← Chapters

အပိုင်း ၃၂၃

Vol. 22 Ch. 323

အပိုင်း ၃၂၃

Vol. 22 Ch. 323

မော့ယန်ကို လေးလေးနက်နက် စေ့စေ့ကြည့်ပြီးနောက် နျဉ်ယွိယွမ် ရုတ်တရက် ထရပ်ကာ ရှေ့သို့ လျှောက်သွားသည်။ ဒုတိယသားရဲလှိုင်းကို လွတ်မြောက်ခဲ့သော်လည်း လာမည့်တိုက်ပွဲဟာ ပို၍ခက်ခဲလာလိမ့်မည်။ သူတို့ သတိလက်လွတ်နေလို့မရပါချေ။

ထို့ကြောင့်၊ အကြီးအကဲနျဉ်နှင့် သူ၏လူတွေ ရောက်လာသည့်အခါ စည်းစနစ်ကျသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

နျဉ်ယွိယွမ်သည် ရှေ့တည့်တည့်တွင် ရပ်နေသည်။ သူ၏ ပြတ်သားတဲ့ မျက်နှာပေါ်တွင် သွေးတွေစွန်းထင်းနေသော်လည်း သူ့မျက်လုံးတွေဟာ ဓားသွားလိုမျိုးထက်ရှနေကာ သူ၏ ကိုယ်ရောင်ကိုယ်ဝါဟာလည်း တောက်ပနေသည်။ သူ့ကို ဘယ်သူမှ လျှော့မတွက်ရဲကြပေ။

"အခြေအနေ ဘယ်လိုလဲ?" ရှေ့ကိုအနည်းငယ်လှမ်းလာပြီးနောက်၊ အကြီးအကဲနျဉ်သည် နျဉ်ယွိယွမ်အား ကျေနပ်ဂုဏ်ယူစွာဖြင့် ကြည့်လိုက်သည်။ နျဉ်မိသားစုမှ ဆင်းသက်လာသူဟာ မျှော်မှန်းထားသည့်အတိုင်း အန္တရာယ်ကြုံသည့်တိုင် နောက်ပြန်မလှည့်ပါချေ။

အကြီးအကဲနျဉ်နှင့် တခြားလူတွေကို မြင်လိုက်ရတဲ့အခါ နျဉ်ယွိယွမ်၏ နက်ရှိုင်းသည့်မျက်လုံးတွေထဲ ဝမ်းသာမှုအရိပ်အယောင်များဖြင့် လင်းလက်သွားသည်။ သူချက်ချင်း ရှေ့သို့သွားကာ ယခင်သားရဲလှိုင်းအားခံနိုင်မှုအခြေအနေကို အသေးစိတ်ပြောပြလိုက်သည်။ နောက်ပိုင်း ဆောင်ရွက်မည့် အစီအမံများနှင့် ပြင်ဆင်မှုများအကြောင်းကိုလည်း ပြောပြခဲ့သည်။

"မဆိုးဘူး!" လူအိုကြီးဘေးတွင် စစ်တပ်မှ‌အရေးပါသူတွေ အများကြီးရှိနေ၏။ နျဉ်ယွိယွမ်၏ အစီရင်ခံမှုကို ကြားလိုက်ရသည့်အခါ သူတို့တွေ မနေနိုင်ဘဲ သူ့ကိုချီးကျူးလိုက်ကြသည်။

နျဉ်ယွိယွမ်သည် မာရှယ်ရာထူးအပေးခံခဲ့ရသော်လည်း သူဟာအရွယ်ရောက်ခါစသာရှိသေးသည့် ကလေးသာဖြစ်သည်။ သားရဲလှိုင်းကို သူပထမဆုံးရင်ဆိုင်ရတာဖြစ်သော်လည်း ကိုင်တွယ်ရာတွင် အတော်လေးကျွမ်းကျင်လှသည်။ လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်သည်ဟုပင် ဆိုနိုင်သည်။

အရင်တုန်းကတော့ သားရဲလှိုင်းကိုခုခံတဲ့အခါ သူတို့ရဲ့စစ်တပ်ဟာ ရှေ့တန်းမှာတင် အပျက်အစီးအများဆုံးခံခဲ့ရသည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ နျဉ်ယွိယွမ်၏ အလှည့်ဖြစ်သည်။ သူက အသေအပျောက်နှုန်းကို အနိမ့်ဆုံးသို့ လျှော့ချနိုင်ခဲ့သည်။ ဒီအကျိုးသက်ရောက်မှုဟာ တကယ်ကို ထိတ်လန့်စရာပင်။

"ကောင်းပြီ၊ သူ့ကို ချီးကျူးနေတာရပ်လိုက်တော့" အကြီးအကဲနျဉ်၏ မျက်နှာဟာ ရွှင်မြူးနေပေမယ့် သူ့လက်ကိုအတင်းဝှေ့ယမ်းလိုက်သည်။ "ဒီလိုသာ ဆက်လုပ်နေရင် ဒီကလေးက မာနကြီးလာလိမ့်မယ်!"

