သုတ်သင်ခြင်း
Vol. 13 Ch. 194
“ဟုတ်တယ်”
လင်းရှန် သဘောတူလိုက်သည်။ ဓာတုဗေဒစက်ရုံမှ ထွက်ပြေးလာပြီးနောက် ညရောက်နေပြီဖြစ်သော်လည်း ထိုမွန်းစတားကြီးသည် လိုက်မလာခဲ့ပေ။ ထို့အပြင် ကီကီသည် ထိုမီးအိမ်ပန်းကို နှုတ်ပစ်ရန် ကြိုးစားခဲ့သော်လည်း ဓာတုဗေဒပစ္စည်း သိုလှောင်ကန်အောက်ရှိ ရေနက်ထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသည်ကိုသာ တွေ့ရသည်။ ၎င်း၏ပင်မကိုယ်ထည်သည် မည်မျှကြီးမားသည်ကို သူတို့မသိပေ။ သို့သော် တင်းကျန်းရီ၏ ရှင်းပြချက်ကို ကြားရသောအခါ ၎င်းသည် Sea Anemone၏ ဂုဏ်သတ္တိများနှင့် ကိုက်ညီနေသည်ကို တွေ့ရသည်။
“အဲ့ဒါဆို ဘာဆက်လုပ်ကြမလဲ။ အဲ့ဒီလိုသာဆိုရင် ကျွန်မတို့ပြန်လာတာကို မြင်သွားတဲ့ လူတွေက ကျွန်မတို့အပေါ် ပစ်မှတ်ထားနေပြီပဲ”
ကီကီက ဆက်ပြောသည်၊၊
“တချို့လူတွေက တမင်သက်သက် အခက်တွေ့အောင် လုပ်နေတာ။ သူတို့က ကျွန်မတို့ကို အဲ့ဒီဓာတုဗေဒစက်ရုံက မွန်းစတားကို အလွယ်တကူ ကိုင်တွယ်ခွင့်ပေးမှာမဟုတ်ဘူး”
“ပြီးတော့ ဘယ်လိုအဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်ရဦးမလဲဆိုတာလည်း မသိရသေးဘူး”
“ဘယ်နှစ်ဖွဲ့ပဲဖြစ်ဖြစ် အရေးမကြီးပါဘူး”
လင်းရှန်က အေးအေးဆေးဆေးပြောလိုက်သည်။
“ဒီမြို့မှာ ဆက်နေတဲ့ ဘယ်သူမဆို တစ်လှေထဲ စီးနေတဲ့ လူတွေပဲ။ ငါတို့ရဲ့ ရည်မှန်းချက်က သူတို့အကျိုးစီးပွားနဲ့ ထိပ်တိုက်တွေ့ရင် သူတို့ရဲ့ ရန်သူတွေဖြစ်သွားပြီ”
“ဒါဆို ဘာလုပ်မလဲ”
ကီကီသည် လက်ပိုက်ကာ “ဒီမြို့က မကြီးဘူးဆိုပေမဲ့ ရန်သူတွေက ပုန်းကွယ်နေပြီး ကျွန်မတို့ကတော့ အပြင်မှာ ထင်းနေတယ်၊၊ ဧရာမ မွန်းစတားကြီးကို ရင်ဆိုင်ရမယ်၊ အယောင်ဆောင်ကပ်ပါးတွေကို သတိထားရမယ်၊ အခု နောက်ကနေ ဓားနဲ့ထိုးဖို့ ကြိုးစားနေတဲ့ အရူးတွေကိုလည်း ကာကွယ်ရမယ်။ ရှေ့ဆက်ဖို့က လွယ်မှာမဟုတ်ဘူး”
လင်းရှန်၏အကြည့်များက အေးစက်သွားသည်။
“ဒါဆိုရင် အရင်ဆုံး သူတို့ကို အမြစ်ဖြတ်ရမယ်...သုတ်သင်ပစ်ရမယ်”
