← Chapters

တိုက်ပွဲပြီးဆုံးသွားခြင်း

Vol. 197 Ch. 2951

တိုက်ပွဲပြီးဆုံးသွားခြင်း

Vol. 197 Ch. 2951

အန္တိမသားရဲဧကရာဇ်သုံးဦးဖြစ်သော စိတ်ဝိညာဉ်ဦးချို၊ ဖေးလန်နှင့် ဟို့တူတို့က ဘာမှမတတ်နိုင်ဘဲကြည့်နေရပြီး သားရဲဧကရာဇ်နဝယင်၏ အမြုတေစိတ်ဝိညာဉ်က ရွှေရောင်မီးတောက်များဖြင့် သေသည့်တိုင်အောင် လောင်ကျွမ်းခံလိုက်ရသည်။

ရွှေရောင်မီးတောက်များက အမြုတေစိတ်ဝိညာဉ်ကို အထူးတလည်ပစ်မှတ်ထားပြီး သူတို့၏ ခွန်အားနှင့် အဲဒါကို မငြှိမ်းသတ်နိုင်ပေ။ အရှေ့ဘက်အရိုင်းနယ်မြေနှင့် အပြာရောင်အဖွဲ့မှ သက်ရှိပေါင်းများစွာသည် ဖြစ်ပျက်နေသမျှကို‌ တွေ့မြင်သောအခါ သူတို့က တုန်လှုပ်နေသောအမူအရာများနှင့်အတူ တိုက်ခိုက်ခြင်းနှင့်သတ်ဖြတ်ခြင်းများကို တဖြည်းဖြည်းရပ်တန့်လိုက်ကြသည်။

အန္တိမသားရဲဘုရင်တစ်ပါးသည် အထီးကျန်သိုင်းသခင်၏ လက်ထဲမှာ ဤကဲ့သို့ပင် သေဆုံးသွားရသည်။ အရှေ့ဘက်အရိုင်းနယ်မြေနှင့် အပြာရောင်အဖွဲ့သည် နှစ်ပေါင်းများစွာတိုက်ခိုက်ခဲ့ကြပြီး အကြိမ်ရေအတော်များများ ထိတွေ့ဖလှယ်ခဲ့ကြသည်။ မရေမတွက်နိုင်သော သားရဲစစ်သည်များနှင့် သားရဲစစ်ဗိုလ်များက သေဆုံးခဲ့ကြသည်။ သားရဲဘုရင်များပင်လျှင် ချမ်းသာရာမရဘဲ ပြင်းထန်သောသေကြေပျက်စီးထိခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

သို့သော်လည်း ဧကရာဇ်နယ်ပယ်ထိ ကျင့်ကြံပြီးနောက် သက်ရှိတစ်ဦးသေဆုံးဖို့က ခဲယဉ်းသွားခဲ့ပြီဖြစ်သည်။

ဒါ့အပြင် ထိုသူက အန္တိမသားရဲဧကရာဇ်တစ်ပါးဖြစ်သည်။

ထပ်ပြီး တိတိကျကျပြောရလျှင် ထိုသူသည် အပြာရောင်အဖွဲ့မှ အန္တိမသားရဲဧကရာဇ်တစ်ပါးဖြစ်သည်။

အန္တိမသားရဲဧကရာဇ်သုံးပါးဖြစ်သော စိတ်ဝိညာဥ်ဦးချို၊ ဖေးလန်နှင့် ဟို့တူတို့၏ အမူအရာများက ပျက်ယွင်းနေပြီး မလှမ်းမကမ်းမှာရှိသော သိုင်းတာအိုပင်မခန္ဓာကို စိုးရိမ်ပူပန်နေသောအမူအရာများဖြင့် စိုက်ကြည့်နေကြ၏။

လူတိုင်းက ဤလူကို လျှော့တွက်မိခဲ့ကြသည်။

အထီးကျန်သိုင်းသခင်သည် လူတိုင်း၏ ရှေ့မှောက်မှာ သားရဲဧကရာဇ်နဝယင်ကို သတ်ဖြတ်နိုင်ခဲ့သည့်အချက်သည် ဤလူက သူတို့ကိုလည်း သတ်ဖြတ်နိုင်သည်ဟု အဓိပ္ပါယ်ရနေနေသည်။

