← Chapters

အပိုင်း ၃၁၈

Vol. 22 Ch. 318

အပိုင်း ၃၁၈

Vol. 22 Ch. 318

ထူပျစ်ပျစ်သွေးများသည် မော့ချူး၏ အမြင်အာရုံတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ သို့သော်လည်း သူမပတ်ဝန်းကျင်ရှိ လေးလံသည့်အသက်ရှုသံတွေဟာ သူမကို မတတ်နိုင်ဘဲ ထိတ်လန့်လာစေသည်။ သူမ အခု ဘယ်လိုအခြေအနေရောက်နေလဲဆိုတာ တစ်စတစ်စရှင်းလင်းလာသည်။

အချိန်အတော်ကြာပြီးနောက်၊ နောက်ဆုံးတွင် မော့ချူး၏ ဆွဲဆောင်မှုရှိသည့်ရနံ့ကို ခံနိုင်ရည်မရှိတော့သည့် မှော်သားရဲအချို့တွေထွက်လာသည်။ သူတို့တွေ မြေပြင်အားပွတ်တိုက်ကာ သူမဆီ လျောတိုက်ရောက်လာကြသည်။ ဝိုင်းဝိုင်း၏ ကိုယ်မှကျန်ခဲ့သည့် သွေးအလင်းသားရဲရောင်ဝါကြောင့် တချို့တွေမှာ တဇွတ်ထိုးမလုပ်ရဲပါချေ။

ချောင်းရှန်မှာ အရင်တစ်ခေါက်မှ သင်ခန်းစာရထားခဲ့တာကြောင့်ဖြစ်မည်၊ ယခုတစ်ကြိမ်တွင် မေ့ဆေးမှုန့်ကို အလုံအလောက်သုံးထားသည်။ ဒီအချိန်တွင် မော့ချူးမှာ တခြားသူတွေအား ဆက်သွယ်ရန် ခလုတ်ခုံကို သုံးဖို့‌နေနေသာသာ အသက်ရှူတာကလွဲလို့ တစ်လက်မလေးတောင် မလှုပ်နိုင်တော့‌ပေ။

ထိုအချိန်တွင်၊ မှော်သားရဲတစ်ကောင်သည် ပါးစပ်ကျယ်ကျယ်ဟကာ မော့ချူးကို စိုက်ကြည့်လာသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သွေးရနံ့တွေဖြင့် ပြည့်နှက်နေသည့် သူ့၏ထက်ရှသည့်အစွယ်တွေကို တွေ့လိုက်ရသည်။

သူ မော့ချူးနှင့် ပိုနီးကပ်လာလေလေ၊ သူမ၏ကိုယ်ပေါ်ရှိ စိတ်ဝိညာဉ်ရနံ့တွေဟာ ပိုပြီးဆွဲဆောင်လာလေပင်။ နောက်ဆုံးမှာတော့ မှော်သားရဲတစ်ကောင်မှာ ထိန်းမနိုင်တော့ပေ။ သူ့မျက်လုံးတွေဟာ ရက်စက်ကာလောဘတကြီး အရောင်တွေဖြင့် တောက်ပလာကာ မော့ချူးအား ရုတ်တရက် ကိုက်လိုက်သည်။

မော့ချူး မျက်လုံးတွေ ပြူးကျယ်သွားကာ ထိုအခိုက်အတန့်တွင် သူမ၏နှလုံးခုန်သံမှာ ရပ်တန့်သွားသလိုပင်။

"ဝေါင်း --!"

ရုတ်တရက် ပြင်းထန်သည့်ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။

သားရဲတစ်ကောင်၏ အော်သံသည် မှော်ဒေသတစ်ခုလုံးတိုင် ဟိန်းထွက်သွားသည်။

မှော်သားရဲအပေါင်းမှာ ထိုအသံကိုကြားသည့်အခါ၊ မနေနိုင်ဘဲ သူတို့၏ လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်သည်။ သူတို့တွေသည် ကျိုးနွံသည့်အမူအရာဖြင့် အနောက်ကို လှည့်ကြည့်လိုက်ကြသည်။ မော့ချူးကို ကိုက်ဟန်ပြင်နေသည့် မှော်သားရဲဆိုလျှင် ပိုလို့တောင် ကြောက်ရွံ့သွားသည်။ သူ့ကိုယ်ပေါ်ရှိ အမွေးတွေအားလုံး ပြင်းပြင်းထန်ထန်ထောင်တက်လာတော့သည်။

