အဝိုင်းခံရခြင်း
Vol. 13 Ch. 190
ဂျိန်းး
အမှောင်ညအောက်တွင် ကောင်းကင်သည် ရုတ်တရက် အက်ကွဲသွားသည်။ ငွေရောင်လျှပ်စီးကြောင်းတစ်ခုသည် အမှောင်ထုကို ထိုးဖောက်ပြီး မုန်တိုင်းတိမ်တိုက်များကြားမှ မိုးခြိမ်းသံတစ်ခု ကျယ်လောင်စွာ ပဲ့တင်ထပ်လာသည်။
မိုးများသည်းထန်စွာ ရွာသွန်းလာသည်။
မိုးရေမြို့၏ ကုန်တင်ပလက်ဖောင်းတွင် ဧရာမ အနက်ရောင်သံချပ်ကာရထားတစ်စီး ရပ်နေသည်။ ပလက်ဖောင်းပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ရှိနေသည်—
မရေတွက်နိုင်သော လူများသည် ဘယ်ကမှန်းမသိဘဲ ပေါ်လာခဲ့သည်။
ယောက်ျားများ၊ မိန်းမများ၊ လူငယ်များ၊ လူကြီးများ အားလုံးသည် မိုးရေထဲတွင် မလှုပ်မယှက် ရပ်နေပြီး ၎င်းတို့၏ မျက်လုံးများသည် ရထားကို စိုက်ကြည့်နေသည်။
ထိုမြင်ကွင်းက ရထားအတွင်းရှိသူများ၏ ကျောရိုးတစ်လျှောက် တုန်ခါသွားစေသည်။
ဤလူများသည် သာမန်လူသားများနှင့် လုံးဝနီးပါး တူညီနေသော်လည်း ၎င်းတို့ ထုတ်လွှတ်နေသော သေမင်းတမန်ကဲ့သို့ အေးစက်စက်အော်ရာသည် တစ်ခုခုမှားယွင်းနေပုံရသည်၊၊ ၎င်းတို့၏ အရေပြားများတွင် သဘာဝမကျသော အရေးအကြောင်းများ ရှိပြီး အချို့မှာ အလွန်တင်းကျပ်စွာ ထိုးထည့်ထားသောကြောင့် အောက်တွင် ထူးဆန်းသော ဖောင်းကြွမှုများ ရှိနေသည်။
ထို့နောက် တစ်ချိန်တည်းတွင် ဤ လူများသည် ၎င်းတို့၏ အကြည့်များကို အနန္တရထားပေါ်တွင် မျက်တောင်မခတ်တမ်း ရှိနေရာမှ ဖြည်းဖြည်းချင်း ပြုံးလိုက်သည်— ရုပ်ပျက်ဆင်းပျက်၊ သဘာဝမကျသော အပြုံးများ...။
အနန္တ ရထားအတွင်းတွင် ခရီးသည်များသည် တစ်ဦးကိုတစ်ဦး စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။ လေထုက လေးလံပြီး အသက်ရှူကြပ်လာသည်။
မိုးပေါက်များသည် ရထား၏ သံချပ်ကာပြားများပေါ်သို့ တဖောက်ဖောက်ကျနေပြီး စိတ်အနှောင့်အယှက်ဖြစ်စေသော စည်းချက်ကို ဖန်တီးနေသည်။
လင်းရှန်သည် တစ်ခုခု ထူးခြားနေသည်ကို ခံစားလိုက်ရသည်။ သူသည် အခြားသူများဖြစ်သော ကီကီ၊ ချန်ဆီရွှမ်၊ ရှုချင်းတို့ကို အသံတိတ်အချက်ပြလိုက်ရာ ၎င်းတို့သည် သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားကြသည်။
မဆိုင်းမတွပင် လင်းရှန်သည် သူ၏ညာလက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။
ထိုအချိန်တွင် အပြင်ဘက်ရှိ မလှုပ်မယှက် ရပ်နေသော လူများသည် ရုတ်တရက် ၎င်းတို့၏ ပါးစပ်များကို ကျယ်လောင်စွာဖွင့်လိုက်ကြသည်။
