← Chapters

အပိုင်း ၃၃၂

Vol. 23 Ch. 332

အပိုင်း ၃၃၂

Vol. 23 Ch. 332

ထို့ကြောင့် မော့ချူး ကြေညာချက်ထုတ်အပြီး နာရီဝက်အကြာ ချောင်းမိသားစု၏ မျက်နှာတွေပေါ်တွင် စိုးရိမ်မှုတွေဖြင့်ပြည့်နှက်လာတော့သည်။

"ငါတို့ ဘာလုပ်သင့်လဲ?" အရေးပေါ် မိသားစု အစည်းအဝေး ခေါ်လိုက်ကြသည်။ လူတိုင်း၏ မျက်နှာများသည် ထိန်းမနိုင်သိမ်းမရ စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေတော့သည်။ "ခဏလေးပဲရှိသေးတယ်၊ ဒါပေမယ့် ငါတို့ဆီကဆေးအမှာစာတွေ သုံးပုံတစ်ပုံလောက်က ပြန်ရုတ်သိမ်းလိုက်ကြပြီ!"

ဒါက အရင်က မဖြစ်ဖူးခဲ့တဲ့အရာပင်။

သူတို့ချောင်းမိသားစုရဲ့ ဆေးဖက်ဝင်ဆေးပြားတွေ နာမည်ကြီးလာကတည်းက သူတို့ဟာ လေထဲတွင် တဖျပ်ဖျပ်လွင့်နေခဲ့တာဖြစ်သည်။ သူတို့တွင် လက်ကျန်မရှိရောင်းကုန်ခြင်းဟာ ပုံမှန်ဖြစ်သော်လည်း ယခုအခါတွင်တော့ တစ်စုံတစ်ဦးမှ မှာယူမှုကို အမှန်တကယ်ဖျက်လိုက်ပြီဖြစ်သည်။ ဒါက ကပ်ဆိုက်တာဘဲ!

"ပြီးသွားပြီ!" အွန်လိုင်းရောင်းချမှုပမာဏကို အဆက်မပြတ်အာရုံစိုက်နေသည့် ချောင်းမိသားစုမှ အငယ်တစ်ယောက်က ထိတ်လန့်စွာဖြင့်အော်ပြောလာသည်။ "အခုဆို မှာယူမှုတစ်ဝက်ကျော်လောက်ကို ပယ်ဖျက်သွားကြပြီ။ ပစ္စည်းတွေ ပြန်ပေးချင်တဲ့သူတွေတောင် ရှိနေတယ်!"

"ပါးစပ်ပိတ်ထား!" အမြင့်နေရာတွင်ထိုင်နေသည့် ချောင်းမိသားစုမှ အကြီးအကဲတစ်ဦးက ဒေါသအလွန်ထွက်လာကာ စားပွဲကိုအစွမ်းကုန် ထုရိုက်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ဒေါသတွေ အပြည့်ပင်။ “ဒီ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းက ဘာလဲ? သူက ဘာလို့ ပေါ်လာတာလဲ?!”

တကယ်တော့ ဒီလူပေါ်လာပြီးကတည်းက သူတို့ ချောင်းမိသားစုရဲ့ ဂုဏ်သတင်းဟာ အရင်ကလောက် မကောင်းတော့ပါချေ။ ထို့အပြင်၊ ဤသူသည် မိုက်ကယ်မိသားစုမှ ဒုတိယသခင်လေးနှင့်လည်း တစ်နည်းနည်းဖြင့် အဆက်အသွယ်ရှိနေကာ စိတ်ဝိညာဉ်အစားအစာအတွက် လေလံတင်သည့်နည်းလမ်းကိုပင် အသုံးပြုခဲ့သည်။ ၎င်းဟာ ဖက်ဒရေးရှင်း၏ အထက်ပိုင်းရှိလူများကိုပင်ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့မိသားစုအပေါ်ထားတဲ့ သူတို့ရဲ့သဘောထားတွေတောင် အရင်ကလို မတက်ကြွတော့ပေ။

အခုက ပိုလို့တောင် လွန်လာသည်။ သူဟာအမှန်တကယ်ကို ဤမျှတုန်လှုပ်ဖွယ်ကောင်းသည့် ကြေငြာချက်တစ်ခုကို ပြုလုပ်ခဲ့သည်။ ပိုထူးဆန်းတာက လူတိုင်းဟာ သူ့စကားတွေကို နားထောင်ချင်စိတ်ရှိနေကြတာပင်။ ကြည့်လေ၊ အချိန်တိုလေးပဲရှိသေးပေမယ့် အရင်က သူတို့တင်ထားတဲ့ အမှာစာတွေရဲ့ ထက်ဝက်ကျော်ကို ပယ်ဖျက်လိုက်ကြပြီ။ ဒါဟာ ကြီးကြီးမားမားကို အရှက်ကွဲတာပင်!

"အတိအကျပဲ!" ဒီစကားလုံးတွေက နောက်ဆုံးတော့ အဓိကကိုသွားထိသည်။ ချက်ခြင်းပင် လူအများ သဘောတူလိုက်ကြကာ ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

“အရင်တုန်းက အဲ့ဒီ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း သြဇာလွှမ်းမိုးမှုရဖို့ အခွင့်မသာအောင် ငါတို့ ရက်စက်ခဲ့သင့်တာ။ မဟုတ်ရင် သူက ငါတို့ ချောင်းမိသားစုကို ဘာလို့ ဒီလောက်ထိ ခြိမ်းခြောက်လာနိုင်မှာလဲ?"

"မှန်တယ်၊ ဒါ‌တွေအားလုံး ငါတို့အပြစ်ပဲ..."

