← Chapters

မင်းတို့ရဲ့ တဗူး

Vol. 197 Ch. 2945

မင်းတို့ရဲ့ တဗူး

Vol. 197 Ch. 2945

သားရဲစစ်သည်များနဲ့ သားရဲစစ်ဗိုလ်များကို မပြောနှင့်၊ သားရဲဘုရင်ပညာရှင်များပင်လျှင် အနီရောင်ကြာပန်းမီးမိုးကို မခုခံနိုင်ကြပေ။

အနက်ရောင် သက်ရှိစီးကြောင်းထဲသို့ ကျဆင်းလာသော သိုင်းတာအိုပင်မခန္ဓာသည် နောက်ဆုံးမှာ ကောင်းကင်ထက်ရှိ သားရဲဧကရာဇ်များ၏ စိတ်အာရုံကို ရရှိလာခဲ့သည်။

သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ကနေ ဧကရာဇ်နယ်ပယ်အော်ရာ ပေါ်ထွက်နေခြင်းမရှိပေ။

ထို့ကြောင့် သိုင်းတာအိုပင်မခန္ဓာ ပေါ်ထွက်လာစဉ်မှာတောင် ဧကရာဇ်များက သူ့ကို အလေးအနက်မထားကြပေ။

သို့သော်လည်း အနီရောင် ကြာပန်းမီးမိုး၏ ဆင်းသက်လာမှုက ဧကရာဇ်များကို မျက်မှောင်အနည်းငယ်ကြုတ်သွားစေ၏။ သူတို့က သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်ပြီး စစ်မြေပြင်မှ ခရမ်းရောင်ဝတ်လူကို ငုံ့ကြည့်လိုက်ကြ၏။

“အဲဒါက ကြမ္မာမီးလား”

“ဒီလိုမျိုး မီးတောက်တွေကို ကျွမ်းကျင်တတ်မြောက်ထားတဲ့လူ တကယ်ပဲ ရှိနေတာလား”

“ဒီလူက ဘယ်သူလဲ… သူ့ရဲ့ကျင့်ကြံမှုက ဘယ်အဆင့်မှာလဲ… ငါ သူ့ကို အရင်က ဘာလို့မမြင်ဖူးတာပါလိမ့်”

သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲမှာ သားရဲစစ်သည်များ၊ သားရဲစစ်ဗိုလ်များနှင့် သားရဲဘုရင်များပင် သေဆုံးသွားသည်ကို တွေ့မြင်ရသော်လည်း သားရဲဧကရာဇ်များသည် လုံးဝပူပန်ကြောင့်ကြနေခြင်းမရှိဘဲ သူတို့အချင်းချင်း ဆွေးနွေးပြောဆိုနေခြင်းမျှသာ ဖြစ်သည်။

သားရဲဧကရာဇ် စိတ်ဝိညာဉ်ဦးချို၏ အကြည့်က နက်ရှိုင်းလာပြီး သူက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ဒီလူကျင့်ကြံထားတဲ့ ဓမ္မတာအိုက နည်းနည်းထူးဆန်းတယ်… သူက ဧကရာဇ်နယ်ပယ်ကို မတက်လှမ်းရသေးဘူးဆိုပေမဲ့ သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်နေလောက်ပြီ”

“ဧကရာဇ်တစ်ပိုင်းအဆင့်က ဘာများထူးခြားနေလို့လဲ”

သားရဲဧကရာဇ် နဝယင်က သာမန်ကာလျှံကာ လက်ကာပြလိုက်၏။

“သူ့ကို သတ်လိုက်ရုံပေါ့”

သားရဲဧကရာဇ် ချိတ်မြွေက လူတိုင်းကို ကြည့်ကာ ပြောလိုက်၏။

“ဒီလိုမျိုး ပါမွှားကို ကျုပ်အတွက် ထားလိုက်ပါ”