၎င်းတို့၏ လူသားမျက်နှာများအောက်တွင် ဘရိတ်ဓားကဲ့သို့ ထက်မြက်သော သွားများဖြင့် ပြည့်နေသည့် ဟက်တက်ကွဲနေသော ပါးစပ်များရှိပြီး ၎င်းတို့၏ လည်ချောင်း၏ နက်ရှိုင်းသောနေရာမှ ရေတွက်မရနိုင်သော အနီရောင်လက်တံများ တွန့်လိမ်ထွက်ပေါ်လာသည်။
“သွားစမ်း”
လင်းရှန်သည် လက်သီးဆုပ်ပြီး အော်လိုက်သည်။
ဗရူးး
ယန္တရားနှလုံးသား အသက်ဝင်လာသည်နှင့်အမျှ အနန္တ ရထားသည် ပြင်းထန်စွာ တုန်ခါသွားသည်။ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်စက်ခေါင်းသည် အသက်ဝင်လာပြီး ဓာတ်ငွေ့တာဘိုင်စက်ခေါင်းသည် မြည်ဟိန်းလာသည်။
ဝူး—
ရထားသည် ရှေ့သို့ တုန်ခါပြီး လှုပ်ရှားသွားသည်။
“လက်နက်တွေကို ကိုင်ပြီး…တိုက်ပွဲအတွက် ပြင်ဆင်ကြ”
လင်းရှန်က အမိန့်ပေးသည်။ ကီကီသည် ပထမဆုံး တိုက်ခိုက်လိုက်သည်။ သူမ၏ ငွေရောင်သွားများကို ကြိတ်လိုက်ပြီး သူမ၏ စွမ်းရည်ကို ထုတ်လွှတ်လိုက်ကာ အားပြင်းသော ပေါက်ကွဲမှုတစ်ခုကို ရှေ့သို့ လွှတ်လိုက်သည်၊၊
ဘန်းးးး
ကျယ်လောင်သောအသံတစ်ခု ပေါက်ကွဲထွက်လာသည်၊၊ မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ကီကီသည် စိတ်စွမ်းအားကို စုစည်းပြီး ဖောက်ခွဲလိုက်ခြင်းဖြစ်သည်၊၊ ပလက်ဖောင်းပေါ်ရှိ လူများသည် ပေါက်ကွဲမှုကြောင့် လွင့်စင်သွားကြပြီး အရပ်ရှစ်မျက်နှာသို့ ပြန့်ကျဲသွားသည်။
အချိန်မဖြုန်းဘဲ ရှုချင်းသည် အုပ်စုတစ်ခုကို နောက်တွဲများဆီသို့ ဦးဆောင်သွားပြီး တာလို့နှင့် ရှားရှားတို့သည် ၎င်းတို့၏ သေနတ်များကို ဆွဲယူကာ တွဲအမှတ် ၂ နှင့် တွဲအမှတ် ၅ ဆီသို့ အပြေးအလွှားသွားကြသည်။
ဖျတ် ဖျတ် ဖျတ်
ရထားအရှိန်မရမီအတွင်း အယောင်ဆောင်အုပ်စုသည် အမှောင်ထုထဲမှ ထွက်ပေါ်လာပြီး လူသားမဆန်သော အမြန်နှုန်းဖြင့် ရထားဆီသို့ ပြေးလာကြသည်။
၎င်းတို့၏ ပါးစပ်များသည် တွန့်လိမ်နေသော လက်တံများဖြင့် ပြည့်နှက်နေပြီး သံချပ်ကာပြားများပေါ်သို့ ကပ်တွယ်လိုက်ကြကာ ဘရိတ်ဓားကဲ့သို့ ထက်ရှသော လက်သည်းများသည် သတ္တုများကို စတင်ဆုတ်ဖြဲနေကြသည်။
ပုပ်သိုးနေသော အသားများပါရှိသည့် ရုပ်ပျက်ဆင်းပျက် ဖူးယောင်နေသော အယောင်ဆောင်တစ်ကောင်သည် တွဲအမှတ် ၃ ၏ ခေါင်မိုးပေါ်သို့ ဖြည်းဖြည်းချင်း တက်ရောက်လာသည်။
