← Chapters

ပြဿနာရှာခြင်း

Vol. 197 Ch. 2942

ပြဿနာရှာခြင်း

Vol. 197 Ch. 2942

သားရဲဧကရာဇ်များသည် သိုင်းတာအိုပင်မခန္ဓာကို နဖူးက ခြေဖျားအထိ အကဲခတ်ကြည့်နေကြ၏။

သိုင်းတာအိုပင်မသည် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မာန်နတ်မျက်နှာဖုံးကို တပ်ထားသည်။ သူသည် ပကတိသိုင်းပိုင်နက်နယ်မြေနယ်ပယ်မှာသာ ရှိပြီး သူ့မှာ ဧကရာဇ်နယ်ပယ်ပညာရှင်တစ်ဦး၏ စွမ်းပကား သို့မဟုတ် အော်ရာ မရှိပေ။ ထို့သို့ဖြင့် သားရဲဧကရာဇ်များက မည်သည့်အရာကိုမှ မဖော်ထုတ်နိုင်ပေ။

လူသားတစ်ဦးလား…

မဟာရိုင်းကမ္ဘာမှာ မျိုးနွယ်စုတစ်သောင်းက အတူယှဉ်တွဲနေထိုင်ပြီး လူသားမျိုးနွယ်များလည်း ပါဝင်လေသည်။

သို့သော်လည်း လူသားမျိုးနွယ်မှ ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာသော မည်သည့်ပညာရှင်မှ မရှိဘဲ သူတို့က ထူးခြားပေါ်လွင်မှု မရှိပေ။

ခန်းမထဲမှာရှိသော သားရဲဧကရာဇ် ကောင်းကင်ထိုးသွင်းသည် ဘီလူးမျိုးနွယ်မှဖြစ်သည်။

သားရဲဧကရာဇ်များက တွေဝေရှုပ်ထွေးသော အကြည့်များနှင့်အတူ အမြင့်မှာ ထိုင်နေသော တျဲယွဲ့ကို ကြည့်လိုက်ကြ၏။

တျဲယွဲ့၏ အမူအရာက တည်ငြိမ်နေသည်။ သူမသည် ခရမ်းရောင်ဝတ်အမျိုးသား၏ ရောက်ရှိလာမှုမှ အံ့အားသင့်သွားခြင်း မရှိသည့်အလားပင်။

“မင်း ဘယ်သူလဲ”

သားရဲဧကရာဇ် မဟာဖန်းက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းပြီး သိုင်းတာအိုပင်မခန္ဓာကို စိုက်ကြည့်လိုက်၏။

“ငါက အထီးကျန်သိုင်းသခင်ပဲ”

သိုင်းတာအိုပင်မခန္ဓာက သူ၏ ဘေးပတ်လည်ကို ကြည့်ရှုပြီး သူ၏ လက်နှစ်ဖက်ကို အနည်းငယ်သာ ယှက်ပြလိုက်၏။ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“မင်္ဂလာပါ သားရဲဧကရာဇ်တို့…”

သူက သူတို့ကို အရင်စတင်နှုတ်ဆက်လိုက်သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ လေသံက တည်ငြိမ်နေပြီး သူက လက်ရှိသားရဲဧကရာဇ်များကို ဦးညွှတ်ခြင်း မရှိပေ။

သားရဲဧကရာဇ် အထီးကျန်ပင်လယ်၊ သားရဲဧကရာဇ် မဟာဖန်းနှင့် အခြားသူများက အမူအရာကင်းမဲ့နေသော်လည်း သူတို့က စိတ်ထဲကနေ လှောင်ရယ်လိုက်ကြ၏။

လူသားတစ်ဦးသည် ရုတ်တရက်ပေါ်ထွက်လာပြီး ဧကရာဇ်နယ်ပယ်သို့ပင် မရောက်ရှိသေးဘဲ ပေါက်တတ်ကရစကားများကို ပြောဆိုနေသည်။ သူသည် သူတို့နှင့်ယှဉ်ကာ ရင်ဘောင်တန်း ရပ်တည်ချင်နေလေသည်။

