အပိုင်း ၃၂၇
Vol. 22 Ch. 327
သူတို့နှစ်ယောက်ဟာ ထုတ်မပြောကြသော်လည်း တိတ်တိတ်ဆိတ်ဆိတ် နားလည်မှုက ပြီးပြည့်စုံကြောင်း သိသာလှသည်။ ထို့ကြောင့် နျဉ်ယွိယွမ် ချောင်းရှန်ကိုမကာ ရှေ့သို့ပစ်ပေးလိုက်သည်။ သူ၏ အပြုအမူတွေဟာ ကြမ်းကြမ်းတမ်းတမ်းနှင့် သပ်ရပ်လှသည်။
“မင်း…!” ချောင်းမိသားစုမှာ နျဉ်ယွိယွမ်ကို အပြစ်ပေးဖို့ အချိန်မရှိပါချေ။ ချောင်းရှန်းကို လှမ်းဖမ်းရန် အမြန်ပြေးလာကြကာ ဒီဆောင်းရာသီတွင် သူမထပ်ပြီး ဒဏ်ရာရမှာကို စိုးရိမ်မိသည်။
"စိတ်မပူပါနဲ့!" မော့ချူးမျက်လုံးတွေကို မှေးကျဉ်းလိုက်သည်။ "သူ မသေသေးဘူး!"
သူမကို ဘယ်လိုလုပ်လွယ်လွယ်နဲ့ သေခိုင်းရမှာလဲ? ဒီမိန်းမဟာ မျက်တောင်မခတ်တမ်း သူမကိုနှစ်ကြိမ်တိုင်တိုင် ဒုက္ခပေးခဲ့သည်။ သူမသာ ပြန်မလုပ်ခဲ့ရင် ဒီတိုင်းလွှတ်ပေးလိုက်သလို မဖြစ်သွားဘူးလား?
ကံကောင်းထောက်မစွာဖြင့် ချောင်းမိသားစုသည် နောက်ဆုံးတော့ ချောင်းရှန်အား ဘေးကင်းစွာဖြင့် ဖမ်းမိလိုက်သည်။ သူတို့သည် သူမအား ဆေးဘက်ဆိုင်ရာ အထူးကုနှင့် အဂ္ဂိရတ်ဆရာထံ အမြန်ပို့ လိုက်သည်။ "မြန်မြန်၊ ချောင်းရှန် ဘယ်လိုနေလဲ ကြည့်ပေးပါအုံး!"
စောစောတုန်းကတော့ သူ့မှာ အဝေးကနေသာ လှမ်းကြည့်နေခဲ့ရသည်။ ယခု၊ သူ အနီးကပ်ကြည့်လိုက်သည့်အခါ၊ အကြီးအကဲချောင်း၏ အသက်ရှူသံတွေ ရုတ်တရက် ရပ်သွားတော့သည်။
ချောင်းရှန်၏ လက်ရှိအသွင်အပြင်ဟာ အလွန်ကြောက်စရာကောင်းလှသည်။ သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းသည် လုံးဝဗလာကျင်းနေကာ သွေးများ အဆက်မပြတ်စိမ့်ထွက်ကာ မြေပြင်တစ်ခုလုံးပေါ် စီးကျနေသည်။ ကျိုးသွားသည့် အစိတ်အပိုင်းတွေဟာ ပိုလို့တောင် တုန်လှုပ်စရာကောင်းလှသည်။
ချောင်းမိသားစု၏ အဂ္ဂိရတ်ဆရာက သူမကို အသက်ကယ်ဆေးပြား အမြန်ပေးလိုက်သည်။ နောက်ဆုံးတော့ ချောင်းရှန်၏ အခြေအနေကို ထိန်းသိမ်းနိုင်လိုက်သည်။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်အောက်ပိုင်း ဒဏ်ရာကတော့ အချိန်တော်တော်ယူရလိမ့်မည်ဖြစ်ကာ အပြည့်အဝ ပြန်ကောင်းလာဖို့ကတော့ ဖြစ်နိုင်ခြေအလွန်နည်းပါးနေပြီဖြစ်သည်။ သို့သော်လည်း သူမပြန်လည်သက်သာနိုင်ရန်အတွက် ခြေတုကိုအသုံးပြုရန် ရွေးချယ်နိုင်သေးသည်။
"အရမ်းကောင်းတယ်!" ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ၏စီရင်ချက်ကို ကြားသောအခါ၊ အကြီးအကဲချောင်းမှာ ဒေါသထွက်ရလွန်းလို့ ဒေါသထွက်ရမည့်အစား ရယ်မောလိုက်သည်။ သူ၏ နက်မှောင်နေသည့်မျက်လုံးတွေဖြင့် မော့ချူးကို စူးစိုက်ကြည့်လိုက်သည်။ "ချောင်းရှန်ရဲ့ အထောက်အထားက ဘာလဲသိလား?"
