အပိုင်း ၃၃၀
Vol. 22 Ch. 330
မော့ချူး၏ အားသာချက်တွေကို အရှည်ကြီးစာရင်းပြုစုနေရင်း လူအိုကြီးမှာ သူတော့ အကြောင်းအရာနှင့် လွဲနေပြီမှန်း သဘောပေါက်သွားသည်။ သူက ချက်ချင်းသူ့မျက်ခုံးထူထူတွေကိုပင့်ကာ ဒေါသတကြီးပြောလိုက်သည်။ “ပြောစရာရှိရင် မြန်မြန်ပြော။ ငါဒီမှာအလုပ်များနေတယ်!"
နျဉ်ယွိယွမ်မှာ သူ့အဘိုး၏ အကြည့်ကို ဂရုမစိုက်ပေ။ သူ့မျက်လုံးတွေနူးညံ့လာကာ သူ့ဘေးနားရှိ ကောင်မလေးကို လှည့်ကြည့်လိုက်သည်။ သူကခပ်တိုးတိုးပြောလိုက်သည်။ "အဘိုး၊ ဒါက မော့ချူးလေ"
'ပေါက်ကရတွေ!' အကြီးအကဲနျဉ်မှာ သူ့မြေးကို မျက်လုံးလှိမ့်ပြလိုက်သည်။ 'စောစောတုန်းက သူပဲ ကြီးကြီးမားမားရုန်းရင်းဆန်ခတ် ဖြစ်အောင်လုပ်ခဲ့တာ။ ငါကန်းနေတယ်လို့ ထင်နေတာလား? ငါ ဘယ်လိုလုပ် မသိရမှာလဲ!'
“အဘိုး၊ ကျွန်တော်…” နျဉ်ယွိယွမ် စကားမဆုံးခင်မှာဘဲ အကြီးအကဲနျဉ် မျက်ခုံးတွေ ပင့်တက်သွားသည်။ “ဘာမှ ထပ်မပြောနဲ့။ ငါသဘောမတူဘူး!" ဒီကလေးမလေးဟာ လူကောင်းတစ်ယောက်လို့ ထင်ရပေမယ့် လက်ထပ်ပြီးသွားသည့်အခါမှာတော့ နျဉ်မိသားစု၏ အနာဂတ်ဖြစ်လာလိမ့်မည်။ ၎င်းကို လွယ်လွယ်နှင့် ဆုံးဖြတ်လို့ မရပေ။
ဒါကိုကြားတော့ နျဉ်ယွိယွမ်ရဲ့မျက်နှာက မည်းမှောင်သွားတော့သည်။ သူဘာမှပြန်မပြောရသေးခင် လူအိုကြီးက ဗီတိုအာဏာသုံး၍ ပယ်ချလာသည်။
'ဟွန်း!' အကြီးအကဲနျဉ် နှာမှုတ်လိုက်သည်။ 'မင်းက ငါ့ကို လှည့်စားချင်နေသေးတာလား? လုံးဝမဖြစ်နိုင်ဘူး!'
အကြီးအကဲနျဉ်ကို အသာခေါင်းညိတ်ပြပြီးနောက် မော့ချူး နျဉ်ယွိယွမ်ဘက် လှည့်ကာမေးလိုက်သည်။ “တခြား ရှိသေးလား? ဘာမှမရှိတော့ရင် ကျွန်မ အရင်သွားတော့မယ်!”
