← Chapters

အပိုင်း ၃၁၇

Vol. 22 Ch. 317

အပိုင်း ၃၁၇

Vol. 22 Ch. 317

တစ်ဖက်၌ မှော်ဒေသရှိ အိမ်ငယ်လေးတစ်ခုတွင်

"ဒီနေရာက မသာယာဘူးလား?" ချောင်းရှန်က အေးစက်စွာဖြင့်မေးလိုက်သည်။ သူမ၏ တင်းမာသည့်အမူအရာဟာ ယခင်အတိုင်းပင်။

"ဟုတ်တယ် အရမ်းလှတယ်!" မော့ချူးမှာ အံ့သြစွာဖြင့် ဘေးကို လှမ်းကြည့်လိုက်သည်။ ဒီလောက်ထိ တီထွင်ဖန်တီးနိုင်တဲ့သူ ရှိလိမ့်မယ်လို့ သူမ မထင်ခဲ့မိပေ။ သူတို့က မှော်ဒေသတွင် ထိုကဲ့သို့သော အခန်းငယ်လေးကို ဆောက်ထားကြသည်။ လက်ရာမြောက်ပြီး ရွေ့လျားနေကာ ရှုခင်းကလည်း အရမ်းကောင်းသည်။

“အာဝူးး –” ဒီမှာ ခဏလောက်ထိုင်နေရပြီးတဲ့နောက် ဝိုင်းဝိုင်းမှာ စိတ်မရှည်တော့ပေ။ အပြင်က ရှုခင်းတွေဆီကနေဆွဲဆောင်ခံနေရသော်လည်း အပြင်ထွက်ဖို့ အလျင်မလိုနေကြပေ။ မော့ချူး ဆွဲထားလို့သာ မဟုတ်ရင် ဒီကောင်လေးဟာ အရင်ကတည်းက ပြေးထွက်ကာသွားပျော်နေမှာပင်။

"တောင်းပန်ပါတယ်" မော့ချူး ချောင်းရှန်ကို တောင်းပန်သလို ပြုံးပြလိုက်သည်။ “ဒီကောင်လေးက အရမ်းဇွဲကောင်းတာ။ အဲ့ဒါနဲ့ သူ့ကိုပါခေါ်လာဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး‌လေ”

“ရပါတယ်” ချောင်းရှန် ခေါင်းခါလိုက်ကာ ဝိုင်းဝိုင်း ကို ကြည့်လိုက်သည်။ "ဘာလို့ သူ့ကိုအပြင်ထွက် ပေးမကစားတာလဲ? စိတ်မပူပါနဲ့၊ ဒီမှော်ဒေသရဲ့ ဘေးကင်းမှုကို စိတ်ချထားလို့ရပါတယ်"

အမ်း … သူမရင်ခွင်ထံတွင် မွှေ‌နေသည့် ဝိုင်းဝိုင်းကိုကြည့်ရင်း မော့ချူး သူမနဖူးကို ကူကယ်ရာမဲ့စွာ ပွတ်လိုက်သည်။ ဝိုင်းဝိုင်းကို သူမ စိတ်ပူတာမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနဲ့ သူတက်ကြွကာ အိမ်ကို ဖျက်ဆီးလိုက်ပစ်မှာကိုသူမစိုးရိမ်နေသည်။

“ကောင်းပါပြီ” မော့ချူး ဝိုင်းဝိုင်းရဲ့ခေါင်းလေးကို အသာ ပုတ်လိုက်သည်။ အပြင်ကို သူမ သိပ်ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့်အတွက် သူ့ကိုသာ သတိပေးလိုက်သည်။ "ခဏလောက်ကစားပြီးရင် ပြန်လာနော်၊ နားလည်လား?"