၎င်း၏ ဆွေးမြည့်နေသော အရေပြားမှ ရေတွက်မရနိုင်သော အနီရောင်ကပ်ပါးကောင်များသည် ထွက်ပေါ်လာပြီး ရထား၏ အပြင်ဘက် သံချပ်ကာရှိ ကွက်လပ်များထဲသို့ တွန့်လိမ်ဝင်ရောက်ကာ အတွင်းသို့ ထိုးဖောက် ဝါးမြိုနေသည်။
ဂျစ် ဂျစ်
ကံကောင်းစွာပင် တွဲအမှတ် ၃ နှင့် ၄ သည် KOR-3 ဇီဝသိပ္ပံ သုတေသန တွဲများဖြစ်ပြီး အရည်အသွေးမြင့် လေလုံပစ္စည်းများဖြင့် တည်ဆောက်ထားသည်။ ခရီးသည်တင်တွဲများနှင့်မတူဘဲ ၎င်းတို့တွင် ပေါ်လွင်နေသော ကွက်လပ်များ မရှိသောကြောင့် ကပ်ပါးကောင်များ ဝင်ရောက်နိုင်ခြင်း မရှိပေ။
အနီရောင်ပိုးကောင်များသည် အတွင်းသို့ တူးဝင်ရန် မတတ်နိုင်ဘဲ အပြင်ဘက် သတ္တုပြားများပေါ်တွင် ဒေါသတကြီး ဝါးမျိုနေကြသဖြင့် အသည်းယားဖွယ် ကုတ်ခြစ်သံများသာ ထွက်ပေါ်လာသည်။
အတွင်းတွင် တင်းကျန်းရီသည် အပေါ်မှ ဆူပွက်နေသော အသံများကို နားထောင်နေသည်။ သူမ၏ အကြည့်သည် ဂန္ဓာမာနက်ငရဲပန်းပေါ်သို့ ရောက်သွားသည်၊၊ ၎င်း၏ အနီရောင်အလင်းရောင်သည် ပို၍ ပြင်းထန်လာသည်။ သူမ၏ မျက်လုံးများသည် တဖျတ်ဖျတ် တောက်ပနေကာ— အတွေးနက်နေဟန်ရှိသည်။
အနန္တ ရထားသည် ကုန်တင်ပလက်ဖောင်းမှ ထွက်လာသော်လည်း အယောင်ဆောင်များသည် ရထား၏ အပြင်ဘက်တွင် ဆက်လက် တွယ်ကပ်နေကြသည်။
ထိုအချိန်တွင် ထိန်းချုပ်ခန်းအတွင်း၌ ချန်ဆီရွှမ်၏ အမူအရာသည် ခက်ထန်နေသည်။
“လင်းရှန် အခု ညရောက်နေပြီ။ ကျွန်မတို့ ဆက်သွားနေရင်...”
“ငါသိတယ်”
လင်းရှန်၏အသံက လေးနက်နေသည်။
“သွေးကပ်ဘေးပန်းက သူတို့ရဲ့ အာရုံကို ဖမ်းစားနိုင်တာပဲ ဖြစ်ရမယ်။ ငါတို့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး”
ရှေ့တွင် ကြောက်မက်ဖွယ် သတ္တဝါများ အမှောင်ထဲတွင် ပုန်းအောင်းနေကြသည်။ အနောက်တွင် အယောင်ဆောင်များက သူတို့ကို အလွတ်မပေးပဲ လိုက်လာကြသည်။ မြို့ထဲရှိ မီးအိမ်ပန်းမွန်းစတားသည် သံသယဖြစ်စရာမလိုသည့် အန္တရာယ်ကြီးတစ်ခုဖြစ်သည်။
လင်းရှန်တွင် လွတ်မြောက်ရာလမ်း မရှိတော့ပေ။
သို့သော် အစောပိုင်းက အယောင်ဆောင်များ၏ ကျူးကျော်ဝင်ရောက်မှုသည် ကြောက်စရာကောင်းပေသည်— သူသည် ကီကီ သေသွားသည်ဟုပင် အမှန်တကယ်ပင် တွေးခဲ့သည်။
တွေဝေဖို့ အချိန်မရှိတော့ပေ။ ရွေးချယ်စရာ တစ်ခုတည်းသာ ကျန်တော့သည်— ဆက်ပြီး ပြေးဖို့ပင်။
ဝုန်းးး
ရထား၏ နောက်ဘက်တွင် ကီကီသည် တွဲအမှတ် ၃ ဆီသို့ ဖြူဖျော့ပြီး မောပန်းနွမ်းနယ်စွာဖြင့် ပြေးသွားသည်။
နောက်ဆုံး အားထုတ်မှုဖြင့် သူမသည် ခေါင်မိုးပေါ်သို့ တုန်ခါလှိုင်းတစ်ခုကို ပစ်လွှတ်လိုက်သည်။
