အပိုင်း ၃၂၄
Vol. 22 Ch. 324
တစ်ဖက်တွင်မူ မော့ယန်ကို မောင်းနှင်ခြင်းယာဉ်ဆီ ပို့ပေးနေသည့် ကျုံးဝမ်နှင့် ကျောလင်တို့မှာလည်း ထိုလှုပ်ရှားမှုကို သဘာဝအလျောက် မြင်လိုက်ရသည်။ သူတို့ရဲ့အမူအရာတွေလည်း မနေနိုင်ဘဲ ပြောင်းလဲသွားကြသည်! ဘော့စ်က မော့ယန်ကို တားခဲ့ပေမယ့် တစ်ဖက်မှာတော့ ဘာလို့ သူကိုယ်တိုင်ပြေးသွားတာလဲ?
မော့ယန်ဟာ ဆေးမိထားသော်လည်း သတိရှိနေဆဲဖြစ်ကာ စူးရှသော နားနှင့်မျက်လုံးတွေရှိသေးသည်။ ဒါကိုကြားတော့ သူ အနည်းငယ် အံ့အားသင့်သွားသည်... ဒီတော့ နျဉ်ယွိယွမ်က ချူးလေးကို မရှာချင်တာမဟုတ်ဘဲ အဲ့ဒီအစား မလှုပ်ရှားခင် အခြေအနေတွေကို အကြီးအကဲနျဉ်ဆီ လွှဲပြောင်းပေးဖို့ စီစဉ်နေခဲ့တာလား?
“ဘော့စ်…” ကျုံးဝမ် ပြေးလာရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူ ပြောမလို့ဘဲရှိသေးသည် နျဉ်ယွိယွမ်ဆီကနေ ပိတ်ပြောခံလိုက်ရသည်။ "ငါ ဒီနေ့ မှော်ဒေသထဲကို ဝင်ရမယ်!"
"မင်းရဲ့အတားအဆီးက ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားနဲ့ ဒြပ်စွမ်းအင်တွေကို အားနည်းသွားစေရုံဘဲ တတ်နိုင်မယ်။ မင်း ငါ့ကို တားလို့ မရဘူး။ ဒီအချက်ကို မင်းရှင်းရှင်းလင်းလင်း သိထားသင့်တယ်” နျဉ်ယွိယွမ်ရဲ့ မျက်လုံးတွေဟာ ကြည်လင်နေကာညသူ့မျက်လုံးထဲရှိ ဆုံးဖြတ်ထားမှုဟာ တည်မြဲလွန်းလှသည့် ကျောက်တုံးတစ်လုံးလိုပင်။ “အဲ့ဒီအတွက် ဒီအချိန်မှာ ငါ့ကိုပြဿနာလာမရှာနဲ့"
ဒါကိုကြားတော့ ကျုံးဝမ် မတတ်နိုင်ဘဲ ခဏရပ်လိုက်မိသည်။ ဘော့စ်၏ မျက်နှာပေါ်မှ ပြတ်သားနေသည့် အရိပ်အယောင်ကို မြင်သည့်အခါ သူအသက်ပြင်းပြင်းရှူလိုက်ပြီး နောက်ဆုံးတော့ ဘေးဖယ်ပေးလိုက်သည်။
"ကျေးဇူးပဲ" နျဉ်ယွိယွမ် မှော်ဒေသသို့ လျှောက်သွားကာ ကျုံးဝမ်အား တိုးတိုးလေးပြောလိုက်သည်။
သူ့ဘော့ရဲ့ အဝကိုထွက်သွားသည့်ပုံရိပ်ကိုမြင်တော့ ကျောလင်အမြန်ပြေးလာကာ ကျုံးဝမ်ရဲ့ပခုံးကိုာခပ်ပြင်းပြင်းရိုက်လိုက်သည်။ "မင်း ငတုံးလား? ဘော့စ်ကို တားဖို့ ငါပြောခဲ့တယ်မဟုတ်ဘူးလား? ဘာလို့သူ့ကိုလွှတ်ပေးလိုက်တာ?"