“ဟေး! ဒါက ဘာကိစ္စကြီးမို့လို့လဲ?" ဒါကိုကြားတော့ တခြားစစ်တပ်အရာရှိက ခေါင်းယမ်းလိုက်ရင်း သူ့မျက်လုံးတွေကတော့ နျဉ်ယွိယွမ်အပေါ် ကျေနပ်မှုအပြည့်နဲ့ပင်။ "တော်တယ်၊ မင်းကို ချီးကျူးသင့်တယ်၊ ဆုချသင့်တယ်၊ ဒါက တရားတယ်"

နျဉ်ယွိယွမ် ပြုံးကာပြန်မဖြေပေ။ သူက သူ့ဘေးနားရှိ တပ်ခေါင်းဆောင်ကိုခေါ်လိုက်သည်။ “အဘိုးရောက်လာပြီဆိုတော့ ဒီနေရာကအခြေအနေကို လွှဲယူလိုက်တော့လေ။ ဒါက ဒီရီနန်ဒေသရဲ့ တပ်‌ခေါင်းဆောင်။ တစ်ခုခုရှိရင် သူ့ကိုမေးလို့ရတယ်”

“ကြည့်ပါအုံး၊ မင်းမှာ အရမ်းတော်တဲ့ မြေးရှိနေတာ။ မင်းဆီကို ကွပ်ကဲဖို့အာဏာ တိုက်ရိုက်လွှဲပေးလိုက်တာဘဲ!" သာမာန် လူငယ်တစ်ယောက်ဟာ အောင်မြင်လာသည့်အခါ သွေးပူလာလေ့ရှိပြီး သူရထားသည့် အခွင့်အာဏာတွေကို လက်လွှတ်မခံနိုင်တော့ပေ။ သို့သော် နျဉ်ယွိယွမ်ကတော့ အရေးကြီးသည့်အခိုက်အတန့်တွင် ရဲဝံ့စွာဆုတ်ခွာနိုင်ပြီး သူ၏တည်ငြိမ်သည့် ကိုယ်ရည်ကိုယ်သွေးကြောင့် စစ်တပ်မှအရာရှိများက ပို၍ပင် ချီးကျူးလာကြသည်။

“မလိုဘူး။ မင်းပဲ ဆက်လုပ်လိုက်။ ငါ ဘေးကနေ ကြည့်နေမယ်" အကြီးအကဲနျဉ်၏ စစ်ဘက်ရာထူးသည် နျဉ်ယွိယွမ်ထက် များစွာ မြင့်မားသည်ကြောင့် ဤကိစ္စများကို သူတာဝန်ယူသည်မှာ အဓိပ္ပါယ်ရှိပေသည်။ သို့ပေမယ့် နျဉ်ယွိယွမ်ကကောင်းကောင်းလုပ်နေမှတော့ ဦးနှောက်စွမ်းအားကို ဘာလို့ဖြုန်းတီးနေရအုံးမှာလဲ?

သို့သော်လည်း ဤလူအုပ်စုဟာ နျဉ်ယွိယွမ်ပြောချင်သည့်အဓိပ္ပါယ်ကို အထင်လွဲသွားကြသည်။

နျဉ်ယွိယွမ်က ခေါင်းအသာမော့ကာ လေးနက်သည့် အသံဖြင့်ပြောသည်။ "အဘိုး၊ မော့ချူး အထဲမှာ ရှိနေတုန်းပဲ"

"ဘာ?" အကြီးအကဲနျဉ် မျက်မှောင်ကြုတ်သွားကာ တစ်ခဏလောက် မတုံ့ပြန်မိလိုက်ပေ။ "အထဲမှာ ဘယ်သူရှိနေတာ?"

"မော့ချူး မှော်ဒေသထဲမှာ ရှိနေတုန်းပဲ!" နျဉ်ယွိယွမ် နောက်တစ်ခေါက် ထပ်ပြောလိုက်သော်လည်း သူ့လေသံက အနည်းငယ်ဩရှနေကာ သူ့အကြည့်တွေက အနည်းငယ်စူးရှနေသည်။

အကြီးအကဲနျဉ်ဟာလည်း မတုံးအပါ‌ချေ။ နျဉ်ယွိယွမ်၏ ဆိုလိုရင်းကို သူ အလျင်အမြန် နားလည်လိုက်သည်။ သူ မျက်မှောင်ကြုတ်ကာ အေးစက်စွာဖြင့်ပြောလိုက်သည်။ “ဒီတော့ ဘာလဲ? မင်းက ဒီကနေထွက်ပြီး သူ့ကိုသွားကယ်ချင်နေတာလား?"

