← Chapters

အပိုင်း ၃၃၁

Vol. 23 Ch. 331

အပိုင်း ၃၃၁

Vol. 23 Ch. 331

တစ်နည်းဆိုရသော် မော့ယန်သည် အပြင်ဘက်တွင် ဖြစ်ပျက်နေသမျှကို ရှင်းရှင်းလင်းလင်း ကြားနိုင်သော်လည်း အတွင်းထဲတွင် သော့ခတ်ခံထားရကာ ထွက်ရန်နည်းလမ်းမရှိခဲ့ပေ။ သူမည်မျှထိတ်လန့်သွားလောက်မည်ကို တွေးကြည့်နိုင်သည်။

သို့သော် မော့ယန်ရဲ့အကြည့်တွေ ချူးလေးဆီ ရောက်သွားသည့်အခါ ယင်မှနေ ယန်သို့ ချက်ချင်းပြောင်းသွားတော့သည်။ သူ့မျက်နှာပေါ်ရှိ နူးညံ့သိမ်မွေ့မှုဟာ စောစောက ကျုံးဝမ်တို့ကို ကြည့်သည့်ပုံနှင့် လုံးဝကို ကွဲပြားသွားသည်။ "ချူးလေး အဆင်ပြေရဲ့လား?"

“အာဝူး အာဝူး —” သူမ၏အနောက်မှ သွေးအလင်း သားရဲက မျက်လုံးတွေကို လှိမ့်လိုက်သည်။ 'အဓိပ္ပာယ်မရှိတာ၊ ဒီသခင်လေးနဲ့ရှိနေမှတော့ ချူးလေးက ဘာဖြစ်နိုင်ရမှာလဲ? ဟမ့်!'

"စိတ်မပူပါနဲ့ ညီမလေး အဆင်ပြေပါတယ်" မော့ချူးပြုံးကာပြောလိုက်သည်။

"ကောင်းပြီ၊ မြန်မြန်အိမ်ပြန်ရအောင်!" မော့ယန်က ဤနေရာတွင် လုံးဝမနေချင်တော့ပေ။ အထူးသဖြင့် နျဉ်ယွိယွမ် ချူးလေူကိုကြည့်နေသည့်ပုံမှာ သူ့ကိုမုန်းတီးစွာဖြင့် အံကြိတ်မိစေသည်။

“ကောင်းပြီ" မော့ချူးလည်း မငြင်းခဲ့ပေ။

“ဟင်း-” မသွားပါနဲ့! သူမ၏အနောက်တွင်ရှိသည့် နျဉ်ယွိယွမ်မှာ ၎င်းကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ သူ့မျက်နှာက ချက်ခြင်းကို အိုကျသွားတော့သည်။ သူ့မှာ ချူးလေးကို အကြာကြီးကြည့်နေခဲ့ရတာဖြစ်သည်။ 'သူ ပိုလိုချင်တယ်...'

“အာ့-” လူအိုကြီးက သူ့ခေါင်းကိုရိုက်လိုက်ကာ ဒေါသတကြီး စိုက်ကြည့်လာသည်။ “မြန်မြန် သားရဲလှိုင်းအဖွဲ့ကို စုစည်းလိုက်။ အတွေးလွန်မနေနဲ့!"

'ကောင်းပါပြီ!' နျဉ်ယွိယွမ် သက်ပြင်းချလိုက်သည်။ 'ဒီဘက်မှာ အလုပ်ရှုပ်နေတာက ပိုကောင်းတယ်။'

တစ်ဖက်တွင်မူ မော့ချူးအိမ်သို့ ပြန်ရောက်သည်နှင့် သူမသည် ဘာမှမလုပ်တော့ပေ။

သူမ ပထမဆုံးလုပ်တာကတော့ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' ၏ စာမျက်နှာကိုဖွင့်ကာ ကြေငြာချက်ထုတ်တာပင်။

“အမ်… ချူးလေး” မော့ယန် ခလုတ်ကိုနှိပ်နေသည့် သူ့ညီမကိုကြည့်ပြီး ခပ်တိုးတိုးမေးလိုက်သည်။ “ညီမလေးရဲ့ လုပ်ရပ်တွေက သိသာလွန်းတယ်။ သူတို့ သိသွားမှာမကြောက်ဘူးလား?”