"ဘာအထောက်အထားလဲ?" လူတိုင်းက သူတို့ရဲ့ အရောင်အဝါကြောင့် ထိတ်လန့်နေကြပေမယ့် မော့ချူးက မျက်ခုံးပင့်ကာပြောလိုက်သည်။ "သူက ရှင့်ရဲ့မြေး မဟုတ်ဘဲ ရှင့်ရဲ့သမီးဖြစ်နေလို့လား?"
“ဖွီ –” တစ်ယောက်ယောက်က အကျယ်ကြီး ရယ်မိသွားသည်။ ဤမျှပြင်းထန်ပြီး တင်းမာနေသည့်အခိုက်အတန့်တွင် မော့ချူးသည် အမှန်တကယ်ကို ဟာသလုပ်နေသည်။ သူမ၏ ဟာသလုပ်တတ်သည့်အကျင့်က ပြောင်းလဲမသွားပါချေ။
အကြီးအကဲချောင်းကတော့ မရယ်ဘဲ သူ့မျက်နှာပေါ်ရှိအမူအရာမှာ ပိုလို့တောင်ညို့မှောင်လာသည်။
“ချောင်းရှန်က ငါတို့ချောင်းမိသားစုရဲ့ တစ်ဦးတည်းသော ထိပ်တန်းဆေးဝါးပညာရှင်ဘဲ။ သူက ထိပ်တန်းဆေးလုံးတွေကို ထုတ်လုပ်နိုင်တဲ့ တစ်ဦးတည်းသော သူပဲ!” အကြီးအကဲချောင်းက စကားလုံးတစ်လုံးစီကို ရှင်းလင်းစွာပြောလိုက်သော်လည်း ခြိမ်းခြောက်မှုတွေဖြင့် ပြည့်နှက်နေသည်။ "အခု မင်းရှန်အာကို နာကျင်အောင်လုပ်ခဲ့တာ၊ မင်းစောင့်ကြည့်နေ!"
ဒါကိုကြားတော့ ဘေးနားမှာရှိတဲ့ အထူးစွမ်းရည်အသုံးပြုသူတွေရဲ့ အပြုအမူတွေဟာ မနေနိုင်ဘဲ ပြောင်းလဲသွားတော့သည်။
ထိပ်တန်းဆေးဖက်ဝင်ဆေးများ၏ အာနိသင်များကို ရှင်းရှင်းလင်းလင်း သိထားသည့်သူတို့မှာ ချွေးတွေပြန်လာသည်။ သို့သော် ၎င်းတို့ကို ထုတ်လုပ်ခဲ့သူမှာ ချောင်းရှန် ဖြစ်နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပါချေ။ ဤအခိုက်အတန့်တွင် လူတိုင်းဟာ မော့ချူးကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လာကြသည်။ မစော်ကားသင့်သည့်လူကို နာကျင်မိစေတာကြောင့် မော့ချူး၏ ရှေ့ဆက်လျှောက်ရမည့်ခရီးလမ်းဟာတော့ ခက်ခဲလာတော့မှာပင်။
အိုး?