မိနစ်ပိုင်းအတွင်း မှောင်မိုက်နေသော ကုန်တင်ဘူတာသည် မုန်တိုင်းမတိုက်ခတ်မီ တိတ်ဆိတ်ငြိမ်သက်နေသကဲ့သို့ ထူးဆန်းစွာ ငြိမ်သက်နေသည်။ အယောင်ဆောင်ကပ်ပါးကောင်များကို ထပ်မတွေ့ရတော့ဘဲ အရာအားလုံးက တည်ငြိမ်၍ တိတ်ဆိတ်နေသည်။
ရထားပေါ်ရှိ တင်းမာနေသော အခြေအနေက တဖြည်းဖြည်း လျော့ပါးလာသည်။ ဤအခြေအနေကို မြင်သောအခါ လင်းရှန်သည် ကီကီကို ထောက်လှမ်းရေးဒရုန်းများ ပျံသန်းစေရန် အမိန့်ပေးလိုက်သည်။ ကင်မရာများသည် ကုန်တင်ဘူတာတစ်ခုလုံးကို စကင်ဖတ်သော်လည်း မည်သည့်လှုပ်ရှားမှုကိုမှ မတွေ့ရပေ။
အဝေးတစ်နေရာတွင် မြို့ထဲ၌ ဖယောင်းတိုင်မီးအလင်းရောင်များက ပြန့်ကျဲစွာ မှိတ်တုတ်မှိတ်တုတ်လင်းနေပြီး ထူးဆန်းနက်နဲသော အလင်းရောင်များ ဖန်တီးနေသည်။
“ပြန်လာတာ မှန်တယ်နဲ့တူတယ်။ အနည်းဆုံးတော့ အခုချိန်မှာ လုံခြုံနေပြီ”
အမှတ် (၂) တွဲထဲတွင် ချန်ဆီရွှမ်သည် သက်ပြင်းချလိုက်ပြီး ထိုင်ခုံပေါ်သို့ လဲကျသွားသည်။
ရှုချင်း၊ ကီကီ၊ လို့ဟွာ၊ လို့ရှားရှားနှင့် လုရှင်းချန်တို့လည်း ထိုနေရာ၌ စုရုံးနေကြသည်။ လင်းရှန်သည် သူတို့သိရှိထားသည့် အချက်အလက်အားလုံးကို လူတိုင်းသိစေရန် ပြန်ပြောပြပြီးမှ နောက်ထပ်လုပ်ဆောင်မည့် အစီအစဉ်များကို ဆွေးနွေးလိုက်သည်။
“အဲ့ဒီလိုသာဆိုရင် ဓာတုဗေဒစက်ရုံက မွန်းစတားကို မသုတ်သင်နိုင်သရွေ့ငါတို့အပေါ်က အမှတ်အသားက ပြေးလေလေ ပိုတိုးလာလေပဲ။ နောက်ဆုံးမှာတော့ ဝါးမျိုခံရတာကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး”
ရှုချင်းက မျက်မှောင်ကြုတ်လိုက်သည်။
“ဒါဆိုရင် အဲ့ဒါက အရာအားလုံးရဲ့ အဓိကအကြောင်းအရင်းပေါ့”
လုရှင်းချန်က လက်ပိုက်ကာ နှာခေါင်းရှုံ့လိုက်သည်။
“ဒါဆို မြို့သူမြို့သားတွေလည်း ဒါကို သိထားကြမှာပဲ။ အဲ့ဒါကြောင့် သူတို့က ထွက်ပြေးဖို့ လက်လျှော့လိုက်ကြတာပေါ့”
ရှားရှားကတော့ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ “ဒီလောက် မရှုပ်ထွေးပါဘူး၊၊ သူတို့က တိုက်ခိုက်ဖို့ကြောက်နေတဲ့ သူရဲဘောကြောင်တဲ့ လူတစ်စုပဲ။ အမှောင်သတ္တဝါဘက်မှာ ရပ်တည်နေတာ - အရှက်မရှိဘူး”