တကယ်တော့ သိုင်းတာအိုပင်မခန္ဓာအနေဖြင့် လက်ရှိသားရဲဧကရာဇ်များကို အရင်စတင်နှုတ်ဆက်သည်ကပင် ယဉ်ကျေးရာကျနေပြီဖြစ်သည်။

သားရဲဧကရာဇ်များသည် တျဲယွဲ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါပြီး စွမ်းအားကြီးမားသော ရန်သူများနှင့် အတူတကွ တိုက်ခိုက်ပေးခဲ့ခြင်းကြောင့် မဟုတ်လျှင် သူက သူတို့ကို အရေးလုပ်နေလိမ့်မည် မဟုတ်ပေ။

“အထီးကျန်သိုင်းသခင်လား… ငါ တစ်ခါမှ မကြားဖူးဘူး”

သားရဲဧကရာဇ် ကွေ့နူက နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်၏။

သားရဲဧကရာဇ် ဆန်းကြယ်မြွေက သိုင်းတာအိုပင်မကို တစ်ချက်ကြည့်ပြီး ရုတ်တရက် အော်ငေါက်လိုက်၏။

“ဒီနာမည်မရှိတဲ့လူက ဘယ်နေရာက ရောက်လာတာလဲ… မင်းက ဒီကိုလာပြီး ပေါက်တတ်ကရစကားကို ဘယ်လိုတောင်ပြောရဲတာလဲ… မင်းမှာ စကားပြောခွင့်မရှိဘူး… ထွက်သွားစမ်း”

သားရဲဧကရာဇ်နတ်ဆင်၊ သားရဲဧကရီ အမြီးကိုးချောင်း၊ သားရဲဧကရာဇ် ပိုင်ကျဲနှင့် သားရဲဧကရာဇ် ကောင်းကင်ထိုးသွင်းတို့က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

တျဲယွဲ့၏ အမူအရာက တည်ငြိမ်နေပြီး ဤလူ၏ ရုတ်တရက်ပေါ်ထွက်လာမှုမှာ သူမက အံ့အားသင့်နေခြင်း မရှိပေ။

တျဲယွဲ့သည် ဤလူနှင့် သိကျွမ်းထားသည်ဟု ဆိုလိုနေသည်။

သူတို့လေးယောက်က အဲဒါကို ခန့်မှန်းမိသည်ဆိုမှတော့ သားရဲဧကရာဇ် အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ် ဆန်းကြယ်မြွေတို့ကလည်း ခန့်မှန်းမိနိုင်ပေလိမ့်မည်။

သို့သော်လည်း သားရဲဧကရာဇ် ဆန်းကြယ်မြွေသည် အဲဒါကို မသိချင်ယောင်ဆောင်ပြီး သိုင်းတာအိုပင်မခန္ဓာကို ရိုင်းပျစွာဖြင့် ကျယ်လောင်စွာ အော်ငေါက်လိုက်၏။ သူက သူ၏ လွှမ်းမိုးနိုင်စွမ်းကို တည်ဆောက်ဖို့ ကြိုးစားနေသည်မှာ သိသာသည်။

အပေါ်ယံမှာကြည့်လျှင် သားရဲဧကရာဇ် ဆန်းကြယ်မြွေက အထီးကျန်သိုင်းသခင်ကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။ သို့သော်လည်း တကယ်တမ်းမှာတော့ သူသည် တျဲယွဲ့ကို အကဲစမ်းလိုခြင်း ဖြစ်ကောင်းဖြစ်ပေမည်။

တျဲယွဲ့က ထိခိုက်ဒဏ်ရာရရှိထားသည်။

သို့သော်လည်း သူမ၏ ဒဏ်ရာများက မည်မျှပြင်းထန်သည် သို့မဟုတ် သူမမှာ တိုက်ခိုက်ရည်ခွန်အား မည်မျှကျန်ရှိနေသေးသည်ကို မည်သူကမှ မသိကြပေ။