“သွေးအလင်းသားရဲ!” အဝေးကို လျှောက်နေပြီဖြစ်သည့် ချောင်းရှန်သည် ဤအသံကိုကြားသည့်အခါ သူမ၏ခြေလှမ်းကို ခေတ္တရပ်လိုက်သည်။ သူမ မျက်ခုံး အနည်းငယ်ပင့်လိုက်မိသည်။ သွေးအလင်းသားရဲက ဘာလို့ ဒီမှာပေါ်လာတာလဲ?

ထိုအကြောင်းကို တွေးမိပြီးနောက် သူမ၏ နှုတ်ခမ်းပေါ်ရှိ အပြုံးဟာ ပိုလို့တောင် ကြီးမားလာသည်။ “စတားနက်ပေါ်မှာ သူ့ကို ကံကောင်းတဲ့ကြယ်လေး လို့ပြောကြတယ်မလား? သွေးအလင်းသားရဲနဲ့တွေ့တာက တခြားမှော်သတ္တဝါတွေနဲ့ တွေ့ထက် ပိုဆိုးလိမ့်မယ်။ သူတော့ သေအောင်ခံရတော့မှာဘဲ"

သူမဘေးတွင် ရပ်နေသည့်လူဟာ အရိပ်တစ်ခုလို တိတ်ဆိတ်နေ၏။

သို့သော်လည်း ယခုအချိန်တွင် သနားစရာကောင်းလောက်အောင် သေသွားတော့မည်ဟု ချောင်းရှန် စိတ်ကူးထားသည့် မော့ချူးမှာ ဝိုင်းဝိုင်း၏ အကြီးစားဗားရှင်းဖြင့် သယ်ခြင်းခံလာရသည်။ သူမကို ကြည့်လာတဲ့ သူ့မျက်လုံးတွေထဲ နာကျင်မှုတွေဖြင့် ပြည့်နှက်နေသည်။ ချူးလေး သွေးထွက်နေတယ်။ အရမ်းနာနေမှာမဟုတ်လား? ဘယ်သူလုပ်တာလဲ? သူတောင် ချူးလေးကိုနာအောင် မလုပ်ရက်တာ တစ်ယောက်ယောက်က တကယ်ကြီး ရက်ရက်စက်စက်လုပ်လိုက်တာဘဲ!

ဝိုင်းဝိုင်းရဲ့ အကြည့်တွေ သိသိသာသာ အေးစက်သွားသည်။ ဘေးဘက်သို့ အေးစက်စက်တစ်ချက်ကြည့်လာသည် ဝိုင်းဝိုင်းကိုမြင်တော့ မှော်သားရဲတွေ တုန်လှုပ်သွားကြသည်။ ဝိုင်းဝိုင်းဆီကနေ ပစ်မှတ်ထားခံရမည်ကို စိုးရိမ်သဖြင့် လည်ပင်းကိုကျုံ့ကာ နောက်ဆုတ်သွားကြသည်။ ယခင်က မော့ချူးကို စားရန်ကြိုးစားခဲ့သည့် မှော်သားရဲဟာတော့ ဝိုင်းဝိုင်းဆီမှ ဆိုးဆိုးရွားရွား ရိုက်နှက်ခံခဲ့ရသည်။ ဒီအချိန်မှာ ၎င်းသည် တစ်ဖက်တွင်ကွေးကာ နာကျင်စွာအော်ဟစ်နေသည်။

ဟုတ်သားဘဲ! မော့ချူးရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို မြင်လိုက်ရတော့ ဝိုင်းဝိုင်းရဲ့ မျက်လုံးတွေ ရုတ်တရက် တောက်ပလာသည်။ သူ့အိတ်ကပ်နှစ်ဖက်ထဲမှ အသီးအနှံတချို့ကိုထုတ်ကာ ချေလိုက်ပြီး မော့ချူးကိုကျွေးလိုက်သည်။