ကီကီက ခေါင်းညိတ်သည်။
“ဟုတ်တယ်။ ထွက်ပြေးဖို့က ရွေးချယ်စရာ မဟုတ်တော့ဘူး၊ ဒါကြောင့် ဒီနေရာကို ရှင်းကြရအောင်၊ သူတို့ရဲ့ ရွေးချယ်မှုအတွက် အကျိုးဆက်တွေကို ခံစားစေရမယ်”
“လင်းရှန်၊ ရှင့်မှာ ဘာအစီအစဉ်ရှိလဲ”
ချန်ဆီရွှမ်က သူ့ကိုကြည့်လိုက်သည်။
လူတိုင်းက စူးစိုက်ကြည့်နေပြီး သူ၏ ဆုံးဖြတ်ချက်ကို စောင့်နေကြသည်။
လင်းရှန်သည် မဆင်မခြင် ရွေးချယ်ပြီး ပြန်လာခဲ့ခြင်း မဟုတ်ပေ။ ဒါရိုက်တာတင်း၏ သီအိုရီကို ကြားပြီးနောက် ကျန်လူများကလည်း သူ၏ ဆုံးဖြတ်ချက်ကို သဘောတူခဲ့ကြသည်။
“ကီကီ ပြောတာမှန်တယ်။ အခုချိန်မှာ ငါတို့ရဲ့ ရန်သူတွေက အမှောင်ထဲမှာ ပုန်းအောင်းနေပြီး ငါတို့ကတော့ အပြင်မှာ ပေါ်ပေါ်ထင်ထင်ပဲ။ ပြီးတော့ ငါတို့က ခြိမ်းခြောက်မှုတစ်ခုတည်းကိုပဲ ရင်ဆိုင်နေရတာ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့အားလုံး တူညီတဲ့အချက် တစ်ခုရှိတယ် - ညအချိန်ဖြစ်နေတယ်။ ငါတို့လိုပဲ သူတို့လည်း ဘာမှမလုပ်နိုင်ဘူး။ အဲ့ဒါကြောင့် ငါတို့ တစ်ညလုံး အနားယူပြီး အစီအစဉ်ဆွဲဖို့ အချိန်ရတယ်”
ခက်ခဲသော တိုက်ပွဲနေ့တစ်နေ့ပြီးနောက် အဖွဲ့၏ ခဲယမ်းမီးကျောက်များ လျော့နည်းလာပြီး ကီကီနှင့် လုရှင်းချန်တို့လည်း အနားယူရန် လိုအပ်နေသည်။ ကံကောင်းထောက်မစွာပင် လင်းရှန်သည် အခြေအနေကို မျက်ကန်းတစ္ဆေမကြောက်တုံ့ပြန်မည့်အစား ထိန်းချုပ်နိုင်ရန်အတွက် အချက်အလက်များ လုံလောက်စွာ စုဆောင်းနိုင်ခဲ့သည်။ ယခုတွင် သူတို့သည် ပြန်လည်တိုက်ခိုက်ရန်အတွက် ပြန်လည်အားဖြည့်ရန် အခွင့်အရေး ရရှိခဲ့ကြသည်။
“ဘာအစီအစဉ်လဲ”
တစ်ယောက်က မေးလိုက်သည်။
လင်းရှန်၏အကြည့်များက မှောင်မိုက်သွားသည်။ “သုတ်သင်ခြင်း”
“ငါတို့က ကိုယ့်ကိုယ်ကိုယ် ကယ်ဖို့ ပြန်လာတာ။ ဒါကြောင့် မိုးလင်းရင် အဖွဲ့သုံးဖွဲ့ ခွဲမယ် -
ပထမအဖွဲ့ကို ငါခေါင်းဆောင်ပြီး ဓာတုဗေဒစက်ရုံကို သွားပြီး အဝေးထိန်းဗုံးတွေ တပ်ဆင်မယ်။