ဒါကိုကြားတော့ မော့ချူး မနေနိုင်ဘဲမျက်ခုံးပင့်လိုက်မိသည်။
ဒီတော့ ချောင်းရှန်က ချောင်းမိသားစုထဲမှာ ပုန်းကွယ်နေတဲ့ ထိပ်တန်းအဂ္ဂိရတ်ပညာရှင်ပေါ့။ အကြီးအကဲချောင်း သူမကို အရမ်းတန်ဖိုးထားနေတာ အံ့သြစရာ မဟုတ်တော့ဘူး။ သူမအသက်ကို ကယ်တင်ဖို့ အခုလေးတင် သူ့မျက်နှာကိုပါစွန့်လွှတ်ခဲ့တာ။
ခွန်အားဟာ ကုသမှုကိုဆုံးဖြတ်ပေးသည်။ ဤစကားဟာ မှန်ကြောင်း မော့ချူး တစ်ဖန်ခံစားလိုက်ရသည်။
သို့သော် ဤအဖြစ်အပျက်ပြီးသည့်နောက် သူမသည် ဤစကားကို သူမကိုယ်တိုင်အတွက် သုံးရန် ဆုံးဖြတ်လိုက်သည်။ ခွန်အားလေးပဲ မဟုတ်ဘူးလား? သူမမှာလဲရှိတာပဲ!
"ဘာတွေကြောက်နေတာလဲ?" ချောင်းကျောက်က ဘာမှပြန်မပြောလာတဲ့ မော့ချူးကို ကြည့်ကာ မထီမဲ့မြင်ပြုသည့်လေသံဖြင့် ပြောလာသည်။
ဒါကိုကြားတော့ မော့ချူးရဲ့အမူအရာက ပြောင်းလဲမသွားပါချေ။ သူမအသာမျက်လုံးပင့်ကြည့်ကာ ပေါ့ပေါ့ပါးပါးပြောလာသည်။ "ရှင်တို့ ချောင်းမိသားစုရဲ့ ဆေးဖက်ဝင်ဆေးတွေက ရှင်တို့ထင်သလောက် မကောင်းမှာကို ကျွန်မ စိုးရိမ်ပါရဲ့ ဟုတ်တယ်မလား?"
"ဟ၊ မင်းက စပျစ်သီးကို မစားရတော့ ချဉ်တယ်လို့ ပြောနေတာဘဲ!" ချောင်းကျောက် မော့ချူးကို ပြင်းပြင်းထန်ထန်စိုက်ကြည့်နေကာ သူ့မျက်လုံးထဲတွင် အထင်အမြင်သေးမှုတွေက အပြည့်အဝ ပေါ်လွင်နေသည်။
အမှန်ပင်။ ခရိုင် ၁၂ မှ လာသည့် မော့ချူးကဲ့သို့ တောသားငနုံငအ အဖို့ ချောင်းမိသားစု၏ ထိပ်တန်းဆေးဖက်ဝင်ဆေးပြားများကို ဝယ်ယူရန် ငွေအလုံအလောက်တောင်ရှိပါ့မလား? ဈေးနှုန်းနဲ့ တင် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်လို့တောင်ရတယ်။
"ဟုတ်လား? နှမြောစရာပဲ။ ကျွန်မထင်တာက…” မော့ချူး စကားမဆုံးခင်မှာဘဲ ကြည့်ကောင်းသည့်အမျိုးသားအသံတစ်ယောက်ရဲ့အသံတစ်ခု ထွက်ပေါ်လာသည်။
"ငါသက်သေပြပေးနိုင်တယ်!"
အသံကိုကြားတော့ လူတိုင်းလှမ်းကြည့်လိုက်ကြသည်။ သွယ်လျသည့်လူသည် ဘေးတွင်ရပ်နေ၏။ သူ့တစ်ကိုယ်လုံးတွင် သွေးတွေရွှဲနေကာ မျက်နှာဖုံးကို တပ်ထားသည်။ တောက်ပနေသည့် သူ့မျက်လုံးများကိုသာ မြင်ရသည်။
"ငါသက်သေပြပေးနိုင်တယ်!" ထိုလူ၏လေသံမှာ ခိုင်မာလှသည်။ "ချောင်းမိသားစုရဲ့ ဆေးဖက်ဝင်ဆေးပြားတွေမှာ ပြဿနာရှိနေတယ်!"
