နဝယင်ကို သတ်ဖြတ်ခြင်း
Vol. 197 Ch. 2950
နဝယင်သည် မည်သို့ပင်ဆိုစေ အန္တိမသားရဲဧကရာဇ်တစ်ပါးဖြစ်သည်။ သူ၏ သွေးချီက တုန်လှုပ်စရာကောင်းပြီး သူ၏ ကိုယ်ကာယက အတော်လေး သန်မာလေသည်။ ဒါ့အပြင် သူသည် အပြာရောင်အဖွဲ့ကနေလာသည်။
သူသည် အဝီစိဂိတ်တံခါးမှာ ကျဆင်းသွားပြီး အဝီစိမိစ္ဆာချီနှင့် ရစ်ပတ်ခံရကာ ငရဲမီးဖြင့် လောင်ကျွမ်းခံနေရသည်ဆိုလျှင်တောင် သူက လုံးလုံးလျားလျား ဖိနှိမ်မခံရပေ။
သားရဲဧကရာဇ်နဝယင်သည် အဝီစိဂိတ်တံခါးထဲမှာ အဆက်မပြတ်ရုန်းကန်ပြီး ရုန်းထွက်ချင်နေသည်ကို သိုင်းတာအိုပင်မခန္ဓာက ရှင်းရှင်းလင်းလင်း အာရုံခံမိနိုင်သည်။
မည်သို့ပင်ဆိုစေ သူတို့၏ ကျင့်ကြံမှုနယ်ပယ် ကွာဟချက်က ကြီးမားနေဆဲဖြစ်သည်။
အဝီစိဂိတ်တံခါး၏ ဓမ္မတာအိုသည် ယခုအချိန်အထိ အန္တိမသားရဲဧကရာဇ်တစ်ပါးကို သတ်ဖြတ်နိုင်သည့်အဆင့်ထိ မရောက်ရှိသေးပေ။
သားရဲဧကရာဇ်နဝယင်၏ စူးစူးဝါးဝါးအော်သံသည် ငရဲမီးကနေ သူ့ထံ ဆောင်ကြဉ်းပေးလာသည့် နာကျင်မှုကြောင့်ဖြစ်သည်။
ငရဲမီးမှာ သက်ရှိပေါင်းများစွာ၏ အစစ်မှန်နာကျင်မှုစိတ်ဆန္ဒတို့ ပါဝင်နေ၏။ ၎င်းသည် သားရဲဧကရာဇ်နဝယင်ကို ဒဏ်ရာအပြင်းအထန် မရရှိစေနိုင်လျှင်တောင် သူ့ကို သေချင်စိတ်ပေါက်လာအောင် ပြုလုပ်နိုင်ဆဲဖြစ်သည်။
သားရဲဧကရာဇ်နဝယင်သည် ဤတံခါးထဲမှာ ကျဆင်းခြင်းမျှက အသက်အန္တရာယ်မရှိသည်ကို သိရှိထားသည်။
သို့သော်လည်း သူက ဤနေရာမှာ ဆက်နေမည်ဆိုလျှင် သူ၏ စိတ်စွမ်းအားနှင့် တာအိုနှလုံးသားက အရင်ဆုံး လဲပြိုကျသွားပေလိမ့်မည်။
ထိုသို့အတွေးဖြင့် သားရဲဧကရာဇ်နဝယင်၏ မျက်လုံးထဲတွင် ပြတ်သားသော အကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။
သူသည် သူ၏ လောကအကြီးကို သန့်စင်ကာ ဤနေရာကနေ ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေးကို ရှာချင်သည်။
သူ၏ လောကအကြီးက ကြေမွသွားမည်ဆိုလျှင်တောင် သူသည် အပြာရောင်အဖွဲ့ထံသို့ ပြန်လည်ရောက်ရှိသည်နှင့်အမျှ သူသည် များပြားလှစွာသော အရင်းအမြစ်များကို ရရှိပြီး သူ၏ လောကအကြီးကို ပြုပြင်နိုင်ဦးမည်ဖြစ်သည်။
ဝုန်း…
အဝီစိထဲကနေ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာ၏။
