← Chapters

စမ်းကြည့်လိုက်လေ

Vol. 197 Ch. 2952

စမ်းကြည့်လိုက်လေ

Vol. 197 Ch. 2952

ဆူဇီမိုက ထိုစကားကိုကြားသောအခါ သူက ညင်သာစွာပြုံးပြီး အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ဒီတိုက်ပွဲမှာ သာမန်သားရဲဧကရာဇ်​ခြောက်ဦးနဲ့ အန္တိမသားရဲဧကရာဇ်တစ်ဦးက သတ်ဖြတ်ခံလိုက်ရတယ်... ငါက လောကအကြီးနဲ့ လောကအသေး အပိုင်းအစတော်တော်များများကို ရရှိထားတယ်... အရင်က သားရဲဧကရာဇ်ကျူးရှူနဲ့ သားရဲဧကရာဇ်ထျန်ဝူရဲ့ လောကအပိုင်းအစတွေနဲ့ဆိုရင် ငါတို့က မင်းရဲ့ထိခိုက်ဒဏ်ရာတွေကို ကုသနိုင်လောက်တယ်”

တျဲယွဲ့က ထိခိုက်ဒဏ်ရာ ရရှိထားသည်။

သူတို့၏ ယခင်စကားပြောဆိုမှုကနေတစ်ဆင့် လောကအပိုင်းအစများမှာ ရင်းမြစ်ချီပါဝင်ပြီး တျဲယွဲ့၏ လောကကို ပြန်လည်ပြင်ဆင်ရန် ကူညီပေးနိုင်သည်ကို ဆူဇီမိုက သိရှိထားသည်။

တျဲယွဲ့က စိတ်ခံစားချက်မြင့်မားသော အကြည့်တစ်ချက်ဖြင့် ဆူဇီမိုကိုကြည့်လိုက်၏။

လောကအပိုင်းအစများက ဘယ်လောက်တောင် အဖိုးတန်လိုက်သလဲ။

သူတို့မှာ ဧကရာဇ်တစ်ပါး၏ တာအိုနှင့် ဓမ္မပညာရပ်တို့ ပါဝင်နေရုံသာမက သူတို့မှာ ဧကရာဇ်နယ်ပယ်ပညာရှင်များစုဖွဲ့ထားသည့် လောကများကို ပိုမိုသန်မာလာစေပြီး သူတို့၏ ကျင့်ကြံမှုကိုပင် မြှင့်တင်ပေးနိုင်သည့် ရင်းမြစ်ချီလည်းပါဝင်နေ၏။

သာမန်သားရဲဧကရာဇ်ရှစ်ဦးနှင့် အန္တိမသားရဲဧကရာဇ်တစ်ဦး၏ လောကအပိုင်းအစများသည် မည်သည့်ဧကရာဇ်ပညာရှင်ကိုမဆို လောဘတက်လာစေဖို့ လုံလောက်လေသည်။

သို့သော်လည်း ဆူဇီမိုသည် ထိုအရာများကို တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူမအား ပေးလိုလေသည်။

“မလိုပါဘူး”

တျဲယွဲ့က အသံတစ်ခုကို ပို့လွှတ်လိုက်သည်။

“ငါ့ရဲ့လောကကို ပကတိအဆင့်ထိ ကျင့်ကြံထားခဲ့ပြီးပြီ... ငါက သာမန်သားရဲဧကရာဇ်တွေ ဒါမှမဟုတ် အန္တိမသားရဲဧကရာဇ်တွေရဲ့ လောကအပိုင်းအစတွေကို ဝါးမျိုသန့်စင်နိုင်မယ်ဆိုရင်တောင် အဲဒါက ငါ့ရဲ့လောကကို လုံးလုံးလျားလျားပြင်ဆင်ပေးနိုင်ဖို့ မလွယ်ဘူး”

“အဲဒီလောကအပိုင်းအစတွေကို သိမ်းထားလိုက်... နင်က ဧကရာဇ်တစ်ပိုင်းအဆင့်ကို တက်လှမ်းတဲ့အချိန်မှာ ဒါမှမဟုတ်... ဧကရာဇ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်တဲ့အချိန်မှာ အဲဒါတွေက အရမ်းကို အသုံးတည့်လာလိမ့်မယ်”

