← Chapters

နီရောင်ကြာပန်း မီးမိုး

Vol. 197 Ch. 2944

နီရောင်ကြာပန်း မီးမိုး

Vol. 197 Ch. 2944

ထိုက်အာတောင်ကြောရိုးနှင့် တောင်ဘက်အရိုင်းနယ်မြေကြား နယ်စပ်မှာ စစ်တပ်တစ်တပ်က စုဝေးရောက်ရှိနေသည်။ တောင်ကုန်းများနှင့် လွင်ပြင်များမှာ အလံများကို တလူလူလွှင့်ထူထားပြီး တစ်ချက်ကြည့်ရုံနှင့် မည်းမည်းလှုပ်နေ၏။

တောင်ထွတ်များပေါ်မှာ သားရဲဘုရင်ပညာရှင်များစွာ မတ်တတ်ရပ်နေပြီး သူတို့၏ ဦးဆောင်မှုအောက်မှာ ကြမ်းကြုတ်ခက်ထန်သော အော်ရာများနှင့် မရေမတွက်နိုင်သော သားရဲစစ်ဗိုလ်များနှင့် သားရဲစစ်သည်များ ရှိနေကြသည်။

သားရဲစစ်တပ်ထဲရှိ သားရဲစစ်ဗိုလ်များ၏ အရေအတွက်ကို တွက်ချက်ဖို့ပင် ခဲယဉ်းနေပြီဖြစ်သည်။

သားရဲဘုရင်များကပင် အရေအတွက် တစ်ထောင်ကျော်နေပြီဖြစ်သည်။

လေထဲမှာ ကြောက်စရာကောင်းသော အော်ရာများနှင့် လူ ၂၀ ကျော် မတ်တတ်ရပ်နေကြ၏။

ဦးဆောင်ထားသော လူလေးယောက်က ရှေ့ဆုံးမှာ မတ်တတ်ရပ်နေ၏။ သူတို့သည် သားရဲဧကရာဇ် စိတ်ဝိညာဉ်ဦးချို၊ သားရဲဧကရာဇ် ဖေးလန်၊ သားရဲဧကရာဇ် နဝယင်နှင့် သားရဲဧကရာဇ် ဟို့တူတို့ ဖြစ်ကြသည်။

သူတို့လေးယောက်စလုံးက အန္တိမသားရဲဧကရာဇ်များ ဖြစ်ကြသည်။

သူတို့လေးယောက်ထဲမှာ သားရဲဧကရာဇ် နဝယင်၏ ခါးပေါ်မှာသာ အပြာဟူသော စာလုံးနှင့် ထူးခြားသော တံဆိပ်ပြားတစ်ခုကို ချိတ်ဆွဲထားသည်။

စိတ်ဝိညာဉ်ဦးချို၊ ဖေးလန်နှင့် ဟို့တူတို့ကတော့ သူတို့သည် အစက မဟာအရိုင်းကမ္ဘာ၏ သားရဲဧကရာဇ်များ ဖြစ်ခဲ့ကြသည်။ နောက်ပိုင်းမှာ သူတို့သည် အပြာရောင်အဖွဲ့ထံ အညံ့ခံခဲ့ကြသည်။

အဲဒီမှာ သားရဲဧကရာဇ်လေးဦး၏ နောက်ဘက်တွင် သာမန်သားရဲဧကရာဇ် ဆယ်ဦးကျော်ရှိနေသည်။ သူတို့အားလုံးက အပြာရောင်အဖွဲ့ထံ အညံ့ခံသွားသော မဟာအရိုင်းကမ္ဘာ၏ သားရဲဧကရာဇ်များ ဖြစ်ကြသည်။

သားရဲဧကရာဇ်များကြားမှာ သားရဲဧကရာဇ် နဝယင်က အဆင့်အတန်း အမြင့်မားဆုံးဖြစ်သည်။

“အရှင်နဝယင်”

သားရဲဧကရာဇ် စိတ်ဝိညာဉ်ဦးချိုက အနည်းငယ်ဦးညွှတ်ပြီး ဂရုတစိုက် မေးမြန်းလိုက်၏။

“အပြာရောင်အဖွဲ့က တခြားဧကရာဇ်တွေကို စေလွှတ်ဦးမှာလား မသိဘူး”