သိပ်သည်းပြင်းထန်၍ ကြမ်းကြုတ်ခက်ထန်သော စွမ်းအားတစ်ခုက အဝီစိဂိတ်တံခါးထဲကနေ ပစ်လွင့်ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးမီးဖိုကို ရိုက်ခတ်လိုက်၏။
သိပ်သည်းပြင်းထန်သော စွမ်းအားက အဝီစိဂိတ်တံခါးကို ကြေမွသွားစေရုံသာမက ကောင်းကင်နှင့်မြေကြီးမီးဖိုကလည်း ဘာမှမကျန်ရှိတော့ဘဲ သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်က ပြန်လည်ပေါ်ထွက်လာသည်။
သားရဲဧကရာဇ်နဝယင်သည် အဝီစိဂိတ်တံခါးကနေ ချိုးဖျက်ပြီး လွတ်မြောက်လာခဲ့သည်။ သူ၏ ဂမ္ဘီရဖုန့် ဦးခေါင်းကိုးလုံးနှင့် နီရဲနေသော ဖုန့်မျက်လုံး ၁၈ လုံးက ကြမ်းကြုတ်ခက်ထန်သော အော်ရာနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေ၏။
“ဂီး…”
သားရဲဧကရာဇ်နဝယင်၏ ဂမ္ဘီရဖုန့် ဦးခေါင်းကိုးလုံးက သူတို့၏ ခေါင်းများကိုမော့ပြီး တစ်ချိန်တည်းမှာ ဟိန်းဟောက်ကာ လောကတစ်ခွင် ပဲ့တင်ထပ်စေသည့် အော်ဟစ်သံကို ထွက်ပေါ်လာစေပြီး ကျောက်တုံးများ၊ သတ္တုများကို ထိုးဖောက်လိုက်လေသည်။
ဤသည်ကား သားရဲဧကရာဇ် နဝယင်၏ အသံပိုင်းလျှို့ဝှက်အတတ်ဖြစ်သည်။
အသံပိုင်းလျှို့ဝှက်အတတ်၏ ရိုက်ခတ်မှုမှာ သိုင်းတာအိုပင်မခန္ဓာသည် လုံးဝသက်ရောက်မခံရသည့်အလား လှုပ်ရှားယိမ်းယိုင်ခြင်း မရှိပေ။
သူ၏ ကိုယ်ကာယက အရမ်းကို သန်မာသည်။
အတိအကျဆိုရလျှင် သူ၏ ခန္ဓာကိုယ်က အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူပင်ဖြစ်သည်။
ငဲ့ကွက်စရာတချို့ကြောင့် သိုင်းတာအိုပင်မခန္ဓာအနေဖြင့် အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူကို ရွေးချယ်စရာမရှိသရွေ့ ထုတ်ဖော်လိမ့်မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင်တောင် အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူ၏ တည်ရှိမှုသည် တိုက်ခိုက်မှု၏ ပျက်စီးထိခိုက်မှု ထက်ဝက်ကျော်ကို ခုခံပေးရန် သိုင်းတာအိုပင်မခန္ဓာကို ကူညီပေးနိုင်ဆဲဖြစ်သည်။
သားရဲဧကရာဇ်နဝယင်၏ အော်ဟစ်သံကြားမှာ သိုင်းတာအိုပင်မခန္ဓာက ငရဲဖိနှိမ်မီးဖိုကို ကိုင်စွဲပြီး ခြေလှမ်းကျဲကြီးများဖြင့် သားရဲဧကရာဇ်နဝယင်ထံ လျှောက်လှမ်းသွားလေသည်။
တစ်ခဏချင်းမှာပင် သိုင်းတာအိုပင်မခန္ဓာက ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ရွှစ်… ရွှစ်… ရွှစ်…
