← Chapters

ခြိမ်းခြောက်နိုင်စွမ်း

Vol. 197 Ch. 2943

ခြိမ်းခြောက်နိုင်စွမ်း

Vol. 197 Ch. 2943

“သားရဲဧကရီသွေးလိပ်ပြာ… ခင်ဗျား ဘာကိုဆိုလိုတာလဲ”

သားရဲဧကရာဇ် ဆန်းကြယ်မြွေ၏ အမူအရာက ပျက်ယွင်းသွားပြီး သူက အံကိုကြိတ်ကာ မေးလိုက်၏။

“ဒီလူက ကျုပ် ပြင်ဆင်မထားတဲ့အချိန်မှာ ချောင်းမြောင်းတိုက်ခိုက်ပြီး အောင်မြင်သွားခဲ့တာပဲ… စောစောက ခင်ဗျားက ဘာစကားမှ မပြောခဲ့ဘူး… အခုတော့ ခင်ဗျားက သူ့ကို ခုခံကာကွယ်ပေးနေတာလား”

သားရဲဧကရာဇ် ဆန်းကြယ်မြွေက မကျေမနပ်ဖြစ်နေသည့် အကြောင်းရင်းကို နားလည်လက်ခံလို့ ရနိုင်သည်။

မည်သို့ပင်ဆိုစေ သူသည် အရှေ့ဘက်အရိုင်းနယ်မြေ၏ သားရဲဧကရာဇ်ကိုးဦးထဲမှ တစ်ဦးဖြစ်ပြီး နယ်မြေဒေသတစ်ခုကို အုပ်စိုးလေသည်။ သူ၏ အဆင့်အတန်းသည် တျဲယွဲ့အောက်မှာသာ ရှိပြီး သူက သူမနောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့သည်။

ယခု လူသားတစ်ဦးက ရုတ်တရက်ပေါ်ထွက်လာပြီး သူ့ကို သတ်ဖြတ်လုမတတ် ပြုလုပ်ခဲ့ကာ သူ့ကို လုံးဝမျက်နှာပျက်ရစေခဲ့သည်။ သားရဲဧကရီသွေးလိပ်ပြာသည် သူ့အတွက် မရပ်တည်ပေးရုံသာမက သူမသည် ထိုလူသားကိုပင် သိသိသာသာ ကာကွယ်ပေးနေသည်။

သားရဲဧကရာဇ် ဆန်းကြယ်မြွေသာလျှင် မဟုတ်ပေ။ တျဲယွဲ့သည် ခရမ်းရောင်ဝတ် အမျိုးသားကို ကာကွယ်ပေးနေသည်ကို တခြားသော သားရဲဧကရာဇ်များကလည်း ပြောနိုင်ပြီး ဒွိဟဖြစ်နေကြသည်။

ဤမျှအထိ တန်ဖိုးထားခံရအောင် ဤလူသည် သားရဲဧကရီသွေးလိပ်ပြာနှင့် မည်ကဲ့သို့သော ဆက်ဆံရေးရှိနေသလဲ။

“ငါက သူ့ကို ခုခံကာကွယ်ပေးနေတာတဲ့လား”

တျဲယွဲ့က မျက်ခုံးအနည်းငယ်ပင့်လိုက်၏။

“အဲ့လိုမဟုတ်လို့လား”

သားရဲဧကရာဇ် ဆန်းကြယ်မြွေက တည်တံ့စွာ ပြောလိုက်၏။

“ခင်ဗျားသာ ကျုပ်တို့ကို ဝင်မတားဘဲ ကျုပ်တို့က မျှမျှတတ တိုက်ခိုက်ကြမယ်ဆိုရင် သူက အခုလောက်ဆို သေလူတစ်ယောက် ဖြစ်နေလောက်ပြီ”

သားရဲဧကရာဇ်နတ်ဆင်က ညင်သာစွာ ချောင်းဟန့်ပြီး ကိစ္စများကို အဆင်ပြေချောမွေ့စေရန် ဝင်ရောက်ပြောဆိုလိုက်၏။