အနီးအနားမှာ စုဝေးရောက်ရှိနေသော သားရဲစစ်တပ်ထဲရှိ သားရဲများအားလုံးနီးပါးသည် မဟာအရိုင်းကမ္ဘာ၏ ဒေသခံအင်အားစုများ ဖြစ်ကြလေသည်။ သူတို့သည် အစက တောင်ဘက်အရိုင်းနယ်မြေ၊ အနောက်ဘက်အရိုင်းနယ်မြေနှင့် မြောက်ဘက်အရိုင်းနယ်မြေတို့မှ သားရဲများဖြစ်ခဲ့ကြသည်။

အရှေ့ဘက်အရိုင်းနယ်မြေနှင့် တိုက်ခိုက်ခဲ့သော ယခင်တိုက်ပွဲမှာ ဧကရာဇ်မိုးပြာရောင်မီးတောက်၊ ခုနှစ်ဆောင်ပြိုင်သားရဲဧကရာဇ်များနှင့် မဟာအရိုင်းကမ္ဘာ၏ ဒေသခံအထွတ်အထိပ်ဧကရာဇ်တချို့သည် တျဲယွဲ့နှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။ နှစ်ဦးနှစ်ဖက်စလုံးက ထိခိုက်ဒဏ်ရာရရှိပြီး ယာယီအားဖြင့် စစ်ပွဲကို ရပ်နားထားခဲ့ကြသည်။

ဧကရာဇ်မိုးပြာရောင်မီးတောက်၏ အင်အားစုက ဘယ်ဆီဘယ်ဝယ်မသိရသောနေရာသို့ နောက်တစ်ဖန် ဝင်ရောက်ပျောက်ကွယ်သွားခဲ့၏။

သားရဲဧကရာဇ် နဝယင်သာလျှင် မဟာအရိုင်းကမ္ဘာကို စောင့်ကြပ်ဖို့ ကျန်နေခဲ့သည့် အပြာရောင်အဖွဲ့မှ တစ်ဦးတည်းသောသူ ဖြစ်သည်။

သားရဲဧကရာဇ် ဖေးလန်ကလည်း မေးလိုက်၏။

“ဘာပဲပြောပြော အရှေ့ဘက်အရိုင်းနယ်မြေမှာ အန္တိမသားရဲဧကရာဇ်လေးဦး ရှိနေသေးတယ်… သူတို့က အသေအကြေတိုက်ခိုက်ကြမယ်ဆိုရင် ကျုပ်တို့က အနိုင်ရလဒ်ကို သေချာစေပါ့မလား”

သားရဲဧကရာဇ် နဝယင်က အေးဆေးတည်ငြိမ်စွာ ပြုံးပြလိုက်၏။

“အရှေ့ဘက်အရိုင်းနယ်မြေက အတွင်းရေး၊ အပြင်ရေး အကျပ်အတည်းတွေနဲ့ ပြည့်နှက်နေပြီ… တောင်ကြောရိုးက အရှင်တချို့မှာ သူတို့အကြံအစည်နဲ့ သူတို့ရှိနေကြတယ်… တကယ်ဆို သူတို့ထဲက တချို့က ငါ့ဆီမှာ သူတို့ရဲ့ စိတ်သဘောထားကိုတောင်မှ ဖော်ပြခဲ့ကြပြီးပြီ”

“အရှေ့ဘက်အရိုင်းနယ်မြေက ပြိုကွဲတော့မယ့်ဆဲဆဲဖြစ်နေပြီ… ငါ့ရဲ့စစ်တပ်က သူတို့ကို လက်စသတ်ပေးဖို့ ဒီကို ရောက်လာတာပဲ… ဧကရာဇ်မိုးပြာရောင်မီးတောက်က ပြန်ရောက်လာပြီး အရှေ့ဘက်အရိုင်းနယ်မြေကို ငါတို့သိမ်းပိုက်ထားတာ တွေ့ရတာနဲ့ သူက ကျေနပ်အားရသွားပြီး မင်းတို့တွေကို ဆုလာဘ်တချို့ ချီးမြှင့်နိုင်တယ်”