တျဲယွဲ့နှင့် ဆူဇီမိုသည် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များဖြင့် အသံများကိုပို့လွှတ်နေခြင်းဖြစ်ပြီး အခြားသူများက မကြားနိုင်သော်လည်း အခြားသော သားရဲဧကရာဇ်များသည် ပုံမှန်မဟုတ်ဘဲ ကွဲထွက်နေသည့်အရာတချို့ကို ခပ်ရေးရေးအာရုံခံမိနိုင်ကြသည်။

တကယ်တော့ သားရဲဧကရာဇ်အများစုက အဲဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောမနေကြပေ။

မည်သို့ပင်ဆိုစေ အထီးကျန်သိုင်းသခင်သည် ဤတိုက်ပွဲမှာ ကြီးမားစွာအကျိုးဆောင်ခဲ့လေသည်။

သားရဲဧကရီသွေးလိပ်ပြာက သူ့ကို ဆုလာဘ်များ ပေးအပ်ချီးမြှင့်လိုသည်ဆိုလျှင် ဖြစ်သင့်လေသည်။

သို့သော်လည်း သားရဲဧကရာဇ်အမြီးကိုးချောင်းက ထိုသို့မစဥ်းစားပေ။

အမြီးကိုးချောင်းသားရဲမြေခွေးတစ်ကောင်အနေဖြင့် သူမသည် အာရုံခံစိတ်အလွန်တရာထက်ရှပြီး ကိစ္စများကို ပို၍ရှင်းရှင်းလင်းလင်းအာရုံခံမိနိုင်သည်။

ဆူဇီမိုကို တျဲယွဲ့ကြည့်ရှုနေသည့်ပုံက တကယ်ပင်ကွဲပြားနေသည်။

အထီးကျန်သိုင်းသခင်က တျဲယွဲ့ကို ကြည့်ရှုပုံကလည်း တစ်နည်းတစ်ဖုံလွဲမှားနေသည်။

သားရဲဧကရီအမြီးကိုးချောင်းသည် တိတ်တဆိတ်မျက်မှောင်ကြုတ်ပြီး အတွေးနက်စွာဖြင့် ဆူဇီမိုကို မကြာမကြာလှမ်းကြည့်နေ၏။

“အားလုံးပဲထိုင်ကြ”

တျဲယွဲ့က လက်ပြလိုက်သည်။

သားရဲဧကရာဇ်များက ထိုင်ချလိုက်၏။

သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကျွမ်းဝင်နေပြီးသားဖြစ်ပြီး တခမ်းတနားလုပ်မနေကြပေ။ သူတို့က ဤတိုက်ပွဲမှာ ကြီးမားသောအောင်မြင်မှုကို ရရှိခဲ့သည်ဆိုမှတော့ သူတို့သည် စိတ်ကျေနပ်အားရသည်အထိ သောက်စားကြရပေမည်။

ဝိုင်သုံးချီသောက်ပြီးနောက် ရုတ်တရက် နဂါးဧကရာဇ်အထီးကျန်ပင်လယ်က မတ်တတ်ထရပ်ပြီး ခန်းမ၏ အလယ်သို့ရောက်ရှိလာကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ကံကောင်းစွာနဲ့ပဲ တာအိုရောင်းရင်းအထီးကျန်သိုင်းသခင်က ဒီတိုက်ပွဲမှာ မဟာအကျိုးဆောင်မှုတစ်ရပ်ကို ပြုလုပ်ခဲ့တယ်... သူကအခြေအနေလုံးကို ပြောင်းလဲပေးနိုင်ခဲ့တယ်... ဒါပေမဲ့အပြာရောင်အဖွဲ့က ဒီကိစ္စကို သေချာပေါက်ဒီတိုင်းထားမှာမဟုတ်ဘူး... သူတို့တွေက တစ်ကျော့ပြန်လာဦးမှာပဲ... ငါတို့တွေ ပေါ့ပေါ့ဆဆလုပ်လို့မရဘူး”

“အမှန်ပဲ”

အခြားသောသားရဲဧကရာဇ်များကလည်း သဘောတူစွာပင် ခေါင်းညိတ်ပြလိုက်သည်။

နဂါးဧကရာဇ်အထီးကျန်ပင်လယ်က ဆူဇီမိုကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