အရှေ့ဘက်အရိုင်းနယ်မြေဘက်မှာ နတ်ဆင်၊ အမြီးကိုးချောင်းနှင့် အခြားသော သားရဲဧကရာဇ်များကလည်း သိုင်းတာအိုပင်မခန္ဓာကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြ၏။

တျဲယွဲ့သည် သိုင်းတာအိုပင်မခန္ဓာကို ထိုက်အာတောင်ကြောရိုး၏ အရှင်ဘွဲ့ကို ပေးအပ်ထားခါစဖြစ်သည်။

ဒါ့အပြင် ထိုသူသည် လိပ်ပြာတောင်ကြား၏ ပင်မခန်းမထဲမှာ သူ၏ ခွန်အားကို တစ်ခါထုတ်ဖော်ပြသခဲ့ဖူးသည်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်ရည်ခွန်အားက ထိုအဆင့်ထိ ရောက်ရှိနေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

သူသည် သာမန်သားရဲဧကရာဇ်ခြောက်ပါးကို သတ်​ဖြတ်ပြီး သူတို့ထဲမှဆယ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို တွန်းလှန်ထုတ်နိုင်ခဲ့ရုံသာမက သူသည် အပြာရောင်အဖွဲ့မှ သားရဲဧကရာဇ်နဝယင်ကိုပင် နေရာမှာတင် သတ်ဖြတ်ပစ်လိုက်သည်။

ဒီလိုမျိုးနည်းလမ်းတွေက...။

အန္တိမသားရဲဧကရာဇ်သုံးပါးဖြစ်သော စိတ်ဝိညာဥ်ဦးချို၊ ဖေးလန်နှင့် ဟို့တူတို့၏ မျက်လုံးများက တဖျပ်ဖျပ်ဖြစ်လာပြီး သူတို့က စဥ်းစားတွေးတောနေကြ၏။

တိုက်ပွဲ၏ ဤအဆင့်အရောက်မှာ အထီးကျန်သိုင်းသခင်၏ ရုတ်တရက်ပေါ်ထွက်လာမှုကြောင့် အခြေအနေတစ်ရပ်လုံးက လုံးလုံးလျားလျားပြောင်းလဲသွားပြီး သူတို့မှာ အားသာချက်ဆက်လက်၍မရှိတော့ပေ။

အန္တိမသားရဲဧကရာဇ်တိုက်ပွဲနယ်မြေမှာ သူတို့သုံးယောက်က ကျန်ရှိနေဆဲဖြစ်သည်။

သို့သော်လည်း သူတို့သည် နတ်ဆင်၊ အမြီးကိုးချောင်းနှင့် လျှို့ဝှက်ဆန်းကြယ်သော အထီးကျန်သိုင်းသခင်ကို ယခုအချိန်ထိ မကိုင်တွယ်နိုင်သေးပေ။

အပြာရောင်အဖွဲ့ဘက်မှာ သာမန်သားရဲဧကရာဇ်များ၏ အရေအတွက်အားသာချက်ရှိနေသေးသော်လည်း ကျန်ရှိနေသော သာမန်သားရဲဧကရာဇ်များသည် အထီးကျန်သိုင်းသခင်ကို ထိတ်လန့်ကြောက်ရွံ့နေပြီဖြစ်ပြီး ဘယ်သူကမှ တိုက်ခိုက်လိုစိတ် မရှိကြတော့ပေ။

သူတို့က ဆက်လက်တိုက်ခိုက်မည်ဆိုလျှင် သူတို့၏ ပျက်စီးထိခိုက်ဆုံးရှုံးမှုက ပို၍ကြီးမားလာဖို့​သာရှိတော့လေသည်။ ဒါ့အပြင် ယခုအချိန်မှာ သူတို့၏ စစ်တပ်ကို တောင်ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက်အရိုင်းနယ်မြေတို့မှ သက်ရှိများဖြင့် ဖွဲ့စည်းထားလေသည်။ သူတို့အနေဖြင့် အရှေ့ဘက်အရိုင်းနယ်မြေနှင့် ဆက်လက်တိုက်ခိုက်စရာ မလိုတော့ပေ။

သူတို့သည် အပြာရောင်အဖွဲ့မှ ပညာရှင်များရောက်အလာကို စောင့်ဆိုင်းတာက ပိုကောင်းပေလိမ့်မည်။ ထိုအချိန်ကျလျှင် ဧကရာဇ်မိုးပြာရောင်မီးတောက်၏ ဦးဆောင်မှုအောက်မှာ သူတို့သည် အရှေ့ဘက်အရိုင်းနယ်မြေကို သိမ်းပိုက်နိုင်ပေလိမ့်မည်။