သားရဲဧကရာဇ်နဝယင်က ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်ကနေ နီရဲနေသော တောင်ပံများက ကွာကျလာ၏။ သူတို့က လေထုကို ဆုတ်ဖြဲပြီး မီးတောက်များအဖြစ် လောင်ကျွမ်းနေသော လှံရှည်များအသွင် ပြောင်းလဲသွားပုံရကာ ကောင်းကင်တစ်ခွင် အုပ်မိုးလာခဲ့သည်။
ထိုတိုက်ခိုက်မှုသည် အရမ်းကို ကြမ်းကြုတ်ခက်ထန်ပြီး သိုင်းတာအိုပင်မခန္ဓာကို ရှောင်တိမ်းခွင့်မပေးပေ။
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က တောက်လောင်ပြင်းပြလာပြီး သူက ငရဲဖိနှိမ်မီးဖိုကို ကိုင်မြှောက်ကာ ဝင်ရောက်လာသော တောင်ပံများကို ရိုက်ချလိုက်၏။
ချွင်… ချွင်… ချွင်…
နီရဲနေသော တောင်ပံများသည် ငရဲဖိနှိမ်မီးဖိုနှင့် ရိုက်ခတ်မိသောအခါ သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာပြီး မီးပွားများက စင်ထွက်သွား၏။
ငရဲဖိနှိမ်မီးဖိုတစ်ခုတည်းက တောင်ပံပေါင်းထောင်ချီကို လုံးဝမခုခံနိုင်ပေ။
နီရဲနေသော တောင်ပံများစွာသည် သိုင်းတာအိုပင်မခန္ဓာပေါ်သို့ ဆင်းသက်လာဆဲဖြစ်သော်လည်း သူတို့က သူ၏ ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ပေ။ အလွန်ဆုံး သူတို့သည် သူ၏ ခရမ်းရောင်ဝတ်ရုံကို ဆုတ်ဖြဲပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ ခပ်တိမ်တိမ် သွေးရောင်ဒဏ်ချက်တချို့ ကျန်ရစ်ခဲ့စေရုံသာဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာ၏ ကိုယ်ကာယအရ ဤကဲ့သို့သော ထိခိုက်ဒဏ်ရာများကို တစ်ခဏချင်းမှာပင် ပြန်လည်ကုသနိုင်သည်။
ထိုသည်ကို တွေ့မြင်သောအခါ သားရဲဧကရာဇ်နဝယင်သည် အခြေအနေမကောင်းတော့သည်ကို နားလည်သဘောပေါက်လာခဲ့သည်။
အစကတော့ သူသည် သိုင်းတာအိုပင်မခန္ဓာက သူ၏ ဝှက်ဖဲများအားလုံးကို အသုံးပြုပြီးနောက် လမ်းဆုံးကို ရောက်ရှိနေပြီဟု တွေးထင်ခဲ့သည်။ သူသည် သိုင်းတာအိုပင်မခန္ဓာကို သတ်ဖြတ်ဖို့အတွက် သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးကိုပင် အသုံးချလိုခဲ့သည်။
သို့သော် ယခု သူသည် အနီးကပ်တိုက်ခိုက်ရည်မှာ မည်သည့်အသာစီးမှ မရရှိနိုင်လောက်သည်ကို နားလည်သဘောပေါက်လာခဲ့၏။
အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..
