← Chapters

အပိုင်း ၃၂၅

Vol. 22 Ch. 325

အပိုင်း ၃၂၅

Vol. 22 Ch. 325

ထိုအသံကိုကြားသည့်အခါ လူတိုင်းလှည့်ကြည့်လိုက်ကြသည်။ အားလုံးမသိစိတ်ကနေ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားကြကာ သူတို့ရဲ့မျက်လုံးတွေထဲ ထိတ်လန့်နေမှုကို မတတ်နိုင်ဘဲထုတ်ပြလာကြသည်။

“သွေးအလင်းသားရဲ!”

"Holy sh*t! ဒီဟာက ဘယ်လိုလုပ်ပေါ်လာတာလဲ?"

"ဘုရားရေ၊ အားလုံး ချောင်းရှန်ရဲ့ခြေထောက်ကို ကြည့်ကြအုံး!"

"ဝမ်းနည်းစရာပဲ!"

ဒီစကားတွေကိုပြောပြီးချိန်မှာ သွေးအလင်းသားရဲကိုကြည့်နေကြသည့် လူတိုင်း၏အကြည့်တွေဟာ ချောင်းရှန်ဆီ ရောက်လာကြသည်။

ဒါကိုမြင်တော့ မ‌တတ်နိုင်ဘဲ တံတွေးခပ်ပြင်းပြင်းမျိုချလိုက်မိသည်။

နျဉ်ယွိယွမ် ချောင်းရှန်ကို တွန်းပစ်လိုက်တဲ့အချိန် သူသည် သူမအား မှော်ဒေသအတွင်းထဲသို့ ပစ်ပေါက်ခဲ့တာဖြစ်သည်။ ဒီလိုနှင့်ဘဲ သူမဟာ ပေါ်လာသည့် သွေးအလင်းသားရဲ၏ ပစ်မှတ်ဖြစ်လာခဲ့သည်။ ချွန်ထက်သည့်သွားတွေဆီမှ ပြင်းထန်စွာကိုက်ခံလိုက်ရသဖြင့် ချောင်းရှန်၏ ခန္ဓာကိုယ် အောက်ပိုင်းဟာအကိုက်ခံလိုက်ရတော့သည်။

ဖြာထွက်လာသည့် သွေးစိမ်းတွေနှင့်အတူ ချောင်းရှန်၏ နာကျင်စွာ အော်ဟစ်သံက ထွက်ပေါ်လာသည်။ မြင်လိုက်ရတာနဲ့တင် ကြောက်လန့်တုန်လှုပ်မိသွားစေသည်။

ကိုက်ထားသည့် ခြေထောက်နှစ်ချောင်းကို ဘေးသို့ ပစ်ချလိုက်ရင်း သွေးအလင်းသားရဲဟာ ရွံရှာသလို တံတွေးနှစ်ကြိမ်လောက် ထွေးလိုက်သည်။ သူက ညစ်ပတ်တဲ့အရာမှန်သမျှကို စားနိုင်တဲ့ သားရဲမဟုတ်တော့ဘူး!

အစောပိုင်းက သွေးအလင်းသားရဲကြောင့် ထိတ်လန့်နေကြသူတွေဟာ ဤမြင်ကွင်းကိုမြင်သည့်အခါ ကြောင်အသွားကြတော့သည်။ သူတို့မျက်လုံးတွေကဘဲ သူတို့ကိုလှည့်စားနေတာလား? ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ သားရဲရဲ့လှုပ်ရှားမှုနဲ့ အမူအရာတွေက လူသားနဲ့တူလိုက်တာလို့ ဘာလို့များ ခံစားနေရတာပါလိမ့်?

