အပိုင်း ၃၂၈
Vol. 22 Ch. 328
စုန့်ချင်းစုန့်၏ အခြေအနေဟာ အဖွဲ့ချုပ်တစ်ခုလုံးတွင် လူတိုင်းသိထားကြသည်။ သူ၏ အထူးစွမ်းရည်သည် အဆင့် ၅ အလယ်အလတ်အဆင့်သို့ ကျဆင်းသွားပြီဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ တစ်လကျော်ကြာ ပျောက်သွားခဲ့ပြီးနောက်မှာ သူသည် အဆင့် ၇ သို့ တိုက်ရိုက်ခုန်တက်သွားတော့သည်။ ၎င်းဟာ အနည်းငယ်မျှပင်စိတ်ကူးကြည့်လို့မရနိုင်ပေ။
“ဖြစ်နိုင်တာက… ခင်ဗျားရဲ့ မျိုးရိုးဗီဇပြိုကျတဲ့ရောဂါကို ကြီးစိုးခြယ်လှယ်သူ ဝိုင်းဝိုင်းက ပျောက်အောင် ကုသပေးလိုက်တာများလား?” တစ်ယောက်ယောက်က အံ့သြစွာဖြင့်မေးလိုက်သည်။ ဒီနေ့ သူသိခဲ့ရတာတွေဟာ လုံးလုံးလျားလျားကို ဇောက်ထိုးမှောက်လန်ဖြစ်သွားသလို သူခံစားလိုက်ရသည်။
ကြီးကျယ်ခမ်းနားပြီး အထိန်းအကွပ်မရှိတဲ့ သွေးအလင်းသားရဲဟာ အမှန်တကယ်ကို မော့ချူးရဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်နေပြီး ကုသ၍မရနိုင်သည့်ရောဂါဟု သိထားကြတဲ့ မျိုးရိုးဗီဇပြိုကျတဲ့ရောဂါဟာ တစ်နေ့မှာအမှန်တကယ်ကို ပျောက်ကင်းသွားတော့သည်။ ပြီးသွားပြီ! ကမ္ဘာကြီး ပြောင်းလဲတာအရမ်းမြန်တာပဲ! ငါနည်းနည်းတော့ လက်မခံနိုင်ဘူး! ဘယ်လိုလုပ် ကျိုးပျက်သွားရတာလဲ?
"မှန်တယ်" စုန့်ချင်းစုန့်က အပြုံးမပျက် ခေါင်းညိတ်ပြလိုက်သည်။ သူ့အပြုံးဟာ သူ၏ စိတ်နေစိတ်ထားတစ်ခုလုံးကို ပို၍ပြေပြစ်လာစေကာ ကြည်လင်နေ၏။ သူ့ရဲ့ စွမ်းရည်ကို ခုနက သုံးခဲ့တုန်းက သိသိသာသာကိုကွဲပြားခဲ့သည်။ " ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းက ငါ့ရဲ့ မျိုးရိုးဗီဇပြိုကျတဲ့ရောဂါကို ကုသပေးခဲ့တာ အမှန်ပဲ!"
"ဝိုး! အံ့သြစရာပဲ!” အခြေခံအားဖြင့်၊ လက်ရှိ ရှိနေကြသူတိုင်းတွင် အထူးစွမ်းရည်များရှိသည်။ နောင်တွင်လည်း အလားတူ ရောဂါမျိုးရှိလာလိမ့်မည်မဟုတ်ကြောင်း မည်သူကမှအာမခံနိုင်ပါချေ။ သို့သော်၊ စုန့်ချင်းစုန့်၏ ကုသမှုကို သူတို့ကိုယ်တိုင် မြင်ခဲ့ရပြီးသည့်နောက် ကြီးစိုးခြယ်လှယ်သူ ဝိုင်းဝိုင်းအပေါ်ထားသည့် သူတို့၏ လေးစားမှုဟာ ပို၍ပင် အားကောင်းလာခဲ့သည်။
"ဒါပေမယ့် ချောင်းမိသားစုရဲ့ ဆေးဖက်ဝင်ဆေးတွေက ဘာဖြစ်လို့လဲ?" တစ်စုံတစ်ယောက်က အစပိုင်းတွင် စုန့်ချင်းစုန့်ပြောခဲ့သည့်စကားကို လျင်မြန်စွာတုံ့ပြန်လာကာ ကမန်းကတန်းမေးလိုက်သည်။
ဒီပြဿနာကို သူပြောလာတဲ့အခါ စုန့်ချင်းစုန့်ရဲ့ အမူအရာက ချက်ချင်း အေးစက်မာကျောသွားတေယ့သည်။ "ချောင်းမိသားစုရဲ့ ဆေးဖက်ဝင်ဆေးတွေကို သောက်ခဲ့လို့ငါ့ရဲ့မျိုးရိုးဗီဇပြိုကွဲတဲ့ရောဂါဖြစ်ခဲ့တယ်ဆိုတာ ဖြစ်နိုင်ချေများတယ်"