သာမန်သားရဲဧကရာဇ် ဆယ်ဦးကျော်ကြားမှ သားရဲဧကရာဇ် ချိတ်မြွေက အမြန်ဆန်ဆုံး တုံ့ပြန်လိုက်၏။ သူတို့အနေဖြင့် ဧကရာဇ်တစ်ပိုင်းအဆင့်များကို သတ်ဖြတ်ဖို့က လွယ်ကူသည်ဆိုမှတော့ မည်သူကမှ နာမည်ကောင်းရယူဖို့အတွက် သူနှင့် ယှဉ်လုမနေကြပေ။

အစကတော့ ဘီလီယံနှင့်ချီသော သားရဲစစ်သည်များဖြင့် ဖွဲ့စည်းထားသည့် အနက်ရောင်သက်ရှိစီးကြောင်း၏ ရိုက်ခတ်မှုအောက်မှာ ထိုက်အာတောင်ကြောရိုးမှ လူတိုင်းသည် တစ်သီးတခြားစီခွဲ၍ တိုက်ခိုက်နေကြပြီး အဲဒါကို လုံးဝမခုခံနိုင်ကြပေ။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ ဆင်းသက်လာပြီးနောက် ထိုက်အာတောင်ကြောရိုးမှာ အခြေအနေက ပြောင်းလဲလာတော့မည့် လက္ခဏာများ ပြသလာသည်။

ထိုစဉ်မှာပင် မြွေဝတ်ရုံနှင့် အမျိုးသားတစ်ဦးက လေထဲကနေ ဆင်းသက်လာပြီး စစ်မြေပြင်မှာ လူတိုင်းကို သတ်ဖြတ်နေသည့် သိုင်းတာအိုပင်မခန္ဓာကို မမှိတ်မသုန် စိုက်ကြည့်လာခဲ့ပြီဖြစ်သည်။

သူ၏ လှုပ်ရှားမှုက အရမ်းကို မြန်ဆန်သည်။

စောစောကတင် သားရဲဧကရာဇ် ချိတ်မြွေက လေထဲမှာ ရှိနေဆဲဖြစ်သည်။

နောက်ခဏ၌ သားရဲဧကရာဇ် ချိတ်မြွေသည် သူ၏ အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲလိုက်ပြီဖြစ်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ ဘေးသို့ ရောက်ရှိလာခဲ့လေသည်။

သိုင်းတာအိုပင်မခန္ဓာက မည်သည့်အရာကိုမှ သတိမထားမိသည့်ပုံပင်။

ချိတ်မြွေမျိုးနွယ်က မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်အမျိုးအစားဖြစ်သည်။

သားရဲဧကရာဇ်နယ်ပယ်အထိ ကျင့်ကြံထားသော ချိတ်မြွေများမှာ အားနည်းချက် မရှိသလောက်နီးပါးပင်။ သူတို့၏ ခန္ဓာကိုယ်များက ဖျက်ဆီး၍မရနိုင်သော ပိန်းပိတ်အောင် နက်မှောင်နေသည့် ကြေးခွံများဖြင့် ပြည့်နှက်နေသည်။

တကယ်ဆို ကြေးခွံများကြားမှာ ထက်ရှသော ဆူးချွန်များပင် ရှိနေလေသည်။ သူတို့က အသားထဲကို ထိုးဖောက်လိုက်သည်နှင့် သူတို့သည် အထဲမှာ ခိုင်မာစွာ ကုပ်ယူထားပေလိမ့်မည်။

တကယ်တော့ ချိတ်မြွေမျိုးနွယ်၏ အသန်မာဆုံး တိုက်ခိုက်ခြင်းနည်းလမ်းက စိမ်းညို့ရောင်အလင်းဖြင့် တောက်ပနေသော သူ့အမြီးပေါ်ရှိ နှစ်ခွချိတ်ဆူး ဖြစ်လေသည်။ ၎င်းသည် အဆိပ်ဓာတ်ပြင်းထန်ပြီး ဖျက်ဆီး၍ မရနိုင်ဘဲ အရာရာတိုင်းကို ထိုးဖောက်နိုင်သည်။

သားရဲဧကရာဇ် ချိတ်မြွေက သိုင်းတာအိုပင်မခန္ဓာ၏ ဘေးသို့ ရောက်ရှိလာခဲ့သည်။ ဧရာမမြွေက ထိုသူကို ရစ်ပတ်ပြီး သူ့ကို အတင်းအကျပ် ဆွဲလိမ်နေ၏။

