← Chapters

အပိုင်း ၃၂၀

Vol. 22 Ch. 320

အပိုင်း ၃၂၀

Vol. 22 Ch. 320

နှိုင်းစာရလျှင် ခရိုင် ၁၂ အစွန်း၌ သားရဲလှိုင်းတွေ ထိုးဖောက်ဖို့ဟာပိုမိုလွယ်ကူသည်။ ခရိုင် ၃ ၏ဗဟိုရှိ မှော်ဒေသဟာ အရွယ်အစားပမာဏသေးငယ်သည်။ ယေဘုယျအားဖြင့်ပြောရလျှင် သားရဲလှိုင်း ထိုးဖောက်နိုင်ချေမှာ သိပ်မမြင့်ပေ။

သို့သော်၊ ထိုးဖောက်ပြီးသည်နှင့် ဆုံးရှုံးမှုများ၊ အသေအပျောက်များ ပိုများလာမည် ဖြစ်သည်။ အမှန်တော့၊ ဤနေရာတွင် လူဦးရေထူထပ်ကာ စုစုပေါင်းအရေအတွက်မှာလည်း မနည်းလှပါချေ။

များမကြာမီတွင် 'သားရဲလှိုင်း' သတင်းဟာ ခရိုင် ၃ ရှိ လိုင်းအမျိုးမျိုးတွင် ပျံ့နှံ့သွားကာ လူတိုင်း စပြီးအလုပ်များလာကြတော့သည်။

လူအချို့ဟာ သူတို့ဘဝတွင် သားရဲလှိုင်းကိုပထမဆုံးအကြိမ်ကြုံတွေ့ရတာကြောင့် ပျာယာခတ်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေကြပြီး တချို့ကတော့ ခပ်မြန်မြန်တုံ့ပြန်လာကြသည်။ သူတို့ရဲ့ အဖိုးတန်ပစ္စည်းတွေကို သူတို့ရဲ့ခလုတ်ခုံတွေထဲ ချက်ခြင်း သိမ်းဆည်းကာ ပုန်းရမည့်နေရာကို ရှာကြသည် … သေချာပေါက်၊ ဒါကို သာမန် အဖွဲ့ချုပ်နိုင်ငံသားတွေ လုပ်ကြတာပင်။

ထိုအချိန်တွင် အထူးစွမ်းရည် အသုံးပြုသူတွေဟာတော့ ရီနန်မှော်ဒေသဆီ ရောက်လာကြပြီဖြစ်သည်။ သူတို့တွေ ပိုကောင်းတဲ့ အရင်းအမြစ်တွေကို ဘာအတွက်အမြဲတမ်းသုံးနေရတာတဲ့လဲ? ဘာကြောင့်လဲဆိုတော့ ဒီလိုအချိန်မှာ သူတို့ အစွမ်းကုန် လုပ်ရမှာမို့လို့ပင်။ အဖွဲ့ချုပ်ရှိ မင်းမျိုးမင်းနွယ် မိသားစုများ၏ ရှားပါး တပည့်များပင် အကြိမ်အနည်းငယ် ပေါ်လာကြသည်။

သေချာပေါက်၊ သူတို့အထဲတွင် ချောင်းမိသားစုကတော့ ခြွင်းချက်ပင်။

၎င်းတို့၏ မိသားစုဝင်အများစုသည် အခြေခံ စွမ်းရည်များကို ကျင့်ကြံခဲ့ကြသော်လည်း၊ ၎င်းတို့ထဲမှ အနည်းစုသာ ဤနယ်ပယ်တွင် အရည်အချင်းရှိကြသည်။ အများစုဟာ ၎င်းတို့၏ လေ့လာမှု ပြီးဆုံးပြီးနောက် ၎င်းတို့မိသားစုများနှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့ကြပြီး ဆေးဝါးနယ်ပယ်တွင်သာ ဝင်ရောက်ခဲ့ကြသည်။

တခြားသူများ၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများနှင့် နှိုင်းယှဉ်ပါက ချောင်းမိသားစုဝင်တွေကတော့ ယခုအချိန်တွင် အနည်းငယ်သာ စိတ်လှုပ်ရှားနေကြသည်။