“တာအိုရောင်းရင်းအထီးကျန်သိုင်းသခင်... မင်းက ဒီတိုက်ပွဲမှာ အကျိုးအမြတ်တော်တော်များများရရှိခဲ့တယ်... အခြားရတနာတွေကတော့ မင်းအပိုင်းပေါ့... သားရဲဧကရာဇ်တချို့ရဲ့ လောကအပိုင်းအစတွေကိုတော့ မင်းအဲဒါကို ထုတ်ပေးနိုင်မယ်လို့ ငါမျှော်လင့်တယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ခန်းမက တိတ်ဆိတ်ငြိမ်သက်သွားသည်။

သားရဲဧကရာဇ်များက နဂါးဧကရာဇ်အထီးကျန်ပင်လယ်ကိုကြည့်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြသည်။

သားရဲဧကရာဇ်မဟာဖန်းနှင့် သားရဲဧကရာဇ်ကွေ့နူတို့ကလွဲလျှင် သားရဲဧကရာဇ်အထီးကျန်ပင်လယ်က ဤကဲ့သို့သောစကားကို ပြောဆိုလာလိမ့်မည်ဟု အခြားသူများက ထင်မှတ်မထားခဲ့ကြပေ။

“မင်းမူးနေပြီပဲ”

သိုင်းတာအိုပင်မခန္ဓာက မျက်ခုံးတစ်ချက်မပင့်ဘဲ မှင်သေသေဖြင့် ပြောလိုက်၏။

သားရဲဧကရာဇ်နတ်ဆင်ကလည်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“အထီးကျန်ပင်လယ်... ဒါကဘာသဘောလဲ”

သားရဲဧကရာဇ်အထီးကျန်ပင်လယ်က ပြောလိုက်သည်။

“ငါက အရှေ့ဘက်အရိုင်းနယ်မြေနဲ့ အများအကျိုးအတွက်ထောက်ထားပြီး ဒီအကြံကိုပြုနေရတာ”

“ငါထင်တာမမှားဘူးဆိုရင်... တာအိုရောင်းရင်းအထီးကျန်သိုင်းသခင်... မင်းက ဧကရာဇ်နယ်ပယ်ကို အခုချိန်ထိ မဝင်ရောက်ရသေးဘူး... ဒီလိုဆိုမှတော့ အဲဒီလောကအပိုင်းအစတွေက မင်းလက်ထဲမှာ ဘာမှအသုံးတည့်မှာ မဟုတ်ဘူး”

“ဒီလိုဆိုမှတော့... အဲဒီလောကအပိုင်းအစတွေကို မင်းငါ့ကို ထုတ်ပေးလိုက်ပါလား... ငါက အန္တိမဧကရာဇ်နယ်ပယ်မှာ ရပ်တန့်နေခဲ့တာ နှစ်ပေါင်းများစွာကြာပြီ... ငါက အဲဒီလောကအပိုင်းအစတွေကို ရမယ်ဆိုရင် ငါက အထွတ်အထိပ်ဧကရာဇ်နယ်ပယ်ကို တက်လှမ်းနိုင်လောက်တယ်... အဲဒီအချိန်ကျရင် အရှေ့ဘက်အရိုင်းနယ်မြေမှာ အထွတ်အထိပ်ဧကရာဇ်နှစ်ပါးရှိလာလိမ့်မယ်... အဲလိုမှပဲ ငါတို့တွေက နောက်ထပ်လာမယ့်အကျပ်အတည်းကို ဖြေရှင်းနိုင်မှာ”

ထိုစကားလုံးများကို အခြားသူများက ပြောဆိုမည်ဆိုလျှင် သူတို့က အဲဒါကို ယုံကြည်ကောင်းယုံကြည်ပေလိမ့်မည်။ သို့သော်လည်း လက်ရှိသားရဲဧကရာဇ်များထဲ မည်သူကမှ အရူးများမဟုတ်ကြပေ။

သားရဲဧကရာဇ်အထီးကျန်ပင်လယ်သည် အထီးသိုင်းသခင်၏ လက်ထဲရှိ လောကအပိုင်းအစများကို သူ့ကိုယ်ကျိုးအတွက် ရယူချင်နေသည်ကို လူတိုင်းပြောနိုင်ကြသည်။