စုန့်ချင်းစုန့်၏ အတွေးတွေဟာ အရမ်းထက်ရှသည်။ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းသည် သူရောဂါဖြစ်ပွားရသည့်အကြောင်းအရင်းကို မဖော်ပြထားသော်လည်း 'ဒီအချိန်မှာ ဘာဆေးကိုမှမသောက်ပါနဲ့' ဆိုသည့်စကားဟာ အချက်အလက်များစွာကို ရှာတွေ့ရန် လုံလောက်သည်။
သူ့ရဲ့ မျိုးရိုးဗီဇပြိုကွဲမသွားခင်မှာ သူ သောက်သုံးခဲ့တဲ့ တစ်ခုတည်းသော ဆေးဖက်ဝင်ဆေးကတော့ ချောင်းမိသားစုမှ ဖြစ်သည်။ ဒါက ပြဿနာကို ရှင်းပြဖို့ မလုံလောက်ဘူးလား?
"ဘာ? မျိုးရိုးဗီဇပြိုကျတဲ့ရောဂါက ချောင်းမိသားစုရဲ့ဆေးတွေကြောင့်တဲ့လား?"
"ဘုရားရေ၊ ငါ အရင်က ဆေးတစ်လုံးသောက်ခဲ့မိတာ။ အခု ပြန်ထုတ်လို့ရသေးလား?"
“သေစမ်း… မင်း တော်တော်ရွံစရာကောင်းတာပဲ၊ ကျေးဇူးပြုပြီး ထွက်သွားပေး!"
စုန့်ချင်းစုန့်၏ စကားတွေဟာ လူတိုင်းကို ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတော့သည်။
ချောင်းမိသားစုရဲ့ ဆေးလုံးကို အရင်ကမဝယ်ဖူးဘူးလို့ ဘယ်သူကများပြောရဲလဲ? ဆေးလုံးက အဆိပ်ဖြစ်တယ်လို့ ကြားလိုက်ရတော့ သူတို့ အရမ်းထိတ်လန့်သွားကာ မျက်နှာတွေ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။ သူတို့သယ်လာတဲ့ ဆေးပြားတွေကို ချက်ချင်းထုတ်ကာ မြေပြင်ပေါ် ပစ်ချလိုက်တဲ့ သူတွေတောင် ရှိသည်။
နိုင်ငံသားတွေဟာ ရှောင်ချင်တာထက် ဘာကိုမှ မလိုလားပါချေ။ ၎င်းဟာ ချောင်းမိသားစုအဖွဲ့ဝင်များကိုပို၍ပင် အရှက်ရလာစေသည်။ သူတို့ကို ထောက်ခံကာ ခယတောင်းဆိုကြရသည့် တခြားသူတွေ အမြဲတမ်းရှိခဲ့သည်။ ဒါကြောင့် အခုကျတော့ရော ဘယ်လိုလဲ?
အမ်း… တကယ်တော့၊ စုန့်ချင်းစုန့်ရဲ့ မျိုးရိုးဗီဇပြိုကျသည့်ရောဂါဟာ ဆေးပြားတစ်ပြားကို စားသုံးခြင်းကြောင့်သာ ဖြစ်သည်။ တခြားဆေးများ ပြဿနာရှိနေသည်ဟု မဆိုလိုပါချေ။ သို့သော် ချောင်းမိသားစု၏ သနားစရာကောင်းလှသည့် ပုံစံကြည့်ရင်း မော့ချူးမျက်လုံးတွေ မှေးကျဉ်းသွားသည်။ သူမသည် အမျှော်အမြင်ရှိစွာနှင့် ဘာမှ မပြောပေ။
"ဘာမဟုတ်တာတွေ ပြောနေတာလဲ? အဲဒီ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းမှာ ဆေးဘက်ဆိုင်ရာ အထူးကုလက်မှတ်တောင် မရှိဘူး။ ဒီလို မဟုတ်တဲ့စကားတွေကို ဘယ်လိုလုပ်ပြောရဲရတာလဲ? ဒါ့ပြင် သူ့စကားက ဘယ်လောက်ထိ ယုံကြည်လို့ရလဲဆိုတာ မသေချာဘူး!" ချောင်းကျောက်က ချက်ချင်းပြန်ပြောလိုက်သည်။
ထိုစကားကို စုန့်ချင်းစုန့် ကြားသည့်အခါ သူ၏ချောမောတဲ့မျက်နှာဟာ ချက်ချင်းပင် မည်းမှောင်သွားသည်။ သူ့အတွက်တော့ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းဟာ သူ့ကျေးဇူးရှင်နှင့်မခြားပေ။ ဒီလိုစကားတွေကို သူဘယ်လိုလုပ်နားထောင်နိုင်မှာလဲ?