စောစောက သူတို့၏ အပြန်အလှန်စကားပြောဆိုမှုမှာ သားရဲဧကရာဇ် အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ် မဟာဖန်းတို့သည် ဤကိစ္စကို တမင်ရည်ရွယ်သည်ဖြစ်စေ သို့မဟုတ် အမှုမဲ့အမှတ်မဲ့ဖြစ်စေ ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

တျဲယွဲ့က ဒဏ်ရာအပြင်းအထန် ရရှိထားပြီး မတိုက်ခိုက်နိုင်ဟု အတည်ပြုနိုင်မည်ဆိုလျှင် သားရဲဧကရာဇ် အထီးကျန်ပင်လယ်၊ သားရဲဧကရာဇ် မဟာဖန်း၊ သားရဲဧကရာဇ် ဆန်းကြယ်မြွေနှင့် သားရဲဧကရာဇ် ကွေ့နူတို့က အရှေ့ဘက် အရိုင်းနယ်မြေကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချကြပေလိမ့်မည်။

“ဟေးဟေး…”

သားရဲဧကရာဇ် ဆန်းကြယ်မြွေ၏ အော်ငေါက်မှုမှာ သိုင်းတာအိုပင်မခန္ဓာက ရယ်မောလိုက်၏။

သူ၏ ရယ်သံက အနည်းငယ်ပင် ထူးဆန်းနေ၏။

ရုတ်တရက်ဆိုသလို….

သိုင်းတာအိုပင်မက မြေပြင်ကို ဆောင့်နင်းလိုက်၏။

ဝုန်း…

ခန်းမတစ်ခုလုံးက ယိမ်းထိုးသွားသည်။

နောက်ခဏ၌ သိုင်းတာအိုပင်မခန္ဓာက သားရဲဧကရာဇ် ဆန်းကြယ်မြွေရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

သားရဲဧကရာဇ် ဆန်းကြယ်မြွေက မတုံ့ပြန်နိုင်ခင် သိုင်းတာအိုပင်မခန္ဓာက သူ၏ ကြီးမားသော လက်ဖဝါးကို ဆန့်ထုတ်ပြီး သူ၏ ဦးခေါင်းပေါ်ကို ဖိချလိုက်၏။ သူ၏ လက်ချောင်းများက ခွန်အားကို စိုက်ထုတ်ပြီး ထိုသူ၏ ဦးခေါင်းခွံကို ထိုးစိုက်ကာ သူ့ကို ထိုင်ခုံပေါ်ကနေ ဆွဲချလိုက်သည်။

လူတိုင်းက ရုတ်ရုတ်သဲသဲဖြစ်သွား၏။

အရမ်းကို မြန်ဆန်သည်။

သာမန်ပုံစံလူသားတစ်ဦးက ရုတ်တရက်တိုက်ခိုက်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

ခန်းမထဲမှာ ထိုင်နေသော လူများအားလုံးက စစ်တပ်များကို ဦးဆောင်နေသည့် လွှမ်းမိုးခြယ်လှယ်နိုင်သော သားရဲဧကရာဇ်များ ဖြစ်ကြသည်။

သူတို့မှာ မည်ကဲ့သို့သော အဆင့်အတန်းများရှိပြီး မည်ကဲ့သို့သော အနေအထားမှာ ရပ်တည်နေကြသလဲ။

သူတို့ထဲမှ မည်သူမဆို သူတို့၏ ခြေထောက်များကို လူးလွန့်လိုက်မည်ဆိုလျှင် မဟာအရိုင်းကမ္ဘာတစ်ခုလုံးက အနည်းငယ်တုန်ခါသွားနိုင်သည်။

သူတို့က လက်တစ်ဖက် ဝှေ့ယမ်းလိုက်လျှင် ဘီလီယံနှင့်ချီသော သားရဲများကို စုစည်းနိုင်ကြသည်။

အပြင်လူတစ်ယောက်သည် သူတို့ကြားမှာ ရှိနေစဉ် သားရဲဧကရာဇ်များထဲမှ တစ်ဦးကို တိုက်ခိုက်လာရဲလိမ့်မည်ဟု ဘယ်သူက တွေးမိခဲ့ပါ့မလဲ။