အားနည်းသော လူသားတစ်ယောက်က ဒီအဆင့်ထိ ဘယ်လိုလုပ် ကျင့်ကြံနိုင်ခဲ့တာလဲ။
ဖောက်… ဖောက်…
သားရဲဧကရာဇ်နဝယင်က ငေးငိုင်နေစဉ်မှာပင် သိုင်းတာအိုပင်မခန္ဓာက အနားကို ချဉ်းကပ်လာခဲ့ပြီဖြစ်သည်။ သူက သူ၏ ဘယ်ဘက်လက်နှင့် ပစ်ထိုးပြီး ညာဘက်လက်က ငရဲဖိနှိမ်မီးဖိုကို ကိုင်မြှောက်ကာ သားရဲဧကရာဇ်နဝယင်၏ ဂမ္ဘီရဖုန့် ဦးခေါင်းနှစ်လုံးကို ဖောက်ခွဲဖျက်ဆီးလိုက်၏။
လေထဲမှာ သွေးမြူတစ်ခု ပျံ့နှံ့သွား၏။
“အား…”
သားရဲဧကရာဇ်နဝယင်က နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။
သူသည် ဂမ္ဘီရဖုန့် ဦးခေါင်းနှစ်လုံးကို ဆုံးရှုံးလိုက်ရသော်လည်း သူက အသက်အန္တရာယ်မရှိပေ။
သူ၏ ဂမ္ဘီရဖုန့် ဦးခေါင်းကိုးလုံးက အလွန်တရာ ဂမ္ဘီရဆန်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်သည် ထိုဦးခေါင်းများကြားမှာ အဆက်မပြတ် ကူးပြောင်းနိုင်လေသည်။
ဂမ္ဘီရဖုန့် ဦးခေါင်းကိုးလုံးစလုံးက ဖျက်ဆီးမခံရသရွေ့ သူသည် ပျက်စီးသွားသော ဦးခေါင်းများကို ပြန်ပေါက်စေနိုင်သည်။
ထိုသို့ဆိုလျှင်တောင် သားရဲဧကရာဇ်နဝယင်သည် သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်လက်၍ မတိုက်ခိုက်လိုတော့ပေ။
“နောက်ဆုတ်ကြမယ်”
သားရဲဧကရာဇ်နဝယင်က တိုက်ပွဲနယ်မြေကနေ ထွက်ခွာလိုပြီး သားရဲဧကရာဇ် စိတ်ဝိညာဉ်ဦးချို ဖေးလျန်နှင့် ဟို့တူတို့ ရှိရာဘက်သို့ လှည့်ထွက်လိုက်၏။
“ထွက်သွားချင်တာလား”
ယခုအချိန်မှာ သိုင်းတာအိုပင်မခန္ဓာသည် အသာစီးရရှိလာပြီး သူ၏ အော်ရာက သိပ်သည်းအားကောင်းနေ၏။ သူက အထွတ်အမြတ်ဝိညာဉ်လေးခုကို ထိန်းချုပ်ပြီး သားရဲဧကရာဇ်နဝယင်၏ ထွက်လမ်းကို ပိတ်ဆို့တားဆီးလိုက်၏။
ယခုတင် ကြေမွပျက်စီးသွားသော သားရဲဧကရာဇ်နဝယင်၏ ဦးခေါင်းများပေါ်ရှိ ဒဏ်ရာများက သွေးတိတ်သွားပြီဖြစ်ပြီး အသားနုများပင် စတင်ထွက်ပေါ်လာပြီဖြစ်သည်။
နောက်ထပ် အနည်းငယ်ကြာလျှင် သူ၏ ဦးခေါင်းနှစ်လုံးက အသစ်ပြန်ပေါက်လာပေလိမ့်မည်။