အန္တိမသားရဲဧကရာဇ်သုံးပါးဖြစ်သော စိတ်ဝိညာဥ်ဦးချို၊ ဖေးလန်နှင့် ဟို့တူတို့က နောက်သို့ဆုတ်ခွာချင်ကြ၏။ သူတို့က အကြည့်ချင်းဖလှယ်ပြီးနောက် တစ်ဘက်သူ၏ စိတ်ဆန္ဒကို ပြောနိုင်ကြသည်။

“အထီးကျန်သိုင်းသခင်”

ရုတ်တရက် သားရဲဧကရာဇ် စိတိဝိညာဥ်ဦးချိုက အေးစက်သောအသံဖြင့် ပြောလိုက်၏။

“မင်းက တော်တော်မိုက်မဲလွန်းတာပဲ... အခုမင်းက အပြာရောင်အဖွဲ့က အန္တိမသားရဲဧကရာဇ်တစ်ပါးကို သတ်ဖြတ်လိုက်တယ်... အဲဒါ မင်းရဲ့ထွက်လမ်းကို မင်းဘာသာမင်းဖြတ်တောက်လိုက်တာနဲ့အတူတူပဲ”

သားရဲဧကရာဇ်ဖေးလန်က ထပ်ပြောလိုက်သည်။

“အရှေ့ဘက်အရိုင်းနယ်မြေ သိမ်းပိုက်ဖျက်ဆီးခံရဖို့က အချိန်တစ်ခုပဲ လိုတော့တယ်... အရှေ့ဘက်အရိုင်းနယ်မြေဖျက်ဆီးခံရတဲ့နေ့မှာ တခြားသူတွေက အသက်ရှင်ဖို့အတွက် အခွင့်အရေးတစ်ခုရကောင်းရလိမ့်မယ်... ဒါပေမယ့် မင်းကတော့ သေချာပေါက်သေရလိမ့်မယ်”

“ငါက သေချာပေါက်သေရမှာလား”

သိုင်းတာအိုပင်မခန္ဓာက သူ၏ ခေါင်းကို ညင်သာစွာခါပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။

“ဘယ်ဟုတ်ပါ့မလဲ... ဒါပေမဲ့ မင်းတို့သုံးယောက် အခုနေ မြန်မြန်ဆန်ဆန်ထွက်မပြေးဘူးဆိုရင်တော့ မင်းတို့တွေက ဒီနေ့သေရလိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာက ထိုသို့ပြောရင်း သူက ငရဲဖိနှိမ်မီးဖိုကို သူ၏ နောက်ဘက်မှာ တရွတ်တိုက်ဆွဲကာ သူတို့သုံးယောက်ရှိရာသို့ လျှောက်လှမ်းလာနေပြီဖြစ်သည်။

“သူက တိုက်ခိုက်ချင်နေသေးတာလား”

“ဒီလူက တကယ့်တဇောက်ကန်းပဲ”

အန္တိမသားရဲဧကရာဇ်သုံးပါး၏ အမူအရာများက အေးစက်လာပြီး သူတို့က စိတ်ထဲကနေ ကျိန်ဆဲလိုက်ကြ၏။

“ဟမ့်..”

သားရဲဧကရာဇ်ဟို့တူက အေးစက်စွာနှစ်တစ်ချက်မှုတ်ပြီး အလျင်အမြန်ပြောလိုက်၏။

“လောလောဆယ်မှာ ငါမင်းတို့တွေကို ထားလိုက်ဦးမယ်... လျှောက်ရမယ့်လမ်းက ကျန်ပါသေးတယ်... ဧကရာဇ်မိုးပြာရောင်မီးတောက်ပြန်ရောက်လာတဲ့အချိန်မှာ အရှေ့ဘက်အရိုင်းနယ်မြေက ဖျက်ဆီးခံရလိမ့်မယ်”

သားရဲဧကရာဇ် စိတ်ဝိညာဥ်ဦးချိုကလည်း အော်ငေါက်လိုက်၏။

“မင်းသိပ်ကြာကြာမောက်မာနိုင်မှာမဟုတ်ဘူး”