"ဘာကိုကြောက်ရမှာလဲ?" မော့ချူးရဲ့မျက်နှာလေးက အသာမော့လာကာ သူမရဲ့မျက်လုံးတွေက မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်။ ဒီအဖြစ်အပျက်အပြီးမှာတော့ သူမဟာ သွေးရေချိုးခဲ့သည့်ဖီးနစ်တစ်ကောင်လိုမျိုး ချက်ချင်းကြီးပြင်းလာသည်။ "စုန့်ချင်းစုန့်လို ဆိုင်းဘုတ်တစ်ခုနဲ့ဆို ညီမလေးတို့ လက်အောက်မှာ အရည်အချင်းရှိတဲ့သူတွေကို မစုဆောင်းနိုင်တော့မှာစိုးနေတာလား?"

ဒါ့အပြင် စိတ်ဝိညာဉ်အစားအစာ၏ လူကြိုက်များမှုဟာလည်း မနည်းလှပေ။ ဒီလူအုပ်ဟာ ဒီလောက်ထိကောက်ကျစ်ရဲသည့် သတ္တိရှိလိမ့်မည်ဟု သူမ မယုံပါချေ။ သူမလက်ထဲတွင် တခြားဘယ်သူ့မှာမှ မရှိတဲ့ စည်းစိမ်ဥစ္စာကို ဆုပ်ကိုင်ထားသည်။

“ဟုတ်တယ်!” မော့ယန် ခေါင်းညိတ်ပြလိုက်ပြီး လက်လှမ်းကာ မော့ချူးရဲ့ဆံပင်တွေကို သပ်လိုက်သည်။ သူ့လေသံက တည်ငြိမ်နေသည်။ “စိတ်မပူပါနဲ့ သတ္တိရှိရှိနေ။ ညီမလေးနောက်မှာ အစ်ကိုရှိနေမယ်!"

“ကောင်းပါပြီ” ဒါကိုကြားတော့ မော့ချူးရဲ့ နှုတ်ခမ်းပေါ်က အပြုံးက ပိုကြီးမားလာသည်။

တစ်ဖက်တွင်တော့ ဝိုင်းဝိုင်းမှာ သူတို့နှစ်ဦးကို သည်းမခံနိုင်တော့ပေ။ သူ မော့ချူးရင်ခွင်ထဲ ခုန်ဝင်လိုက်သည်။ သူ့မျက်နှာကို တစ်ဖက်သို့လှည့်ကာ မော့ချူးရင်ခွင်ထဲတွင် ဆက်လက် ပွတ်တိုက်နေသည်။ သူ့ရဲ့ ကျန်လက်တစ်ဖက်က အားလပ်ချိန်မရှိဘဲ မော့ယန်ကို အတင်းတွန်းထုတ်ကာ မော့ချူးကို တိုက်ရိုက်သိမ်းပိုက်လိုက်သည်။

မြေခွေးပျံလေးဟာလည်း လေလိုမျိုးရောက်လာသည်။ ဝိုင်းဝိုင်းကို သူ အနိုင်မယူနိုင်မှန်း သိသည်ကြောင့် မော့ချူးဆီမှ ပွေ့ဖက်မှုကို သူ မမျှော်လင့်ရဲပါချေ။ အားကျစိတ်ဖြင့်သာ ကြည့်နေနိုင်တော့သည်။ အဲ့ဒီလိုဘဲ ဝိုင်းဝိုင်းကလဲ ပြင်းထန်တဲ့ အကြည့်တစ်ချက်ပေးလိုက်သည်။

"မေ့လိုက်ပါတော့" မော့ယန်သက်ပြင်းချကာ မြေခွေးပျံလေးကိုလှမ်းချီလိုက်သည်။ သူ့လေသံက ကူကယ်ရာမဲ့နေသည်။ "ငါတို့နှစ်ယောက်ပဲ ကောင်းပါတယ်" ဒီစကားကိုကြားတဲ့အခါ မြေခွေးပျံလေးက အခြေအနေကိုတုံ့ပြန်ရန် မျက်နှာပေါ်တွင် ဝမ်းနည်းနေတဲ့အကြည့်နှင့်အတူ မော့ယန်ရဲ့လည်ပင်းကိုမှီလိုက်သည်။ မော့ချူး မနေနိုင်ဘဲ ရယ်လိုက်မိသည်။

သူတို့အိမ်တွင် ပျော်ရွှင်မှုတွေဖြင့် ပြည့်နေပေမယ့် အင်တာနက်ပေါ်တွင်တော့ သွေးထွက်သံယိုဖြစ်မှုတွေဖြင့် ပြည့်နေသည်။

ဘာကြောင့်လဲ?