ဤလောကအပိုင်းအစများသည် အစကတည်းက အထီးကျန်သိုင်းသခင်၏ စစ်ပွဲအကျိုးအမြတ်များဖြစ်ပြီး အခြားသူများက အဲဒါကို မထိသင့်ပေ။

သူက ဤလောကအပိုင်းအစများကို နဂါးဧကရာဇ်အထီးကျန်ပင်လယ်ကို ထုတ်ပေးမည်ဆိုလျှင်တောင် ထိုလူက အထွတ်အထိပ်ဧကရာဇ်နယ်ပယ်ထိ တကယ်ပဲ ကျင့်ကြံနိုင်မှာလား။

ဤမျှအထိ ရိုးရှင်းနေမည်ဆိုလျှင် အထွတ်အထိပ်ဧကရာဇ်များက လောကမှာ ဤမျှအထိ နည်းပါးနေလိမ့်မည်မဟုတ်ပေ။

မဟာအရိုင်းကမ္ဘာနှင့် အများအကျိုးအတွက်တဲ့လား...။

နဂါးဧကရာဇ်အထီးကျန်ပင်လယ်သည် သူ၏ တစ်ကိုယ်ကောင်းဆန်သောအတ္တကို ဖုံးကွယ်ဖို့အတွက် ခံ့ညားသော အကြောင်းပြချက်တစ်ခု ပေးနေခြင်းမျှသာဖြစ်သည်။

တကယ်တော့ သားရဲဧကရာဇ်များသည် နဂါးဧကငရာဇ်အထီးကျန်ပင်လယ် စဥ်းစားနေသည့်အရာကို ပြောနိုင်ကြသော်လည်း အများစုက နှုတ်ဆိတ်နေကြ၏။

နဂါးဧကရာဇ်အထီးကျန်ပင်လယ်သည် မည်သို့ပင်ဆိုစေ တျဲယွဲ့နောက်သို့ နှစ်ပေါင်းများစွာလိုက်ပါလာခဲ့ပြီး အန္တိမသားရဲဧကရာဇ်တစ်ပါးဖြစ်သည်။

အထီးကျန်သိုင်းသခင်ကတော့ သူသည် ဤနေရာသို့ မကြာသေးခင်ကမှရောက်ရှိလာပြီး သူတို့အတွက် အပြင်လူတစ်ယောက်သာဖြစ်သည်။ သားရဲဧကရာဇ်နတ်ဆင်ကသာ ဆက်လက်၍သည်းမခံနိုင်တော့ဘဲ ဝင်ရောက်ပြောဆိုလိုက်၏။

“အထီးကျန်ပင်လယ်... ဘယ်လိုပဲ ဖြစ်ဖြစ် တာအိုရောင်းရင်းအထီးကျန်သိုင်းသခင်က သွေးသံရဲရဲတိုက်ပွဲကနေ အဲဒီလောကအပိုင်းအစတွေကို ရထားခဲ့တာပဲ... အဲဒါက သူ့အပိုင်ပဲ... မင်းက အဲဒီလောကအပိုင်းအစတွေကို ထုတ်ပေးဖို့ သူ့ကိုပြောတာနဲ့ အဲဒါကို သူ့ဆီကနေ ပေါ်ပေါ်ထင်ထင်လုယူတာနဲ့ ဘာများကွာခြားလို့လဲ”

သားရဲဧကရာဇ်နတ်ဆင်သည်လည်း တျဲယွဲ့နောက်သို့ နှစ်ပေါင်းများစွာလိုက်ပါလာခဲ့သည်။ သူသည် နဂါးဧကရာဇ်အထီးကျန်ပင်လယ်ကို ဤကဲ့သို့သောပုံစံဖြင့်ပြောဆိုရဲသည့် တစ်ဦးသောသူဖြစ်သည်။

“ဘယ်ဟုတ်ပါ့မလဲ”

သားရဲဧကရာဇ်မဟာဖန်းက မတ်တတ်ထရပ်လိုက်သည်။

“အဲဒီလောကအပိုင်းအစတွေကို အထီးကျန်သိုင်းသခင်ပိုင်တယ်ဆိုပေမယ့် အဲဒါတွေက သူ့လက်ထဲမှာဆိုရင် နွံနစ်နေတဲ့ ပုလဲလုံးတွေပဲဖြစ်နေလိမ့်မယ်... ငါတို့လက်ထဲမှာပဲ အဲဒါတွေကအသုံးဝင်နိုင်လိမ့်မယ်”

“ဟမ့်”

နဂါးဧကရာဇ်အထီးကျန်ပင်လယ်က လှောင်ရယ်လိုက်သည်။

“ငါ့အထင်တော့ အဲဒီလောကအပိုင်းအစတွေကို တကယ်ပဲသူပိုင်တာလားဆိုတာတောင် ပြောလို့မရဘူး”

“ဟုတ်လား...”

