← Chapters

အပိုင်း ၃၂၆

Vol. 22 Ch. 326

အပိုင်း ၃၂၆

Vol. 22 Ch. 326

အကြီးအကဲချောင်းနောက်တွင် ချောင်းမိသားစုမှ အဂ္ဂိရတ်ဆရာတစ်‌ယောက်ရှိနေ၏။ သို့သော် ဤအချိန်တွင် သူ့၌ပုံမှန်ရှိနေကြ မောက်မာသည့် အသွင်အပြင်ဟာ လုံးဝကိုပျောက်ကွယ်သွားသည်။ သူသည် မဝေးလှသာ့်နေရာမှ သွေးအလင်းသားရဲကို ကြည့်ကာ နှုတ်ခမ်းတွေအနည်းငယ် တုန်ရီသွားသည်။ မစ်ချောင်းရှန်ဟာ သွေးအလင်းသားရဲ၏ ခြေရင်းဘေးတွင် ရှိနေသည်။ သူ့ကို ဘယ်လို သွားသယ်ရမှာလဲ?

“အာဝူး!” နျဉ်ယွိယွမ်ဟာ မော့ချူးနှင့်အသိဖြစ်သည်ကြောင့် သူအနားကပ်လာသည်ကို ဝိုင်းဝိုင်းသည်းခံပေးနိုင်သည်။ ယခု နောက်ထပ်လူတစ်စုလာဖို့ ပြင်ဆင်နေသည့်အခါ သူဘယ်လိုလုပ် လိုလားမယ်တဲ့လဲ? သူ့ပါးစပ်ကိုဟဟာ ခံ့ညားသောပုံစံဖြင့် ဟိန်းဟောက်လိုက်သည်။ 'အားလုံး၊ ထွက်သွားကြ!'

အကြီးအကဲချောင်းမှာ မလိုလားသော်လည်း၊ သွေးအလင်းသားရဲ၏ ဖိအားကြောင့်၊ အဆုံးတွင် ရပ်နေရုံသာတတ်နိုင်တော့သည်။

"နျဉ်ယွိယွမ်၊ မင်း ဘာရပ်လုပ်နေတာလဲ?" နောက်ဆုံးတွင် အကြီးအကဲချောင်းဟာ သူ၏ပစ်မှတ်ကို နျဉ်ယွိယွမ်ဘက်ဆီ လှည့်လိုက်သည်။ "ငါ့မြေးကို မခေါ်လာသေးဘူးလား? အဖွဲ့ချုပ်မှာ အမျိုးသမီးတွေကို ကာကွယ်ပေးရေး မူဝါဒရှိတယ်ဆိုတာ မင်းမေ့နေတာလား? ဥပဒေကို သိပြီး ချိုးဖောက်ဖို့ ပြင်ဆင်နေတာလား?”

ကျွတ်စ်! ဥပဒေကိုချိုးဖောက်တယ်တဲ့လား?

သူ့ဘေးမှလူတွေဟာ အကြီးအကဲချောင်းကို စိုက်ကြည့်လိုက်သည်။ အကြီးအကဲနျဉ်သာ မတားခဲ့ရင် နျဉ်ယွိယွမ် ချောင်းရှန်ကို လည်ပင်းညစ်သတ်ပြီးသွားလောက်ပြီ! ဒါကို နျဉ်ယွိယွမ်ဆီမှာ မျှော်လင့်ချက်တွေ ထားနေသေးတာလား? ဟာသ လာလုပ်နေတာ မဟုတ်ဘူးလား?

ချောင်းရှန်လည်း သူ့ဘေးနားရှိလူတွေ၏ ထူးဆန်းသည့်အကြည့်တွေကို သတိထားမိသည်။ ချောင်းမိသားစု၏ တပည့်များထဲမှ တစ်ဦးဖြစ်သည့် ချောင်းကျောက်သည် နျဉ်ယွိယွမ်ကြောင့် ဒဏ်ရာရသွားသည့် သူ့ခြေထောက်ကို တရွတ်တိုက်ဆွဲကာ ရှေ့နှစ်လှမ်းတိုးလာသည်။ ထို့နောက်ခေါင်းငုံ့ကာ အခြေအနေကို အသေးစိတ်ပြောပြလိုက်သည်။

ချောင်းကျောက်မှာ ချောင်းရှန် အန္တရာယ်ကြုံနေရကြောင်းသာ သတင်းပေးဖို့အချိန်ရှိခဲ့သည်။ သူ့တွင် တခြားဘာမှပြောဖို့ အချိန်မရှိခဲ့ပေ! သူပြောပြသည့်ဇာတ်ကြောင်းကို နားထောင်ရင်း၊ အကြီးအကဲချောင်း၏ အမူအရာဟာ ပိုလို့တောင် မသာမယာဖြစ်လာသည်!