ဘာကြောင့်လဲဆို‌တော့ အင်တာနက်ပေါ်တွင် မော့ချူး လုပ်ခဲ့တာတွေကြောင့်ပင်။ သူမသည် ကြေငြာချက်တစ်ခုသာ ထုတ်ပြန်ခဲ့သော်လည်း အထူးစွမ်းရည်အသုံးပြုသူအားလုံး မထိတ်လန့်သွားဘဲမနေနိုင်ခဲ့ပေ။

'သုတေသနပြုလုပ်ပြီးတဲ့နောက်၊ စိတ်ဝိညာဉ်အစားအစာ စားသုံးနေစဉ်တွင်၊ အထူးသဖြင့် ချောင်းမိသားစုမှ ဆေးဖက်ဝင်ဆေးပြားများကို လုံးဝ မသုံးစွဲပါနှင့်။ ဒီလိုမှမဟုတ်ရင် အကျိုးဆက်က မင်းတို့ကိုအန္တရာယ်ဖြစ်စေလိမ့်မယ်!'

ဒီကြေငြာချက်ထွက်လာတဲ့အခါ စတားနက်ပေါ်ရှိ အင်တာနက်အသုံးပြုသူတွေအားလုံး အံ့ဩသွားကြသည်။

'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' ရေးထားသည့် စကားလုံးများကို ပိုဖတ်လေ၊ တစ်ခုခု မှားနေပြီဟု ခံစားရလေလေဖြစ်သည်။

[ဒါဘာကိုဆိုလိုတာလဲ?]

[ဒီစကားလုံးတွေက ချောင်းမိသားစုရဲ့ ဆေးဖက်ဝင်ဆေးတွေကို ဦးတည်နေတယ်လို့ ငါဘာလို့ခံစားရတာလဲ?]

[ဘယ်လိုမှမဖြစ်နိုင်ဘူး!] အခြား အင်တာနက်သုံးစွဲသူတစ်ဦးက ချက်ချင်းတုံ့ပြန်လာသည်။ [ဒီ ချောင်းမိသားစုက ဆေးဖက်ဝင်ဆေးပြားတွေရဲ့ မင်းမျိုးမင်းနွယ် မိသားစုဖြစ်ခဲ့တာ ဘယ်နှနှစ်တောင်ရှိပြီလဲ? ဘာဖြစ်နိုင်မှာမို့လို့လဲ?]

[ဟက်! ဒါက ရှင်းပြရခက်တယ်!] ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း၏ အမာခံဖန်တွေက အွန်လိုင်းပေါ်တက်လာကြသည်။ [ချောင်းမိသားစုရဲ့ ဆေးဖက်ဝင်ဆေးပြားတွေမှာ ပြဿနာမရှိဘူးဆိုရင်၊ သူက ဒီလိုနာမည်တပ်ပြီး ပြောပါ့မလား?]

[မှန်တယ်!] ထိုစကားကြောင့် လူတိုင်း အဓိပ္ပါယ်ရှိသလို ခံစားမိကြပြန်သည်။

[ဒါပေမယ့် စိတ်ဝိညာဉ်အစားအစာ ပမာဏက နည်းလွန်းတော့ လူတိုင်းမဝယ်နိုင်ဘူးလေ။ ငါတို့ ဘယ်လိုလုပ်ဆေးတွေ မသုံးလို့ရမှာလဲ?] အထူးသဖြင့် ချောင်းမိသားစု၏ ဆေးများပင်။ စျေးနည်းနည်းကြီးသော်လည်း လူတိုင်းဟာ ၎င်းအတွက် တိုက်ခိုက်ကြဆဲပင်။ တကယ်လို့ အဲ့ဒ့သာ တကယ်ပြဿနာတစ်ခုခုရှိခဲ့ရင် လူတိုင်းမိုက်မဲပြီး ဒါကိုဝယ်ကြတော့မှာမဟုတ်ဘူး၊ ဟုတ်ပြီလား?