သူတို့သည် နောက်ဆုတ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီဖြစ်သော်လည်း အန္တိမသားရဲဧကရာဇ်သုံးဦးက တင်းမာခက်ထန်သော စကားလုံးတချို့ကို ထုတ်ဖော်ပြောဆိုပြီးနောက် ကျိန်ဆဲရင်းလှည့်ထွက်ပြေးလိုက်ကြ၏။

အန္တိမသားရဲဧကရာဇ်သုံးဦး ဆုတ်ခွာသွားပြီးနောက် အခြားသောသာမန်သားရဲဧကရာဇ်များကလည်း ထွက်ပြေးသွားကြလေသည်။

“ဆုတ်ကြမယ်... ပြန်ဆုတ်ကြမယ်ဟေ့”

အောက်ဘက်မှာရှိသော သာမန်သားရဲဘုရင်များက ထိုသည်ကိုတွေ့မြင်သောအခါ သူတို့က လျင်မြန်စွာအော်ဟစ်အမိန့်ပေးပြီး သူတို့၏ သားရဲစစ်သည်များနှင့် သားရဲစစ်ဗိုလ်များနှင့်အတူ အလျင်အမြန်ဆုတ်ခွာကာ တိုက်ပွဲနယ်မြေတွင် အလောင်းများစွာကို ကျန်ရစ်ခဲ့စေသည်။

တူချိုးတောင်ကြောရိုးအထက်မှာ။

သားရဲဧကရာဇ်အထီးကျန်ပင်လယ်၊ သားရဲဧကရာဇ်မဟာဖန်းနှင့် သားရဲဧကရာဇ်ကွေ့နူတို့က ထိုက်အာတောင်ကြောရိုးမှာ ဖြစ်ပျက်နေသည့်အကြောင်းအရာများကို တွေ့မြင်သောအခါ သူတို့မှာ တွေဝေရှုပ်ထွေးသောအမူအရာများရှိလာပြီး အတန်ကြာသည့်အထိ မတုံ့ပြန်နိုင်ကြပေ။

သားရဲဧကရာဇ်မဟာဖန်းက ပြောလိုက်သည်။

“သွေးလိပ်ပြာ ရှာဖွေစုဆောင်းထားတဲ့ အထီးကျန်သိုင်းသခင်က အန္တိမသားရဲဧကရာဇ်တစ်ပါးကိုတောင် သတ်ဖြတ်နိုင်တယ်ဆိုတော့...”

“နဝယင်က အန္တိမသားရဲဧကရာဇ်ဆိုပေမဲ့ သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက ထိပ်တန်းအဆင့်မှာ ရှိမနေဘူး”

သားရဲဧကရာဇ်အထီးကျန်ပင်လယ်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“အထီးကျန်သိုင်းသခင်က ငါတို့ကို သတ်ဖြတ်ဖို့နေနေသာ ငါတို့နှစ်ယောက်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် သူ့မှာ အနိုင်ရဖို့အခွင့်အရေးတောင် ရှိချင်မှရှိလိမ့်မယ်”

“ဒါပေါ့”

သားရဲဧကရာဇ်မဟာဖန်းက ခေါင်းညိတ်ပြလိုက်၏။

သူတို့နှစ်ယောက်က တကယ်ပင်ယုံကြည်မှုရှိနေကြသည်။

အန္တိမသားရဲဧကရာဇ်များကြားမှာ သန်မာသူများနှင့် အားနည်းသူများလည်းရှိလေသည်။

သူတို့နှစ်ယောက်သည် အန္တိမသားရဲဧကရာဇ်များကြား တိုက်ခိုက်ရည်ခွန်အားမှာ ထိပ်တန်းအတင့်တွင် သေချာပေါက်ရပ်တည်နိုင်ကြသည်။

“အခု အရှေ့ဘက်အရိုင်းနယ်မြေက ဒီကပ်ဘေးကနေ ရှင်သန်နိုင်ခဲ့ပြီ... ငါတို့တွေက ဒီနေရာကို စွန့်ခွာသွားဦးမှာလား”

ရုတ်တရက် သားရဲဧကရာဇ်ကွေ့နူက တိုးညင်းစွာမေးလိုက်၏။

သားရဲဧကရာဇ်အထီးကျန်ပင်လယ်က ခဏမျှတိတ်ဆိတ်နေပြီးနောက် ကန့်ကွက်ခြင်းမရှိပေ။ သူက မှင်သေသေဖြင့်သာ ပြောလိုက်သည်။