မော့ချူး တင်းတင်းဖက်ထားတာကို ဖြေလျော့လိုက်ကာ ဝိုင်းဝိုင်းကိုလွှတ်ပေးလိုက်သည်။

သိပ်မကြာခင်မှာပဲ နူးနူးညံ့ညံ့ပုံရိပ်လေးဟာ အရိပ်တောင်မကျန် ပျောက်ကွယ်သွားတော့သည်။

"မစ်မော့က အရမ်းဂရုစိုက်တတ်တာပဲ" ချောင်းရှန် ဒီမြင်ကွင်းကို မြင်တဲ့အခါ မနေနိုင်ဘဲသက်ပြင်းချလိုက်ပေမယ့် မော့ချူးက ခေါင်းငုံ့ထားသည့်အတွက် ထိုအမူအရာကိုမမြင်လိုက်ပေ။

“မဟုတ်ပါဘူး" မော့ချူး ပြုံးလိုက်သည်။ သူမရဲ့ ကွေးညွတ်နေတဲ့ မျက်ခုံးတွေနဲ့ မျက်လုံးတွေက တကယ်ကို သဘောကျဖို့ကောင်းသည်။ "ဒါနဲ့ ကျွန်မကို ဘာလို့အပြင်ထွက်ဖို့ခေါ်တာလဲ?"

ချောင်းရှန်ဆီမှ မက်ဆေ့ချ်ကို လက်ခံရတဲ့အချိန် မော့ချူး အနည်းငယ် အံ့သြသွားသော်လည်း အဆုံးမှာ‌တော့ သူမ ထွက်လာခဲ့သေးသည်။

“အင်း” ချောင်းရှန် ခေါင်းညိတ်လိုက်သည်။ “အရင်က ပြန်ပေးဆွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မင်းနဲ့ စကားပြောဖို့ ဒီကို‌ခေါ်လိုက်တာပါ"

ဒါကိုကြားတော့ မော့ချူး မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီကိစ္စက သူ့ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူးလို့ ပြောခဲ့တယ်မဟုတ်ဘူးလား? ဘာလို့ အခု ဒီကိစ္စကိုပြောလာတာလဲ?

“ငါ့ကို ဗွေမယူပါနဲ့” ချောင်းရှန်သည် မော့ချူးအပေါ် ကြင်နာမှုကိုပြလိုသလိုမျိုး ဖျတ်ခနဲ ပြုံးလိုက်သည်။ "ငါက ခေါင်းမာတတ်တဲ့သူလေ။ ငါ နားမလည်တဲ့အရာတွေကို အမြဲတမ်း ရှာဖွေနေတတ်တာ။ အဲ့ဒါကြောင့် မင်းကိုဆက်သွယ်ခဲ့တာ"

ချောင်းရှန်၏ မျက်နှာပေါ်ရှိ အပြုံးကိုမြင်လိုက်ရသော်လည်း မော့ချူးမှာ စိတ်မအေးနိုင်ချေ။ အဲဒီအစား သူမကျောချမ်းလာသလို ခံစားလိုက်ရသည်။ အမြဲတမ်း သူမတွင် လေးနက်သည့် မျက်နှာထားရှိကာ ယခု သူမမျက်နှာပေါ်တွင် ရုတ်တရက် အပြုံးတစ်ခုပေါ်လာတော့ တစ်ခုခုမှားနေပြီမှန်း သူမခံစားလိုက်မိသည်။

“ကောင်းပါပြီ၊ ဒါပေါ့၊ မေးပါ” မော့ချူးခေါင်းမော့လိုက်ကာ မသိမသာနှင့် ခလုတ်ခုံကိုထိလိုက်သည်။

"မင်းက တကယ် ဉာဏ်ကောင်းတာပဲ!" ချောင်းရှန် ရုတ်တရက် ခပ်တိုးတိုးရယ်လိုက်သည်။ သူမ၏ မျက်လုံးတွေထဲတွင် မောက်မာမှုနှင့် အထင်အမြင်သေးမှု အရိပ်အယောင်တွေဖြင့် ချက်ချင်း ပြောင်းလဲသွားတော့သည်။ "ဒီကောင် နျဉ်ယွိယွမ် မင်းကိုချစ်မိသွားတာ အံ့သြစရာမဟုတ်ဘူးဘဲ! ကျွတ်စ် ကျွတ်စ်!"