[မှန်တယ်။ ဒါပေမယ့် ကြီးစိုးခြယ်လှယ်သူ ဝိုင်းဝိုင်းရဲ့ စကားကြောင့် ငါတော့ ချောင်းမိသားစုရဲ့ ဆေးတွေကို မသုံးရဲတော့ဘူး။ တခြားမိသားစုကဟာပဲ ပြောင်းသုံးရအောင်!]

[ငါလဲ အဲ့ဒီလိုပဲ တွေးမိတယ်။ ငါအခု‌လေးတင် ချောင်းမိသားစုဆီက ဆေးပြားဝယ်ခဲ့တာ။ အခုကြည့်နေရင်းနဲ့ နည်းနည်းတောင် ကြောက်လာပြီ…]

[မင်းတို့ ငတုံးလား?!] နောက်ထပ် အင်တာနက်သုံးစွဲသူတစ်ယောက်က ချက်ချင်းတက်လာကာ ပြောလာသည်။ [ ဒီ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းက အဲ့ဒါကို ဒီတိုင်းပေါ့ပေါ့ပါးပါး ပြောတာဖြစ်မှာပေါ့။ မင်းတို့က နတ်ဆရာစကားကို နားထောင်နေကြတယ်ထင်နေလား?]

[မင်းက ဘယ်သူ့ကို ငတုံးလို့ လာခေါ်နေတာလဲ?] လူတွေကတော့ ဆဲဆိုတာကို ဘယ်သူမှ နားမထောင်ချင်ကြပါချေ။ [ ဒီကြေညာချက်ကို သေသေချာချာ ကြည့်အုံး။ ချောင်းမိသားစုရဲ့ ဆေးတွေကို သောက်ပြီးလို့ဘာမှမဖြစ်ဘူးဆိုရင်တော့ အဆင်ပြေတယ်။ ဒါပေမယ့် တစ်ခုခုဖြစ်လာရင်တော့ အကျိုးဆက်ကို ခံနိုင်ရမယ်!]

[မင်းက ချောင်းမိသားစုကို ပြဿနာရှာနေတယ်လို့တော့ လာမပြောနဲ့နော်?]

[ဟမ့်! 'အကျိုးဆက်တွေကို ခံနိုင်ရမယ်' လို့ ပြောချင်တာလို့တော့ ငါမထင်ဘူး] ဉာဏ်ထက်ကြသည့်သူတွေကတော့ ထိုကိစ္စကို ချက်ချင်း မှန်းဆကြတော့သည်။ [ဒီစကားလုံးတွေက နောင်အနာဂတ်ကျရင် ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းဆီကနေ ကုသမှုကိုခံယူရင် တာဝန်မယူဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြနေတာဘဲ!]

ဘာ?

ဒီစကားကိုကြားတော့ အားလုံးအံ့ဩသွားကြသည်။ သူတို့သည် အမြန်ပြန်လှည့်ကာ သတိထားကြည့်လိုက်မိသည်။ အမှန်ဖြစ်သည့်ပုံပင်!

ဒါဆို အခု သူတို့ဘာလုပ်သင့်လဲ?

လူတိုင်း ဘာလုပ်ရမှန်းမသိဖြစ်သွားကြသည်။ ထို့နောက် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်ကြသည်။ [ကောင်းပြီ! နောင်ကျ အခြားသူတွေရဲ့ ဆေးဖက်ဝင်ဆေးပြားတွေကိုပဲ ဝယ်တော့မယ်။]

သက်ရောက်မှုတွေဟာ ချောင်းမိသားစုတွေလောက် မကောင်းသော်လည်း ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း ထံမှ ကုသမှုခံယူနိုင်မည့် အခွင့်အရေးကို မည်သူမျှ မဆုံးရှုံးချင်ကြပေ။ ဒါက သူတို့အသက်ကို ကယ်တင်နိုင်သည်။

All Chapters