သိုင်းတာအိုပင်မခန္ဓာက မော့ကြည့်ခြင်းမရှိသေးပဲ မေးလိုက်၏။

“ငါပိုင်တာမဟုတ်ဘူးဆိုရင် မင်းပိုင်တာလား”

သားရဲဧကရာဇ်အထီးကျန်ပင်လယ်က အေးစက်စွာပြောလိုက်သည်။

“မင်းက သာမန်သားရဲဧကရာဇ်ခြောက်ဦးနဲ့ အန္တိမသားရဲဧကရာဇ်တစ်ဦးကို သတ်ဖြတ်ခဲ့တယ်... ဒါပေမဲ့ နောက်ဆုံးမှာ ငါတို့ပေါ်ထွက်လာပြီး အပြာရောင်အဖွဲ့ရဲ့စစ်တပ်ကို ခြိမ်းခြောက်နိုင်ခဲ့တာကြောင့် မဟုတ်ရင် မင်းက အဲဒီလောကအပိုင်းအစတွေကို ဘယ်လိုလုပ်ရရှိနိုင်ပါ့မလဲ”

သားရဲဧကရာဇ်များက ထိုစကားကိုကြားသောအခါ သူတို့သည် ထိုသူ၏ အရှက်မဲ့နိုင်မှုအတွက် စိတ်ထဲကနေ ကျိန်ဆဲလိုက်ကြ၏။

အပြာရောင်အဖွဲ့၏ ဆုတ်ခွာမှုသည် သားရဲဧကရာဇ်နဝယင်နှင့် သာမန်သားရဲဧကရာဇ်ခြောက်ဦး၏ သေဆုံးမှုသည် စိတ်ဝိညာဥ်ဦးချိုနှင့် အခြားသောသားရဲဧကရာဇ်များကို ကြီးမားစွာ တုန်လှုပ်သွားစေခဲ့သောကြောင့်ဖြစ်လေသည်။

နဂါးဧကရာဇ်နှင့် အခြားနှစ်ယောက် ပေါ်ထွက်မလာခင်မှာပင် အပြာရောင်အဖွဲ့က စတင်ဆုတ်ခွာသွားကြပြီဖြစ်သည်။

တိုက်ပွဲမစတင်ခင်တုန်းက နဂါးဧကရာဇ်အထီးကျန်ပင်လယ်၊ သားရဲဧကရဇ်မဟာဖန်းနှင့် သားရဲဧကရာဇ်ကွေ့နူတို့သည် တိုက်ပွဲကိုရှောင်လွှဲဖို့အတွက် အကြောင်းပြချက်မျိုးစုံပင်ပေးခဲ့ကြလေသည်။

ယခု အပြာရောင်အဖွဲ့သည် သူတို့ကြောင့် ဆုတ်ခွာသွားသည်ဟု အရှက်မဲ့စွာဖြင့် ထုတ်ဖော်ကြေညာနေ၏။

ဤတစ်ခေါက်မှာ သားရဲဧကရီအမြီးကိုးချောင်းကပင် ဆက်လက်၍သည်းမခံနိုင်တော့ပေ။

“ဘာလဲ... နင်တို့သုံးယောက်က စောစောကတိုက်ပွဲမှာ ဘေးထွက်ပြီးရပ်နေခဲ့ကြတယ်... အခု နင်တို့က နာမည်ကောင်းကိုလုယူဖို့ ဒီကိုရောက်လာကြတာလား”