ဒီအသီးတွေရဲ့ အကျိုးသက်ရောက်မှုဟာ သိသာလှသည်။ သိပ်မကြာခင်မှာပဲ မော့ချူး လှုပ်ရှားနိုင်လာသည်။ သူမ ပထမဆုံး မော့ယန်ကို ဆက်သွယ်လိုက်သည်။

"ချူးလေး ဘယ်ရောက်နေတာလဲ? ငါ့ကိုလန့်သေအောင်လုပ်လိုက်တာဘဲ.....မင်း ဘာဖြစ်သွား‌တာလဲ?" မော့ချူး၏ မျက်နှာတွင် သွေးစွန်းနေတာကိုမြင်တော့ မော့ယန်အမူအရာ ပြောင်းသွားကာ သူ့အသံက အနည်းငယ် တုန်ရီသွားသည်။

မော့ချူး သိပ်အများကြီး ရှင်းပြမေနေပေ။ သူမသည် တည်နေရာသြဒိနိတ်များကို ပြောပြပြီး ဗီဒီယိုခေါ်ဆိုမှုကို ပိတ်လိုက်သည်။ သူမ ဝိုင်းဝိုင်း၏ကျောကိုမှီကာ မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ ဒီအသီးရဲ့ အာနိသင်က ဘယ်လောက်ပဲ ကောင်းနေပါစေ အချိန်တော့လိုသေးသည်။ သူမ အရမ်းအားနည်းနေသေးသည်!

အဆုံးတွင် မဝေစလှသည့်နေရာမှ ကျယ်လောင်သည့် အသံများကို ဆက်တိုက်ကြားလိုက်ရသည်။

"ဘာဖြစ်တာလဲ?" မော့ချူး မျက်လုံးတွေကို ဖွင့်လိုက်ပြီး အနည်းငယ်အာရုံစိုက်ကြည့်လိုက်သည်။

“အာဝူး အာဝူး –” ဝိုင်းဝိုင်း သူ့လက်ဖဝါးကြီးတွေနှင့် မြေပြင်ကိုပုတ်လိုက်ပြီး သူ့အမူအရာကတော့ ဘာမှမထူးခြားနားပေ။ ဘာမှမဖြစ်ဘူး၊ ဒီတိုင်း သားရဲအသေးလှိုင်းတွေဘဲ။

တစ်ဖက်တွင်၊ ဘေးနားရှိ မှော်သားရဲများမှာ မနေနိုင်ဘဲ ၎င်းတို့၏မျက်နာပေါ်တွင် ထိတ်လန့်မှုအချို့ကို ထုတ်ပြလာသည်။ အသံများ နီးကပ်လာသည်နှင့်အမျှ ၎င်းတို့တွေဟာတုန်ရီနေကြသည်။ သို့သော်လည်း သူတို့ ဝိုင်းဝိုင်းကိုကြည့်လိုက်တဲ့အခါ သူကတော့ ဂရုမစိုက်ပေ။

သားရဲလှိုင်းလား?

ဝိုင်းဝိုင်းကတော့ ကိစ္စမရှိသလို ပြုမူနေသည်။ ဒါက မော့ချူးကို အကြီးအကျယ် ထိတ်လန့်သွားစေတော့သည်။ သူမရဲ့ အသိတွေ ဘယ်လောက်ပဲ နှောင့်နှေးနေပါစေ ဒါကိုတော့ သူမ သတိမထားမိဘဲမနေပါချေ။

သားရဲလှိုင်း၏ ကြိမ်နှုန်းဟာ မသေချာသလို တည်နေရာဟာလည်း မသေချာပါချေ။ သို့သော်၊ သားရဲလှိုင်းပေါ်လာတိုင်း၊ အသေအပျောက်နှင့် ပျက်စီးမှုများစွာကို ဖြစ်ပွါး‌စေတတ်သည်။

သားရဲလှိုင်းလုံးအတွင်း၊ မှော်သားရဲအုပ်စု‌တွေဟာ လူတွေနေထိုင်ရာနေရာများသို့ ဝိုင်းအုံလာကာ ကိုက်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ကြလိမ့်မည်ပင်။ ဒီစကားနှစ်လုံးကိုကြားလိုက်သည်နှင့် လူတိုင်း၏ အမူအရာတွေဟာ ပြောင်းလဲသွားတတ်သည်။