မြေးအဘိုးကြား လေထုဟာ သဟဇာတမဖြစ်တော့တာကို မြင်လိုက်ရသဖြင့် စစ်တပ်မှအရာရှိတွေမှာ မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ သူတို့တွေ ဆင်ခြေတစ်ခုရှာကာ ထွက်သွားကြပြီး နှစ်ယောက်သားကို ချန်ထားလိုက်ကြသည်။ သူတို့အနေဖြင့် ကိုယ်ရေးကိုယ်ကိစ္စမှာ ပါဝင်ဖို့မကောင်းပါချေ။

"ဟုတ်တယ်" လူအိုကြီး၏ဒေါသမျက်နှာကို ကြည့်ရင်း နျဉ်ယွိယွမ်ရဲ့အကြည့်တွေဟာ လုံးဝကိုစိတ်ပိုင်းဖြတ်ထားသည့်ပုံပင်။ သားရဲလှိုင်းအတွင်း သူ့ပခုံးပေါ်ရှိ တာဝန်တွေကြောင့် သူထွက်သွားလို့ မရခဲ့ပေ။ မဟုတ်ပါက ‌ချူးလေးကိုရှာဖို့ မှော်ဒေသထဲ သူဝင်သွားတာ ကြာလှပြီဖြစ်သည်။

"မင်း...မင်းရူးနေလား?" လူအိုကြီးမှာ ဒေါသအရမ်းထွက်ရလွန်းလို့ သွေးအန်လုမတတ်ပင်။ "ကိုယ်တိုင် ပြန်ကြည့်အုံး။ သားရဲလှိုင်းမှာ မှော်သားရဲတွေဘယ်နှစ်ကောင်တောင်ရှိလဲ? ပြောရရင် နင်းမိခံလိုက်ရရုံနဲ့ မင်းအသားပြားလိုမျိုး ကြေမွသွားနိုင်တယ်ကွ!”

သားရဲလှိုင်းအတွင်း၊ မှော်ဒေသသည် လုံးဝ မှောင်မိုက်နေသည့် ရွှံ့နွံအဖြစ် ပြောင်းလဲသွားသည်။ ထိုနေရာတွင်ပိတ်မိသွားသည်နှင့် ထွက်လာဖို့ကို စဉ်းတောင် မစဉ်းစားနဲ့တော့ပင်!

လူအိုကြီးသည် မော့ချူးကို မကြိုက်သော်လည်း ဤသတင်းကို ကြားလိုက်ရတဲ့အခါတွင် ဝမ်းနည်းမှု အရိပ်အယောင်တွေ ထွက်ပေါ်လာသည်။ ဘာပဲဖြစ်ဖြစ်၊ ၎င်းဟာ ယခုလေးတင် ဆုံးရှုံးခဲ့ရသည့် လတ်လတ်ဆတ်ဆတ် လူ့အသက်တစ်ချောင်းပင်.... သို့ပေမယ့် အခုအချိန်မှာ နျဉ်ယွိယွမ်တစ်ယောက် စွန့်စားပြီးသူ့ကိုသွားရှာမယ် ဆိုတဲ့သတင်းကို ကြားလိုက်ရတဲ့အခါ သူ့ရင်ထဲက ဝမ်းနည်းမှုတွေက ဒေါသအဖြစ် ချက်ချင်း အစားထိုးလာတော့သည်။

ဒီမြေးရဲ့ဦးနှောက်က သစ်သားနဲ့လုပ်ထားတာလား? သားရဲလှိုင်းက ဘယ်လောက်အန္တရာယ်ကြီးလဲဆိုတာ သူကိုယ်တိုင်တောင် ရှင်းရှင်းလင်းလင်း မသိဘဲနဲ့ ကလေးမလေးကို တကယ်လိုက်ရှာဖို့ စဉ်းစားနေတာလား?

“ဒီက အခြေအနေတွေကို ကျွန်တော် အဘိုးဆီအပ်ခဲ့မယ်… တောင်းပန်ပါတယ်” လူအိုကြီးကို လေးလေးနက်နက်ကြည့်ပြီးနောက် နျဉ်ယွိယွမ် လှည့်၍ မှော်ဒေသထဲသို့ ပြေးဝင်သွားတော့သည်။

"လက်ထောက်လီ!" လူအိုကြီးမှာ ကျိန်ဆဲလိုက်သော်လည်း သူ့အသက်ကိုစွန့်ပစ်လိုက်သည်ကို ကြည့်နေရုံကလွဲပြီး မတတ်နိုင်ပါချေ။ သူ့လက်ကို ဝှေ့ယမ်းကာ ပြင်းပြင်းထန်ထန် အော်လိုက်သည်။ “သူ့ကိုတား!"

လူအိုကြီးရဲ့လက်ထောက်မှာ အကျပ်ရိုက်နေရသော်လည်း သူ့ကိုအမိန့်ပေးထားပြီးဖြစ်သည်။ သူလည်း ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းကာ မာရှယ်နျဉ်ကိုတားရန် ကြိုးစားလိုက်သည်။ သို့သော် ၎င်းတို့နှစ်ဦးကြားရှိ ကျင့်ကြံမှုကွာခြားချက်မှာ ကြီးမားလွန်းလှသည်။ သူကိုတားဖို့ သူ့ရဲ့ကြိုးစားမှုဟာ စစ်ရထားကိုတားဖို့ ကြိုးစားနေသည့် ရှိခိုးကောင်လိုပင်။ ဒါက အသုံးမဝင်ပါချေ။

All Chapters