ထိုစကားကို ကြားသောအခါ အခြားသော သားရဲဧကရာဇ်များက စိတ်အားမာန်တက်ကြွလာကြသည်။

ဧကရာဇ်မိုးပြာရောင်မီးတောက်သည် ရင်းမြစ်ကျောက်တုံးတချို့ သို့မဟုတ် ရင်းမြစ်ချီပါဝင်သော ရတနာတချို့ကို သူတို့ကို ချီးမြှင့်ပေးမည်ဆိုလျှင် ထိုအရာက သူတို့၏ ကျင့်ကြံမှုအတွက် အလွန်တရာ အကျိုးအမြတ်ရှိပေလိမ့်မည်။

သားရဲဧကရာဇ် ဟို့တူ၏ အမူအရာက တည်တံ့နေပြီး သူက လေးနက်စွာ ပြောလိုက်၏။

“ဆုလာဘ်တွေက အဓိက မဟုတ်ပါဘူး… ဒီဘဝမှာ ကျုပ်က အရှင်မိုးပြာရောင်မီးတောက်နောက်ကိုလိုက်ပြီး လောကကို သိမ်းပိုက်အုပ်စိုးလိုတယ်”

“ပြောတာကောင်းတယ်”

သားရဲဧကရာဇ် နဝယင်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ထဲကနေ ကြိတ်ပြီး လှောင်ရယ်နေ၏။

သူ၏ မျက်လုံးထဲမှာ မဟာအရိုင်းကမ္ဘာမှ သားရဲစစ်သည်များ၊ သားရဲစစ်ဗိုလ်များ၊ သားရဲဘုရင်များနှင့် သားရဲဧကရာဇ်များကပင် သူတို့ အချိန်မရွေး စွန့်ပစ်နိုင်သည့် ပုရွက်ဆိတ်တစ်အုပ်စုသာ ဖြစ်သည်။

“သတ်”

သားရဲဧကရာဇ် နဝယင်က စုဝေးရောက်ရှိလာပြီဖြစ်သော သားရဲစစ်တပ်ကို တွေ့မြင်သောအခါ သူက လက်ကိုမြှောက်ပြီး ထိုက်အာတောင်ကြောရိုးဘက်သို့ ထိုးညွှန်ကာ အော်ပြောလိုက်၏။

“သတ်”

“အရှေ့ဘက်အရိုင်းနယ်မြေကို နင်းချေဖျက်ဆီးကြ”

သားရဲဧကရာဇ်များက အော်ပြောလိုက်၏။

ဘီလီယံနှင့်ချီသော သားရဲစစ်သည်များကလည်း မာန်သွင်းအော်ဟစ်ပြီး တလိပ်လိပ်ထိုးတက်လာသော အဆုံးမဲ့အနက်ရောင်သက်ရှိစီးကြောင်းတစ်ခုကဲ့သို့ ထိုက်အာတောင်ကြောရိုးထံသို့ ချီတက်သွားကြလေသည်။

သားရဲအရေအတွက်က အရမ်းကိုများပြားလွန်းသည်။

ထိုက်အာတောင်ကြောရိုးတစ်ခုလုံးက တသိမ့်သိမ့် လှုပ်ခါသွားလေသည်။

သားရဲဧကရာဇ် နဝယင်နှင့် အခြားသော သားရဲဧကရာဇ် ၂၀ကျော်က လေထဲကနေ ဖြည်းဖြည်းချင်း တက်လှမ်းလာကြ၏။ သူတို့၏ အောက်ဘက်မှာ အရာရာတိုင်းကို ဝါးမျိုဖျက်ဆီးနိုင်သော အနက်ရောင်သက်ရှိစီးကြောင်းတစ်ခု ရှိနေသည်။

“ကျုပ်က ကျိလန်တိုင်းပြည်ရဲ့ သားရဲဘုရင် ကျိလန်ပါ… ကျုပ်က အပြာရောင်အဖွဲ့ထံမှာ အညံ့ခံလိုပါတယ်”

ခရမ်းရောင်ဝတ် သားရဲဘုရင်တစ်ဦးက သူ့နောက်ဘက်ရှိ သားရဲစစ်ဗိုလ်များကို ဦးဆောင်လာပြီး လေထဲမှာရှိသော သားရဲဧကရာဇ်များထံ အော်ပြောလိုက်၏။ ထို့နောက် သူတို့က တစ်ချိန်တည်းမှာ မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ကြ၏။

မိုးမြင့်ထက်မှ သားရဲဧကရာဇ် နဝယင်နှင့် အခြားသူများက အောက်ကို တစ်ချက်ပင် ငုံ့မကြည့်ဘဲ သားရဲဧကရာဇ်ကျိလန်နှင့် အခြားသူများ၏ အပေါ်ကနေ ပျံသန်းလာကြသည်။