သားရဲဧကရာဇ်နဝယင်၏ ဂမ္ဘီရဖုန့် ဦးခေါင်းသုံးလုံးကို အချိန်တိုအတွင်းမှာ ဖျက်ဆီးပစ်ခြင်းဖြင့်သာ ထိုအန္တိမသားရဲဧကရာဇ်ကို အမှန်တကယ် သတ်ဖြတ်နိုင်မည်ဖြစ်သည်။
အထွတ်အမြတ်ဝိညာဉ်လေးခု၏ ပိတ်ဆို့တားဆီးမှုအောက်မှာ သားရဲဧကရာဇ်နဝယင်က ခဏကြာ ပိတ်မိနေ၏။ သိုင်းတာအိုပင်မခန္ဓာက လေထဲကနေ ဆင်းသက်လာပြီး သူ၏ လက်သီးနှင့် မီးဖိုကို လွှဲယမ်းကာ ကျန်ရှိနေသော ဦးခေါင်းခုနှစ်လုံးထံ ပစ်ရိုက်ချလိုက်၏။
ဖောက်… ဖောက်… ဖောက်… ဖောက်…
နှစ်ဦးနှစ်ဖက်စလုံးက နောက်တစ်ဖန် တိုက်ခိုက်လိုက်ကြ၏။
အနီးကပ်တိုက်ခိုက်ရည်မှာ သားရဲဧကရာဇ်နဝယင်သည် သိုင်းတာအိုပင်မခန္ဓာကို လုံးဝ မယှဉ်နိုင်တော့ပေ။ အသက်ရှူချိန် အနည်းငယ်မျှမှာ ဂမ္ဘီရဖုန့် ဦးခေါင်းလေးလုံးက နောက်တစ်ဖန် ကြေမွပျက်စီးသွား၏။
ထိုအခိုက်အတန့်မှာ သားရဲဧကရာဇ်နဝယင်က နောက်ဆုံး ထိတ်လန့်တကြား ဖြစ်လာခဲ့သည်။
သူ့မှာ ဦးခေါင်းသုံးလုံးသာလျှင် ကျန်တော့လေသည်။
ယခုတွင် ကြေမွပျက်စီးသွားသော ဦးခေါင်းခြောက်လုံးကိုတော့ သူက လောလောဆယ်မှာ ပြန်လည်မထွက်ပေါ်စေလာနိုင်သေးပေ။
ကျန်ရှိနေသော ဦးခေါင်းသုံးလုံးက သိုင်းတာအိုပင်မခန္ဓာ၏ ခြေမွှဖျက်ဆီးခြင်းခံရမည်ဆိုလျှင် သူ၏ အမြုတေစိတ်ဝိညာဉ်က မှီခိုစရာနေရာ မရှိတော့ဘဲ လုံးလုံးလျားလျား ထွက်ပေါ်လာပေလိမ့်မည်။
“စိတ်ဝိညာဉ်ဦးချို… ဖေးလန်… ဟို့တူ… ငါ့ကို မြန်မြန်လာကူကြဦး”
သားရဲဧကရာဇ်နဝယင်သည် သူ၏ ဂုဏ်သိက္ခာကို ဆက်လက်၍ မငဲ့ကွက်နိုင်တော့ဘဲ အလောတကြီး အော်ဟစ်အကူအညီတောင်းလိုက်ရသည်။
သူတို့အားလုံးက အန္တိမသားရဲဧကရာဇ်များဖြစ်သော်လည်း သူသည် အပြာရောင်အဖွဲ့ထံမှလာပြီး သူ့ကိုယ်သူ အခြားသူများထက် များစွာပိုမိုမြင့်မြတ်သည်ဟု အမြဲတမ်း မှတ်ယူထားသည်။ ထို့ကြောင့် သူက စောစောက အကူအညီမတောင်းခဲ့ခြင်းဖြစ်သည်။
ထိုအခိုက်အတန့်မှာ သူက ဆက်လက်၍ ဂရုမစိုက်နိုင်တော့ပေ။
ဖောက်…
သားရဲဧကရာဇ်နဝယင်က အော်ဟစ်အကူအညီတောင်းလိုက်သည့်အချိန်မှာပင် သူ၏ ဦးခေါင်းတစ်လုံးက သိုင်းတာအိုပင်မခန္ဓာ၏ ခြေမွှဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