“အပြာရောင်အဖွဲ့က ကျယ်ကျယ်ပြန့်ပြန့် ကျူးကျော်ဝင်ရောက်လာပြီ… ငါတို့ကြား ပဋိပက္ခကို နောက်မှ ပြောကြတာပေါ့… အခုအချိန်မှာ ငါတို့က ပြင်ပအန္တရာယ်ကို အတူတကွ ဘယ်လိုဖြေရှင်းပြီး ကပ်ဘေးကနေ ဘယ်လိုရှင်သန်နိုင်မလဲ ဆွေးနွေးရမယ်”

“အဲဒါ အမှန်ပဲ”

သားရဲဧကရီ အမြီးကိုးချောင်းက သိုင်းတာအိုပင်မခန္ဓာကို ကြည့်ပြီး ပြုံး၍ပြောလိုက်၏။

“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်… ဘာပဲပြောပြော နင်က ငါတို့ကို ကူညီပေးဖို့ ဒီကိုရောက်လာတာပဲ… ငါတို့က ရန်ငြိုးရန်စအကြောင်းကို နောက်မှ ပြောကြတာပေါ့”

“ဟီးဟီး”

သားရဲဧကရာဇ် ဆန်းကြယ်မြွေက တျဲယွဲ့ကို ကြည့်ပြီး လှောင်ရယ်လိုက်သည်။

သူသည် ဤကိစ္စနှင့်ပတ်သက်၍ ဆက်လက်၍ အထွန့်တက်မနေသော်လည်း သူက အရမ်းကို မကျေမနပ်ဖြစ်နေပြီး တျဲယွဲ့အပေါ်မှာပင် မလေးစားမှုတချို့ ပြသလိုက်၏။

တျဲယွဲ့၏ အမူအရာက အေးစက်လာပြီး ထိုင်ခုံအမြင့်ကနေ ဖြည်းဖြည်းချင်းဆင်းကာ သားရဲဧကရာဇ် ဆန်းကြယ်မြွေရှိရာသို့ လျှောက်လှမ်းလာလေသည်။

ရုတ်တရက် ခန်းမထဲရှိ လေထုက အရမ်းကို တင်းကျပ်လေးလံလာခဲ့သည်။

ထိုအခိုက်အတန့်မှာ ခန်းမထဲရှိ လူတိုင်းသည် ကြောက်စရာကောင်းသော ဖိအားတစ်ခုကို ခံစားနေရသည်။

သိုင်းတာအိုပင်မခန္ဓာသည် တျဲယွဲ့က ဘယ်လောက်စွမ်းအားကြီးမားသလဲ နောက်ဆုံးမှာ အာရုံခံမိသွားသည်။

တျဲယွဲ့က သူ့ကို ပစ်မထားနေခြင်း မဟုတ်ပေ။

ထိုသို့ဆိုလျှင်တောင် သူသည် သိပ်သည်းပြင်းထန်ကြီးမားသော ဖိအားတစ်ရပ်ကို ခံစားနေရဆဲဖြစ်သည်။

သူသည် သိုင်းတာအိုငရဲခန်းနှင့် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူကို အတူတကွ ထုတ်ဖော်မည်ဆိုလျှင်တောင် သူသည် တျဲယွဲ့၏ စွမ်းအားကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ကွာဟချက်က အတော်လေး ကြီးမားနေသည်။

ခန်းမထဲရှိ သားရဲဧကရာဇ်များက ရေအိုင်များနှင့် ရေကန်များဖြစ်မည်ဆိုလျှင်…

ယခုအချိန်မှာ လျှောက်လှမ်းလာနေသော တျဲယွဲ့သည် ပင်လယ်ထဲကနေ တလိပ်လိပ်ထိုးတက်လာသော ဆူနာမီကဲ့သို့ဖြစ်ပြီး အရာအားလုံးကို ဝါးမြိုနိုင်သည်။

အခြားသူများပင် ထိုသို့ဆိုလျှင် ဆူနာမီလှိုင်း၏ အလယ်မှာရှိသော သားရဲဧကရာဇ် ဆန်းကြယ်မြွေက ပို၍ပင် ကြီးမားသော ဖိအားကို ခံစားနေရသည်။

သားရဲဧကရာဇ် ဆန်းကြယ်မြွေ၏ မျက်နှာက ချက်ချင်းပင် ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။

မသိလိုက်မသိဘာသာနှင့်ပင် သူက ချွေးပျံလာခဲ့ပြီဖြစ်သည်။

“နင်က မကျေနပ်ဘူးလား”