သူ့လက်ထဲရှိ မီးလုံးဟာ ချောင်းကျောက်ဆီကို တန်းတန်းမတ်မတ် ပျံထွက်သွားသည်။
ချောင်းမိသားစုမှ လူများသည် အဂ္ဂိရတ်ပညာတွင် အောင်မြင်မှုအချို့ရှိသော်လည်း အခြေခံကျင့်ကြံခြင်းတွင်တော့....ရယ်ချင်စရာသာဖြစ်သည်။ စုန့်ချင်းစုန့် သူ့ဆီပစ်လွှတ်လိုက်သည့် မီးလုံးဟာ နီးကပ်လာသလို၊ သူ လုံးဝမတုံ့ပြန်နိုင်သည့်အတွက် မီးလုံးကြောင့် သူ့မျက်နှာပေါ်တွင် ဒဏ်ရာရသွားတော့သည်။
စုန့်ချင်းစုန့်၏ လုပ်ဆောင်ချက်ဟာ အရမ်းမြန်လွန်းသည်။ ဘယ်သူမှ မတုံ့ပြန်နိုင်လိုက်ပေ။ သူတို့ကြည့်လိုက်ကြသည့်အခါ ချောင်းကျောက်မှာ ဒဏ်ရာအပြင်းအထန်ရကာ နာကျင်စွာဖြင့် မြေပြင်ပေါ်လူးလိမ့်ကျသွားတော့သည်။
ဘယ်လိုလုပ် ချောင်းကျောက် ထိမိသွားတာနဲ့ ပြီးမှာတဲ့လဲ? ဒါဟာ ချောင်းမိသားစုရဲ့မျက်နှာကိုပါ ထိမှန်သွားတယ်ဆိုတာ သိသာလှသည်။
ဒါကို တွေးကြည့်တော့ အကြီးအကဲချောင်းရဲ့ မျက်နှာဟာ ပိုပိုပြီး ရုပ်ဆိုးလာသည်။
"စုန့်ချင်းစုန့်၊ အရမ်းကြီးမလွန်လာနဲ့!" အကြီးအကဲ ချောင်းက သူ့ကို စိုက်ကြည့်လိုက်သည်။
စုန့်ချင်းစုန့်သည် စုန့်မိသားစုမှ တိုက်ရိုက်ဆင်းသက်လာသူဖြစ်သော်လည်း သူ၏အဆင့်အတန်းဟာ မိမိထက်နိမ့်ကျနေဆဲဖြစ်သည်။ ယခုဆိုလျှင် သူဟာ ချောင်းမိသားစုဝင်တွေအပေါ်တောင် ရက်ရက်စက်စက်လုပ်ရဲနေသည်။ သူ တကယ်ရဲတင်းတာပဲ!
"လွန်တယ်တဲ့လား?" မော့ချူး သူတို့ဆီ လျှောက်သွားလိုက်သည်။ သူမနောက်တွင် သွေးအလင်းသားရဲနှင့် နျဉ်ယွိယွမ်တို့က လိုက်လာသည်။ "ဘယ်လိုမျိုးလွန်လာလဲ? ကျွန်မကတော့ နတ်ဘုရားစုန့်က အလွန်ကောင်းတဲ့အလုပ်တစ်ခုကို လုပ်ခဲ့တယ်လို့ ခံစားရတယ်"
အာဝူးး— သွေးအလင်းသားရဲဟာ ဂရုမစိုက်သလို လျှောက်လာတာမြင်သဖြင့် အားလုံး တညီတညွတ်တည်း နောက်ဆုတ်လိုက်ကြသည်။ ခဏနေကျ ဒီဟာကြီးရဲ့ပစ်မှတ်ထားခံရမှာကို သူတို့ကြောက်သည်။ အဲဒါက တကယ် မတရားမှုဖြစ်လာလိမ့်မည်!