မော့ချူးရဲ့လက်တွေ လှုပ်ရှားနေတာရပ်လိုက်သည်။ သူမ၏ ခလုတ်ခုံမှ စင်ဂနယ်တွေကို ပိတ်ဆို့ထားကာ သုံးလို့မရတော့ကြောင့် သူမသဘောပေါက်လိုက်သည်။ ထိုမျှသာမက သူမ၏ ခန္ဓာကိုယ်သည်လည်း ထုံကျင်လာကာ တောင့်တင်းလာသည်။

ဒီမိန်းမချောင်းရှန်တော့.....

"ဒါပေမဲ့ ဒီလိုကြည့်လိုက်တော့လဲ မင်းကတော်တုံးတာပဲ!" ချောင်းရှန် မျက်တောင်ခတ်လိုက်ကာ သူမ၏ အမူအရာမှာ ထူးဆန်းနေသည်။ "မင်းအရင်ကလဲ တစ်ခေါက်ထိပြီးပြီ။ အခုကျ ဒီထောင်ချောက်ထဲ ထပ်ကျသွားပြန်ပြီ!"

သူမ ရှင်းရှင်းလင်းလင်း ပြောလာတဲ့အတွက် မော့ချူးဘယ်လိုလုပ် နားမလည်ဘဲနေတော့မှာလဲ?

သူမ အောက်ကို အနည်းငယ် ငုံ့ကြည့်လိုက်တော့ ရင်းနှီးပြီးသား အဖြူရောင် ဒေါက်မြင့်ဖိနပ်တစ်စုံက သူမမျက်လုံးထဲကို ဝင်လာသည်။ သူမ၏ မှုန်ဝါးနေတဲ့မှတ်ဉာဏ်ရှေ့ရှိ အဖြူရောင် လိုက်ကာမှာ လွင့်ပါးသွားပုံရကာ ရုတ်တရက် ရှင်းလင်းလာသည်။ ဒီဖိနပ်၊ ဒီပုံရိပ်...

"ကျွန်မကို ပြန်ပေးဆွဲဖို့လူတွေကို လွှတ်ခဲ့တဲ့သူက ရှင်ပဲ!"

မော့ချူး ကုလားထိုင်ပေါ် ပုံလျက်သားလဲကျသွားကာ သူမမျက်လုံးတွေက အနည်းငယ် စိုက်ကြည့်နေသည်။

"ဟုတ်တယ်!" ချောင်းရှန် ခေါင်းညိတ်လိုက်သည်။ “အရင်က အသေးစိတ် အချက်အလက်တွေကို ပြောပြပေးတဲ့အတွက် ကျေးဇူးပဲ၊ ဒီတစ်ခါတော့ အတွေ့အကြုံရသွားပြီ။ မေ့ဆေးရဲ့ ပမာဏကို နည်းနည်းတိုးထားလိုက်တယ်။ ဘယ်လိုခံစားရလဲ? သက်ရောက်မှုက တော်တော်ကောင်းတဲ့ပုံပဲ!”

မော့ချူးရဲ့အမူအရာ ပြောင်းသွားတော့သည်။ သူမ အသေးစိတ်အချက်အလက်တွေကို သူမအား မည်သို့ပြောပြခဲ့သည်ကို တွေးမိကာ ရုတ်တရက် စိတ်ပျက်သွားမိသည်။ "ရှင် ဘာ....ဘာလုပ်ဖို့ ကြိုးစားနေတာလဲ?"

"မင်းဘယ်လိုထင်လဲ?!" ချောင်းရှန် ပြုံးကာ ရှေ့ကို ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ သူမ၏မျက်လုံးထဲရှိ အလင်းရောင်တွေဟာ ထူးဆန်းကာ ခွဲခြားရခက်လှသည်။ "မင်းက အရမ်းစိတ်အနှောက်အယှက်ဖြစ်တယ်လို့ ထင်မိလို့လေ၊ ဒီတော့ မင်းကို ဖယ်ထုတ်ချင်သွားတာ!"

"စိတ်အနှောင့်အယှက်ဖြစ်တယ်?" မော့ချူး မျက်လုံးတွေကိုမှေးကျဉ်းကာ ခပ်တိုးတိုးမေးလိုက်သည်။

“ဟားဟား!” ချောင်းရှန် တစ်ချက်ကြည့်လိုက်သည်နှင့် မော့ချူး၏ လှည့်ကွက်ကို မြင်လိုက်ရသည်။ “ငါ့ကို အချိန်ဆွဲဖို့ လာမစဉ်းစားနဲ့။ အသုံးမဝင်ဘူး!"