ဆွစ်
အနီရောင်ကပ်ပါးကောင်များ ချက်ချင်း လွင့်စင်သွားသည်။
ဖူးယောင်နေသော အယောင်ဆောင်သည် ၎င်း၏အရည်ပျော်နေသော အသားများ အခွံကွာကာ အဖြူရောင်ပုပ်သိုးနေသော အရည်အဖြစ်သို့ ပေါက်ကွဲသွားပြီး မိုးရေစိုနေသော သံလမ်းများပေါ်သို့ ပက်ကျဲသွားသည်။ ၎င်း၏ အရိုးအကြွင်းအကျန်များသည် ရထားပေါ်မှ ပြုတ်ကျသွားသည်။
“ကျေးဇူးပဲ”
တင်းကျန်းရီက သူမကို ခေါင်းညိတ်ပြသည်။
ကီကီသည် သက်ပြင်းချကာ လက်ကို ဝှေ့ယမ်းလိုက်ပြီး ထိန်းချုပ်ခန်းဆီသို့ ပြန်ပြေးသွားသည်။
သူမသည် ဓာတုဗေဒစက်ရုံတိုက်ပွဲနှင့် ရုပ်ရှင်ရုံအတွင်းက အစောပိုင်း တိုက်ပွဲကြောင့် လုံးဝ အားကုန်လုနီးပါးပင်၊၊
သို့သော် ယခုအခါ ရထားသည် အမှောင်ညထဲသို့ ကျရောက်သွားရာတွင် သူမတွင် အနားယူရန်အချိန်မရှိတော့ပေ။
သူမသည် မနေ့ညက သီသီလေး အသက်ရှင်ခဲ့သည်— ယနေ့ညသည် ပို၍ပင် ဆိုးရွားနိုင်ပေသည်။
ဘန်းးးး
ကီကီသည် စိတ်စွမ်းအင်ကို အသုံးပြု၍ အယောင်ဆောင် နှစ်ကောင်ကို ရထား၏ ရှေ့ဘက်မှ တွန်းထုတ်လိုက်ရာ ၎င်းတို့ကို ရထားဘီးများ ကြိတ်ချေသွားသည်၊၊
“လင်းရှန်၊ ကျွန်မတို့ ဒီတိုင်း ဆက်သွားနေရင် မွန်းစတားတွေကို ပိုပြီး ဆွဲဆောင်မိလိမ့်မယ်” ကီကီသည် အသက်ရှုကြပ်နေသည့် အသံဖြင် အော်လိုက်သည်။
“ငါ သိပြီ”
လင်းရှန်သည် ကီကီ၏ ဖြူဖျော့နေသော မျက်နှာကို လှည့်ကြည့်လိုက်သည်။
“ငါ လက်နက်တွေကို ကျည်အပြည့် ဖြည့်ထားတယ်”
ကီကီသည် သဘောပေါက်သွားသည်။
“ဟုတ်တယ်၊ ကျွန်မ မေ့သွားလို့၊၊ အခုပဲ သွားပြင်ဆင်လိုက်မယ်”
ထိန်းချုပ်ခန်းအတွင်းတွင် ချန်ဆီရွှမ်သည် ရှေ့မှ လေဟာနယ်ကို စိုက်ကြည့်နေသည်။
“ဆယ်မိနစ်အတွင်းမှာ ကျွန်မတို့ အဓိက သံလမ်းပေါ် ရောက်လိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီမြို့ရဲ့ နယ်နိမိတ်ကနေ ထွက်သွားရင်ရော... သူတို့ ဆက်လိုက်နေဦးမလား”
“အကယ်၍ ဒီမြို့က အဲ့ဒီ မီးအိမ်ပန်းမွန်းစတားရဲ့ နယ်မြေဖြစ်တယ်ဆိုရင် ငါတို့ကို လိုက်တာ ရပ်သွားနိုင်တယ်”
လင်းရှန် ခဏရပ်လိုက်သည်။
“ဒါပေမဲ့ ဒီအမှောင်သတ္တဝါတွေက ပုံမှန်ယုတ္တိဗေဒကို မလိုက်နာဘူး။
အခုအချိန်မှာ ငါတို့ရဲ့ သွေးကပ်ဘေးပန်းက ဒီ အယောင်ဆောင် ကပ်ပါးကောင်တွေကို ငါတို့ဆီကို ဆွဲဆောင်နေတာက ရှင်းနေတော့ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားဖို့ လိုတယ်”