ရှုချင်းနဲ့ မီးနတ်ဘုရား (လုရှင်းချန်) က ပထမအဖွဲ့အနေနဲ့ မြို့ထဲကို ဝင်ပြီး အယောင်ဆောင်ကပ်ပါးတွေကို လိုက်ရှာရမယ်။
နောက်ဆုံးအဖွဲ့ကတော့ အဲ့ဒီအရူးတွေက ရုတ်တရက် တိုက်ခိုက်လာမှာကို ရထားကို ကာကွယ်ဖို့ ကျန်နေခဲ့မယ်”
ချန်ဆီရွှမ် တွေဝေသွားသည်။
“ရှင် မြို့ထဲကို တဲ့တိုးဝင်ပြီး အဲ့ဒီမိစ္ဆာတွေကို သတ်ချင်တာလား။ အဲ့ဒါ အရမ်းအန္တရာယ် မများဘူးလား”
“အရေးမကြီးပါဘူး။ ငါ ကိုင်တွယ်နိုင်တယ်”
လုရှင်းချန်သည် လုံးဝမတုန်လှုပ်ပေ။
တည်ငြိမ်သော မျက်နှာဖြင့် “လူသားအရေခွံနောက်မှာ ပုန်းနေတဲ့ လှည့်စားတတ်တဲ့ သတ္တဝါတွေ... သူတို့ကို ငါ့ရဲ့ နတ်ဘုရားမီးတောက်တွေနဲ့ သန့်စင်ပေးရမယ်။ မရရင်တော့... ဒီမြို့တစ်ခုလုံးကို မီးရှို့ပစ်မယ်၊၊ ကောင်းကင်က သတ္တိရှိရင် ငါ့ကို လာတားစမ်း”
အားလုံး “…”
လင်းရှန်၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲပင်ဖြစ်ကာ ရှုချင်းကို ကြည့်လိုက်သည်။
“တကယ်တော့ ကပ်ပါးကောင်တွေကို သတ်တာက အဓိကရည်ရွယ်ချက် မဟုတ်ဘူး။ မင်းတို့ရဲ့ ဦးစားပေးက တတ်နိုင်သမျှ အာရုံဖမ်းစားမှုတွေ ဖန်တီးဖို့ပဲ - ပိုကြီးလေ ပိုကောင်းလေပဲ။ သူတို့ရဲ့ အာရုံစူးစိုက်မှုကို ဆွဲဆောင်ထားပါ။ အဲ့ဒီအရူးတွေက ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားရင် ချက်ချင်း ဆုတ်ခွာလာခဲ့။ ထိခိုက်မှု အနည်းဆုံးဖြစ်စေရမယ်”
“အာရုံလွှဲတာလား”
လုရှင်းချန်က မျက်ခုံးပင့်လိုက်သည်။
“ကောင်းပြီ”
“ခဏလေး -”
အယောင်ဆောင်ကပ်ပါးကောင်များကို ဖယ်ရှားရန် ဗျူဟာဆင်နေခဲ့သော ရှုချင်းသည် ရုတ်တရက် အံ့အားသင့်သွားသည်။
“သူတို့ကို အကုန်ရှင်းထုတ်ရမှာ မဟုတ်ဘူးလား”
လင်းရှန်က ခေါင်းခါသည်။
“ခေါင်းဆောင်ကို အရင်သတ်ရမယ်။ အဓိကကပ်ပါးကောင်ကို ရှင်းပစ်နိုင်ရင် ကျန်တဲ့ ကပ်ပါးတွေကို ဖြည်းဖြည်းချင်း ကိုင်တွယ်လို့ ရပြီ”