ဒါကိုကြားတော့ မော့ချူး မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒါပေမဲ့၊ မင်းအခုထိ မသိသေးဘူးထင်တယ် ဟုတ်တယ်မလား?" ချောင်းရှန်အနားကို နှစ်လှမ်းလှမ်းလာကာ မော့ချူးမေးစေ့ကိုဖျစ်ညစ်လိုက်သည်။ "နျဉ်ယွိယွမ်တစ်ယောက် တစ်လခွဲကျော်လောက် စုံစမ်းခဲ့ပြီးတော့ နောက်ဆုံးမှာ သူ့မိသားစုဝင်တွေကိုတောင် တကယ်စုံစမ်းခဲ့တယ်လေ! သူအရင်က ဉာဏ်ကောင်းတဲ့သူဖြစ်ခဲ့ပေမဲ့ အခု မင်းနဲ့တွေ့သွားတော့ တကယ်ကန်းသွားတာပဲ!"

"ဒါပေမဲ့၊ အခု သူ ငါ့ကို သံသယဝင်နေလောက်ပြီလေ၊ ဟုတ်တယ်မလား?" ချောင်းရှန်၏ နှုတ်ခမ်းတွေ တွန့်ကွေးသွားကာ သူမ၏လေသံထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တွေ ထွက်ပေါ်လာသည်။ "ဒီတော့လဲ ဘာဖြစ်လဲ?"

ပြောရင်းဖြင့် ချောင်းရှန်သည် မော့ချူး၏ မေးစေ့ကို ဆတ်ခနဲ ဆွဲလိုက်တော့ သူမ၏ အသားအရေပေါ်တွင် နက်ပြာရောင်နှင့် ခရမ်းရောင်လက်ရာတွေ ကျန်ခဲ့‌တော့သည်။

"ကျွတ်စ် ကျွတ်စ် မင်းရဲ့အသားအရည်က အရမ်းနုတာပဲ။ ခပ်သာသာလေး ဖိလိုက်ရုံနဲ့တင် ဒီလိုအရာတွေကျန်ခဲ့တာ” ချောင်းရှန် ခပ်တိုးတိုးရယ်လိုက်သည်။ "ဒါပေမဲ့ အဆင်ပြေပါတယ်။ ဒီမှာရှိတဲ့ မှော်သားရဲတွေဆီကနေ မျိုချခံရပြီးတာနဲ့ မင်းရဲ့ပြဿနာတွေအားလုံးလဲ ပြေလည်သွားလိမ့်မယ်"

"နျဉ်ယွိယွမ်အနေနဲ့ ငါ့ကို သံသယဝင်ခဲ့ရင်တောင် သူ သက်သေ ခိုင်ခိုင်လုံလုံ မပြနိုင်လောက်ဘူး။ နောက်ဆုံးတော့ ငါ့ကိုလွှတ်‌ပေးရမှာဘဲလေ” ချောင်းရှန်ရဲ့ မျက်လုံးတွေ တောက်ပလာသည်။ “အချိန်တစ်ခုကြာသွားရင် သူလဲဒီကိစ္စကို မေ့သွားလိမ့်မယ်။ သူ့အနေနဲ့ ဇနီးတစ်ယောက်လိုသေးတယ်လေ။ ပြီးတော့ အဲဒီလူကလဲ ငါတစ်ယောက်ဘဲ ဖြစ်လာမှာ!"