တစ်ဖက်တွင်၊ အကြီးအကဲချောင်း၏ ရိုင်းစိုင်းသည့် စကားလုံးတွေကို ကြားလိုက်ရတဲ့အခါ အကြီးအကဲနျဉ်လည်း မပျော်မရွှင်ဖြစ်သွားတော့သည်။ 'ဟား! ငါ့မြေးကဘာဖြစ်လို့လဲ? ဒါ မင်းပြောစရာနေရာလား?' အကြီးအကဲချောင်းကို သူပြောခါနီးတွင် အမျိုးသမီးအသံတစ်သံထွက်လာသည်။

"ရှင်က... အကြီးအကဲချောင်းလား?" မော့ချူး လူတိုင်းအရှေ့တွင် ခြေလှမ်းအနည်းငယ်လှမ်းလာသည်။ သူမ၏ နှုတ်ခမ်းထောင့်တွေဟာ အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ "ဘာလဲ? ချောင်းရှန်ကို လိုချင်လို့လား? ကျွန်မကို အရင်ဖြတ်မှပဲရမယ်!"

အကြီးအကဲချောင်း မျက်မှောင်ကြုတ်သွားသည်။ "မင်းက....မော့ချူးလား?"

သူ့အနေဖြင့် မော့ချူးကို မသိသည်မှာ သဘာဝပင်။ သူ့ဘေးနားရှိ ချောင်းကျောက်က သူ့ကိုပြောပြလိုက်သည်။

"ဟုတ်တယ်!" မော့ချူး ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ကြည်လင်ပြီးသန့်ရှင်းသည့် သူမပုံစံဟာ ပို၍ပင်မျက်စိဖမ်းစားနေသည်။ သို့သော်လည်း ယခုတွင်တော့ သတ်ဖြတ်နိုင်သည့် သားရဲကြီးနှစ်ကောင်ဖြစ်သည့် သွေးအလင်းသားရဲနှင့် နျဉ်ယွိယွမ်တို့ဟာ သူမနောက်တွင်ရပ်နေသဖြင့် လေထုဟာ ချက်ချင်းပင် ထူးဆန်းလာသည်။

"ဟမ့်၊ မင်းက ဘာလုပ်ချင်လို့လဲ?" အကြီးအကဲချောင်းက လက်ရှိအခြေအနေကို နားမလည်သေးမှန်း ဖြစ်နိုင်သလို သူ၏အဆင့်တန်းမြင့်မြင့်အနေအထားတွင် အကြာကြီးနေခဲ့တာကြောင့် မောက်မာနေတာဖြစ်သည်။ “ဒီလိုအခြေအနေမျိုးမှာ မင်းအပြစ်ကနေ လွတ်နိုင်မယ်လို့ထင်နေတာလား? ဒါမှမဟုတ် နျဉ်မိသားစုရဲ့အကာအကွယ်နဲ့ အရာအားလုံး အဆင်ပြေသွားမယ်လို့ မင်းထင်နေတာလား?"

ဟက်! ကြည့်ပါအုံး၊ နိုင်ငံရေးသမားကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ။ စကားတစ်ခွန်းစီက မော့ချူးကိုပြစ်တင်ရှုတ်ချနေရုံသာမက နျဉ်မိသားစုကိုပါ ထိပါးနေသည်။

ဒီစကားကြားတော့ မော့ချူးရဲ့ နှုတ်ခမ်းပေါ်က အပြုံးဟာ ပိုလို့တောင်ကြီးမားလာသည်။ သူမရဲ့အကြည့်တွေက သူမရှေ့တွင် လူရွှင်တော်တစ်ယောက် ခုန်ပေါက်နေတာကို ကြည့်နေသလိုပင်။