ဤကဲ့သို့ ကြီးမားသည့် ဘေးဥပဒ်ကာလအတွင်း ချောင်းမိသားစု၏ ဆေးဖက်ဝင်ဆေးပြားတွေ ဝယ်လိုအားများမည်မှာ အမှန်ပင်ဖြစ်သည်။ ဤသားရဲလှိုင်းပြီးသွားသည်နှင့် ချောင်းမိသားစု၏ ဂုဏ်သတင်းဟာ သိသိသာသာ တက်လာမည်ဟု ခန့်မှန်းနိုင်သည်။ သူတို့မိသားစုဆီသို့ မရေမတွက်နိုင်သည့် အဖွဲ့ချုပ်ဒင်္ဂါးပြားတွေ ပျံ့လွင့်လာသည်က်ို မြင်နေရသလိုမျိုး၊ သူတို့ မျက်လုံးတွေတောက်ပလာသည်။

ရီနန်မှော်ဒေသသို့ရောက်သည့်အခါ ကျောလင် ချက်ချင်းရပ်လိုက်သည်။

"အခြေအနေ ဘယ်လိုလဲ?" နျဉ်ယွိယွမ် မောင်းနှင်ခြင်းယာဉ်ပေါ်ကနေ ခြေလှမ်းကြဲတွေဖြင့်လှမ်းလာကာ မှော်ဒေသ၏ အတွင်းပိုင်းဆီသို့ တည့်တည့် လျှောက်သွားလိုက်သည်။ တစ်ချက်ကြည့်လိုက်တော့ မြို့စောင့်တပ်ခေါင်းဆောင်က ရှေ့တန်းတွင် ရပ်နေတာကို တွေ့လိုက်ရသည်။

"မာရှယ်!" တပ်ခေါင်းဆောင်၏ အစိမ်းရင့်ရောင် စစ်ဝတ်စုံတွင် လတ်လတ်ဆတ်ဆတ် သွေးနီရောင် တွေ စွန်းနေသည်။ သူ့ ယူနီဖောင်း၏ အစိတ်အပိုင်းအချို့သည် ဖရိုဖရဲဖြစ်နေကာ အနံ့အသက်ပြင်းပြင်းများ ထွက်နေသည်။ ဤအခိုက်အတန့်တွင် သူ့အသံကိုကြားလို့ လှည့်ကြည့်လိုက်တော့ နျဉ်ယွိယွမ်ကို မြင်လိုက်ရတဲ့အခါ သူ့အကြည့်တွေက ဝမ်းသာမဆုံးဖြစ်သွားတော့သည်။ “မာရှယ်ကို တင်ပြပါတယ်။ ကျွန်တော်တို့တွေ သားရဲလှိုင်းအသေးလေးတစ်ခုကို အခုပဲ တားပြီးသွားပါတယ်။ အခုချိန်မှာ ကြီးကြီးမားမား ပြဿနာတော့ မရှိသေးပါဘူး”

"ကောင်းတယ်၊ ငါသိပြီ” နျဉ်ယွိယွမ် ခေါင်းညိတ်လိုက်သည်။ သူ့အမူအရာက အနည်းငယ် အာရုံစူးစိုက်မှုရှိနေသည်။ သူ့အကြည့်ထဲရှိ ငြိမ်သက်တည်ငြိမ်နေမှုဟာ စောစောက အနည်းငယ် တုန်လှုပ်နေကြသည့် တပ်သားအားလုံးကို တည်ငြိမ်လာစေသည်။ “ငါ တခြားနေရာက မြို့စောင့်တပ်တွေကို ဆက်သွယ်ထားပြီးပြီ။ မိနစ် ၃၀ အတွင်း ရောက်လာလိမ့်မယ်။ ဒါကြောင့် စိတ်မပူနဲ့တော့"

နျဉ်ယွိယွမ်က တပ်ဖွဲ့တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ဖို့ ဘာမှ မပြောလိုက်ပေ။ သူ၏ ရိုးရှင်းသည့် စကားလုံးတွေဟာ စစ်သားအားလုံးကို ငြိမ်သက်သွားစေကာ သူတို့မျက်လုံးတွေထဲ ခိုင်မာမှုအပြည့်ရှိလာစေသည်။