သူတိုက်ခိုက်လိုက်သည့် ခဏမှာပင် အဲဒါက မိုးကြိုးလျှပ်စီးကဲ့သို့ဖြစ်ပြီး သားရဲဧကရာဇ် ဆန်းကြယ်မြွေကို ခုခံတိုက်ခိုက်ဖို့ မည်သည့်အခွင့်အရေးမှ မပေးပေ။

သားရဲဧကရာဇ် ဆန်းကြယ်မြွေသည် အထီးကျန်သိုင်းသခင်၏ ရယ်သံကိုသာ ကြားလိုက်ရသည်။

ထိုရယ်သံမဆုံးသေးခင် ပြင်းထန်ကြမ်းတမ်းသော ပေါက်ကွဲသံက သူ၏ နားထဲသို့ ဝင်ရောက်လာ၏။

ခန်းမက ယိမ်းထိုးသွားခဲ့သည်။

ကြီးမားသော အရိပ်တစ်ခုက သူ့ကို လွှမ်းခြုံလာခဲ့၏။

ထို့နောက် ချက်ချင်းပင် သူသည် သူ၏ ဦးခေါင်းထက်မှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ အသိစိတ်က အကျဉ်းချခံလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ချုပ်နှောင်ခံလိုက်ရသည်။ မည်သည့်ခွန်အားကိုမှ မထုတ်ဖော်နိုင်တော့ဘဲ သူက ခေါင်းကနေကိုင်ပြီး ဆွဲချခံလိုက်ရ၏။

သူ့မှာ နည်းလမ်းပေါင်းစုံ ရှိနေသည်ဆိုလျှင်တောင် အဲဒါကို ထုတ်ဖော်ဖို့ အခွင့်အရေးမရတော့ပေ။

သူ၏ အမြုတေစိတ်ဝိညာဉ် ချုပ်နှောင်ခံထားရခြင်းနှင့်အတူ သူက သူ့ကိုယ်ပိုင်လောကတစ်ခုကိုပင် မစုဖွဲ့နိုင်တော့ပေ။

သားရဲဧကရာဇ် ဆန်းကြယ်မြွေ၏ မျက်နှာပေါ်တွင် တုန်လှုပ်မှုအကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာပြီးနောက် အမျက်ဒေါသက အစားထိုးဝင်ရောက်လာ၏။

ထို့နောက် အဲဒါက ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားသည်။

ရုတ်တရက် သူသည် သေခြင်းအော်ရာကို အနံ့ရလာခဲ့သည်။

အထီးကျန်သိုင်းသခင်က သူ၏ ဦးခေါင်းကို ဖမ်းဆွဲထားပြီး အတွေးတစ်ချက်နှင့်အတူ သူ့ကို နေရာမှာပင် သတ်ဖြတ်နိုင်သည်။

ဒါ့အပြင် သူသည် သိုင်းတာအိုပင်မခန္ဓာထံမှ သွေးနံ့ကို ရရှိနေ၏။ အထီးကျန်သိုင်းသခင်က သတ်ဖြတ်ရာမှာ ပြတ်သားသည့်လူတစ်ယောက်ဆိုတာ သူသံသယမရှိတော့ပေ။

“မင်း ဘယ်လိုတောင်လုပ်ရဲတာလဲ”

“မင်း ဘာလုပ်နေတာလဲ”

“သူ့ကို လွှတ်လိုက်စမ်း”

သားရဲဧကရာဇ် အထီးကျန်ပင်လယ်နှင့် အခြားသူများက နောက်ဆုံးမှာ တုံ့ပြန်လာပြီး တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ကာ အော်ပြောလိုက်ကြသည်။

ချက်ချင်းပင် အနည်းဆုံး ဧကရာဇ်နယ်ပယ် စိတ်ဝိညာဉ်အသိစိတ်သုံးခုနှင့် စွမ်းပကားတို့က ဆင်းသက်လာပြီး သိုင်းတာအိုပင်မခန္ဓာအပေါ် ဖိချေကျဆင်းလာသည်။