ဤအခိုက်အတန့်တွင် ဝိုင်းဝိုင်းတစ်ယောက်တွင်သာ ဂရုမစိုက်သည့် အမူအရာရှိနေသည်။ မော့ချူးတော်တော်လေးသက်သာလာတော့ သူ့ရဲ့အမူအရာမှာလည်း အနည်းငယ် ပြေလျော့သွားသည်။ သူ့သူ့အမြီးထူထူကို တစ်ချက်ယမ်းလိုက်ကာ မော့ချူးကို ကိုက်ရန် ကြိုးပမ်းခဲ့သည့် မှော်သားရဲ၏ ခန္ဓာကိုယ်ပေါ် ကျသွားသည်။

မော့ချူး လှည့်ကြည့်လိုက်မိသည်။ အိုက်ယိုး! အဲ့ဒီသေးငယ်တဲ့ အသွင်အပြင်လေးက တကယ် သနားစရာကောင်းတာပဲ။ စောစောက မှော်သားရဲဟာ ဝိုင်းဝိုင်း၏ လက်ထဲတွင် အရုပ်လေးတစ်ရုပ်လို ဖြစ်နေသည်။ ဝိုင်းဝိုင်းဟာ ၎င်းကိုလှည့်ပတ်ကစားနေကာ လက်စားချေနေသည်။

အသံတွေ တဖြည်းဖြည်း နီးကပ်လာသည်။ ဟိုဟိုဒီဒီ ကြည့်လိုက်တော့ အပြေးအလွှား ပြေးလာနေကြသည့် မှော်သားရဲအရိပ်မည်းမည်းတွေကိုသာ တွေ့လိုက်ရသည်။

ဝိုင်းဝိုင်း မော့ချူးအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ လမ်းလယ်တွင် ငြိမ်သက်စွာ ရပ်နေလိုက်သည်။

ထို့နောက် အတားအဆီးမဲ့စွာဖြင့် မှော်သားရဲအုပ်စုသည် ဝိုင်းဝိုင်းနား ချဉ်းကပ်လာသည်ကို မော့ချူး မြင်လိုက်ရသည်။ သူတို့က ဖြည်းဖြည်းချင်းအရှိန် လျှော့ကာ နာခံစွာဖြင့် သူတို့ကို ရှောင်ကာကွေ့ပတ်သွားကြသည်။ ထို့ကြောင့် သူတို့နှစ်ဦးနေရာမှာ မျက်စိကျလောက်စရာ နေရာလွတ်ကြီးဖြစ်နေသည်။

“ဟမ်…” မော့ချူး မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။

ဝိုင်းဝိုင်းဟာ ချစ်စရာကောင်းသည့် အစားသရဲပုံစံကိုသာ လုပ်ဖူးသည်ကြောင့် သူမမှာ သူ့တွင်ဤမျှကြီးကျယ်ခမ်းနားသည့် ပုံရိပ်တစ်ခုရှိသည်ကို မေ့လုနီးပါးဖြစ်နေခဲ့သည်။ ဒီနေ့ ကြည့်လိုက်တော့၊ သူ့ရဲ့ စွမ်းအားက လုံးဝလျော့ကျမသွားတဲ့ပုံပင်။

မော့ချူး၏ အံ့အားသင့်နေသည့် အကြည့်ကို တွေ့လိုက်ရသဖြင့် ဝိုင်းဝိုင်းမှာ ဂုဏ်ယူစွာဖြင့် ချက်ချင်းခေါင်းမော့လိုက်သည်။ 'ဟမ့်! ဒါဘဲလေ! ငါက ဒီလိုကြမ်းတမ်းပြီး အစွမ်းထက်တာ!' သူ့ရဲ့ တိုတိုနှင့်ထူထဲသည့် အမြီးလေးက သူ့ရဲ့ဂုဏ်ယူဝင့်ကြွားနေမှုကို ဖော်ပြနေသည်။

All Chapters