"အရူးမ!" သူမ၏ ရှည်လျားလှတဲ့ စကားတွေကို ကြားပြီးနောက်၊ မော့ချူးမှာ စကားလုံးနှစ်လုံးနှင့်သာ ခြုံပြောနိုင်တော့သည်။

"မင်းဘာပြောလိုက်တာလဲ?" ဒါကိုကြားတော့ ချောင်းရှန်ရဲ့မျက်နှာပေါ်တွင် အပြုံးတွေဖြင့် ဖုံးလွှမ်းသွားတော့သည်။ ရုတ်တရက် သူမလက်ကိုဆန့်လိုက်ကာ မော့ချူးရဲ့ဆံပင်ကို ခပ်တင်းတင်းဆွဲလိုက်ပြီး တစ်ဖက်က စားပွဲခုံနှင့် ရိုက်ပစ်လိုက်သည်။

ဒုန်း ဒုန်း-

အသံက ကျယ်လောင်ပေမယ့် ချောင်းရှန်ရဲ့ နားထဲတွင်တော့ သဘာဝက ထွက်လာသည့် လှုပ်ရှားနေသည့် အသံတွေလိုပင်။ သူမ၏ လှပသည့် မျက်နှာဟာ သွေးတွေ ရက်စက်မှုတွေဖြင့် ပြည့်နှက်နေကာ ကြီးမားသည့် အပြုံးတစ်ခုပေါ်လာသည်။

ထိုအခိုက်အတန့်တွင်၊ ချောင်းရှန်သည် သူမ၏ တင်းမာတောင့်တင်းသည့် မျက်နှာကို ဆုတ်ဖြဲပစ်လိုက်ကာ သူမ၏ အရိုးတွေထိတိုင်ရက်စက်မှုတွေက ချက်ခြင်း ထွက်ပေါ်လာတော့သည်။

မော့ချူး၏ နဖူးတွင် ရိုက်မိရာမှထွက်လာသည့်သွေးတွေ ဖုံးလွှမ်းနေသည်ကို သူမမြင်လိုက်ရတဲ့အခါ ရပ်လိုက်ကာ ပြုံးလိုက်သည်။ "အရမ်းကောင်းတယ်၊ သွေးနံ့‌တော်တော်ပြင်းတာပဲ၊ သိပ်မကြာဘူး မှော်သားရဲတွေကို ဆွဲဆောင်နိုင်တော့မှာ"

ချောင်းရှန် ရယ်မောကာလက်ခုပ်တီးလိုက်သည်။

အပြင်မှ လူတစ်ယောက် ဝင်လာကာ အမူအရာမရှိသည့်မျက်နှာဖြင့် မော့ချူးကို မလိုက်သည်။ သူသည် မှော်ဒေသ၏ အလယ်ဗဟိုဆီ လျှောက်သွားကာ သူမကို မြေပြင်ပေါ် ပစ်ချလိုက်သည်။ ချောင်းရှန်လည်း သူ့နောက်ကနေ ဖြည်းဖြည်းချင်း လိုက်သွားကာ သူမပတ်ဝန်းကျင်ရှိ မှော်အပင်များနှင့် မှော်သားရဲများကို မြင်လိုက်ရတဲ့အခါ မထိန်းနိုင်ဘဲ သူမမျက်ခုံးပင့်လိုက်မိသည်။ သူမ ထိုလူအား လက်ပြကာ ပြောလိုက်သည်။ "ကောင်းပြီ၊ သွားကြစို့"

မော့ချူး၏ လက်ရှိအခြေအနေအရ၊ သူမအား သားကောင်ကို ချောင်းနေသည့် ကျားတစ်ကောင်လိုမျိုး မှော်အပင်များနှင့် မှော်သားရဲများဖြင့် သိပ်အခါကြီး ခွဲထားရလောက်မည်မဟုတ်ပေ။ သူမ အနေဖြင့် ဒီမှာနေဖို့မလိုတော့ပေ။

“ဟုတ်ကဲ့” ထိုလူက ခေါင်းညိတ်ကာသဘောတူလိုက်သည်။

သူတို့နှစ်ယောက် ထွက်သွားသည့်အခါ၊ သူတို့အနားမှ မှော်သားရဲများသည် ချက်ချင်းပင် သွေးသံတရဲရဲ မျက်လုံးများဖြင့် မော့ချူးကို စိုက်ကြည့်လာကြသည်။ မှော်သားရဲအချို့ဆို လမ်းတစ်လျှောက်တွင် စိုရွှဲနေသည့် သွေးစိမ်းများကိုပင် စုပ်ယူနေကြသည်။

All Chapters