အကြည့်ပေါင်းများစွာရှေ့မှာ သိုင်းတာအိုပင်မခန္ဓာ၏ သေးငယ်ပုံရသော ခန္ဓာကိုယ်က သားရဲဧကရာဇ်နဝယင်၏ ကြီးမားသောခန္ဓာကိုယ်ပေါ်သို့ နင်းတက်ပြီး ငရဲဖိနှိမ်မီးဖိုကို ကိုင်မြှောက်ကာ အပေါ်ကနေ အဆက်မပြတ် ရိုက်ချနေ၏။
သားရဲဧကရာဇ်နဝယင်က ဘယ်လိုပင် ရုန်းကန်သည်ဖြစ်စေ… သူသည် သိုင်းတာအိုပင်မခန္ဓာကို ခါမချနိုင်ပေ။
ငရဲဖိနှိမ်မီးဖိုက တစ်ကြိမ်ကျဆင်းလာတိုင်း အသွေးအသားများက တုန်လှုပ်စရာကောင်းသောပုံစံဖြင့် ဘေးဘက်ကို ဖိတ်စင်ပြန့်ကျဲသွားတတ်သည်။
ဝုန်း… ဝုန်း…. ဝုန်း…
အန္တိမသားရဲဧကရာဇ်သုံးပါးဖြစ်သော စိတ်ဝိညာဉ်ဦးချို ဖေးလျန်၊ ဟို့တူတို့က အဆက်မပြတ် ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်ပြီး နတ်ဆင်နှင့် အမြီးကိုးချောင်းတို့ကို ယာယီအားဖြင့် တွန်းလှန်ထုတ်ကာ သားရဲဧကရာဇ်နဝယင်ကို ကူညီပေးဖို့ ပြင်လိုက်ကြ၏။
သို့သော်လည်း သူတို့ လှည့်ထွက်လိုက်သည့်အချိန်မှာပင် သားရဲဧကရာဇ်နဝယင်၏ နောက်ဆုံး ဂမ္ဘီရဖုန့်ဦးခေါင်းက သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် အပိုင်းပိုင်းကြေမွသွားသည်ကို တွေ့မြင်လိုက်ရသည်။
သွေးမြူခိုးများကြားမှာ သားရဲဧကရာဇ်နဝယင်၏ အမြုတေစိတ်ဝိညာဉ်က သူတို့သုံးယောက် ရှိရာသို့ ပြေးထွက်လာ၏။
အန္တိမသားရဲဧကရာဇ်သုံးဦးက သူရှိရာဘက်သို့ အလောတကြီး ပြေးဝင်လာကြလေသည်။
သိုင်းတာအိုပင်မခန္ဓာက သူ့နောက်သို့ ပြေးလိုက်လာခြင်း မရှိပေ။
သူက သူ၏ သိုလှောင်အိတ်ထဲကနေ ဝိညာဉ်မီးအိမ်ကိုသာ ထုတ်ယူပြီး လေဖြင့် ညင်သာစွာ မှုတ်လိုက်၏။
ရွှေရောင်မီးတောက်တစ်ခုက တဟုန်ထိုးတိုးထွက်လာပြီး သားရဲဧကရာဇ်နဝယင်၏ အမြုတေစိတ်ဝိညာဉ်ပေါ် ဆင်းသက်သွား၏
“အား…”
သားရဲဧကရာဇ်နဝယင်၏ နောက်ဆုံးအကြိမ် အော်ဟစ်သံက ထွက်ပေါ်လာခဲ့သည်။
သူက အန္တိမသားရဲဧကရာဇ်သုံးဦးရှေ့သို့ ရောက်ရှိလာသည့်ခဏမှာပင် သူ၏ အမြုတေစိတ်ဝိညာဉ်က ဝိညာဉ်မီးအိမ်၏ မီးတောက်များဖြင့် လောင်ကျွမ်းပြာကျသွားပြီး သူက သေဆုံးသွားတော့သည်။