အပိုင်း ၃၂၉
Vol. 22 Ch. 329
"မင်းကလား?" ထိုစကားများကို ကြားလိုက်ရသည့်အခါ လူအိုကြီးချောင်းသည် မော့ချူး၏ မာနထောင်လွှားနေသည့်ပုံစံကြောင့် အမှန်တကယ် ဒေါသထွက်လာသည်။ ထိုကောက်ကျစ်သည့် မျက်လုံးတစ်စုံသည် သေခြင်းရှင်ခြင်းကို မသိသည့်၊ ချန်ပိုင်ဟာ သူမ၏နောက်ခံဖြစ်ရုံနှင့် စိုးရိမ်စရာမရှိတော့ဟု ထင်နေသည့် ကောင်မလေးကို သူတင်းတင်းမာမာ စိုက်ကြည့်လိုက်သည်။ သူက တော်တော်တုံးတာဘဲ!
သူတို့ ချောင်းမိသားစု နှစ်များတစ်လျှောက် စုဆောင်းထားသည့် အဆက်အသွယ်များနှင့် ကြွယ်ဝမှုသည် အခြားသောမိသားစုငယ်များထက် များစွာ သာလွန်ကြောင်း သိထားရမည်ပင်။ သြဇာအာဏာမရှိတဲ့ ကလေးမလေးတစ်ယောက်မှာ ဒီလိုစကားမျိုးပြောဖို့ မျက်နှာရှိသေးတယ်တဲ့လား!
တင်းမာနေသည့် လေထုကြောင့်သာ မဟုတ်ပါက၊ အကြီးအကဲချောင်းမှာ ခေါင်းကိုမော့၍ အကျယ်ကြီးရယ်ပစ်လိုက်ချင်သည်။ နှစ်အတော်ကြာအောင် အသက်ရှင်လာခဲ့ပြီးသည့်နောက်၊ ဒီလိုမိုက်မဲသည့်သူမျိုးကို သူပထမဆုံးမြင်ဖူးတာပင်။
အကြီးအကဲချောင်း၏ စကားထဲတွင် ကဲ့ရဲ့ရှုံ့ချခြင်းနှင့် အထင်အမြင်သေးခြင်းများကို လူတိုင်းကြားနေရသော်လည်း ဤကလေးမလေး မော့ချူးကတော့ လုံးဝသတိမထားမိသည့်ပုံပင်။ သူမ ခေါင်းငုံ့လိုက်တော့ နှုတ်ခမ်းထောင့်ရှိ အပြုံးဟာ ပိုလို့ပင်ကျယ်ပြန့်လာသည်။ “ဟုတ်တယ်၊ ကျွန်မပဲ။ ရှင် ဒါကို ကောင်းကောင်းမှတ်ထား။ စောင့်ကြည့်နေလိုက်....ရှင့်ရဲ့ ချောင်းမိသားစုကို ကျွန်မ ဘယ်လိုဖျက်ဆီးပစ်မလဲဆိုတာ!"
မော့ချူးရဲ့ပုံစံကိုကြည့်ရင်း တခြားသူတွေမှာ အရိုးထဲထိ ကြောက်သလို ဘာလို့ခံစားလိုက်ရတာလဲ! ဒီလိုပြောတဲ့သူက တခြားသူဆိုရင် သူတို့သေချာပေါက်ယုံမိမှာမဟုတ်ပေ။ သို့သော် မော့ချူး၏ အနောက်တွင်ရှိနေသည့် သွေးအလင်းသားရဲကို မြင်လိုက်ရတဲ့အခါမှာတော့ သူတို့ရင်ထဲမှာ ထိတ်လန့်သွားကြသည်။
အကြီးအကဲချောင်းဟာ နှစ်ပေါင်းများစွာအသက်ရှင်လာခဲ့သည်ဖြစ်တာကြောင့် သဘာဝအလျောက် သူဟာ ကြီးမားသည့်မုန်တိုင်းများကို မြင်ဖူးသူဖြစ်သည်။ မော့ချူးရဲ့ စကားအနည်းငယ်ကြောင့်နဲ့ သူဘယ်လိုလုပ် ကြောက်ရွံ့နိုင်ရမှာလဲ? သူသည် သူမအား မထီမဲ့မြင်ပြုသောအကြည့်တစ်ချက်ပေးလိုက်ကာ သူ့ရင်ထဲတွင်တော့ အေးစက်နေသည်။
ဘာလဲ? သူတို့... သူတို့တွေ သူမကို မယုံဘူးလား?