ဘော့စ်၏ ကျင့်ကြံမှုဟာမြင့်မားသော်လည်း ၎င်းဟာ သားရဲလှိုင်းဖြစ်သည်။ မတော်တဆ သူ့အသက်ကို ဘယ်နှစ်ခါလောက် ဆုံးရှုံးခဲ့ရမလဲ?
"ဟက်" ကျုံးဝမ် ခပ်ဟဟရယ်လိုက်ကာ ခေါင်းယမ်းလိုက်ရင်း မေးလိုက်သည်။ "ဘော့စ်က ဆုံးဖြတ်ချက်ချပြီးရင် ဘယ်တုန်းက ပြောင်းဖူးလို့လဲ?"
“အင်း…” ကျောလင် ချီတုံချတုံဖြင့် ကြည့်လိုက်သည်။ "ဒီတစ်ခေါက်အခြေအနေက မတူဘူးလေ!"
"မေ့လိုက်တော့! ဘော့စ်ကို တားမယ့်အစား " နျဉ်ယွိယွမ်ရဲ့ ပုံရိပ်က်ိုကြည့်ရင်း ကျုံးဝမ်ရဲ့ မျက်လုံးတွေ တောက်ပလာသည်။ "သူ မကျိုးမကန်းဘဲ မော့ချူးကို ခေါ်ထုတ်လာနိုင်လိမ့်မယ်လို့ ယုံကြည်လိုက်တာကပိုကောင်းတယ်"
နံရံကိုမထိမချင်း နောက်ပြန်မလှည့်မည့် နျဉ်ယွိယွမ်၏ အမူအရာကိုမြင်လိုက်ရတဲ့အခါ လူအိုကြီး ဒေါသအရမ်းထွက်သွားပြီး တုန်ရီလာသည်။ သူက သူ့ဘေးနားရှိ စစ်သားကို အော်ပြောလိုက်သည်။ “ချက်ချင်းတား၊ သူ့ကိုချက်ချင်းတား!"
စစ်သား၏ မျက်နှာပေါ်မှာတော့ အခက်အခဲဖြစ်နေမှုကို ပြသနေသည်။ သူလှည့်လာကာ အလေးပြုလိုက်သည်။ "တောင်းပန်ပါတယ်၊ ကျွန်တော်တို့ရဲ့ လက်ရှိအရာရှိက မာရှယ်နျဥ်ပါ။ အရာရှိရဲ့အမိန့်ကို ကျွန်တော်တို့လိုက်နာပေးလို့မရပါဘူး"
လူအိုကြီးမှာ ဒေါသထွက်နေသည်။ ဒီစကားကြားတော့ သူပိုလို့တောင် ဒေါသဖြစ်လာသည်။
“မသွားနဲ့” ဒီအချိန်မှာ အမျိုးသမီးအသံတစ်သံက ရုတ်တရက် ထွက်လာသည်။ ၎င်းဟာတိတ်ဆိတ်နေသည့် မှော်ဒေသထဲတွင် အထူးတလည်ကို ထင်ရှားနေသည်။ "မော့ချူး... သူသေသွားပြီ!"
ရှေ့ကိုလှမ်းနေသည့် နျဉ်ယွိယွမ်၏ ပုံရိပ်ဟာ ချက်ချင်းရပ်သွားတော့သည်!