“မင်းတို့တွေ ပြန်ထိုင်နေတာ ကောင်းလိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာက သားရဲဧကရာဇ် ဆန်းကြယ်မြွေကို လက်တစ်ဖက်နှင့် ကိုင်မြှောက်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။

“ငါက ငါ့လက်ဆီ အားနည်းနည်းပို့လိုက်တာနဲ့ ဒီမြွေသားရဲက သေသွားလိမ့်မယ်”

သားရဲဧကရာဇ် အထီးကျန်ပင်လယ်နှင့် အခြားသူများက စိုးရိမ်ပူပန်လာပြီး ဆက်လက်၍ အကဲမစမ်းလိုတော့ပေ။

“မင်း စောစောက ငါ့ကို အော်ငေါက်လိုက်တာလား”

သိုင်းတာအိုပင်မခန္ဓာက သားရဲဧကရာဇ် ဆန်းကြယ်မြွေကို ကိုင်မြှောက်ပြီး သာမန်ကာလျှံကာ လေသံဖြင့် မေးလိုက်သည်။

သားရဲဧကရာဇ် ဆန်းကြယ်မြွေမှာ သားရဲဧကရာဇ်တစ်ပါး၏ သွင်ပြင်ဟန်ပန် မရှိတော့ပေ။ မြွေသားရဲတစ်ကောင်ဆိုတာထက် သူက တီကောင်တစ်ကောင်နှင့်ပင် တူနေသည်။

သားရဲဧကရာဇ် ဆန်းကြယ်မြွေက တံတွေးကို အလျင်စလို မျိုချလိုက်၏။

အထီးကျန်သိုင်းသခင်က သာမန်ကာလျှံကာ မေးနေသော်လည်း တည်ငြိမ်သော ထိုလေသံ၏ နောက်ကွယ်မှာ သတ်ဖြတ်လိုစိတ်ကို သူက အာရုံခံမိနေသည်။

သူက စကားပြောမှားသွားမည်ဆိုလျှင် သတ်ဖြတ်ခံရမည်ကို သံသယရှိမနေပေ။

“ကျုပ်… ကျုပ်စောစောက မသိနားမလည်လို့ စကားပြောမှားသွားတာပါ… တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်… ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ”

သားရဲဧကရာဇ် ဆန်းကြယ်မြွေ၏ အသံက တုန်ယင်နေ၏။

ယခု သူ၏ အသက်က ချောက်ကမ်းပါးစွန်းသို့ ရောက်ရှိနေပြီး သူက သားရဲဧကရာဇ်တစ်ပါးအဖြစ် သူ၏ ဂုဏ်သိက္ခာကို ဆက်လက်၍ ဂရုမစိုက်နိုင်တော့ပေ။

သူက အသက်ရှင်သန်လိုသည်ဆိုလျှင် သူက အားနည်းမှုကို ပြသရပေမည်။

သိုင်းတာအိုပင်ခန္ဓာမက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။

“မင်းက သားရဲဧကရီ သွေးလိပ်ပြာနောက်ကို နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့တာကြောင့်မဟုတ်ရင် ငါစောစောက မင်းကို သတ်ပြီးသွားပြီ”

သိုင်းတာအိုပင်မခန္ဓာသည် သားရဲဧကရာဇ် ဆန်းကြယ်မြွေကို ခြိမ်းခြောက်နေခြင်းမျှသာ မဟုတ်ပေ။

သိုင်းတာအိုပင်မသည် စောစောက သူ၏ ထိုးချက်ကို ထုတ်ဖော်လိုက်မည်ဆိုလျှင် သားရဲဧကရာဇ် ဆန်းကြယ်မြွေသည် အသားပုံတစ်ပုံအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

သားရဲဧကရာဇ် ဆန်းကြယ်မြွေက အလောတကြီးပြောလိုက်၏။

“ကျေးဇူးတင်ပါတယ်… တာအိုရောင်းရင်း အအထီးကျန်သိုင်းသခင်… ကျုပ်တို့က သားရဲဧကရီ သွေးလိပ်ပြာရဲ့ နောက်လိုက်တွေပဲ… ကျုပ်တို့က တစ်ဖက်တည်းသားတွေပါပဲ”