တစ်ချိန်တည်းမှာပင် သားရဲဘုရင် ကျိလန်၏ တုန်လှုပ်ချောက်ချားနေသော အကြည့်အောက်မှာ မည်းမည်းလှုပ်နေသော အနက်ရောင်သက်ရှိစီးကြောင်းက သူ့နှင့် သူ့နောက်မှာရှိသော ကျိလန်တိုင်းပြည်ကို အုပ်မိုးလွှမ်းခြုံလာပြီး သူတို့ကို အပြတ်အသတ် ဝါးမျိုလိုက်လေသည်။

သတ်ဖြတ်သုတ်သင်ခြင်း….

လတ်ဆတ်သော သွေးများ…

အနက်ရောင်သက်ရှိစီးကြောင်း ဖြတ်သွားရာနေရာတိုင်းမှာ တစ်ဖက်သူက အညံ့ခံသည်ဖြစ်စေ သို့မဟုတ် ခုခံဆန့်ကျင်သည်ဖြစ်စေ… သူတို့အတွက် ရလဒ်က တစ်ခုတည်းသာရှိသည်။ မည်သည့်အသက်ဓာတ်မှ မကျန်ရှိဘဲ အပျက်အစီးပုံများအဖြစ် ပြောင်းလဲခံရခြင်း…။

ထိုက်အာတောင်ကြောရိုးမှ သားရဲဧကရာဇ် ကျူးရှူ၏ သေဆုံးမှုနှင့်အတူ ကျန်ရှိနေသော သားရဲဘုရင်များမှာ မတူညီသော အတွေးများ ရှိလာကြသည်။ သူတို့ထဲမှ တချို့က အညံ့ခံဖို့ ရွေးချယ်ကြပြီး အချို့က ခုခံဆန့်ကျင်ဖို့ ရွေးချယ်ကြသည်။

ထို့သို့ဖြင့် သူတို့က စည်းလုံးမှုမရှိတော့ဘဲ သိသာထင်ရှားသော ခံစစ်ကို မစုဖွဲ့နိုင်ကြတော့ပေ။

ထိုက်အာတောင်ကြောရိုးသည် အနက်ရောင်သက်ရှိစီးကြောင်းဖြင့် လျင်မြန်စွာ ဝါးမျိုခြင်းခံနေရသည်။

သူတို့က ကျယ်လောင်စွာ အော်ဟစ်၍ ငိုယိုတောင်းပန်မည်ဆိုလျှင်တောင် သူတို့သည် အနက်ရောင်သက်ရှိစီးကြောင်းကို မတားဆီးနိုင်ကြပေ။

ထိုအခိုက်အတန့်မှာ ထိုက်အာတောင်ကြောရိုးမှ သက်ရှိများစွာသည် မွန်းကျပ်ဖွယ်ရာကောင်းသော စိတ်ပျက်အားငယ်မှုကို နောက်တစ်ဖန် ခံစားလာရသည်။

မည်သည့်မျိုးနွယ်မှ အမျိုးသားများဖြစ်စေ၊ အမျိုးသမီးများဖြစ်စေ အရှေ့ဘက်အရိုင်းနယ်မြေမှ သက်ရှိများအားလုံး၏ အသက်များသည် တန်ဖိုးမဲ့နေလေသည်။ အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲသွားပြီး သွေးများက မိုင်ပေါင်းထောင်ချီ စီးဆင်းလာခဲ့သည်။

အမျိုးသမီးအိုတစ်ဦးက မြေပြင်ပေါ်မှာ ဒူးထောက်ချပြီး ကောင်းကင်ထက်ကို မော့ကြည့်ကာ ကျယ်လောင်စွာ ငိုကြွေးလိုက်၏။

“အရှေ့ဘက်အရိုင်းနယ်မြေရဲ့အရှင် ဘယ်ကိုရောက်နေတာလဲ… ကျေးဇူးပြုပြီး ကျွန်မတို့ကို ပစ်ပယ်မထားပါနဲ့”

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူ့လက်ထဲရှိ ပုဆိန်သွားလှံရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး သူ၏ ကလန်သားများရှေ့မှာ မတ်တတ်ရပ်ကာ အော်ပြောလိုက်၏။