သူလှည့်ကြည့်လိုက်တော့၊ ချောင်းရှန်ဖြစ်နေသည်။ ဒီမိန်းမ ဘယ်အချိန်ကရောက်လာမှန်း သူ မသိပေမယ့် ဒီအချိန်မှာမှ သူစကားပြောလာသည်။
"မင်းဘာပြောလိုက်တာ!?" နျဉ်ယွိယွမ် ခေါင်းကို အသာငုံ့ကာ သွေးဆာနေသည့် သူ့မျက်လုံးများကို ဖုံးကွယ်လိုက်သည်။ အအေးဓာတ်က သူ့ကျောရိုးထဲကနေ စိမ့်တက်လာသလိုမျိုး သူ့အသံကလည်း အနည်းငယ်အေးစက်လာသည်။
"ငါ ဘာပြောလဲဆိုတာကို နင်ကောင်းကောင်းကြီးပါတယ်" ချောင်းရှန် ရှေ့နှစ်လှမ်းတိုးလိုက်သည်။ ခပ်မြင့်မြင့်စည်းထားသည့် သူမ၏ဆံပင်တွေဟာ လှုပ်ရှားပြိုကျနေသည်။ ဆံပင်တွေဟာ သူမ၏ပခုံးပေါ်တွင် ပြန့်ကျဲနေကာ အမျိုးသမီးဆန်ဆန်အလှတရားကိုပါ ပေးစွမ်းနေသည်။ သို့သော် နျဉ်ယွိယွမ်၏ မျက်လုံးထဲတွင်တော့ ရွံရှာမှုကိုသာ ခံစားလိုက်ရသည်။ "နျဉ်ယွိယွမ်၊ အမှန်တရားကို လက်ခံလိုက်! ဘာမှ လာခေါင်းမာမနေနဲ့!"
ဒါကိုကြားတော့ နျဉ်ယွိယွမ် ဆတ်ခနဲ ခေါင်းမော့လိုက်သည်။ သူ့မျက်နှာပေါ်ရှိ လူသတ်လိုစိတ်က ခိုင်မာလာတော့သည်။
ဘယ်သူမှ မမျှော်လင့်ထားတဲ့အချိန်မှာဘဲ နျဉ်ယွိယွမ်ဟာ လေပြင်းတိုက်သလို ချောင်းရှန်အရှေ့ကို ရောက်သွားတော့သည်။ သူ၏သန်မာတဲ့လက်တွေကို ဆန့်ကာ ချောင်းရှန်၏ နူးညံ့သည့် လည်ပင်းကို ညစ်လိုက်သည်။
သူတစ်ခါမှ တစ်စုံတစ်ယောက်ကို ဒီလောက်ထိဆိုးဆိုးရွားရွား မသတ်ချင်ခဲ့ပေ။
နျဉ်ယွိယွမ်၏ မျက်လုံးထဲတွင် မုန်းတီးမှုတွေနှင့် ပြည့်နှက်နေသည်။ ဒီမိန်းမကြောင့်သာမဟုတ်ရင် ချူးလေးက လေလံအိမ်ထဲ ဘယ်လိုလုပ်ပြန်ပေးဆွဲခံခဲ့ရမှာလဲ? သူ့ကြောင့်သာမဟုတ်ရင် ချူးလေးက အခုမှော်ဒေသမှာ ဘယ်လိုလုပ်ပိတ်မိနေပါ့မလဲ? အခုတော့ သူက ချူးလေးကိုတောင် ကျိန်ဆဲရဲတယ်လား?