"အားလုံး မကြောက်ကြပါနဲ့" လူတိုင်းရဲ့ကြောက်လန့်နေသည့်အကြည့်ကိုမြင်လိုက်ရတော့ မော့ချူး မနေနိုင်ဘဲပြုံးလိုက်မိသည်။ "ဝိုင်းဝိုင်းက အရမ်းလိမ္မာတာလေ မဟုတ်ဘူးလား?"
ပြောသည့်အတိုင်း မော့ချူးသည် သူ့ကိုပွတ်သပ်ရန် လက်ပင်ထုတ်လိုက်သေးသည်။
ဤသွေးအလင်းသားရဲဟာ စောစောကသူ့ရဲ့ကြီးကျယ်ခမ်းနားတဲ့ အသွင်အပြင်မှနေ အမှန်တကယ်ကို ပြောင်းလဲသွားတော့သည်။ သူ့ကိုယ်ကို မော့ချူးဘက်သို့ မျက်နှာလိုမျက်နှာရဖြင့် လှည့်လိုက်သည်။ ဤသို့ချစ်စရာကောင်းသည့်ပုံစံဟာ လူတိုင်းကို အံ့အားသင့်သွားစေသည်။ သို့သော်လည်း သူတို့ ထိတ်လန့်စေသည့် သွေးအလင်းသားရဲနှင့်တော့ အလွန်နီးကပ်စွာ မနေရဲကြသေးပေ။ ဘာဘဲဖြစ်ဖြစ် သူဟာ မော့ချူးတစ်ယောက်တည်းကိုသာ ထူးထူးခြားခြားဆက်ဆံမှန်း သူတို့မြင်နေရသည်။
"ဝိုင်းဝိုင်း?" စုန့်ချင်းစုန့် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ သူက ခေါင်းလှည့်ကာ မော့ချူးကို သေသေချာချာကြည့်လိုက်သည်။ သူတံတွေးမျိုချလိုက်မိသည်။ စိတ်ထဲတွင် ထိတ်လန့်စရာအတွေးတစ်ခု ပေါ်လာသော်လည်း မမေးရဲပေ။
“အာဝူးး အာဝူးး –” နတ်ဘုရားစုန့်ဟူသည့် အမည်ကို ကြားလိုက်ရသည့်အခါ ဝိုင်းဝိုင်းက သူ့ကို မျက်နှာသာပေးသည့် အကြည့်တစ်ချက် ပေးလိုက်သေးသည်။ 'ငါ့ကို ဘာလို့ခေါ်တာလဲ?'
သို့သော်၊ စုန့်ချင်းစုန့်၏ အကြည့်ဟာ မော့ချူးဆီကိုသာ လုံးလုံးလျားလျား အာရုံစိုက်နေကြောင်း မြင်လိုက်ရတဲ့အခါ သူခြေထောက်ကို ပြင်းပြင်းထန်ထန် ဆောင့်လိုက်သည်။ နောက်တော့ လူတိုင်းရဲ့ ကိုယ်ဟာလှုပ်သွားသလို ခံစားလိုက်ရသည်။ ဒီစွမ်းအားက အရမ်းကြီးတာပဲ!
ထိုအချိန်တွင် အသက်ကယ်ဆေး သောက်ထားသည့် ချောင်းရှန်နိုးလာသည်။ ပြင်းထန်သော ဝေဒနာကြောင့် ဖြစ်ရပ်တွေကို သူမ ရှင်းရှင်းလင်းလင်း မှတ်မိလာသည်။ သူမ၏ မျက်လုံးတွေနှင့် မော့ချူးကို စူးစူးဝါးဝါးစိုက်ကြည့်ရုံမှတပါး ဘာမှမလုပ်နိုင်ပေ။ "နင်စောင့်နေ၊ ငါ နင့်ကို ရက်ရက်စက်စက်သတ်ပစ်မယ်!"
"ဟုတ်လား?" မော့ချူးအသာ ရယ်လိုက်သည်။ သူမနှုတ်ခမ်းပေါ်က အပြုံးဟာ ပိုလို့တောင် ဆွဲဆောင်မှုရှိနေ၏။ "သနားစရာကောင်းလိုက်တာ၊ ကျွန်မက ရှင့်ကိုသတ်ရုံတင်မကဘူး ရှင့်မျက်စိရှေ့မှာတင် ချောင်းမိသားစု တစ်စတစ်စ ပြိုလဲလာတာကို ကြည့်ခိုင်းအုံးမှာ!"