မော့ချူး မျက်တောင်ခတ်လိုက်ကာ သူမ၏မျက်လုံးတွေထဲရှိ နက်နဲသည့် ရက်စက်ကြမ်းကြုတ်မှုတွေဟာ ပို၍ပင်ပြင်းထန်လာခဲ့သည်။
မိဘမဲ့အဖြစ်မွေးဖွားလာသူ မော့ချူးဟာ သူမ၏အရိုးထဲထိ အေးစက်မှုနှင့် ဆုံးဖြတ်ထားမှုတွေရှိကြောင်း သိထားရမည်ပင်။ မူလက သူမအရှေ့တွင် မော့ယန်ကဲ့သို့ ညီမကိုချစ်သည့်သူ ရှိနေသည်ကြောင့် ဤအချက်ကို သူမ ထုတ်ဖော်ခဲ့ခြင်း မရှိပေ။ အဆုံးတွင်၊ ချောင်းရှန်သည် သူမအား နှစ်ကြိမ်တိုင်တိုင် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီး၊ ၎င်းဟာ မော့ချူးကို လုံးဝဒေါသထွက်လာစေတော့သည်။
'ကျားတစ်ကောင်က သူ့ရဲ့အစွမ်းအစကို မပြတော့ ဖျားနေတဲ့ ကြောင်လေးတစ်ကောင်လို့ တကယ်ဘဲထင်နေတာလား? ရှင်တို့က ဆော့ချင်တယ်ဆိုမှတော့ ကြီးကြီးမားမား ကစားကြတာပေါ့။ ဘယ်သူက အရင်သတ်ရမလဲဆိုတာ ကြည့်ကြတာပေါ့!'
မှန်တယ်! မော့ချူးသည် ဤကိစ္စအား မှော်ဒေသထဲတွင်ရှိစဉ်ကတည်းက အသေအချာ ပြန်စဉ်းစားခဲ့သည်။
ချောင်းမိသားစုသည် ယခုအချိန်တွင် အမှန်တကယ် အားကောင်းနေသော်လည်း မော့ချူးလက်ထဲတွင် ဝှက်ဖဲများစွာ ရှိသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဘယ်သူနိုင်မည် ရှုံးမည်ဆိုတာ မသေချာပါချေ။ ဘာပဲဖြစ်ဖြစ် ချောင်းရှန်မသေမချင်း သူမရပ်မှာမဟုတ်ပေ။ ဒီလိုဆိုမှတော့ စေတနာသဒ္ဒါတရားထက်သန်သည့်မျက်နှာကို ဖြဲပြီး ဘယ်သူအနိုင်ရမလဲဆိုတာ ကြည့်ရမည်။
"ကောင်းပြီ သွားကြစို့!" ချောင်းရှန်၏ ဒဏ်ရာကို မနှောင့်နှေးစေချင်တော့ပေ။ ခဏအကြာတွင် ချောင်းရှန်မေ့လဲသွားပြန်သည်။ အကြီးအကဲချောင်းသည် စိုးရိမ်သောကြောင့် ချက်ချင်းထကာ ချောင်းမိသားစုဝင်အုပ်စုနှင့် ပြန်ရန်ပြင်ဆင်လိုက်သည်။ သူ ထိုကလေးမမော့ချူးကို အမြန်ဆုံးသတ်ပစ်ချင်သည်။ ကံမကောင်းစွာဖြင့်၊ ဤနယ်မြေသည် နျဉ်ယွိယွမ်၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိနေ၏။ သူဘယ်လို လုပ်လို့ရမှာတဲ့? အလျင်မလိုပေ။ အနာဂတ်တွင် အချိန်တွေရှိသေးသည်။
ကံမကောင်းစွာနဲ့ပဲ၊ သူခြေနှစ်လှမ်းတောင် မလှမ်းရသေးခင် နျဉ်ယွိယွမ်၏ တပ်သားများဆီမှ အဝိုင်းခံလိုက်ရသည်။
အကြီးအကဲချောင်းမှာ ဒေါသတကြီးနှင့် မျက်နှာဟာလည်း တုန်ရီလာသည်။ ဒါဟာ လူအများရှေ့တွင် သူ့မျက်နှာကိုရိုက်ပစ်လိုက်တာပင်! သူမတတ်နိုင်ဘဲ လှည့်လာကာအံကြိတ်ရင်း ပြောလိုက်သည်။ "မာရှယ်နျဥ်၊ မင်းဘာလုပ်ဖို့ ကြံနေတာလဲ?"
ယခုအချိန်တွင် နျဉ်ယွိယွမ်မှာ သူ့ကိုအာရုံစိုက်ရန် အချိန်မရှိပေ။ သူ မော့ချူးအား အပြုံးဖြင့်ကြည့်ကာ မျက်နှာလုပ်သလို မေးလိုက်သည်။ "ချူးလေး၊ သူတို့ကို လွှတ်ပေးလိုက်မလို့လား?"