ထိုက်အာတောင်ကြောရိုးမှ သက်ရှိများစွာသည် အဲဒါကို ဆက်လက်၍ မကြည့်ရက်နိုင်တော့ပေ။

ဤသည်က ချိတ်မြွေမျိုးနွယ်၏ သတ်ဖြတ်ကွက်တစ်ကွက်ဖြစ်သည်။

သားရဲဧကရာဇ် ပညာရှင်များပင် ချိတ်မြွေ၏ ရစ်ပတ်မှုမှာ ကျဆင်းခံရဲလိမ့်မည် မဟုတ်ပေ။

ချိတ်မြွေများအနေဖြင့် ရစ်ပတ်ဖို့အတွက် ခွန်အားကို သိပ်ပြီး စိုက်ထုတ်နေစရာ မလိုအပ်ပေ။ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ဆူးချွန်များကပင် မည်သည့်သက်ရှိကိုမဆို ထိုးဖောက်ဆုတ်ဖြဲပစ်ဖို့ လုံလောက်နေသည်။

ချိတ်မြွေက ပစ်မှတ်တစ်ခုကို ရစ်ပတ်လိုက်သည်နှင့် ထိုပစ်မှတ်သည် သွေးရေအိုင်တစ်ခုအဖြစ် ဖျစ်ညှစ်ခံရလိမ့်မည်ဖြစ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကလည်း ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

မရေမတွက်နိုင်သော အကြည့်များက ဤမြင်ကွင်းကို စောင့်ကြည့်နေကြသည်။

နောက်ဆုံးမှာ တစ်ယောက်ယောက်က တစ်စုံတစ်ရာ လွဲမှားနေသည်ကို သတိထားမိသွားသည်။

သားရဲဧကရာဇ် ချိတ်မြွေ၏ အမူအရာက မူမှန်ပုံမရဘဲ သူ၏ မျက်လုံးအနက်ပိုင်းထဲတွင် ထိတ်လန့်တကြားအကြည့်တစ်ခုပင် ပေါ်ထွက်နေ၏။

သိုင်းတာအိုပင်မခန္ဓာက သေချာပေါက် သေရတော့မည်ဟု သက်ရှိများအားလုံးနီးပါးက တွေးထင်ထားကြသည်။

သားရဲဧကရာဇ် ချိတ်မြွေက မည်သည့်အရာနှင့် ရင်ဆိုင်နေရသည်ကို မည်သူကမှ မသိရှိကြပေ။

သူသည် ခရမ်းရောင်ဝတ်အမျိုးသားကို တကယ်ပင် ရစ်ပတ်ထားသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ ဆူးချွန်များက ခရမ်းရောင်ဝတ်အမျိုးသား၏ အသားကို မထိုးဖောက်နိုင်ပေ။

သူက ခွန်အားကို မည်သို့ပင် ထုတ်ဖော်သည်ဖြစ်စေ… သူ့ကြေးခွံပေါ်ရှိ ဆူးချွန်များက ထိုးဖောက်နိုင်ခြင်း မရှိပေ။

သူက ခွန်အားများစွာ ထုတ်ဖော်ထားရသောကြောင့် ဆူးချွန်တချို့ကပင် ကျိုးပဲ့ကုန်လေသည်။

သူက လူသားတစ်ဦးလား…

ဒီလူသားက ဒီလိုအသွေးအသားမျိုးရအောင် သူ့ရဲ့ခန္ဓာကိုယ်ကို ဘယ်လိုသန့်စင်မွမ်းမံထားတာလဲ…

သူသည် ယခုအချိန်ထိ သူ၏ လောကကို မဆင့်ခေါ်ရသေးလျှင်တောင် ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်များအနေဖြင့် သူ၏ ဧကရာဇ်နယ်ပယ်ကိုယ်ကာယနှင့် ရစ်ပတ်မှုကို ခုခံဖို့ သေချာပေါက် မဖြစ်နိုင်ပေ။