"ဝိုင်းဝိုင်း" မော့ချူးရဲ့ နှုတ်ခမ်းတွေ အနည်းငယ်ပွင့်ဟသွားသည်။

သူမ၏နောက်မှ သွေးအလင်းသားရဲဟာ ချက်ချင်းသဘောပေါက်သွားသည်။ ချောင်းရှန်၏ ကိုယ်ကို သူ၏ လက်ကြီးဖြင့် အကြိမ်အနည်းငယ် ရိုက်လိုက်သည်။ ထိုအသံဟာရိုးရိုးရှင်းရှင်းကို ပေါ်ထွက်လာသည်!

အနောက်က လူတွေကတော့ သည်းမခံနိုင်တော့ပေ။ သွေးအလင်းသားရဲ၏ မျက်နှာပေါ်ရှိ ပျော်ရွှင်နေသည့် အမူအရာကိုကြည့်ကာ သူတို့ရင်ထဲတွင် မှန်းဆလို့မရတော့ပေ။ ဒီသားရဲက ဒါကို ကစားနေသလို သတ်မှတ်ထားတာလား? အိုက်ယား၊ ရပ်လိုက်ပါတော့! ဆက်လုပ်နေမယ်ဆိုရင် ချောင်းရှန်တစ်ယောက် အစိတ်စိတ် အမွှာမွှာဖြစ်သွားတော့မယ်!

မော့ချူး၏ မာနထောင်လွှားသည့် လုပ်ရပ်ဟာ အကြီးအကဲချောင်းကို ဒေါသူပုန်ထလာစေသည်။ သို့ပေမယ့် ချောင်းရှန်ကို သေအောင်ကစားတာကို သူကြည့်မနေနိုင်တော့ပေ။ သူဒေါသကို မြိုသိပ်ကာ လေးနက်သည့်အသံဖြင့်ပြောလိုက်သည်။ “မင်း ဘာလိုချင်တာလဲ? ရှန်အာကိုလွှတ်ပေးပါ"

“အင်း…” မော့ချူး သူမမျက်နှာကို လက်ညိုးဖြင့် အသာပုတ်ကာ လေးလေးနက်နက် တွေးနေသလိုခေါင်းငုံ့လိုက်သည်။

သို့သော် နျဉ်ယွိယွမ်ရှေ့သို့ တိုးလာကာမော့ချူး၏ လက်ကိုကိုင်လိုက်ပြီး သူ့ကိုယ်ပေါ်တင်လိုက်သည်။ သူက ညင်ညင်သာသာပြောလိုက်သည်။ “ပုတ်ချင်ရင်ကိုယ့်ကိုပုတ်။ ကိုယ့်ကိုယ်ကိုယ် မပုတ်နဲ့"

သူ့ရဲ့မျက်လုံးတွေဟာ တစ်ဖက်လူအပေါ် ပြုန်ကျသွားမတတ်ပင်။ သူ့မျက်နှာပေါ်တွင်မျက်ရည်တွေ ပြည့်နေ၏! 'ဒီအချိန်မှာတောင် မာရှယ်နျဉ်က သူ့အချစ်တွေကိုပြနေတာလား? ကိုယ့်ကိုယ်ကိုယ် နည်းနည်းလောက် ထိန်းထားလို့ရမလား?'

"အရူးမလုပ်နေနဲ့!" မော့ချူး သူမလက်ကို ပြန်ဆွဲလိုက်ကာ နှစ်ကြိမ်လောက်ချောင်းဆိုးလိုက်သည်။ ထို့နောက် တစ်ဖက်ကိုလှည့်ကာ အကြီးအကဲချောင်းဆီကြည့်လိုက်သည်။ “ဘာလို့ ကျွန်မကို မတောင်းဆိုတာလဲ? ကျွန်မ စိတ်ကောင်းဝင်နေတော့ သူ့ကိုလွှတ်ချင်လွှတ်ပေးမှာပေါ့!"