သို့သော် မကြာခင်မှာဘဲ သူတို့စိတ်ကို ပြောင်းလိုက်ကြသည်။

သွေးအလင်းသားရဲဟာ ၎င်း၏ကြီးမားသည့် လက်ဖဝါးနှစ်ဖက်ကိုမြှောက်လိုက်ပြီး ချောင်းရှန်၏ ကျိုးသွားသည့်ခြေနှစ်ချောင်းကို အားဖြင့်ရိုက်လိုက်သည်။ သွေးနှင့်အသားတွေဟာ နေရာအနှံ့ ပြန့်ကျဲသွားပြီး အရိုးနှင့်အသားတို့ဟာ နေရာတိုင်းပျံ့ကြဲသွားကြသည်။ မြင်ကွင်းက ကြောက်စရာကောင်းလှသည်။

သူမ၏ ခြေထောက်နှစ်ချောင်းသည် အသားနှစ်အဖြစ်သို့ ချက်ချင်းပြောင်းသွားသည်ကို မြင်လိုက်ရသဖြင့် ထိုအခိုက်အတန့်တွင် ချောင်းရှန်မှာ ဘာကိုမှတုံ့ပြန်မိလိုက်ပေ။ သူမတောင် အနည်းငယ် အံ့ဩသွားမိသည်။

"ဟိုင်း ဘယ်လိုခံစားရလဲ?" ကြည်လင်ပြတ်သားသည့် အမျိုးသမီးအသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။‌ ချောင်းရှန်ကြားလိုက်ရသည့်အခါ သူမရဲ့မျက်လုံးတွေ မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားတော့သည်။ သူမသည် သွေးအလင်းသားရဲအား ကြည့်ကာ အော်လိုက်သည်။ ——"မော့ချူး!"

သူမ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူမ သေသွားတာမဟုတ်ဘူးလား? သူဘာလို့ အန္တရာယ်ကင်းကင်းနဲ့ ဒီနေရာမှာ အသံထွက်လာတာလဲ?

"ဆူညံလိုက်တာ!" မော့ချူး မျက်မှောင်ကြုတ်လိုက်ကာ သူမနားအားရွံသလို ကလော်လိုက်သော်လည်း သူမမျက်လုံးတွေကတော့ ဂရုမစိုက်စွာဖြင့် အေးစက်နေ၏။

ထိုစကားကိုကြားသည့်အခါ၊ သွေးအလင်းသားရဲသည် ချက်ချင်းဆိုသလိုပင် ချောင်းရှန်၏ ကျန်ရှိနေသေးသည့် ခန္ဓာကိုယ်တစ်ပိုင်းကို ရိုက်လိုက်ပြီး မော့ချူးအား မှုန်ကုပ်ကုပ်အကြည့်ဖြင့် ကြည့်လိုက်သည်။ 'ကြည့်အုံး၊ ငါ့တုံ့ပြန်မှုက ဘယ်လောက်တောင်မြန်လိုက်သလဲ!'

သူမအကြည့်တွေက ဝိုင်းဝိုင်းဆီ ရောက်သွားတဲ့အခါ မော့ချူးရဲ့အကြည့်တွေက သိသိသာသာကို နူးညံ့သွားသည်။ သူမထရပ်လိုက်ကာ သူခေါင်းကိုထိဖို့ လက်လှမ်းလိုက်သော်လည်း ဝိုင်းဝိုင်းဟာ သူ့ရဲ့ မူလပုံစံကိုပြန်ရောက်နေတာကြောင့် အရပ်ပိုမြင့်လာပြီး မော့ချူးမမှီတဲ့အတွက် ဝိုင်းဝိုင်းမှာ တစ်ဝက်လောက်ငုတ်တုတ်ထိုင်ချလိုက်ကာ သူ၏ကြီးမားသည့်ခေါင်းကို မော့ချူး၏ လက်အောက်သို့ ထားလိုက်သည်။ လာလေ၊ ထိလို့!

မော့ချူးရဲ့ နှုတ်ခမ်းထောင့်များမှာ မတတ်နိုင်ဘဲ ပြုံးလိုက်မိသည်။ သူမရဲ့လက်ကို သွေးအလင်းသားရဲ ရဲ့ခေါင်းပေါ်တင်လိုက်ပြီး အကြိမ်အနည်းငယ်လောက် အပြင်းအထန် ပွတ်သပ်လိုက်သည်။

သူမဘေးနားရှိ လူတွေကတော့ လုံးဝကို အံသြ‌နေမိသည်။ သူတို့မျက်နှာပေါ်ရှိ အမူအရာတွေဟာ ကြောင်အနေဆိုသည့် စကားလုံးနှစ်လုံး ရေးထားသလိုပင်။