“ငါတို့ ခွန်ဝူမျိုးနွယ်က ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူး… ငါတို့ရဲ့အသက်နဲ့ ငါတို့ရဲ့ နောက်ဆုံးဇာတိမြေကို ကာကွယ်ဖို့ ကျိန်ဆိုထားတယ်”

ထိုက်အာတောင်ကြောရိုးမှာ…

ရှေ့သို့ထွက်လာသော ပညာရှင်များက ပို၍ပို၍ များပြားလာသည်။

ဝင်ရောက်လာသော အနက်ရောင်သက်ရှိစီးကြောင်းနှင့် နှိုင်းယှဉ်လျှင် သူတို့သည် အားနည်းနေပြီး ရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ထိုသို့ဆိုလျှင်တောင် သူတို့က နောက်မဆုတ်ကြပေ။

သူတို့သည် မီးပုံထဲသို့ ဝင်တိုးသော ပိုးဖလံများကဲ့သို့ ဖြစ်နေသည်ဆိုလျှင်တောင် သူတို့၏ ခန္ဓာကိုယ်များက ခြေမွှဖျက်ဆီးခံရမည်ဆိုလျှင်တောင် သူတို့သည် သေချာပေါက် နောင်တရလိမ့်မည် မဟုတ်ပေ။

သူတို့သည် သူတို့၏ နောက်ဘက်မှာရှိသော သူတို့၏ ဇာတိမြေမှ သက်ရှိများအတွက် အရာရာတိုင်းကို စွန့်လွှတ်စတေးလိုလေသည်။

ဝုန်း…

ထိုစဉ်မှာပင် ခရမ်းရောင်ပုံရိပ်တစ်ခုက လေထဲကနေ ဆင်းသက်ပြီး အနက်ရောင်သက်ရှိစီးကြောင်းထဲသို့ ပြင်းထန်စွာ ကျဆင်းသွား၏။

ကြောက်စရာကောင်းသော ရိုက်ခတ်မှုက ကြီးမားသော တုန်ခါလှိုင်းတစ်ခုကို ဖြစ်ပေါ်စေပြီး ဘေးပတ်လည်မှာရှိသော သားရဲစစ်သည်များနှင့် သားရဲစစ်ဗိုလ်များကို ချက်ချင်းပင် ဆွဲယူသွင်းကာ သူတို့ကို ကြေမွပျက်စီးသွားစေသည်။

အနက်ရောင်သက်ရှိစီးကြောင်းသည် ခရမ်းရောင်ဝတ်အမျိုးသား၏ ဟန့်တားနှောင့်ယှက်ခြင်းခံရပြီး ခဏမျှ ရပ်တန့်သွားသည်။

သို့သော်လည်း သိပ်မကြာခင် နောက်ထပ်အနက်ရောင်သက်ရှိစီးကြောင်းများက ခရမ်းရောင်ဝတ်လူထံသို့ တလိပ်လိပ်တိုးဝင်လာပြီး သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်နေ၏။

ရွှစ်…

ထိုစဉ်မှာပင် အနက်ရောင်မီးတောက်များက ခရမ်းရောင်ဝတ်လူ၏ ဘေးပတ်လည်မှာ ရုတ်တရက်ထွန်းညှိလာပြီး အဘက်ဘက်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

အနက်ရောင်သက်ရှိစီးကြောင်းက ကြမ်းကြုတ်ခက်ထန်ပြီး ရပ်တန့်တားဆီး၍ မရနိုင်သော်လည်း သူတို့သည် မည်သို့ပင်ဆိုစေ အနက်ရောင်မီးတောက်များကို မငြှိမ်းသတ်နိုင်ကြပေ။

သားရဲဘုရင်တချို့ပင်လျှင် အချိန်မီ မရှောင်တိမ်းနိုင်ဘဲ အနက်ရောင်မီးတောက်များဖြင့် လွှမ်းခြုံခြင်းခံလိုက်ရသည်။ သူတို့က သူတို့၏ ကောင်းကင်လိုဏ်ဂူများကို ထုတ်ဖော်သည်ဆိုလျှင်တောင် သူတို့က ခုခံနိုင်စွမ်းမရှိဘဲ လောင်ကျွမ်းပြာကျသွားသည်။