ဖြစ်နိုင်တာ ဒီလူက…

ဧကရာဇ်နယ်ပယ်ပညာရှင်…

သားရဲဧကရာဇ် ချိတ်မြွေက သူရင်ဆိုင်နေရသည်က မည်ကဲ့သို့သော ပြိုင်ဘက်ဖြစ်သည်ကို နောက်ဆုံးမှာ နားလည်သဘောပေါက်သွားသည်။

သို့သော်လည်း သူတုံ့ပြန်လာသည့် အချိန်မှာ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

“မင်းက ငါ့နားကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်ဆိုတော့ တကယ့်ကို သေချင်နေတာ ဖြစ်ရမယ်”

ခရမ်းရောင်ဝတ်အမျိုးသားက ပြောလိုက်သည်။

သူက ခြိမ်းခြောက်နေခြင်း သို့မဟုတ် သူ့ကို ဆက်သွယ်ပြောဆိုနေခြင်း မဟုတ်ပေ။ သူ့ဘာသာသူ တီးတိုးရေရွတ်နေသည်နှင့် ပိုတူသည်။

နောက်ခဏ၌…

ရုတ်တရက် သားရဲဧကရာဇ် ချိတ်မြွေသည် ခရမ်းရောင်ဝတ်အမျိုးသား၏ ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်ပေါ်လာသည့် သိပ်သည်းပြင်းထန်၍ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ခံစားမိလိုက်သည်။

အဲဒါက တားဆီး၍မရနိုင်သော မီးတောင်တစ်လုံး ပေါက်ကွဲထွက်ပေါ်လာသည်နှင့် တူသည်။

ဝုန်း…

အဲဒါက ကျယ်လောင်သော မြည်ဟည်းသံဖြစ်သည်။

ကြောက်စရာကောင်းသော စွမ်းအားနှင့်အတူ သူ၏ မျိုးဆက်သွေးကို လှည့်ပတ်လိုက်သော အသံဖြစ်သည်။ တောင်တန်းများက ပြိုကျသွားပြီး လောကက ချိုင့်ဝင်သွားသည့်အလားပင်။

အဆုံးမဲ့ သွေးချီက ပေါက်ကွဲထွက်ပေါ်လာပြီး သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်က ပြန့်ကားလာပုံရသည်။ သူက သူ၏ ခြေလက်များကို ဆန့်ပြီး သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။

ဖောက်…

လူတိုင်း၏ ရှေ့မှောက်မှာပင် သားရဲဧကရာဇ် ချိတ်မြွေ၏ ဧရာမခန္ဓာကိုယ်က ရုတ်တရက် အပိုင်းပိုင်းပေါက်ကွဲထွက်သွားလေသည်။ အသွေးအသားများက လေထဲမှာ ဖိတ်စင်ပြန့်ကျဲပြီး သွေးမြူတစ်ခုသာ ကျန်ရစ်ခဲ့သည်။

ဟာ…

သက်ရှိများစွာက ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်ပြီး ကြက်သေသေ၍ တုန်လှုပ်နေကြသည်။

သားရဲဧကရာဇ် ချိတ်မြွေက သေသွားပြီ…

သားရဲဧကရာဇ် ချိတ်မြွေ၏ အမြုတေစိတ်ဝိညာဉ်ကပင် သွေးမြူများကြားကနေ မလွတ်မြောက်နိုင်ခဲ့ပေ။

သွေးမြူက လျင်မြန်စွာ အငွေ့ပျံသွားပြီး သိုင်းတာအိုပင်မခန္ဓာ၏ ပုံပန်းသဏ္ဌာန်က ပြန်လည်ပေါ်ထွက်လာသည်။

သူက လေထဲသို့ လျင်မြန်စွာ ခုန်တက်ပြီး အောက်ဘက်မှာရှိသော သားရဲစစ်တပ်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

“ထိုက်အာတောင်ကြောရိုးကနေ ပြန်ဆုတ်သွားကြ… မဟုတ်ရင် သေရလိမ့်မယ်”