ဒါကိုကြားတော့ လူတိုင်းအံ့ဩသွားကြသည်။

ဤသည်မှာ နာမည်ကြီး ချောင်းမိသားစု၏အကြီးအကဲဖြစ်သည်။ မော့ချူး နည်းနည်းရဲတင်းမနေဘူးလား? နောက်ပိုင်း ချောင်းမိသားစုက သူကိုလက်စားချေမှာ မကြောက်ဘူးလား?

"မော့ချူး၊ သိပ်မလွန်လာနဲ့!" အကြီးအကဲချောင်း မပြောရသေးခင် ချောင်းကျောက်မှာ မနေနိုင်ဘဲ အရင်ပြောလိုက်သည်။

"ဘာလဲ၊ မလုပ်ချင်ဘူးလား?" သူတို့မျက်နှာပေါ်မှ တုံ့ဆိုင်းနေသည့် အရိပ်အယောင်တွေကို မြင်လိုက်ရသဖြင့် မော့ချူး မျက်ခုံးပင့်လိုက်သည်။ “သနားစရာပဲ၊ ရှင်က ချောင်းရှန်ကို သိပ်ချစ်တဲ့ပုံမပေါ်ဘူး။ သူ့အသက်ကို စကားလေးနဲ့တင် ကယ်နိုင်ပေမဲ့ ရှင်ကတော့ လုပ်ဖို့ဆန္ဒမရှိနေဘူး"

ဤစကားတွေဟာ အကြီးအကဲချောင်းအား ထောင်ဖမ်းလိုက်တာပင်။

သူနှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။ ချောင်းမိသားစု၏ အကြီးအကဲဟာ နှစ်ပေါင်းများစွာ ဤမျှလောက် အရှက်မကွဲခဲ့ဖူးပါချေ။ သို့သော် ဘေးနားရှိ ချောင်းရှန်ကိုကြည့်ရင်း သူမျက်စိမှိတ်ကာ နောက်ဆုံးတော့ ပါးစပ်ဟလာသည်။ "ကောင်းပြီ၊ ငါ...မင်းကို တောင်းဆိုပါတယ်!"

ဒါကိုကြားတော့ လူတိုင်းက မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ ကောင်းပြီ၊ ကောင်းပြီ၊ နောက်ဆုံးတော့ မော့ချူး သူ့ကိုလွှတ်လို့ရပြီ။ နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆက်ရှိနေပါက သူတို့တွေ သေအောင်ကြောက်နေရလိမ့်မည်ပင်!

ကံမကောင်းစွာနဲ့ပဲ မော့ချူးရဲ့တုံ့ပြန်မှုဟာ လူတိုင်းရဲ့မျှော်လင့်ချက်ကို ချိုးဖျက်လိုက်သည်။

“ကျွတ်စ် ကျွတ်စ်” မော့ချူး သက်ပြင်းချလိုက်သည်။ သူမ၏ မျက်လုံးများထံတွင် ယုတ်မာလိုသည့် အရိပ်အယောင်တွေ ပေါ်လာသည်။ “ဒီစကားတွေက ဘာလို့ဒီလောက်ထိ စိတ်ရင်းမပါရတာလဲ? နောက်တစ်ခေါက်ထပ်ပြောရင်ရော? ဒီတစ်ခါတော့ ပိုပြီးရိုးသားမယ်မလား?"

တခြားလူတွေကတော့ မော့ချူးကြောင့် ဒူးထောက်လုနီးပါး ဖြစ်နေကြသည်။ မစ်ရေ ဘာလုပ်ဖို့ကြိုးစားနေတာလဲ? ရှင်းရှင်းပြောလို့ရမလား!

"လုံလောက်ပြီ!" အကြီးအကဲနျဉ်က ဘေးမှနေဝင်ပြောလာသည်။ သူတို့သာ အကြီးအကဲချောင်းကို ဆွမိပါက ဒုက္ခရောက်လိမ့်မည်ပင်။

"ကောင်းပါပြီ၊ ဒါဆိုလဲ သူ့ကို ရှင့်ဆီပြန်ပေးမယ်" မော့ချူး ၎င်းဟာ အကြီးအကဲနျဉ်အား အကြီးအဖြစ်မျက်နှာသာပေးသည်ဟု ယူဆနိုင်သည်။ ထို့နောက် သူမ နျဉ်ယွိယွမ်ကို ခေါင်းညိတ်ပြလိုက်သည်။

All Chapters