တျဲယွဲ့က သားရဲဧကရာဇ် ဆန်းကြယ်မြွေရှေ့သို့ ရောက်ရှိလာပြီး မှင်သေသေဖြင့် မေးလိုက်၏။

သားရဲဧကရာဇ် ဆန်းကြယ်မြွေသည် သူ၏ ခေါင်းကို မော့ရဲခြင်း မရှိပေ။

တျဲယွဲ့ထုတ်ဖော်ထားသည့် ကြောက်စရာကောင်းသော အော်ရာက သူ၏ ခန္ဓာကိုယ်ကို အထိန်းအကွပ်မဲ့စွာဖြင့် တဆတ်ဆတ်တုန်ယင်လာစေပြီ ဖြစ်သည်။

သူ စကားမပြောရသေးခင် တျဲယွဲ့က သူမ၏ လက်ကို ဆန့်ထုတ်လိုက်၏။ ခပ်ဝိုင်းဝိုင်းအရာနှစ်ခုက သားရဲဧကရာဇ် ဆန်းကြယ်မြွေ၏ ခြေရင်းသို့ လိမ့်ဆင်းလာခဲ့သည်။

သားရဲဧကရာဇ် ဆန်းကြယ်မြွေက ကြောက်ရွံ့စွာဖြင့် တုန်ယင်နေပြီဖြစ်သည်။ မည်သည့်ပြုမူလှုပ်ရှားမှုကမဆို သူ့ကို ထိတ်လန့်တကြားဖြစ်စေသည်။

ဘုန်း… ဘုန်း…

သားရဲဧကရာဇ် ဆန်းကြယ်မြွေသည် ထိုအရာနှစ်ခုက ဘာဖြစ်သည်ကို ကြည့်ရဲခြင်း မရှိပေ။ သူက မြေပေါ်မှာ ဒူးထောက်ချပြီး အလောတကြီး ပြောလိုက်၏။

“ကျုပ်… ကျုပ် မကျေမနပ် မဖြစ်ပါဘူး… ကျုပ်မှာ ဘာမှစောဒကတက်စရာ မရှိပါဘူး”

“အဲဒါကို ကြည့်လိုက်လေ”

တျဲယွဲ့၏ အသံက ထွက်ပေါ်လာသည်။

သားရဲဧကရာဇ် ဆန်းကြယ်မြွေက တံတွေးကို အလျင်စလိုမျိုချပြီး တစ်ချက်ခိုးကြည့်လိုက်၏။

လောင်ကျွမ်းခံထားရသော ဦးခေါင်းနှစ်လုံး…

ဒါ့အပြင် သူတို့ကို ကြည့်ရသည်မှာ ရင်းနှီးနေသည့်ပုံပေါ်လေသည်။ သူတို့က…

သားရဲဧကရာဇ် ဆန်းကြယ်မြွေက အနီးကပ်တစ်ချက်ကြည့်ပြီး ပင့်သက်ကို ရှိုက်လိုက်မိ၏။

ထိုအရာသည် ထိုက်အာတောင်ကြောရိုးမှ သားရဲဧကရာဇ်ထျန်ဝူ၏ ဦးခေါင်းဖြစ်သည်။

အခြားတစ်ခုက အပြာရောင်အဖွဲ့မှ သားရဲဧကရာဇ်ကျူးရှူ၏ ဦးခေါင်းဖြစ်သည်။

တျဲယွဲ့က ပြောလိုက်သည်။

“စောစောတုန်းက ထျန်ဝူက ကျူးရှူနဲ့ ပူးပေါင်းပြီး သေသွားခဲ့ပြီလို့ ငါပြောခဲ့တယ်… ဒါပေမဲ့ သူတို့နှစ်ယောက်ကို ဘယ်သူသတ်ခဲ့လဲဆိုတာ ငါမပြောရသေးဘူး”

ထိုစကားကို ကြားသောအခါ လက်ရှိသားရဲဧကရာဇ်များ၏ အမူအရာများက ​ပြောင်းလဲသွားကြသည်။ သူတို့သည် ဖြစ်နိုင်ခြေတစ်ခုကို ခန့်မှန်းမိသွားပြီး သိုင်းတာအိုပင်မခန္ဓာကို အလိုလို ကြည့်လာကြသည်။

“သူတို့နှစ်ယောက်ကို အထီးကျန်သိုင်းသခင် သတ်လိုက်တာပဲ”