ဤသည်က တိုတောင်းသော စကားတစ်ခွန်းဖြစ်သည်။ သို့သော်လည်း သားရဲဧကရာဇ်တစ်ပါးကို ယခုတင် သတ်ဖြတ်ပြီးနောက် သူပိုင်ဆိုင်လာသော အော်ရာကြောင့် ဘယ်သူက အဲဒါကို လျစ်လျူရှုရဲမှာလဲ။

ဘီလီယံနှင့်ချီသော သားရဲများထဲ ဘယ်သူက မကြောက်ဘဲ နေမှာလဲ။

အပြာရောင်အဖွဲ့နှင့် အရှေ့ဘက်အရိုင်းနယ်မြေသည် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပြီး ကမ္ဘာပျက်မြင်ကွင်းများကြားမှာ အဖွဲ့အစည်းနှစ်ခုမှ ဧကရာဇ်ပညာရှင်များ တိုက်ခိုက်ခဲ့ကြသော တိုက်ပွဲပေါင်းများစွာ ရှိခဲ့လေသည်။

ထိုသို့ဆိုလျှင်တောင် ဧကရာဇ်ပညာရှင်များက သေဆုံးတတ်ခဲလေသည်။

ယေဘုယျအားဖြင့် ပြောရလျှင် အပြာရောင်အဖွဲ့နှင့် အရှေ့ဘက် အရိုင်းနယ်မြေကြား ဧကရာဇ်တိုက်ပွဲများမှာ သူတို့၏ သက်ဆိုင်ရာနယ်ပယ်အလိုက် ပညာရှင်များက အချင်းချင်း တိုက်ခိုက်ကြပေလိမ့်မည်။

ဥပမာအားဖြင့် တျဲယွဲ့သည် အပြာရောင်အဖွဲ့ဘက်မှ အထွတ်အထိပ်ဧကရာဇ်များကို ခုခံတားဆီးဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားပေလိမ့်မည်။

အပြာရောင်အဖွဲ့မှာရှိသော အန္တိမသားရဲဧကရာဇ်များကတော့ သူတို့သည် အရှေ့ဘက် အရိုင်းနယ်မြေဘက်မှ အန္တိမသားရဲဧကရာဇ်များနှင့် ဆန့်ကျင်တိုက်ခိုက်ပေလိမ့်မည်။

သာမန်သားရဲဧကရာဇ်များကလည်း သူတို့၏ သက်ဆိုင်ရာနယ်ပယ်အချင်းချင်း တိုက်ခိုက်ကြပေလိမ့်မည်။

ကျင့်ကြံမှုနယ်ပယ်တူနေသည့်အတွက် ဧကရာဇ်နယ်ပယ်တိုက်ပွဲတစ်ခုမှာ ရလဒ်တစ်ခုကို ဆုံးဖြတ်နိုင်ဖို့က လွယ်ကူသော်လည်း သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်ဖို့က ခဲယဉ်းလေသည်။

ဧကရာဇ်ပညာရှင်များက အခြေအနေမဟန်တော့ဘူးဆိုတာ တွေ့မြင်မည်ဆိုလျှင် သူတို့က နောက်သို့ဆုတ်ခွာသွားနိုင်လေသည်။

သို့သော်လည်း ယခု အပြာရောင်အဖွဲ့သည် ကြီးမားကျယ်ပြန့်စွာဖြင့် ကျူးကျော်ဝင်ရောက်လာခဲ့သည်။ နှစ်ဦးနှစ်ဖက်စလုံးက ထိတွေ့ရိုက်ခတ်မိသည့် ခဏမှာပင် အပြာရောင်အဖွဲ့ဘက်မှ သားရဲဧကရာဇ်တစ်ပါးက သေဆုံးသွားသည်။

ဒါ့အပြင် ဖြစ်စဉ်တစ်ခုလုံးက အရမ်းကို လျင်မြန်သွားနှင့် ရုတ်တရက်ဆန်စွာ ဖြစ်ပွားခဲ့လေသည်။