ဟား သားရဲလှိုင်းကို တိုက်ထုတ်လိုက်ရလို့ သူတို့အရမ်းပင်ပန်းနေတာဖြစ်မယ်။ မဟုတ်လို့ရှိရင် ဘာလို့ ဒီလိုမြင်ကွင်းမျိုးကို မြင်နေရတာလဲ? ကြောက်စရာကောင်းတဲ့ သွေးအလင်းသားရဲက အမှန်တကယ်ကို ပြောင်းလဲသွားတာပဲ။ ဘေးအိမ်က ဘာအန္တရာယ်မှမပေးနိုင်တဲ့ ခပ်ဝဝနဲ့ ပေါ့ပေါ့ပါးပါး လိုက်လျောညီထွေ ဖြစ်တတ်တဲ့ ဦးလေးကြီးလိုပဲ! ကောင်းကင်ဘုံကြီးရေ! ဒီကမ္ဘာကြီးက တကယ်ဆန်းကြယ်လွန်းတာဘဲ!

"မော့ချူး!" နျဉ်ယွိယွမ်၏ ဝမ်းသာအားရဖြင့် သွေးအလင်းသားရဲဆီ ပြေးသွားသည့်လှုပ်ရှားမှုဟာ လူတိုင်းရဲ့ အတွေးတွေကို ပိုသေချာသွားစေတော့သည်။ ကြည့်ပါအုံး၊ မာရှယ်နျဉ်လည်း အံ့ဩနေတာပဲ။ သူက အပြုံးတွေနဲ့ သွေးအလင်းသားရဲဆီ တကယ်ကြီး ပြေးသွားတာဘဲ!

“အာဝူး အာဝူး –” ဝိုင်းဝိုင်း၏ ကြီးမားသည့်ကိုယ်ကြီးဟာ မော့ချူးကို အခိုင်အမာ ပိတ်ဆို့ထားသည်။ သူ့လက်နှစ်ချောင်းဖြင့် မြေပြင်ပေါ် ပြင်းပြင်းထန်ထန် ရိုက်လိုက်ကာ ဖုန်မှုန့်တွေကို လွင့်သွားစေတော့သည်။ နီရဲတောက်နေသည့် သူ့မျက်လုံးတွေက ပြူးကျယ်သွားတော့သည်။ ဘာလို့ ဒီကိုပြေးလာတာလဲ၊ စိတ်အနှောက်အယှက်ပေးတဲ့လူရဲ့။ မြန်မြန်သွားတော့!

"ချူးလေး အဆင်ပြေရဲ့လား? ဒဏ်ရာရထားသေးလား?" နျဉ်ယွိယွမ်တစ်ယောက် ရက်စက်ဟန်ဆောင်နေသည့် သွေးအလင်းသားရဲကို လုံးဝလျစ်လျူရှုထားလိမ့်မယ်လို့ ဘယ်သူထင်မှာတဲ့လဲ? သူဟာ သူ့လမ်းကိုပိတ်ထားတဲ့ သွေးအလင်းသားရဲကို သဘောမကျသလို နှစ်ကြိမ်လောက် ရိုက်လိုက်သေးသည်။ ဒီလုပ်ရပ်ဟာ သူ့နောက်က လူတွေရဲ့ နှလုံးသားကို တုန်လှုပ်သွားစေတော့သည်။

ပြီးသွားပြီ! ဒီနေ့ရဲ့ နှိုးဆွမှုက အရမ်းကိုကြီးလွန်းလို့ နှလုံးသားလေးက ဝန်ကိုမခံနိုင်တော့ဘူး!