“အစ်– “ချောင်းရှန်မှာ ဒီမြင်ကွင်းကို မမျှော်လင့်ထားဘူးဆိုတာ သိသာလှသည်။ သူမ၏ အမူအရာဟာ ရုတ်တရက် ပြောင်းသွားတော့သည်။ နျဉ်ယွိယွမ် သူမကို လည်ပင်းတင်းတင်း ညှစ်ထားသည်ကြောင့် သူမအသက်မရှူနိုင်တော့ပေ။ ခဏကြာတော့ သူ့မျက်နှာ နီရဲလာတော့သည်။
"နျဉ်ယွိယွမ် မင်းဘာလုပ်နေတာလဲ!" အကြီးအကဲနျဉ်ရဲ့ မျက်လုံးတွေဟာ ပြူးကျယ်သွားတော့သည်။ အဖွဲ့ချုပ်မှ အမျိုးသမီးတွေကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်ခြင်းဟာ ကြီးလေးသည့် ရာဇ၀တ်မှုဖြစ်သည်ကို သိထားရမည်ပင်။
ဤအခိုက်အတန့်တွင် ချောင်းမိသားစုလည်း တုံ့ပြန်လာကာ ချောင်းရှန်ကို ကယ်ရန်အမြန်သွားလိုက်သည်။ သို့သော် ၎င်းတို့ထဲမှ တစ်ယောက်နှစ်ယောက်ကတောင် နျဉ်ယွိယွမ်၏ လက်ချောင်းတစ်ချောင်းနှင့် မည်သို့ယှဉ်နိုင်ပါ့မလဲ? နျဉ်ယွိယွမ် ခြေထောက်ကိုထုတ်ကာ ကန်ပစ်လိုက်သည်။ သူတို့ထဲမှ တချို့ဟာ နာကျင်စွာဖြင့် အော်ဟစ်ရင်း မြေပြင်ပေါ်လဲကျသွားကြသည်။
ချောင်းရှန်ကို နျဉ်ယွိယွမ်က လည်ပင်းတင်းတင်းညစ်ထားသည်။
“အာ့ အာ့…” ချောင်းရှန် အလိုလိုအားနည်းလာကာ မျက်ဖြူလန်လာသည်။
ဤအခြေအနေကိုမြင်လျှင် လူတိုင်း၊ အထူးသဖြင့် အကြီးအကဲနျဉ်မှာ ဒီတိုင်းမနေနိုင်တော့ပေ။ သူလက်ကိုထုတ်ကာ နျဉ်ယွိယွမ်ရဲ့လက်မောင်းကို တင်းတင်းဆုပ်ကိုင်လိုက်သည် "ဘာဖြစ်တာလဲ ကလေး? မင်း ရူးသွားပြီလား? ဘာလို့မလွှတ်တာလဲ? မင်း ငါ့ကို ဒေါသထွက်ပြီးသေအောင်လုပ်နေတာလား?"
ဒါကိုကြားတော့ နျဉ်ယွိယွမ် ခေါင်းအသာလှည့်ကြည့်လာသည်။ လူအိုကြီး၏ မျက်လုံးထဲတွင် သိသာသည့် စိုးရိမ်ပူပန်မှုတွေကို မြင်လိုက်ရသည့်အခါ သူလုပ်နေတဲ့အရာကို ရပ်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်လိုက်ကာ ချောင်းရှန်အား မှော်ဒေသထဲသို့ တွန်းပို့လိုက်သည်။ သူ့အားက မသေးပေ။ ရှိနေကြသူအားလုံးဟာ ကျယ်လောင်လှသည့် 'ဘမ်း' ဆိုတဲ့အသံကို ကြားလိုက်ရသည်။
"နျဉ်ယွိယွမ်၊ ငါတို့ ဒါကို မှတ်ထားမယ်!" မြေပြင်ပေါ်တွင်လဲနေကာ အစောကတင်ငိုကြွေးနေသည့် ချောင်းမိသားစုဝင်ဟာ နောက်ဆုံးတော့ ပြန်သက်သာလာသည်။ သူဟာ တုန်တုန်ယင်ယင် ဖြင့် မတ်တတ်ထရပ်ကာ ကြမ်းတမ်းသည့် စကားအချို့ကိုလည်း ပြောဖို့မမေ့ပေ။ “မင်းက ငါတို့ချောင်းမိသားစုကိုတောင် တိုက်ခိုက်ရဲတယ်။ အနာဂတ်မှာ မင်းတို့ နျဉ်မိသားစု ငါတို့ဆီကဆေးတွေသောက်ဖို့တောင် မစဉ်းစားနဲ့!"
"မင်း... အများကြီးပြောနေတာပဲ" နျဉ်ယွိယွမ် သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။ သူ့စကားထဲရှိ ရက်စက်သည့်ရည်ရွယ်ချက်ဟာ ချောင်းကျောက်ကိုတုန်လှုပ်သွားစေသည်။ ကျန်သည့်စကားတွေကို သူ ဆက်မပြောနိုင်တော့ပေ။
ထိုအချိန်တွင် ရုတ်တရက် အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။