တျဲယွဲ့က သူမ၏ လက်ကို ဆန့်ထုတ်ပြီး သားရဲဧကရာဇ် ဆန်းကြယ်မြွေ၏ ဦးခေါင်းကို ပွတ်သပ်ကာ မေးလိုက်သည်။

“ဆန်းကြယ်မြွေ… နင့်ရဲ့တိုက်ခိုက်ရည်ခွန်အားက ထျန်ဝူနဲ့ ကျူးရှူနဲ့ ယှဉ်မယ်ဆိုရင် ဘယ်လိုရှိမလဲ”

သားရဲဧကရာဇ် ဆန်းကြယ်မြွေက ဆတ်ခနဲတုန်ယင်သွားသည်။

တစ်ဖက်မှာ သူသည် တျဲယွဲ့ကို ကြောက်လန့်နေခြင်း ဖြစ်သည်။

တစ်ဖက်မှာတော့ သူသည် သိုင်းတာအိုပင်မခန္ဓာကို ကြောက်လန့်သွားခြင်းဖြစ်သည်။

သားရဲဧကရာဇ် ဆန်းကြယ်မြွေသည် ဧကရာဇ်နယ်ပယ်တွင် စဦးကျွမ်းကျင်မှုကိုသာ ရရှိထားပြီး သာမန်ဧကရာဇ်တစ်ပါးသာ ဖြစ်သည်။ သူ၏ တိုက်ခိုက်ရည်ခွန်အားသည် သားရဲဧကရာဇ်ထျန်ဝူနှင့် သားရဲဧကရာဇ်ကျူးရှူတို့နှင့် မတိမ်းမယိမ်းမှာ ရှိသည်။

အထီးကျန်သိုင်းသခင်က ထျန်ဝူနှင့် ကျူးရှူကို သတ်ဖြတ်နိုင်သည်ဆိုလျှင် ထိုသူက သူ့ကိုလည်း သေချာပေါက် သတ်ဖြတ်နိုင်ပေလိမ့်မည်။

တစ်နည်းအားဖြင့်ဆိုသော် တျဲယွဲ့သည် စောစောက သူ့ကို တားဆီးခဲ့ခြင်းမရှိလျှင် သူက ယခုအချိန်မှာ သေလူတစ်ယောက် ဖြစ်နေနိုင်သည်။

“ကျုပ်… ကျုပ်အမှားကို သိပါပြီ”

သားရဲဧကရာဇ် ဆန်းကြယ်မြွေက တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

သိုင်းတာအိုပင်မခန္ဓာကို အခြားသော ဧကရာဇ်များ ကြည့်ရှုပုံကလည်း တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်။

အစကတော့ သိုင်းတာအိုပင်မခန္ဓာသည် သားရဲဧကရာဇ် ဆန်းကြယ်မြွေကို ဖမ်းချုပ်နိုင်ခဲ့သည်မှာ သူက တစ်ဖက်သူကို အငိုက်ဖမ်းတိုက်ခိုက်ခဲ့သောကြောင့် ဖြစ်သည်ဟု သူတို့က တွေးထင်ခဲ့ကြသည်။

ကြည့်ရသည်မှာ အထီးကျန်သိုင်းသခင်က တကယ်ပင် အစွမ်းအစ ရှိနေသည်။

“အပြာရောင်အဖွဲ့က ဒီတစ်ခေါက် တိုက်ခိုက်လာတော့မယ်… နင်က အဲဒီတိုက်ပွဲမှာ ပါမှာလား”

တျဲယွဲ့က မေးလိုက်သည်။

“ပါ… ပါမှာပါ… ကျုပ်သေချာပေါက် တိုက်ခိုက်မှာ”

သားရဲဧကရာဇ် ဆန်းကြယ်မြွေက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလက်ခံလိုက်သည်။

“ထတော့”

တျဲယွဲ့က သားရဲဧကရာဇ် ဆန်းကြယ်မြွေ၏ ဦးခေါင်းကို ညင်သာစွာ ပုတ်လိုက်၏။

သားရဲဧကရာဇ် ဆန်းကြယ်မြွေအပေါ် လွှမ်းခြုံထားသည့် ကြောက်စရာကောင်းသော ဖိအားကလည်း ပျက်ပြယ်သွားလေသည်။