“အခု တပ်သားတွေကို အဖွဲ့သုံးဖွဲ့ခွဲပြီး စနစ်တကျ စီစဉ်လိုက်။ ရှေ့တန်းကတပ်တွေက မခံနိုင်တော့ရင် ချက်ချင်းဆုတ်ပြီး ဒုတိယအဖွဲ့နဲ့ အစားထိုးမယ်"

“ဒဏ်ရာရစစ်သားအားလုံးက ပြန်ဆုတ်ပြီး ကုသရေးကိရိယာထဲ ချက်ချင်းဝင်ရမယ်။ ရဲတင်းဖို့ မကြိုးစားနဲ့!" ဒီလိုပြောပြီးနောက် နျဉ်ယွိယွမ်ရဲ့ အကြည့်တွေဟာ အထူးတလည်ကို သတိအပြည့်ရှိ၏။

"သားရဲလှိုင်းကိုတားဖို့ မင်းတို့မှာ တာဝန်ရှိတယ်ဆိုတာ သတိရထား" အာရုံစိုက်နေကြသည့် စစ်သားအားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း နျဉ်ယွိယွမ်ရဲ့လေသံက ရုတ်တရက် ကျယ်လာသည်။ “ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ မင်းတို့တွေက အဖွဲ့ချုပ်ရဲ့အဖိုးတန်ဆုံး ပိုင်ဆိုင်မှုလဲ ဖြစ်တယ်။ မင်းတို့က ငါ့လက်အောက်မှာရှိတဲ့ ထိပ်တန်းတပ်တွေမို့လို့ ထိပ်တိုက်မတိုက်နဲ့။ နားလည်လား?"

"နားလည်ပါပြီ!" အသံတွေက တစ်ညီတစ်ညွတ်တည်း ထွက်ပေါ်လာတော့သည်။ လွန်ခဲ့သည့်အခိုက်အတန့်တွင် မောပန်းနွမ်းနယ်နေခဲ့သည့် စစ်သည်တွေဟာ ယခုအခါတွင်တော့ စိတ်ဓာတ်ပြင်းထန်လာကြသည်။ နျဉ်ယွိယွမ်ကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ကာ စိတ်ကြွဆေးတွေ ထိုးသွင်းခံလိုက်ရသလိုပင်။

အမိန့်ပေးပြီးသည်နှင့် မကြာသေးမီက မှော်ဒေသကို ပိတ်ထားသည့် စစ်သည်များအား အဖွဲ့သုံးဖွဲ့ အမြန်ခွဲလိုက်သည်။ လက်ထဲတွင်ရှိသည့် လေဆာသေနတ်များနှင့်ဒြပ်စင်စွမ်းရည်တွေဟာလည်း ပို၍ပင်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

နျဉ်ယွိယွမ် ရောက်လာသည်နှင့် တပြိုင်နက် ဖရိုဖရဲ အခြေအနေက တည်ငြိမ်သွားတော့သည်။

ဘေးမှကြည့်နေသည့် မော့ယန်လည်း မထိန်းနိုင်ဘဲ အံ့သြသွားမိသည်...

သူနှင့်မော့ချူးတို့နှင့် အတူရှိစဉ်က သူ့ရဲ့ ယောင်ဝါတွေကို လုံးဝထိန်းချုပ်ထားခဲ့တာပင်။ အခုမှဘဲ၊ နောက်ဆုံးတော့ မော့ယန်တစ်ယောက် နျဉ်ယွိယွမ်၏ အဖွဲ့ချုပ်ရဲ့အတောက်ပဆုံးသောမာရှယ် ဆိုတဲ့ အထောက်အထားကို သတိရသွားတော့သည်။ သူသည် ဉာဏ်ပညာနှင့်ရဲစွမ်းသတ္တိ နှစ်မျိုးလုံးဖြင့် ကြီးမြတ်သည့်ပုဂ္ဂိုလ်ဖြစ်သည်။

ထိုအချိန်တွင် အရှေ့မှ အာမေဋိတ်အသံလှိုင်းလုံးကြီး ထွက်ပေါ်လာသည်။ "မကောင်းတော့ဘူး၊ ဒုတိယသားရဲလှိုင်း ရောက်လာတော့မယ်!"