"မင်းက ဘယ်သူလဲ?" ဘယ်သူကမှ မရပ်တည်ရဲကြဘူးမလား? ချောင်းမိသားစုကို အလွယ်တကူ သိမ်းသွင်းလို့ရတဲ့သူလို့ တကယ်ကြီးထင်နေတာလား?
ချောင်းမိသားစုမှ အဖွဲ့ဝင်တချို့ဟာ ပူးပေါင်းကြံစည်မှုလားဟု စတင်သံသာဝင်လာကြသည်။ သူတို့သည် မော့ချူးနှင့် နျဉ်ယွိယွမ်တို့ကို သံသယဖြင့် ကြည့်လိုက်ကြသည်။ "ဒီလူက မင်းတို့ခေါ်ထားတဲ့လူမဖြစ်နိုင်ဘူးလား?"
ဒီနည်းလမ်းဟာ အရမ်းနိမ့်ကျလွန်းသည်။ စကားလုံးအနည်းငယ်နဲ့ ချောင်းမိသားစုရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးချင်နေတာလား? ဒါက နည်းနည်းမိုက်မဲတယ်မဟုတ်လား?
"ငါဘယ်သူလဲဆိုတာ မင်းတို့မြင်ရင်သိမှာပေါ့" ထိုလူသည် မျက်ခုံးကိုအသာပင့်ကာ မျက်နှာဖုံးကို ရုတ်တရက်ဆွဲချွတ်လိုက်သည်။
ချောမောပြေပြစ်သည့် မျက်နှာက ပေါ်ထွက်လာသည်။
"စုန့်ချင်းစုန့်ပဲ!" ဒီလို ရင်းနှီးနေတဲ့မျက်နှာကို မြင်လိုက်ရတော့ တစ်စုံတစ်ယောက်က အားရပါးရ အော်လိုက်သည်။
လူတိုင်းက မတတ်နိုင်ဘဲ ပဟေဋ္ဌိဖြစ်သွားကြသည်။ စုန့်ချင်းစုန့်က မျိုးရိုးဗီဇပြိုကျတဲ့ရောဂါကို ခံစားနေရတယ် မဟုတ်လား? သူဘာလို့ဒီမှာရှိနေတာလဲ?
“အင်း–” စုန့်ချင်းစုန့် ခေါင်းညိတ်ပြပြီး အတည်မပြုပေးခင်မှာဘဲ တခြားအမျိုးသားတစ်ယောက်ရဲ့ အမူအရာက ပြောင်းလဲသွားကာ ကျယ်လောင်စွာ အော်ပြောလာသည်။ "ခင်....ခင်ဗျားက စုန့်ချင်းစုန့်လား? ခုနက ငါ့ဘေးမှာ ရပ်နေတဲ့လူမဟုတ်လား?"
"ဒါပေမယ့် ခင်ဗျားရဲ့ဒြပ်စင်စွမ်းရည်က အနည်းဆုံး အဆင့် ၇ လောက်ရှိတယ်လို့ ငါထင်တယ်!" ခုနကတည်းက ဒီမျက်နှာဖုံးစွပ်ထားတဲ့သူဘေးမှာ သူရှိနေခဲ့တာဖြစ်သည်။ သူ၏ဒြပ်စင်စွမ်းရည်ရဲ့တိကျမှုနှင့်ထိန်းချုပ်နိုင်မှုဟာ အလွန်ကောင်းမွန်ကာ အဆင့် ၆ မှော်သားရဲများစွာကို တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သည်။ အဆင့် ၆ မှော်သားရဲများစွာကို အလွယ်တကူ အနိုင်ယူနိုင်သည်ဆိုမှတော့.....သူဟာ သေချာပေါက်အဆင့် ၇ ရှိလိမ့်မည်ပင်!
ထိုလူက ဤသို့ပြောလာသည့်အခါ အားလုံးအံ့သြတုန်လှုပ်သွားကြသည်။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?