“အရင်ဆုံး အဲဒီနေရာကို တစ်ချက်သွားကြည့်ကြတာပေါ့”

ထိုသို့ပြောရင်း သားရဲဧကရာဇ်အထီးကျန်ပင်လယ်က လေဟာနယ်ကိုဆုတ်ဖြဲပြီး သူတို့သုံးယောက်က အာကာသဥမင်ထဲသို့ ဝင်ရောက်လာကြ၏။

သိပ်မကြာခင် သူတို့က ထိုက်အာတောင်ကြောရိုးအထက်ကို ဆင်းသက်ရောက်ရှိလာကြသည်။

ထိုအခိုက်အတန့်မှာ အပြာရောင်အဖွဲ့က ထိတ်လန့်တကြားဖြင့် ဆုတ်ခွာနေကြပြီဖြစ်သည်။

“ငါတို့ သူ့တို့နောက်ကို ဆက်လိုက်ရမလား”

သားရဲဧကရာဇ်ကောင်းကင်ထိုးသွင်းမှာ စိတ်လှုပ်ရှားတက်ကြွနေသော အမူအရာရှိနေပြီး သူက သိုင်းတာအိုပင်မခန္ဓာနှင့်အတူ နတ်ဆင်နှင့် အမြီးကိုးချောင်းတို့ကို လှည့်ကြည့်လိုက်၏။

အဲဒါက တိုက်ပွဲတစ်ပွဲသာဖြစ်သော်လည်း သူ၏ ရင်ထဲမှာ အထီးကျန်သိုင်းသခင်သည် အန္တိမသားရဲဧကရာဇ်နှစ်ပါးဖြစ်သော နတ်ဆင်နှင့် အမြီးကိုးချောင်းတို့နှင့် ယှဥ်နိုင်နေပြီဖြစ်သည်။

“မလိုက်နဲ့တော့”

သားရဲဧကရာဇ်အထီးကျန်ပင်လယ်၊ သားရဲဧကရာဇ်မဟာဖန်းနှင့် သားရဲဧကရာဇ်ကွေ့နူတို့က ရုတ်တရက်ပေါ်ထွက်လာကြသည်။

သားရဲဧကရာဇ်အထီးကျန်ပင်လယ်က ခေါင်းခါပြလိုက်၏။

“ငါတို့က ဒီတိုက်ပွဲမှာ အပြာရောင်အဖွဲ့ကို တွန်းလှန်ထုတ်နိုင်ခဲ့ပေမယ့် ငါတို့ဘက်မှာလည်း သိပ်ပြီးအခြေအနေကောင်းတာမဟုတ်ဘူး... ငါတို့လည်း အတော်အတန်ပျက်စီးထိခိုက်ခဲ့တာပဲ... ငါတို့က ဆက်လိုက်မယ်ဆိုရင် နောက်ထပ်ပညာရှင်တွေကို ဆုံးရှုံးရဖို့ပဲရှိလိမ့်မယ်”

အန္တိမသားရဲဧကရာဇ်နှစ်ပါးဖြစ်သော နတ်ဆင်နှင့် အမြီးကိုးချောင်းက တစ်စုံတစ်ရာပြောဆိုခြင်းမရှိပေ။

သားရဲဧကရာဇ်ကောင်းကင်ထိုးသွင်းက နှုတ်ခမ်းကိုမဲ့လိုက်၏။

ဤတိုက်ပွဲအပြီးမှာ သူတို့သည် တကယ်ပင်သေကြေပျက်စီးထိခိုက်ခဲ့ရပြီး သူတို့၏ အင်အားက အတော်အတန်လျော့ကျသွားလေသည်။ သို့သော်လည်း နဂါးဧကရာဇ်အထီးကျန်ပင်လယ်၊ သားရဲဧကရာဇ်မဟာဖန်းနှင့် သားရဲဧကရာဇ်ကွေ့နူတို့က သူတို့၏ အထွတ်အထိပ်အခြေအနေမှာ ရှိနေကြသည်။

တကယ်တော့ သားရဲဧကရာဇ်များသည် ထိုစကားကို စိတ်ထဲကနေသာပြောလိုက်ခြင်းဖြစ်ပြီး ကျယ်လောင်စွာထုတ်ဖော်ပြောဆိုရဲလိမ့်မည် မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာကလည်း တစ်စုံတစ်ရာပြောဆိုခြင်း မရှိပေ။

