိပေးပြီး ရုပ်ရှင်ရုံကို ကြည့်လိုက်သည်။

“အထဲကို ဝင်ကြည့်ရအောင်”

ဒီမြို့မှာ ထူးဆန်းတဲ့ သတ္တဝါတွေ မရှိ၊ ဖုတ်ကောင်တွေ မရှိ—သို့တိုင် လူသားအသက်ရှင်ကျန်သူတွေလည်း မရှိပေ။ ဒါက အတော်လေး သဘာဝမကျဘူး၊၊ သူသည် ရှုချင်းနှင့် တာလို့တို့ဘက်တွင် တစ်ခုခု ရှာတွေ့ခဲ့လားဆိုတာကို တွေးမိသည်။

ကီကီက ခေါင်းညိတ်လိုက်သည်။

“ဒီမှာ လူတွေရှိနိုင်တယ်၊ ပုန်းနေကြတာပဲ ဖြစ်မှာပါ”

လင်းရှန်သည် ရုပ်ရှင်ရုံ၏တံခါးများကို တွန်းဖွင့်လိုက်သည်။ စိုစွတ်ပြီး ပုပ်သိုးနေသော လေတစ်ခုသည် အပြင်သို့ လှိုက်ထွက်လာသည်။ သူသည် မျက်နှာပျက်သွားသော်လည်း သတိထား၍ ရှေ့သို့ တိုးလာသည်။

“ဒီနေရာက ထူးဆန်းတဲ့ သတ္တဝါတွေကို တွန်းလှန်နိုင်မယ်ဆိုရင် ဒါဟာ အကောင်းဆုံးဘေးကင်းဇုန်ဖြစ်မှာ။ ဒီမှာ ခိုလှုံနေရာတစ်ခုရှိရင် ပြေးလွှားနေတာထက် အများကြီး ပိုလုံခြုံလိမ့်မယ်... ဒါပေမဲ့ အသက်ရှင်ကျန်သူတွေ မရှိဘူးဆိုရင်တော့...”

“ဒါဆို ထူးဆန်းတဲ့ သတ္တဝါတွေထက် ပိုဆိုးတဲ့အရာတစ်ခုခုက ဒီမှာ ပုန်းနေတာများလား”

ကီကီက ဖြတ်ပြောသည်။

လင်းရှန် ပြန်မဖြေလိုက်ပေ။ သူ မှားနေပါစေလို့သာ မျှော်လင့်နေသည်။

ရုပ်ရှင်ရုံ၏ ဧည့်ခန်းမသည် အမှောင်ထုဖုံးလွှမ်းနေ၏။ လင်းရှန်သည် လင်းအားမြင့်လက်နှိပ်ဓာတ်မီးကို လျင်မြန်စွာ ဖန်တီးလိုက်သည်။ ကလစ်။ ပြင်းထန်သော အဖြူရောင်အလင်းတန်းသည် အမှောင်ထုကို ထိုးဖောက်လိုက်သည်။

ရှုပ်ထွေးမှုတစ်ခုသည် သူတို့ရှေ့တွင် ရှိနေသည်—အစီအရီရှိသော လက်မှတ်စက်များ၊ ကွဲနေသော ပြောင်းဖူးပေါက်ပေါက်ရောင်းစင်နှင့် ထောင့်တွင် ပြတ်ကျနေသော တဲများ။ လူသားအရိုးစုများသည် ဖုန်မှုန့်များထဲတွင် လိမ်ကွေးလျက် ကြမ်းပြင်တစ်လျှောက် ပြန့်ကျဲနေ၏။

“ဒီမှာ ဘယ်သူမှ အသက်ရှင်တော့ပုံမပေါ်ဘူး...”

လင်းရှန်သည် သူ့လက်နှိပ်ဓာတ်မီးကို ပတ်ဝန်းကျင်သို့ ဝေ့ကြည့်လိုက်သည်။ သူ ထွက်ခွာရန် ပြင်ဆင်နေစဉ်တွင်—

“လင်းရှန်”

ကီကီက ရုတ်တရက် တီးတိုးပြောလိုက်သည်။

“အထဲမှာ အသံကြားတယ်”

သူသည် ချက်ချင်း လှည့်လိုက်ပြီး သူ့လက်နှိပ်ဓာတ်မီးကို ရုပ်ရှင်ရုံခန်းမသို့ ဦးတည်လိုက်သည်။

နှစ်ယောက်သား အချင်းချင်းကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမှ မပြောဘဲ ရှေ့သို့ တိုးလာသည်။

တောက်... တောက်...