"အဆင်ပြေပါတယ်" မော့ချူး ပေါ့ပေါ့ပါးပါးပြုံးပြလိုက်ကာ ခေါင်းကိုအသာခါပြလိုက်သည်။ ထိုအချိန်တိုလေးပြီးတဲ့‌နောက်၊ စိတ်ဝိညာဉ်အသီး၏ အကျိုးသက်ရောက်မှုဟာ အပြည့်အဝနီးပါးပြသလာသည်။ နဖူးပေါ်ရှိ ဒဏ်ရာဟာလည်း သက်သာသွားကာ မေ့ဆေးမှုန့်ရဲ့ အာနိသင်ဟာလည်း လုံးဝ ပျောက်ကွယ်သွားသည်။

ဒါတောင် နျဉ်ယွိယွမ်ကတော့ စိတ်ပူနေဆဲပင်။ သူက မော့ချူးကို အပြန်ပြန်အလှန်လှန် ကြည့်လိုက်သည်။ သူမကိုယ်တွင် ဒဏ်ရာမတွေ့ကြောင်း အတည်ပြုပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။

“အာဝူး –” ဝိုင်းဝိုင်းသည် အကြိမ်အနည်းငယ် အော်လိုက်ကာ နျဉ်ယွိယွမ်ကို မျက်လုံးလှိမ့်ပြလိုက်သည်။ 'ဒီသခင်လေးရှိနေမှတော့ ချူးလေးက ဘယ်လိုလုပ်ဒဏ်ရာရမှာလဲ?'

အဆိုပါကိစ္စရပ်ဟာ ချောင်းမိသားစု မျှော်မှန်းထားသည်ထက် လုံးဝကျော်လွန်သွားပြီဖြစ်သည်။ ချောင်းရှန်၏ အဆင့်အတန်းဟာလည်း မနိမ့်ကျပါချေ။ ယခု ထိုကဲ့သို့ဖြစ်ပျက်သွားသည်ကို မဖုံးကွယ်ဝံ့ဘဲ အထက်အရာရှိထံ ချက်ခြင်း သတင်းပို့လိုက်သည်။

ချောင်းမိသားစု၏ အကြီးအကဲချောင်းဟာ မူလက တည်းက ရီနန်မှော်ဒေသသို့ လာချင်ခဲ့တာဖြစ်သည်။ ဒီသတင်းကို သူတွေ့လိုက်ရတော့ သည်းမခံနိုင်တော့ဘဲ လျှပ်စီးလက်သလို အမြန်ပြေးသွားတော့သည်။

အခင်းဖြစ်ပွားရာသို့ သူရောက်သွားသည့်အခါတွင် ကြီးမားသည့် သွေးအလင်းသားရဲကြီးကို မြင်လိုက်ရသည်။ သူ့ရင်ထဲမှ တုန်လှုပ်ခြောက်ခြားမှုတွေမှာ မပျောက်သေးပေ။ သူအောက်ကိုငုံ့ကြည့်လိုက်တော့ ချောင်းရှန်၏ ကျိုးပဲ့နေတဲ့ပုံစံကို မြင်လိုက်လိုက်ရသည်။ သူ့အမူအရာက ချက်ချင်းပြောင်းသွားကာ သူ့ကိုယ်က အကြိမ်အနည်းငယ်လောက် လှုပ်ရှားသွားသည်။ သူ့နောက်ကလူတွေသာ သူ့ကိုမထိန်းထားပါက သူလဲကျသွားလိမ့်မည်ပင်။

"ရှန်အာ!" အကြီးအကဲချောင်းဟာ ခြေလှမ်းကျဲတွေဖြင့် ပူဆွေးဝမ်းနည်းစွာသူမဆီ အပြေးလာတော့သည်။ သူ့မျက်လုံးထဲရှိ ဝမ်းနည်းမှုတွေဟာ အတုအယောင်မဟုတ်ပါချေ။ ချောင်းရှန်ဟာ သူ၏သွေးရင်းမြေးမလေးဖြစ်ကာ သူတို့နှစ်ဦးကြားဆက်ဆံရေးမှာလည်း ပုံမှန်အားဖြင့် ကောင်းမွန်လှသည်။ ယခု သူမကို ဒီလိုမြင်လိုက်ရတော့ ဘယ်လို ထိန်းထားနိုင်တော့မှာလဲ? သူ အနောက်ဘက်ကို လှည့်ကာလှမ်းအော်လိုက်သည်။ "မင်းတို့ သူ့ကိုဘာလို့ သွားမကယ်ကြတာလဲ?!"

All Chapters