အဲဒါက အရံသင့် သတ်ဖြတ်ခြင်းနီးပါး ဖြစ်ခဲ့သည်။

ထိုအခိုက်အတန့်မှာ အပြာရောင်အဖွဲ့ဘက်မှ ဘီလီယံနှင့်ချီသော သားရဲများ၏ စစ်တပ်က ကြောက်ရွံ့လာပြီး ရှေ့သို့မတက်ရဲတော့ပေ။ သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ အော်ရာဖြင့် ခြိမ်းခြောက်ခံလိုက်ရသည်။

သိုင်းတာအိုပင်မခန္ဓာကတော့ သူသည် ကောင်းကင်ထက်သို့ ရောက်ရှိလာပြီး သားရဲဧကရာဇ် နဝယင်နှင့် အခြားသူများကို တားဆီးလိုက်သည်။

တုန်လှုပ်စရာအကောင်းဆုံးအရာမှာ သိုင်းတာအိုပင်မခန္ဓာသည် သားရဲဧကရာဇ် ၂၀ကျော်ကျော်နှင့် တစ်ယောက်တည်း ရင်ဆိုင်နေသော်လည်း သူက အော်ရာချင်းယှဉ်ရာမှာ အရေးနိမ့်ခြင်း မရှိပေ။

“မင်းက ဘယ်သူလဲ”

သားရဲဧကရာဇ် နဝယင်က မလှမ်းမကမ်းမှာရှိသော သိုင်းတာအိုပင်မခန္ဓာကို ကြည့်ပြီး မေးလိုက်သည်။

“အထီးကျန်သိုင်းသခင်”

သိုင်းတာအိုပင်မခန္ဓာက ပြန်ဖြေလိုက်သည်။

“အဲဒါ ဘယ်သူလဲ”

သားရဲဧကရာဇ် နဝယင်၏ နှုတ်ခမ်းထောင့်က အထင်မြင်သေးသော အမူအရာနှင့်အတူ ကွေးညွှတ်သွားလေသည်။

“ကိစ္စမရှိပါဘူး”

သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။

ဒီနေ့ကစပြီး ငါ့ရဲ့ တာအိုဘွဲ့က မင်းတို့တွေအတွက် တဗူးတစ်ခု ဖြစ်လာလိမ့်မယ်”

ထိုစကားလုံးသည် သက်ရှိများစွာအတွက် အလွန်တရာ မောက်မာခက်ထန်နေ၏။

ထိုအခိုက်အတန့်မှာ ထိုစကားလုံးများက အနာဂတ်အတွက် ရည်ရွယ်သည်ကို မည်သူကမှ နားမလည်ကြသေးပေ။

အခြားတစ်ဖက်မှာရှိသော သားရဲဧကရာဇ်များက မှင်တက်သွားကြ၏။

“ဟားဟားဟား…”

သိပ်မကြာခင် သားရဲဧကရာဇ်များက တုံ့ပြန်ပြီး ဟားတိုက်ရယ်မောလိုက်ကြသည်။

သားရဲဧကရာဇ် နဝယင်က ပို၍ပင် အထင်အမြင်သေးနေပြီး လှောင်ပြောင်သရော်မှုဖြင့် ပြည့်နှက်နေသော အကြည့်နှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို ကြည့်နေ၏။

ဤခရမ်းရောင်ဝတ်အမျိုးသားက တကယ့်ကို မိုက်မဲနုံအလွန်းသည်။

“ငါတို့ရဲ့ တဗူး ဖြစ်လာမှာလား”

သားရဲဧကရာဇ် နဝယင်က သူ၏ ခေါင်းကို ခါပြီး ပြုံးပြလိုက်၏။

“မိုက်မဲတဲ့ လူသား… မင်းရဲ့ ပြိုင်ဘက်က ဘယ်သူတွေဆိုတာကို မင်းလုံးဝ မသိသေးဘူးပဲ… အပြာရောင်အဖွဲ့က ဘယ်လောက်ထိ စွမ်းအားကြီးမားလဲဆိုတာ မင်းစဉ်းစားကြည့်နိုင်မှာ မဟုတ်ဘူး”

“ငါတို့တွေက သွေးလိပ်ပြာကိုတောင်မှ ဂရုမစိုက်ခဲ့တာ… မင်းက ဘယ်သူမို့လို့လဲ”

All Chapters