ရေစက်များသည် အမှောင်ထဲတွင် တစ်နေရာမှ ကျဆင်းနေ၏။ ထိုမှတစ်ပါး၊ တိတ်ဆိတ်မှုက အသက်ရှူကျပ်စေသည်။

ကီကီသည် ရှေ့မှလာပြီး ရုပ်ရှင်ရုံတံခါးတစ်ခု၏ အပြင်ဘက်တွင် ရပ်လိုက်သည်။ သူမသည် ထိုတံခါးကို လက်ညှိုးထိုးပြလိုက်သည်။ အသံသည် ထိုနေရာမှ လာနေသည်။

လင်းရှန်သည် ခေါင်းညိတ်လိုက်ပြီး သူ့လက်များတစ်ဝိုက်တွင် လျှပ်စစ်ဓာတ်များ ဖျော့တော့စွာ ပေါက်ကွဲလာလေ၏။ သူသည် လက်ကိုဆန့်ထုတ်ပြီး တံခါးကို ဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်သည်။

ကျွီကျွီ...

သံချေးတက်နေသော ပတ္တာများသည် ညည်းတွားသံ ထွက်လာသည်၊၊

ရုတ်တရက်—စိတ်ပျက်ဖွယ် ပုပ်သိုးနံ့တစ်ခုသည် အထဲမှ ထွက်ပေါ်လာ၏။

ကီကီသည် သူမ၏ နှာခေါင်းကို ပိတ်ကာ ထိတ်လန့်နေသော မျက်လုံးများဖြင့် နောက်သို့ ကမန်းကတန်းဆုတ်လိုက်သည်။

လင်းရှန်လည်း ယိမ်းထိုးသွားသည်။ အနံ့ဆိုးက သူ့ကို အသက်ရှူရပ်လုနီးပါး ဖြစ်စေသည်။ သူသည် သွေးစွန်းနေသော စစ်မြေပြင်များစွာကို တွေ့ခဲ့ဖူးသော်လည်း ဤမျှပုပ်သိုးသောအနံ့ကို တစ်ခါမျှ မရခဲ့ဖူးပေ။

သူ၏ ရွံရှာမှုကို အတင်းဖိနှိပ်ကာ တံခါးကို အပြည့်အဝ ဆွဲဖွင့်လိုက်သည်။

သို့သော်လည်း ကြောက်စရာကောင်းသော အနံ့မှတစ်ပါး... အထဲတွင် မည်သည့်လှုပ်ရှားမှုမျှ မရှိပေ။

လင်းရှန်သည် သူ့လက်နှိပ်ဓာတ်မီးကို မြှောက်ပြီး ရုပ်ရှင်ရုံတစ်လျှောက် ဝေ့ကြည့်လိုက်သည်။ ဝင်ပေါက်များမှာ ဗလာဖြစ်သည်။ ပရိုဂျက်တာပိတ်ကားသည် ကာလကြာရှည်တည်းက အပိုင်းအစများအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

နှစ်ယောက်လုံး သတိထား၍ အထဲသို့ ဝင်သွားကြသည်။

ကီကီသည် သူ့နောက်မှ လိုက်ပါလာပြီး နှာခေါင်းကို ဆက်ပိတ်ထားသည်။

“နံလိုက်တာ... အား နံလိုက်တာ”

“တိတ်တိတ်နေစမ်း”

လင်းရှန်၏မျက်နှာသည် တင်းမာလာသည်။ သူသည် တိတ်ဆိတ်ရန် အမူအရာ ပြလိုက်သည်။

သူတို့သည် အဓိကရုပ်ရှင်ရုံထိုင်ခုံနေရာသို့ ရောက်လာသည်။ လင်းရှန်သည် လက်နှိပ်ဓာတ်မီးကို ခပ်မတ်မတ်အတန်းများရှိ ထိုင်ခုံများပေါ်သို့ ချိန်လိုက်သည်။

ထိုအခိုက်အတန့်တွင်—နှစ်ယောက်စလုံး ကျောက်ရုပ်လို ဖြစ်သွားကြသည်။

ကီကီသည် ကျယ်လောင်စွာ အသက်ရှူသွင်းလိုက်ပြီး ထိတ်လန့်တကြား လင်းရှန်နောက်တွင် ပုန်းလိုက်သည်။

လက်နှိပ်ဓာတ်မီး၏ အဖြူရောင်အလင်းရောင်အောက်တွင်၊ ထိုင်ခုံများသည် ပြည့်နေ၏။

ထိုင်ခုံတိုင်းတွင် လူများ ပြည့်နေသည်။

သို့သော်လည်း သူတို့သည် လူများ မဟုတ်...။

ဖုတ်ကောင်များလည်း မဟုတ်..။

သူတို့သည် အရိုးစုများဖြစ်နေပြီး အသားများ ကွာကျကာ ပုပ်ပွနေသည်။ ပုပ်ပွနေပြီး မှိုတက်နေသော ခန္ဓာကိုယ်များ—အစီအစဉ်တကျ အတန်းလိုက် ရပ်နေကြသည်၊ လွန်ခဲ့သော အချိန်အကြာကြီးထဲက ပြီးဆုံးသွားပြီဖြစ်သော ရုပ်ရှင်တစ်ခုကို ကြည့်နေကြသကဲ့သို့ပင်။

All Chapters