သားရဲဧကရီအမြီးကိုးချောင်းက လှောင်ပြောင်ထေ့ငေါ့လိုက်၏။

သားရဲဧကရာဇ်မဟာဖန်း၏ အမူအရာက ညိုမည်းသွားလေသည်။

“အရှေ့ဘက်အရိုင်းနယ်မြေက နောက်ဆံတင်းစရာမရှိဘဲ တိုက်ခိုက်နိုင်အောင်လို့ ငါတို့သုံးယောက်က ခံစစ်စည်းကြောင်းကနေပြီးတော့ စောင့်ကြပ်ပေးနေကြတာပဲ... ငါတို့က ဘယ်လိုလုပ် ဘေးထွက်ရပ်နေတာ ဟုတ်ပါ့မလဲ”

နဂါးဧကရာဇ်အထီးကျန်ပင်လယ်က သိုင်းတာအိုပင်မခန္ဓာကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“အထီးကျန်သိုင်းသခင် စောစောတုန်းက ငါကမင်းကို အရှက်မရစေချင်လို့ အကြောင်းပြချက်ပေးနေတာ”

“အဲဒီလောကအပိုင်းအစတွေကို ထုတ်ပေးလိုက်... ငါမင်းကို အခက်တွေ့အောင် မလုပ်တော့ဘူး”

ထိုစကားကိုကြားသောအခါ သိုင်းတာအိုပင်မခန္ဓာက သူ့လက်ထဲရှိဝိုင်ခွက်ကိုချပြီး နောက်ဆုံးမှာ ခေါင်းမော့လာခဲ့သည်။

သူက မလှမ်းမကမ်းမှာရှိသော နဂါးဧကရာဇ်အထီးကျန်ပင်လယ်ကို လေးနက်သောအကြည့်ဖြင့် ကြည့်ပြီး ဂရုမစိုက်သည့်ဟန်ဖြင့် မေးလိုက်သည်။

“ငါအဲဒါကို ထုတ်မပေးဘူးဆိုရင်ရော”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ခန်းမထဲရှိလေထုက ချက်ချင်းပင်တင်းကျပ်လေးလံလာခဲ့သည်။

“မင်းက အဲဒါကို ထုတ်မပေးဘူးဆိုရင်လား”

နဂါးဧကရာဇ်အထီးကျန်ပင်လယ်က မှင်တက်သွားလေသည်။

သိုင်းတာအိုပင်မခန္ဓာသည် သူ့ကို ဤကဲ့သို့သောပုံစံဖြင့် ပြောဆိုရဲလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

သို့သော်လည်း သိပ်မကြာခင် သူက မကောင်းဆိုးဝါးဆန်ဆန်အပြုံးတစ်ခုကို ထုတ်ဖော်ပြီး သူ့ထံမှ သွေးနံ့ပင် ထွက်ပေါ်လာခဲ့လေသည်။

သူက တစ်လုံးချင်းပြောလိုက်၏။

“မင်းအဲဒါကို... ထုတ်မပေးဘူးဆိုရင်... ငါ့ဘာသာငါယူရမှာပေါ့”

“စမ်းကြည့်လိုက်လေ”

သိုင်းတာအိုပင်မခန္ဓာ၏ လေသံက အေးစက်နေသည်။

အခြားသောသားရဲဧကရာဇ်များက တိတ်တဆိတ်ဆွံ့အသွားပြီး သိုင်းတာအိုပင်မခန္ဓာအတွက် ချွေးပြန်လာကြလေသည်။.

သိုင်းတာအိုပင်မခန္ဓာသည် ဤမျှအထိစီးပိုးခြယ်လှယ်ပြီး နဂါးဧကရာဇ်အထီးကျန်ပင်လယ်ကိုပင် စိန်ခေါ်ရဲလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားပေ။

အထီးကျန်သိုင်းသခင်သည် ယခုတင်ကြီးမားသောတိုက်ပွဲတစ်ခုကို ဆင်နွှဲထားပြီး စွမ်းအင်အမြောက်အမြားကို သုံးစွဲထားရသည်။ သူသည် နဂါးဧကရာဇ်အထီးကျန်ပင်လယ်နှင့် ယခူအချိန်မှာ ပဋိပက္ခဖြစ်လာမည်ဆိုလျှင် သူ့မှာ အနိုင်ရဖို့အခွင့်အရေး သေချာပေါက်ရှိနိုင်မည် မဟုတ်ပေ။

All Chapters