သိုင်းတာအိုပင်မက လှောင်ရယ်လိုက်ပြီး သားရဲဧကရာဇ် ဆန်းကြယ်မြွေကို သူ၏ ထိုင်ခုံပေါ်သို့ ပြန်ပစ်တင်လိုက်၏။

သူသည် ဤနေရာသို့ ရောက်ရှိလာခါစဖြစ်ပြီး သူ့အနေဖြင့် တျဲယွဲ့၏ လက်အောက်မှ သားရဲဧကရာဇ်များကို သတ်ဖြတ်ဖို့က မသင့်တော်ပေ။

သားရဲဧကရာဇ် ဆန်းကြယ်မြွေသည် တျဲယွဲ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့သည်။

ယခုအချိန်မှာ သူသည် သစ္စာဖောက်လိုသည့် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသခဲ့သော်လည်း မည်သို့ပင်ဆိုစေ သူက သိသိသာသာ ပြုမူထားခြင်းမရှိဘဲ ညှိနှိုင်းဆွေးနွေး၍ ရနိုင်သေးသည်။

သားရဲဧကရာဇ် ဆန်းကြယ်မြွေကို မည်သို့မည်ပုံကိုင်တွယ်ရမလဲက တျဲယွဲ့၏ ဆုံးဖြတ်ချက်အပေါ် မူတည်ပေလိမ့်မည်။

သားရဲဧကရာဇ် ဆန်းကြယ်မြွေက လွတ်မြောက်သွားသည့် ခဏမှာပင် သူ၏ အမူအရာက ပြောင်းလဲသွား၏။ ကြမ်းကြုတ်ခက်ထန်သော အကြည့်နှင့်အတူ သူက သိုင်းတာအိုပင်မခန္ဓာကို ခပ်စိမ်းစိမ်းစိုက်ကြည့်ပြီး စကားကို တစ်လုံးချင်းပြောလိုက်၏။

“အထီးကျန်သိုင်းသခင်… မင်းက အသက်ရှင်ရတာ ငြီးငွေ့နေတာဖြစ်ရမယ်”

သူသည် သိုင်းတာအိုပင်မခန္ဓာထံမှ လှုပ်ရှားကွက်တစ်ကွက်တည်းဖြင့် ချုပ်နှောင်ခံလိုက်ရပြီး သူ၏ လောကကိုပင် ထုတ်ဖော်ဖို့ အချိန်မရခဲ့ပေ။ သူက ရှုံးနိမ့်မှုကို ဘယ်လိုလုပ် ကျေနပ်လက်ခံနိုင်ပါ့မလဲ။

ဒါ့အပြင် သူသည် ယခုတင် သူ၏ ဂုဏ်သိက္ခာများအားလုံးကို ဆုံးရှုံးခဲ့ရသည်။ သူက အဲဒါကို ပြန်လည်အဖတ်မဆယ်နိုင်ဘူးဆိုလျှင် သူသည် နောက်ပိုင်းမှာ သူ၏ စစ်တပ်ကို ဘယ်လိုလုပ် အုပ်ချုပ်နိုင်ပါတော့မလဲ။

“ကဲ… တော်လောက်ပြီ”

ထိုစဉ်မှာပင် တျဲယွဲ့က မတ်တတ်ထရပ်ပြီး ဖြစ်ပေါ်လာမည့် တိုက်ပွဲကို တားဆီးလိုက်၏။

“အထီးကျန်သိုင်းသခင်က ငါ့ကို ကူညီဖို့ ဒီကိုရောက်လာတာပဲ… အခုလောက်ဆို နင်တို့တွေ သူနဲ့ ရင်းနှီးသွားရောပေါ့… ငါ သူ့ကို မိတ်ဆက်ပေးစရာ မလိုတော့ဘူးထင်တယ်”

All Chapters