လူအိုကြီး သူမကို သိပ်သဘောမကျမှန်း သူမလည်း သဘာဝအလျောက်သိကာ ဒီလိုအချိန်တွင် သူမလည်း သူ့ကိုချဉ်းကပ်မှာမဟုတ်ပေ။
ဤအမူအရာဟာ လူအိုကြီးအား သူမကို အထင်ကြီးမိစေတော့သည်။ သူ့စိတ်ထဲတွင် မထိန်းနိုင်ဘဲ ရေရွတ်လိုက်မိသည်။ 'ဒီကလေးမက သူ့အထင်အမြင်နဲ့ တော်တော်ကွာတဲ့ပုံဘဲ။'
"ဒါဆို..... ကိုယ် မင်းကို လိုက်ပို့ပေးရင်ရော?" နျဉ်ယွိယွမ်မှာ မော့ချူး၏ နူးညံ့သည့်လက်လေးကို ဆုပ်ကိုင်ထားရင်း မလွှတ်ပေးချင်ပေ။
ဒီလိုကပ်တွယ်နေသည့်ပုံစံဟာ အကြီးအကဲနျဉ်ကို မျက်မှောင်ကြုတ်မိစေတော့သည်။ 'သူ့ ဒီမြေးတစ်ကောင် ဘာဖြစ်နေတာလဲ? သူကပဲ ကလေးမလေးကို နှောင့်ယှက်နေတယ်လို့ ဘာလို့ခံစားရတာပါလိမ့်? နောက်ပြီး မင်းရဲ့ လှုပ်ရှားမှုသေးသေးလေးတွေကိုရော ရပ်ပေးလို့ရမလား? ဒီအဘိုးကြီးရဲ့ မျက်စိရှေ့မှာဘဲရှိနေသေးတာကို၊ ကိုယ့်ကိုကိုယ် နည်းနည်းထိန်းထိန်းသိမ်းသိမ်းနေလို့ရမလား?'
“မလိုပါဘူး” မော့ချူး သူ့ကိုပြုံးပြပးလိုက်ကာ သူမလက်ကို ပြန်ဆွဲလိုက်သည်။ သူမကို သူဘယ်လောက်ဝေးဝေး ပို့ပေးနိုင်လို့လဲ?
“ကောင်းပြီ၊ ဒါဆို သတိထားနော်” နျဉ်ယွိယွမ်လည်း ပြုံးကာ သူမထွက်သွားတာကို ကြည့်နေလိုက်သည်။ သူတစ်ဖက်လှည့်လိုက်တော့ စောစောကလို နူးညံ့သိမ်မွေ့မှုတွေက လုံးဝပျောက်ကွယ်သွားကာ အေးစက်တဲ့အရိပ်အယောင်တွေသာ ကျန်တော့သည်။ "အဘိုး၊ ကျွန်တော် ချောင်းမိသားစုကို ခုခံဖို့လှုပ်ရှားတဲ့အခါကျရင် အဘိုး ကဘာမှမသိသလိုနေလို့ရတယ်"
"လှုပ်ရှားမယ်?" အကြီးအကဲနျဉ်ရဲ့ သက်တောင့်သက်သာရှိနေသည့် မျက်ခုံးတွေဟာ ပြန်ပြီးတွန့်သွားပြန်သည်။ "မင်း ဒါကို လုပ်ချင်တာ သေချာလား?"
“ဟုတ်ကဲ့” နျဉ်ယွိယွမ် ခေါင်းညိတ်ပြလိုက်သော်လည်း သူ့မျက်ဝန်းတွေ နီရဲနေမှုကို ဖုံးကွယ်ထားလို့ မရပါချေ။ 'ချူးလေးကို နာကျင်စေခဲ့တဲ့သူတွေကို လက်စားပြန်ချေမယ်လို့ သူအရင်က ပြောခဲ့ဖူးတယ်!'