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်လိုက်၏။

ဤသည်က တျဲယွဲ့၏ အစွမ်းအစဖြစ်သည်။

တိုက်ခိုက်ခြင်းမရှိလျှင်တောင် သူမသည် သားရဲဧကရာဇ် ဆန်းကြယ်မြွေအပေါ် ကြီးမားသော ခြိမ်းခြောက်နိုင်စွမ်းတစ်ခုကို ဖန်တီးနိုင်သည်။

“နင်တို့သုံးယောက်ကရော”

တျဲယွဲ့က နဂါးဧကရာဇ် အထီးကျန်ပင်လယ်၊ သားရဲဧကရာဇ် မဟာဖန်းနှင့် သားရဲဧကရာဇ် ကွေ့နူကို ကြည့်လိုက်၏။

နဂါးဧကရာဇ် အထီးကျန်ပင်လယ်က ခဏမျှနှုတ်ဆိတ်နေပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“တူချိုးတောင်ကြောရိုးရဲ့ တည်နေရာက တကယ့်ကို အရေးပါတယ်… အဲ့နေရာကို အဆုံးရှုံးခံလို့ မဖြစ်ဘူး”

သားရဲဧကရာဇ် မဟာဖန်းနှင့် သားရဲဧကရာဇ် ကွေ့နူတို့ကလည်း တိုက်ပွဲကို ရှောင်လွှဲဖို့အတွက် အကြောင်းပြချက်ကိုယ်စီပေးလိုက်ကြသည်။

တျဲယွဲ့၏ အမူအရာက မှင်သေသေဖြင့် ရှိနေပြီး ခေါင်းညိတ်ကာ မရမက ပြောဆိုနေခြင်း မရှိပေ။

“ထျန်ဝူက သေသွားပြီ… အထီးကျန်သိုင်းသခင်က ထိုက်အာတောင်ကြောရိုးရဲ့ အရှင်အသစ်ဖြစ်လာမယ်”

တျဲယွဲ့က သားရဲဧကရာဇ်နတ်ဆင်၊ သားရဲဧကရီ အမြီးကိုးချောင်းနှင့် အခြားသူများကို ကြည့်လိုက်၏။

“ဒီတိုက်ပွဲအတွက် ငါ နင်တို့ကိုပဲ အားကိုးရလိမ့်မယ်”

“မပူပါနဲ့”

သားရဲဧကရာဇ်နတ်ဆင်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ကျုပ်တို့ တတ်နိုင်တာကို အကောင်းဆုံး သေချာပေါက် လုပ်မှာပါ… ဒီတိုက်ပွဲက အရှေ့ဘက်အရိုင်းနယ်မြေအတွက်တင် မဟုတ်ဘူး… ကျုပ်တို့အတွက်လည်း အရေးကြီးတယ်”

သားရဲဧကရီ အမြီးကိုးချောင်းက သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်ပြီး ညင်သာစွာ ပြောလိုက်၏။

“အစ်မသွေးလိပ်ပြာ… အေးအေးဆေးဆေး အနားယူပြီး ကုသပါ… ဒီတိုက်ပွဲကို ကျွန်မတို့တာဝန် ထားလိုက်”

ထိုသို့ဆိုသော်လည်း ဤတိုက်ပွဲမှာ အထွတ်အထိပ်ဧကရာဇ်တစ်ပါး၏ ပေါ်ထွက်လာမှု မရှိလျှင်တောင် အရှေ့ဘက်အရိုင်းနယ်မြေက ရှုံးနိမ့်ရဖို့များသည်ကို သားရဲဧကရာဇ်များက သူတို့ရင်ထဲမှာ သိရှိထားကြသည်။

အန္တိမ သားရဲဧကရာဇ်နှစ်ပါးဖြစ်သော သားရဲဧကရာဇ်နတ်ဆင်နှင့် သားရဲဧကရီ အမြီးကိုးချောင်းတို့က ထိုတိုက်ပွဲမှာ ပါဝင်မည်ဖြစ်သည်။

သာမန်ဧကရာဇ်များအနေဖြင့် သားရဲဧကရာဇ်ပိုင်ကျဲ၊ သားရဲဧကရာဇ် ကောင်းကင်ထိုးသွင်းနှင့် သားရဲဧကရာဇ် ဆန်းကြယ်မြွေတို့ ပါဝင်မည်ဖြစ်သည်။ အသစ်ရောက်ရှိလာသော အထီးကျန်သိုင်းသခင်ကို ထည့်တွက်မည်ဆိုလျှင်တောင် သာမန်ဧကရာဇ်က စုစုပေါင်း လေးယောက်သာ ရှိသည်။