မျှော်လင့်ထားသည့်အတိုင်း၊ ခဏအကြာတွင် အနက်ရောင်မှော်သားရဲကြီးများသည် တိမ်မည်းများကဲ့သို့ သူတို့ရှေ့တွင် ပေါ်လာတော့သည်။ သူတို့၏ အရှိန်ဟာ ကြီးမားလှသည်။ သူတို့ ပြေးလာသည်မှာ မြေပြင်တောင် အနည်းငယ်တုန်ခါနေသည်။

"အားလုံး အဆင်သင့်ပြင်ထားကြ!" နျဉ်ယွိယွမ် ရှေ့သို့ ခုန်တက်ကာ အဖွဲ့ရှေ့တွင်ရပ်လိုက်ပြီး သူ့အကြည့်တွေက ပြတ်သားနေသည်။ အရပ်ရှည်ကာ ဖြောင့်တန်းနေသည့်ခန္ဓာကိုယ်သည် ယောက်ျားတစ်သောင်းကို ခုခံနိုင်သည့် အသွင်အပြင်ကို ပေးစွမ်းနေသည်။

နျဉ်ယွိယွမ် လက်ဟန်ပြလိုက်သည်နှင့် ရှိနေကြသည့် တပ်သားတွေဟာ ချက်ချင်းပင် တိုက်ပွဲအတွက် ပြင်ဆင်သည့်အနေအထား ပြင်လိုက်ကြပြီး ဘေးနားရှိ ပြန့်ကျဲနေသည့် တပ်သားများနှင့် သိသိသာသာကို ဆန့်ကျင်ဘက်ဖြစ်သွားသည်။

သားရဲလှိုင်းလုံးကြီးဟာ ရက်စက်ကြမ်းကြုတ်စွာ ဖြင့်ရောက်လာသည်။ သူတို့ အနားရောက်လာတော့ အားလုံးမှာ မနေနိုင်ဘဲ အံ့သြတကြီး အော်ဟစ်မိတော့သည်။ ဤမှော်သားရဲအုပ်စုဟာ ယခင်ကထက် ပိုမိုအားကောင်းလာကာ အဆင့် ၈ မှော်သားရဲအနည်းငယ်ပင် ပါ၏။ တစ်ခဏအတွင်း လေထုဟုတင်းမာလာတော့သည်။

"တိုက်ကြ!" မှော်သားရဲတွေက သူတို့ရှေ့ကို ရောက်လာပြီဖြစ်သည်။ နျဉ်ယွိယွမ်ရဲ့ အကြည့်တွေ အနည်းငယ် အေးစက်သွားသည်။ သူရဲ့လက်ထဲတွင်ရှိသည့် ထက်ရှလှသည့်လေဓားသွားတွေဟာ ပေါက်ကွဲထွက်လာကာ နှလုံးတည့်တည့်သို့ တိုးဝင်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မှော်သားရဲအများအပြား ကျသွားကြသည်။ ထို့နောက် ၎င်းတို့နောက်မှ မှော်သားရဲတွေက မညှာတာနင်းချေလိုက်ရာ ချက်ခြင်းပင် အသားပြားအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"တိုက်ကြ!" အနောက်မှ စစ်သားတွေလည်း မာရှယ်မျဉ်၏ သူရဲကောင်းဆန်မှုကို မြင်သောအခါ ၎င်း စိတ်ဓာတ်တွေ မြင့်တက်လာကြသည်။ သူတို့လက်ထဲရှိ ဒြပ်စင်စွမ်းရည်တွေဟာ ကောင်းကင်တခွင် တညီတညွတ်တည်း တောက်ပစွာ ကခုန်နေကြသလိုပင်။ လေဆာသေနတ်သံတွေနှင့်အတူ မြင်ကွင်းက တကယ့်ကို အံ့သြဖွယ်ရာဖြစ်ကာ လူတွေရဲ့ရင်ထဲမှာ တလိပ်လိပ်ခုန်ပေါက်လာပြီး သွေးတွေ ပွက်ပွက်ဆူလာစေသည်။

All Chapters