"ငါက မနေဘူးလို့ပြောရင်တောင် မင်းက လက်ခံမှာတဲ့လား?" နောက်ဆုံးတော့ လူအိုကြီး သဘောပေါက်သွားသည်။ 'ဒီကလေးဘယ်လိုလုပ် ထပ်ပြီးခေါင်းမာနိုင်ရတာလဲ? ဒါ့ပြင်၊ သူတို့က ချောင်းမိသားစုနဲ့လည်း အမြဲတမ်း ဆက်ဆံရေးမကောင်းတဲ့ဟာကို။ အနှေးနဲ့အမြန်ဆိုသလို ဒီလိုဖြစ်လာလိမ့်မှာဘဲ။ အဲဒါက စနေခဲ့ပြီးသားပင်။'
“ဒါဆို ချူးလေး…” ဒါကိုကြားတော့ နျဉ်ယွိယွမ်ရဲ့ မျက်လုံးတွေ ချက်ချင်းတောက်ပလာသည်။ သူလှေကားပေါ်တက်ကာ လူအိုကြီးနှင့် ထပ်မံညှိနှိုင်းရန် အဆင်သင့်ဖြစ်နေသည်။
အဆုံးတွင် လူအိုကြီးမှာ ထိုစကားကိုကြားသည့်အခါ ချက်ချင်း မျက်လုံးပြူးသွားကာ ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။ “ငါဒီလိုလုပ်မှာမဟုတ်ဘူး။ လုံးဝမလုပ်ဘူး!"
'မလုပ်ဘူးလား?'
နျဉ်ယွိယွမ် ခေါင်းအသာငုံ့လိုက်ကာ သူ့နှုတ်ခမ်းထောင့်တွေ ကွေးညွတ်သွားတော့သည်။ 'ဒီစကားလုံးသုံးလုံးက သူ့ကမ္ဘာမှာ မရှိဘူး!' ဒါ့ပြင် တစ်ကြိမ်သာတွေ့ရသေးသည် သူ့အဖိုး၏ ချူးလေးအပေါ် ထားသည့်သဘောထားဟာ ပြောင်းလဲသွားသည်။ သူ့မှာ အချိန်တွေရှိသေးသည်၊ အများကြီးစိတ်ရှည်ရမည်!
မော့ချူး လိုက်ပတ်သွားနေတာက တကယ့်ကို မျက်စိဖမ်းစားစရာပင်!
အမှန်ပင်၊ သူမနောက်တွင် သွေးအလင်းသားရဲတစ်ကောင်ရှိနေ၏။ သူများတွေ သူမကိုမြင်သည့်အခါ ဆယ်ပေအကွာလောက်ကနေ ရှောင်ကြသည်။ သူတို့က တကယ်ဘဲ မော့ချူးအတွက် လမ်းကြောင်းလုပ်ပေးလာသည်။ အရမ်းမိုက်လိုက်တာ!
ကျောလင်မှာ ဘေးကနေကြည့်ရင်း အရမ်းအားကျနေမိသည်။ သူ အသာရှေ့ကိုတိုးကာ နူးညံ့သည့်သားမွေးကိုထိခါနီးမှာဘဲ သွေးအလင်းသားရဲဆီကနေ အရိုက်ခံရလုနီးပါး ဖြစ်သွားသည်! မော့ချူးသာ အချိန်မီမပြောလာပါက သူ ဒီမှော်သားရဲအစာ ဖြစ်နေလောက်ပြီ။
ကျောလင် ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ကာ နောက်တစ်ကြိမ် ရူးရူးမိုက်မိုက် မလုပ်ရဲတော့ပေ။ သို့သော်လည်း သူ့အကြည့်တွေက သွေးအလင်းသားရဲအပေါ်တွင်သာ ရှိနေဆဲပင်။ မျက်တောင်လုံးဝမခတ်ဘဲ ရုတ်တရက်သူမျက်တောင်ခတ်လိုက်သည် _'မဖြစ်နိုင်တာ၊ ဒီကောင်ကိုကြည့်လေ သူဘာလို့ ရင်းနှီးနေတယ်လို့ခံစားရတာပါလိမ့်?'_
သူ လုံးဝ မရင်းနှီးဘူး! မော့ချူး လှည့်လာကာ သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူမစိတ်ထဲမှာတော့ တွေးလိုက်သည် _'ရှင် အရင်တုန်းကလဲ ဝိုင်းဝိုင်းကို ဖတ်ဖို့ကြိုးစားခဲ့သေးတယ်မလား? အခုက အကြီးဗားရှင်းလေး၊ မမှတ်မိဘူးလား?'_
သို့ပေမယ့် မော့ချူး ထုတ်မပြောလာပါချေ။ သူမက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ကျွန်မအစ်ကို ဘယ်မှာလဲ?"