သေစမ်း! ဘေးနားက လူတွေမှာ ဆွံ့အသွားရသည်။ ဆိုတော့ မာရှယ်နျဉ်က ဒီလိုမျိုးဘက်ပြောင်းတာလား? ကြီးကျယ်မြင့်မြတ်ပြတ်သားမှုတွေက ဘယ်ရောက်သွားတာလဲ? အမြီးနန့်နေတဲ့ ခွေးတစ်ကောင်ကိုဘဲ သူတို့မြင်တယ်!
"သူတို့ကို လွှတ်ပေးလိုက်ပါ” မော့ချူး ဖြည်းဖြည်းချင်းပြောလိုက်သည်။ တကယ်တော့ ကိစ္စတစ်ခုကြောင့် သူမအနေဖြင့်နောက်တစ်ကြိမ် ရွှေ့ဖို့မလိုတော့ပါချေ။ ဒါ့အပြင် သူမအနေနှင့်လည်း သူတို့ကို ထိုကဲ့သို့သတ်ပစ်ရန် ဆန္ဒမရှိပါချေ။ အရမ်းလွယ်ကူလွန်းနေလိမ့်မည်!
“ကောင်းပြီ" နျဉ်ယွိယွမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ အကြီးအကဲချောင်းနှင့် တခြားသူတွေကို ဝိုင်းထားသည့် စစ်သားတွေလည်း ချက်ချင်း တညီတညွတ်တည်း ဘေးဖယ်လိုက်ကြသည်။ "ချူးလေး ပြောတဲ့အတိုင်းပါပဲ"
'လုံလောက်ပြီ! ပြောနေတာ ရပ်လိုက်ပါတော့၊ မဟုတ်ရင် ပညာရှိကြီး ကြီးကျယ်မြင့်မြတ်တဲ့ မာရှယ်ပုံစံနဲ့ ပေါင်းစပ်ကြည့်လို့ရမှာမဟုတ်ဘူး။'
ဒါကို အကြီးအကဲနျဉ် ကြားသည့်အခါ သူ မထိန်းနိုင်ဘဲမျက်မှောင်ကြုတ်လိုက်မိသည်။ ' ဒီကောင်လေးပြောပုံကို နားထောင်ကြည့်ပါအုံး! နောက်ပြီး၊ အဲ့ဒီလိုမျက်နှာလိုမျက်နှာရ အကြည့်ကရော ဘာလဲ?'
"လုံလောက်ပြီ!" ချောင်းမိသားစု ထွက်ခွာသွားသည်ကို မြင်သောအခါ နျဉ်ယွိယွမ်၏ မျက်လုံးတွေထဲ ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်တွေ ပေါ်လာသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကာ အသံနက်နက်ဖြင့် အမိန့်ပေးလိုက်သည်။ “တပ်သားအားလုံး မင်းတို့ရဲ့ မူလနေရာဆီပြန်သွားကြ။ သတိကိုတိုးပြီး သားရဲလှိုင်းရဲ့အခြေအနေကို အာရုံစိုက်ကြ"
“ဟုတ်ကဲ့ပါ!” စစ်သားတွေက အသံကျယ်ကျယ်ဖြင့်ပြန်ဖြေလိုက်သည်။ အသီးသီး ဖြစ်နိုင်သမျှအမြန်ဆုံးအရှိန်ဖြင့် သူတို့၏ မူလနေရာဆီ ပြန်သွားကြသည်။ သူတို့ရဲ့ အာရုံစူးစိုက်မှုကို နိုးနိုးကြားကြား ဖြင့်မြှင့်တင်လိုက်သည်။
ဤအကြည့်တွင်တော့ နျဉ်ယွိယွမ်တွင် ထုံးစံအတိုင်း သူ၏ပြတ်သားသည့် စိတ်ဓာတ်အချို့ ရှိနေသည်။ သို့သော်မော့ချူးကိုလှာ့်ကြည့်လာသည့်အခါတွင်တော့ စောစောကအငွေ့အသက်တွေဟာ ချက်ချင်းပင် လုံးဝပျောက်ကွယ်သွားကာ မော့ချူး၏ နူးညံ့တဲ့လက်လေးကိုကိုင်ရင်း မျက်နှာလိုမျက်နှာရလုပ်သည့်အမူအရာဖြင့် အကြီးအကဲနျဉ်ဆီ သွားလိုက်သည်။
"မင်းဘာလုပ်နေတာလဲ?" အကြီးအကဲနျဉ် အသာနှာမှုတ်လိုက်သော်လည်း သူ့အကြည့်က မော့ချူးအပေါ် သဲလွန်စမရှိ ရောက်သွားတော့သည်။ ဒီမိန်းကလေးက သူထင်ထားသလို ချောမောပြီး ဆွဲဆောင်မှုမရှိပါချေ။ ထိုအစား သူမတွင် စစ်သားတစ်ယောက်၏ ကြမ်းတမ်းသည့်အငွေ့အသက် အနည်းငယ်ရှိကာ သူမရဲ့ရုပ်ရည်ကတော့ သိပ်မဆိုးပါချေ...