သူသည်လည်းပဲ ကောင်းမွန်သည့်အခြေအနေမှာ တကယ်ပင် ရှိမနေခဲ့ပေ။

သူသည် သားရဲဧကရာဇ်နဝယင်ကို စောစောက သတ်ဖြတ်ခဲ့သော်လည်း အဲဒါက နှာတစ်ဖျားအသာဖြင့်သာဖြစ်လေသည်။ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူကလွဲလျှင် သူ၏ ဝှက်ဖဲများအားလုံးနီးပါးကို ထုတ်ဖော်အသုံးပြုခဲ့ပြီးလေပြီ။

“အားလုံးပဲ... လိပ်ပြာတောင်ကြားကို အရင်ဆုံးပြန်ကြတာပေါ့”

နဂါးဧကရာဇ်အထီးကျန်ပင်လယ်က ပြောလိုက်သည်။

“ငါတို့က ဒီတိုက်ပွဲမှာ နှာတစ်ဖျားအသာနဲ့ အနိုင်ရခဲ့တယ်... သွေးလိပ်ပြာက ငါတို့ကိုဂုဏ်ပြုဖို့အတွက် ဝိုင်ကောင်းကောင်းပြင်ဆင်ပြီး စောင့်နေလောက်ပြီ”

ထိုစကားကိုကြားသောအခါ လူအများစုက အဲဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောကြခြင်းမရှိပေ။ သို့သော်လည်း သားရဲဧကရီအမြီးကိုးချောင်းက မျက်မှောင်ကြုတ်လိုက်သည်။

သားရဲဧကရာဇ်အထီးကျန်ပင်လယ်၏ စကားက အနည်းငယ် မသင့်လျော်ပေ။

ဤတိုက်ပွဲကို သူတို့က တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။

သို့သော်လည်း နဂါးဧကရာဇ်အထီးကျန်ပင်လယ်၏ စကားအရ သူတို့သည်လည်း ဤတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ပေးခဲ့သည့်ပုံပေါက်နေသည်။

သို့သော်လည်း သားရဲဧကရီအမြီးကိုးချောင်းက စကားတစ်ခုကိုထောက်ပြီး အတိုက်အခံမပြောဆိုနိုင်ပေ။

လူတိုင်းက ထိုက်အာတောင်ကြောရိုးမှာ စီစဥ်စရာရှိသည်များစီစဥ်ပေးပြီးနောက် လေဟာနယ်ကိုဆုတ်ဖြဲကာ သွေးလိပ်ပြာတောင်ကြားသို့ ဆင်းသက်၍ စုဝေးခန်းမသို့ ပြန်လည်ရောက်ရှိလာကြသည်။

တကယ်ပင်။

တျဲယွဲ့က ခန်းမ၏ အလယ်မှာ ထိုင်နေဆဲဖြစ်၏။ သူမသည် ဘယ်တုန်းကမှ ထွက်ခွာမသွားသည့်အလားပင်။

သို့သော်လည်း ဘေးတစ်ဘက်တစ်ချက်စီရှိ စားပွဲခုံမှားပေါ်မှာ ဝိုင်းပြင်းအိုးများရောက်ရှိနေပြီဖြစ်သည်။ အဖုံးများကိုဖွင့်ထားသည့် ဝိုင်၏ မွှေးရနံ့က သူတို့၏ နှာခေါင်းဝသို့ တိုးဝေ့လာလေသည်။

သားရဲဧကရာဇ်များ ခန်းမထဲသို့ ဝင်ရောက်လာသည့်အချိန်မှာပင် တျဲယွဲ့က ဆူဇီမိုကိုကြည့်လိုက်၏။

“တကယ့်ကို အထင်ကြီးလောက်ပါရဲ့”

တျဲယွဲ့၏ စကားသံက ဆူဇီမို၏ စိတ်ထဲမှာထွက်ပေါ်လာ၏။

အခြားသူများ၏ မျက်လုံးများထဲမှာ တျဲယွဲ့သည် မှင်သေသေအမူအရာနှင့်အတူ အမြင့်မှာ စွမ်းပကားကြီးမားစွာဖြင့် ထိုင်နေဆဲဖြစ်သော်လည်း ဆူဇီမိုသည် သူ့ကိုပြုံး၍စကားပြောနေသောတျဲယွဲ့ကို မြင်နိုင်လုနီးပါးပင်။

All Chapters