စောစောက မော့ယန်ဆီကို ဗီဒီယိုကောခေါ်ခဲ့တာကြောင့် ဒီမှာ သူ မပေါ်လာဘူးဆိုတာ မဖြစ်နိုင်ပါချေ။ သို့သော်လည်း မော့ချူးမှာ မှော်ဒေသတစ်ခုလုံးကို စကင်န်ဖတ်ပြီး သူမရဲ့အစ်ကိုကို ရှာပေမယ့် လုံးဝမတွေ့ခဲ့ရပါချေ။
"F*ck!" ထိုစကားကိုကြားလိုက်သည်နှင့် ကျောလင်၏ အမူအရာမှာ တစ်ခဏလောက် အေးခဲသွားတော့သည်။ ထို့နောက် သူလှည့်ကြည့်လိုက်ကာ သစ်သားတုံးဖြစ်နေတဲ့ ကျုံးဝမ်နှင့် တညီတညွတ်တည်း ဘေးဘက်သို့ မပြေးသွားခင် အကြည့်ချင်း ဖလှယ်လိုက်သေးသည်။ မော့ယန်ကို သူတို့ဘယ်လိုလုပ်မေ့သွားရတာလဲ?
ယခင်ကတော့ သူတို့သည် မော့ယန်အား ဆေးအချို့ပေးကာ ပြန်ပို့ဖို့ပြင်ဆင်နေခဲ့တာဖြစ်သည်။ နောက်ဆုံးတော့ သူတို့ သူ့ကိုမောင်းနှင်ခြင်းယာဉ် ထဲကို ထည့်ထားခဲ့သည်။ သူတို့လှုပ်ရှားဖို့ အချိန်မရသေးခင်မှာဘဲ သူတို့ရဲ့ဘော့စ်က အာရုံဆွဲဆောင်လိုက်တော့သည်။ ဒီလိုအဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်ပြီးတဲ့နောက်မှာတော့ သူတို့… သူတို့ မော့ယန်ကိုမေ့သွားသည်!
ကျောလင် မျိုးဗီဇလော့ခ်ကို ကမန်းကတန်း အသက်သွင်းလိုက်သည်။ 'ပီ' ဆိုတဲ့အသံထွက်လာသည်နှင့် မောင်းနှင်ခြင်းယာဉ်တံခါးဟာ ချက်ချင်းပွင့်သွားသည်။ မော့ယန်၏ မည်းမှောင်နေတဲ့မျက်နှာပေါ်လာတော့သည်။ သူ့အကြည့်တွေက ကျုံးဝမ်နှင့် ကျောလင်တို့အပေါ်ကို ဖြန့်ကျက်လာကာ သူတို့နှစ်ယောက်လုံး ချက်ချင်း တုန်ရီသွားကြတော့သည်။
သွားပြီ! ဒီဆေး၏ အကျိုးသက်ရောက်မှုသည် မိနစ် ၂၀ သာဖြစ်သည်။ တစ်နည်းဆိုရသော် မော့ယန်မှာ ဆေးအာနိသင်ပြယ်သွားသော်လည်း၊ ဒီထဲတွင် တစ်နာရီကျော်ကြာအောင် အပိတ်ခံထားခဲ့ရသည်။
ဒါ့အပြင် ကျောလင်၏ မောင်းနှင်ခြင်းယာဉ်ကို အထူးတလည်ပြုလုပ်ထားတာဖြစ်သည်။ အပြင်မှ လှုပ်ရှားမှုတွေကို ရှင်းရှင်းလင်းလင်း ကြားနိုင်သော်လည်း အတွင်းမှထွက်လာသည့် အသံတွေကိုတော့ မကြားနိုင်ပါချေ။