သူမပြောခဲ့သည်မှာ -မွန်းစတားကြီးကို သတ်လိုက်ခြင်းက အမှတ်အသားကို တကယ်ဖျက်ပစ်နိုင်ခဲ့ရင် ကပ်ပါးကောင်လေးတွေနဲ့ တိုက်ခိုက်စရာပင် လိုတော့မည်မဟုတ်ပေ။ အဆောက်အအုံများထဲသို့ မဆင်မခြင် ဝင်ရောက်ခြင်းသည် အန္တရာယ်များလှပြီး ထူးဆန်းသော သွေးအဆီနှစ်ကဲ့သို့ ဆုလာဘ်များ မရှိပါက တန်ဖိုးရှိမည်မဟုတ်ပေ။
“မြို့ထဲမှာ တင်းချီရဲ့ အဖွဲ့က မင်းတို့ကို တိုက်ခိုက်လာခဲ့ရင်တောင် ငါတို့အတွက် ပိုအကျိုးရှိဦးမယ်” လင်းရှန်က ဆက်ပြောသည်။
“အဲ့ဒါမှ ငါတို့က မိစ္ဆာကြီးကို ပစ်မှတ်ထားတယ်ဆိုတာကို သူတို့မသိအောင်လို့ပဲ”
ရှားရှားက ခေါင်းစောင်းကြည့်လိုက်သည်။
“ကျွန်မတို့က အဲ့ဒီမိစ္ဆာကြီးကို အမဲလိုက်ဖို့ပဲ ပြန်လာတယ်လို့ ဘယ်သူကများ ထင်မှာလဲ”
သူမပြောသည်မှာ မှန်ပေသည်။ ပုံမှန်အခြေအနေတွင် ရှင်သန်ကျန်ရစ်သူများသည် သေမင်းထောင်ချောက်မှ လွတ်မြောက်လာပြီးနောက် ဆန္ဒအလျောက် ပြန်လာမည်မဟုတ်ပေ။ လူအများစုအတွက် ထိုမျှကြီးမားသော မွန်းစတားကြီးကို ရင်ဆိုင်ခြင်းသည် ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်းပင်ဖြစ်သည်။ အမှတ်အသား၏တည်ရှိမှုအကြောင်းကို ရှားရှားပါးပါး ရှင်သန်ကျန်ရစ်သူအနည်းငယ်သာ သိကြပေမည်။
“လုံးဝ မဟုတ်ဘူး”
လင်းရှန်၏လေသံက တည်ငြိမ်နေသည်။
“သူတို့က အမှတ်အသားအကြောင်း မသိဘူးဆိုရင်တောင် အဲ့ဒီမွန်းစတားက မိုးရေမြို့ကို ရပ်တည်နေစေတဲ့ အကြောင်းအရင်းပဲ။ သူတို့အတွက်တော့ အခြေခံအားဖြင့် အုပ်ထိန်းသူနတ်ဘုရားပဲ။ ကဲ ပြောပါဦး - သူတို့က အဲ့ဒီအရာကို ငါတို့သတ်တာကို ထိုင်ကြည့်နေလိမ့်မယ်လို့ မင်းထင်လား”
“မှန်တယ်… အရူးတွေ”
ရှားရှားသည် ကီကီဆီမှ “အရူးတွေ” ဆိုသော အသုံးအနှုန်းကို အလျင်အမြန် သင်ယူခဲ့ပြီး အံကြိတ်ကာ အသုံးပြုလိုက်သည်။
ချန်ဆီရွှမ်သည် လင်းရှန်၏ယုတ္တိဗေဒကို နားလည်သော်လည်း စိုးရိမ်နေဆဲဖြစ်၏။
“ဒါပေမဲ့ အဲ့ဒီကပ်ပါးကောင်တွေကို ကိုင်တွယ်ဖို့ မလွယ်ဘူး။ ရှုချင်းတို့အဖွဲ့ကို စိတ်ပူတယ်…”
“ငါသိတယ်”
လင်းရှန်က သူမကို စိတ်ချစေလိုက်သည်။