သားရဲဧကရာဇ်ခြောက်ဦးက အပြာရောင်အဖွဲ့၏ စစ်တပ်ကို ဘယ်လိုလုပ် ဆန့်ကျင်တိုက်ခိုက်နိုင်ပါ့မလဲ။

“အားလုံးပဲ အောင်ပွဲနဲ့ ပြန်လာတာကို ငါမျှော်နေမယ်”

သားရဲဧကရာဇ် အထီးကျန်ပင်လယ်က သားရဲဧကရာဇ်နတ်ဆင်နှင့် အခြားသူများကို ကြည့်ကာ ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်သွား၏။

သားရဲဧကရာဇ် မဟာဖန်းနှင့် သားရဲဧကရာဇ် ကွေ့နူတို့ကလည်း ထွက်ခွာသွားလေသည်။

သားရဲဧကရာဇ်သုံးဦးသည် လေဟာနယ်ကို ဆုတ်ဖြဲပြီး လိပ်ပြာတောင်ကြားကနေ ထွက်ခွာကာ တစ်ချိန်တည်းမှာပင် တူချိုးတောင်ကြောရိုး၏ အထက် လေထဲသို့ ဆင်းသက်လာခဲ့ကြသည်။

“သွေးလိပ်ပြာက ဒဏ်ရာအပြင်းအထန် ရရှိထားတယ်… အခုအချိန်အထိ မသက်သာလောက်သေးဘူး”

သားရဲဧကရာဇ်မဟာဖန်းက လေးနက်သော အသံဖြင့် ပြောလိုက်၏။

သားရဲဧကရာဇ်ကွေ့နူက မေးလိုက်၏။

“ငါတို့တွေက တကယ်ပဲ အရှေ့ဘက်အရိုင်းနယ်မြေကနေ ထွက်ခွာပြီး အပြာရောင်အဖွဲ့ထံမှာ အညံ့ခံတော့မှာလား”

သားရဲဧကရာဇ် အထီးကျန်ပင်လယ်က ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။

“သွေးလိပ်ပြာက ဒဏ်ရာအပြင်းအထန် ရထားတယ်… အခုအချိန်အထိ မသက်သာသေးဘူး… နတ်ဆင်၊ အမြီးကိုးချောင်းနဲ့ တခြားသူတွေက အဲဒီတိုက်ပွဲကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

“အရှေ့ဘက်အရိုင်းနယ်မြေ မရှိတော့ဘူးဆိုရင် ငါတို့က အပြာရောင်အဖွဲ့ထံ ဝင်ရောက်ဖို့က ယုတ္တိတန်သွားပြီ”

“သူတို့နိုင်မယ်ဆိုရင်တော့… အမ်း… အဲဒါကို နောက်မှပြောတာပေါ့… အဲဒါက မဖြစ်နိုင်သလောက်ပဲ”

ရုတ်တရက် သားရဲဧကရာဇ်မဟာဖန်းက သက်ပြင်းချလိုက်၏။

“ငါတို့တွေက သွေးလိပ်ပြာနောက်ကို နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့ကြတယ်… အခု သူဒုက္ခရောက်နေချိန်မှာ သူ့အနားကနေ စွန့်ခွာရမှာ သိပ်တော့ ခံစားချက်မကောင်းဘူး”

သားရဲဧကရာဇ် အထီးကျန်ပင်လယ်က ခေါင်းခါပြလိုက်၏။

“ငါတို့တွေက သူ့နောက်ကို နှစ်ပေါင်းများစွာ လိုက်ပြီး အရှေ့ဘက်အရိုင်းနယ်မြေကို စောင့်ကြပ်ပေးခဲ့ပြီးပြီ… ငါတို့တတ်နိုင်တာကို ငါတို့ အကောင်းဆုံးလုပ်ခဲ့ပေးပြီးပြီ… သူက အညံ့မခံဘဲ အသေအကြေ တိုက်ခိုက်ချင်နေတယ်… ငါက သူနဲ့တော့ လိုက်ပြီး မသေချင်ဘူး”

All Chapters