အနက်ရောင်မီးတောက်များသည် အလွန်တရာ ကြီးမားကျယ်ပြန့်သော သက်ရှိစီးကြောင်းထဲမှာ ဧရာမအနက်ရောင်ကြာပန်းတစ်ခုကို စုဖွဲ့လာခဲ့လေသည်။ အဲဒါက အလွန်တရာ တုန်လှုပ်စရာကောင်းနေ၏။

ငရဲမီးက မဟာအရိုင်းကမ္ဘာမှာ ဆင်းသက်ရောက်ရှိလာသည်။

ယခု သိုင်းတာအိုပင်မခန္ဓာသည် ပကတိသိုင်းပိုင်နယ်မြေအထိ ကျင့်ကြံထားပြီး ငရဲမီး၏ စွမ်းအားကလည်း တိုးလာခဲ့သည်။ အထွတ်အထိပ်သားရဲဘုရင်များပင်လျှင် အဲဒါကို ခုခံနိုင်မည်မဟုတ်ပေ။

သို့သော်လည်း ငရဲမီးတစ်ခုတည်းက သူ့ရှေ့မှာရှိသော အနက်ရောင်သက်ရှိစီးကြောင်းကို တားဆီးနိုင်မည် မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်နှစ်ဖက်နှင့်အတူ လက်ဟန်ချိပ်စည်းများကို ထုတ်ဖော်ပြီး ကောင်းကင်ထက်သို့ ထိုးညွှန်လိုက်၏။

သူက သိုင်းတာအိုကို ကျင့်ကြံပြီး ဓမ္မပညာရပ်များအားလုံးကို အရည်ဖျော်ချနိုင်ပြီးနောက် သူသည် ဓမ္မပညာရပ်များ သို့မဟုတ် နတ်ဘုရားစွမ်းအားများကို အသုံးပြုခဲသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာက သက္ကတဘာသာစကားကို ရွတ်ဆိုနေပြီး ကောင်းကင်ထက်ကနေ ကြာပန်းများက ရုတ်တရက် ဆင်းသက်လာခဲ့သည်။ မြေကြီးထဲကနေပင် ကြာပန်းများက တိုးထွက်လာကြလေသည်။

အဲဒါသည် အစက ကောင်းကင်ဘုံနတ်ပန်းကြွေခြင်းနှင့် ကမ္ဘာမြေရွှန်းရွှန်းဝေ ရွှေကြာပန်းဟု ခေါ်ဆိုသော ဗုဒ္ဓကျောင်းတော်များ၏ နတ်ဘုရားစွမ်းအားတစ်ခုဖြစ်သည်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက အဲဒါကို အရည်ဖျော်ချပြီး သူ၏ ကိုယ်ပိုင်လေးနက်သိမ်မွေ့မှုအဖြစ် အသွင်ပြောင်းလဲပြီးနောက် သူသည် အဲဒါကို တစ်ဖန် တွက်ချက်ထုတ်နုတ်ကာ ဓမ္မပညာရပ်အသစ်တစ်ခုကို ဖန်တီးခဲ့သည်။

ကောင်းကင်ထက်ကနေ ကျဆင်းလာသော ပန်းများနှင့် မြေကြီးထဲကနေ တိုးထွက်လာသော ပန်းများက အမျိုးအစား တူညီနေသည်။

ကြမ္မာမီး… အနီရောင်ကြာပန်း…

အနီရောင်ကြာပန်းမီးမိုးက ကောင်းကင်ထက်ကနေ ရွာသွန်းဆင်းသက်လာသည့်အလားပင်။

မြေကြီးထဲကနေ တလိပ်လိပ်တိုးထွက်လာသော ကြမ္မာမီးအနီရောင်ကြာပန်းများကလည်း မီးတောက်တစ်ခုလုံး ပေါက်ကွဲ၍ ချော်ရည်များ ပန်းထွက်လာသကဲ့သို့ဖြစ်ပြီး အနက်ရောင်သက်ရှိစီးကြောင်းကို လုံးလုံးလျားလျား ပိတ်ဆို့တားဆီးလိုက်သည်။

သိုင်းတာအိုပင်မခန္ဓာက ဆင်းသက်ရောက်ရှိလာပြီး သားရဲပေါင်း ဘီလီယံချီပါဝင်သည့် စစ်တပ်ကို တစ်ယောက်တည်း ပိတ်ဆို့တားဆီးလိုက်လေသည်။

All Chapters