“အဆောက်အအုံတွေထဲ ဝင်တာကို ရှောင်နိုင်သရွေ့တော့ ကပ်ပါးကောင်တွေက သိပ်ပြီး ခြိမ်းခြောက်မှုမရှိပါဘူး။ တကယ့်အန္တရာယ်က သူတို့ရဲ့ ဖုံးကွယ်နိုင်စွမ်းပဲ”
ထိုသို့ပြောပြီးနောက် သူသည် လက်ကိုမြှောက်လိုက်ရာ အလင်းတန်းတစ်ခုဖြင့် ကိရိယာငယ်တစ်ခု ပေါ်လာသည်။ သူက ၎င်းကို ကီကီအား ပေးလိုက်သည်။
“ဒါက စောင့်ကြည့်ရေးစနစ်ကနေ ငါ ရရှိခဲ့တဲ့ အသံလှိုင်းဖမ်းစက် (voiceprint detector) ပဲ။ အယောင်ဆောင်ကပ်ပါးကောင်တွေကို ခွဲခြားဖို့ အလွယ်ဆုံးနည်းလမ်းက သူတို့ရဲ့ နှလုံးခုန်နှုန်းပုံစံပဲ - လူသားတွေနဲ့ လုံးဝကွာခြားတယ်။ နမူနာတစ်ခုကို သတ်မှတ်လိုက်တာနဲ့ ရှုချင်းတို့အဖွဲ့က အဝေးကနေ စကင်ဖတ်လို့ရပြီ”
ကီကီ၏ မျက်လုံးများက အရောင်တောက်သွားပြီး ၎င်းကို လှမ်းယူလိုက်သည်။
“သောက်ကျိုးနဲ...ဒါက အရမ်းကောင်းတဲ့ အကြံပဲ၊ ဘာလို့ ကျွန်မ ဒါကို မတွေးမိတာလဲ။ အဲ့ဒီအယောင်ဆောင်အမျိုးသမီးရဲ့ အသက်ရှုသံနဲ့ နှလုံးခုန်သံက လုံးဝကို မူမမှန်ဘူး၊၊ ဒီဟာနဲ့ဆိုရင် ကျွန်မတို့က အနီးကပ်သွားပြီး ကြည့်စရာ မလိုတော့ဘူး”
ရှုချင်းနှင့် ကျန်လူများသည် ချက်ချင်းပင် ယုံကြည်မှု ပိုရှိလာကြသည်။
“ကောင်းပြီလေ ကပ္ပတိန်လင်း”
ရှုချင်းက ခိုင်မာစွာပြောသည်။
“ကျွန်မ ဘာလုပ်ရမယ်ဆိုတာ သိပါတယ်”
လင်းရှန်က ခေါင်းညိတ်သည်။
“နောက်တစ်ခုက - အချိန်တိုင်း အဆက်အသွယ်မပြတ်စေနဲ့။ ကပ်ပါးကောင်ကြီးမှာ ငါတို့အဖွဲ့သားတွေကို အချိန်ခဏလောက် တုပနိုင်တဲ့ အထူးမျိုးစိတ် အရိုးပိုးကောင် (Bone Worms) တွေ ရှိတယ်။ အမြဲတမ်း အဆက်အသွယ်ရှိနေတာက အဲ့ဒါကို တန်ပြန်ဖို့ အလုံခြုံဆုံးနည်းလမ်းပဲ”
အယောင်ဆောင်များက အန္တရာယ်ရှိသော်လည်း ၎င်းတို့၏ တကယ့်ခြိမ်းခြောက်မှုသည် လှည့်ဖြားခြင်းမှ လာပေသည်။ သူတို့ကို ဖော်ထုတ်ရန် နည်းလမ်းရှိနေသရွေ့ ကိုင်တွယ်ဖို့ သိပ်ခက်မည်မဟုတ်ပေ။
လင်းရှန်သည် ဖြစ်နိုင်ခြေရှိသော အခြေအနေတိုင်းကို စဉ်းစားပြီး သူ၏ အစီအစဉ်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ခဲ့သည်။
ရှုချင်းက ခေါင်းညိတ်လိုက်သည်။
“နားလည်ပါပြီ”