ချန်ဆီရွှမ် မျက်မှောင်ကြုတ်လိုက်သည်။
“ရှင် ပြောပုံအရ... ဓာတုဗေဒ စက်ရုံက အကောင်က သူတို့ရဲ့ မူလဘူတမိခင်ဖြစ်နေနိုင်တာလား”
“အသေချာပဲ”
ကီကီသည် သူမ၏ ရင်ဘတ်ကို ဖိထားပြီး အသက်ရှူလိုက်သည်။
“အစ်မချန် ရှင်မှ မတွေ့ခဲ့ရတာ၊၊ အဲ့ဒီ စက်ရုံရေအိုင်ထဲမှာ အရေခွံခွာထားတဲ့ အလောင်းတွေနဲ့ ပြည့်နေတာ။
အဲ့ဒါ အသေကြောက်စရာကောင်းတယ်”
လင်းရှန် ခေါင်းညိတ်လိုက်သည်။
“အတိအကျပဲ။ အဲ့ဒီအကောင်က ဒီအသား-အရိုး သတ္တဝါတွေကို ထိန်းချုပ်ပြီး ငါတို့ နောက်ကို ပို့နိုင်တယ်ဆိုရင် ဒီမြို့ထဲက အယောင်ဆောင်အားလုံးဟာ သူနဲ့ ဆက်စပ်နေနိုင်တာ သေချာတယ်။
ဆိုလိုတာက— ဒါက မိခင် ကိုယ်ခန္ဓာပဲ”
ဝုန်း
ရုတ်တရက် ရထားသည် တစ်ခုခုက ၎င်းကို ဖမ်းဆွဲထားသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားသည်။
ထိုအရှိန်ကြောင့် သူတို့ သုံးဦးသည် ကြမ်းပြင်ပေါ်သို့ ပြိုလဲကျလုနီးပါး ဖြစ်သွားသည်။
ကီကီသည် ချက်ချင်း တုံ့ပြန်လိုက်ပြီး သူတို့ကို ထိန်းချုပ်ခုံသို့ မတိုက်မိစေရန် စိတ်စွမ်းအင်ကို အသုံးပြု၍ တည်ငြိမ်စေလိုက်သည်။
“နောက်ဘက်မှာ ဘာဖြစ်နေတာလဲ”
လင်းရှန်သည် ရေဒီယိုထဲ အော်လိုက်သည်။
“အစ်ကိုလင်း မြွေတစ်ကောင် ရှိနေတယ်”
ရှားရှား၏ ထိတ်လန့်နေသော အသံ ထွက်ပေါ်လာသည်။
ဘန်းးး
မည်သူမျှ မတုံ့ပြန်နိုင်မီတွင် ရှေ့မီးများသည် ဧရာမ အနက်ရောင်အရိပ်တစ်ခုသည် သစ်တောကို ဖြတ်ကျော်ကာ အမှောင်ထဲသို့ ပျောက်ကွယ်သွားသည်ကို ဖော်ပြလိုက်သည်၊၊
ကြီးမားသော အရွယ်အစားရှိသည့် သတ္တဝါ— ၎င်းသည် လက်တံတစ်ခုလား။ မြွေတစ်ကောင်လား။
၎င်း၏ အရှည်သည် မည်မျှရှိသည်ကို သူတို့ မသိကြပေ။
“ကျွန်မတို့ မြို့ရဲ့ နယ်နိမိတ်ကနေ ထွက်သွားပြီလား”
ကီကီက ရေရွတ်လိုက်သည်၊၊
သေနတ်သံများ ထွက်ပေါ်လာသည်။
ချိုင့်ဝှမ်းတစ်ခုလုံးတွင် အော်ဟစ်သံများဖြင့် ပြည့်နှက်နေသည်။
အယောင်ဆောင်များသည် ရထားပေါ်တွင် ဆက်လက် တွယ်ကပ်နေပြီး အဆက်မပြတ် တိုက်ခိုက်နေကြသည်။
“ဖာ့ခ်…သေစမ်း အရှိန်နဲ့ ဖြတ်မောင်းကြမယ်”
လင်းရှန် ဒေါသတကြီးအော်လိုက်သည်။
သို့သော် သူ အရှိန်မတင်မီတွင် တင်းကျန်းရီသည် နံရံကို လက်ဖြင့်အားယူကာ ရှေ့သို့ ထွက်လာသည်။
သူမ၏ အမူအရာသည် တင်းမာနေသည်၊၊
“လင်းရှန်... အခုပဲ ရပ်ဖို့ အကြံပြုချင်တယ်။ မဟုတ်ရင်—ကျွန်မတို့က သေမင်းဆီ တည့်တည့်သွားနေသလို ဖြစ်သွားနိုင်တယ်”