"အဲ့ဒီတုန်းကလဲ ငါတို့ သူ့ကိုရှာဖို့ လူတွေကိုလွှတ်ခဲ့တယ် မဟုတ်လား?" သူတို့ထဲတွင် တကယ်ရိုးသားသည့်သူတစ်ယောက်ရှိသည်။ လူအုပ်ကြီး၏ စကားကိုကြားတဲ့အခါ သူ မတတ်နိုင်ဘဲ ခေါင်းကုတ်လိုက်မိသည်။ "ဒါပေမယ့် ငါတို့ သူ့ကိုရှာမတွေ့ခဲ့လို့ မလုပ်နိုင်ခဲ့ဘူးလေ!"

သူပြောပြီးသည်နှင့် လူတိုင်းဟာ သူ့ကိုဝါးစားပစ်ချင်သလို စိုက်ကြည့်လာကြသည်ကိုမြင်လိုက်ရသည်။ သူ့ရင်ထိတ်ခနဲဖြစ်သွားကာ စကားမပြောရဲတော့ဘဲ ခေါင်းချက်ချင်းငုံ့လိုက်သည်။

"လုံလောက်ပြီ!" ထိပ်ဆုံးတွင်ထိုင်နေသည့် အကြီးအကဲချောင်းက မျက်မှောင်ကြုတ်ကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

လူအုပ်ကြီးဟာ ချက်ချင်း တိတ်ဆိတ်သွားကာ သူ့ကို မျှော်လင့်တကြီးမျက်လုံးများဖြင့် ကြည့်လာကြသည်။ သူလုပ်နိုင်တာ ဘာမှမရှိပေ။ 'ဒီကိစ္စကို သူဘယ်လိုပြန်တိုက်ခိုက်ရမလဲ? အနည်းဆုံးတော့ သူ့တွင် စည်းရှိသည်။ သူအနေနဲ့ ဘယ်လိုလုပ် ချောင်းမိသားစုကြီးအား ဤကဲ့သို့ အနိုင်ကျင့်ခွင့်ပြုရမှာတဲ့လဲ?'

"တတိယညီလေး" အကြီးအကဲချောင်း သူ့မျက်လုံးတွေကို အသာမှေးကျဉ်းလိုက်သည်။ "ဘယ်လိုနေလဲ? ဒီစိတ်ဝိညာဉ်အစားအစာရဲ့ ပါဝင်ပစ္စည်းတွေကိုရှာလို့ရလား?"

“အင်း…” ချောင်းမိသားစု၏ တတိယညီဖြစ်သူမှာ စကားမပြောနိုင်လောက်အောင် တုန်လှုပ်သွားသည်။ သူ့မျက်ခုံးနှစ်ဖက်ဟာ တင်းတင်းကျပ်ကျပ်ကို တွန့်ချိုးနေသည်။ တခြားဘာပြောစရာရှိလဲ? သူဟာ ဆေးပြားနှင့် ဆေးလုံးတွေပြုလုပ်ရာတွင် အတော်လေး ထက်မြက်သည်ဟု သူခံစားမိခဲ့သည်။ အဆုံးတွင်၊ အချိန်အတော်ကြာ သုတေသနပြုခဲ့ပြီးနောက်၊ သူသည် စိတ်ဝိညာဉ်အစားအစာအတွက် အနည်းငယ်သုံးစွဲခဲ့သော်လည်း အပေါ်ယံလေးကိုပင် မခြစ်ထုတ်နိုင်ခဲ့‌ပေ။ တွေးကြည့်ရုံဖြင့် ရှက်စရာကောင်းလှသည်!

"ကောင်းပြီ၊ စကားပြောတာရပ်ကြ‌တော့" အကြီးအကဲချောင်းက လက်ကိုဝှေ့ယမ်းလိုက်သည်။ "မင်း ဒီဟာကိုဆက်လုပ်နေ၊ ဒါပေမဲ့ လုပ်ငန်းစဉ်ကိုတော့ အရှိန်မြှင့်ရမယ်"

“အင်း…” ဒါက သူ့ကိုခက်ခဲအောင် လုပ်နေတာ မဟုတ်ဘူးလား? ချောင်း မိသားစု၏ တတိယညီဖြစ်သူ၏မျက်နှာပေါ်တွင် ခါးသီးသည့်အကြည့်ရှိနေ၏။ သူတို့ရဲ့တိုးတက်မှုက သုညပဲရှိတာကို ဘယ်ဟာကိုအရှိန်သွားမြှင့်ရမှာလဲ? သို့သော် အကြီးအကဲ၏ မျက်နှာပေါ်ရှိ စိတ်ဆုံးဖြတ်ထားမှုကို မြင်လိုက်ရတဲ့အခါ ကျည်ဆန်ကိုကိုက်၍ သဘောတူရုံကလွဲပြီး မရှိတော့ပေ။

“ပြီးတော့ ပဉ္စမညီလေး” ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းပြီးတဲ့နောက်တွင် အကြီးအကဲချောင်းက ခေါင်းကိုလှည့်ကာ ဘယ်ဘက်တွင် ထိုင်နေသည့် အမျိုးသားကိုကြည့်လိုက်သည်။ "ဒီ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း ရဲ့ အထောက်အထားကို မစုံစမ်းရသေးဘူးလား?" ဒီလူဟာ ချိန်ကိုက်ဗုံးဖြစ်နေပြီဖြစ်သည်။ သူ့ကို အမြန်ဆုံး မဖယ်ရှားနိုင်ပါက သူ့ရင်ထဲတွင် အမြဲတမ်းဗလာဖြစ်နေသလိုခံစားနေရလိမ့်မည်ပင်။

“ဟင့်အင်း” ချောင်းမိသားစု၏ ပဉ္စမမြောက်ညီဖြစ်သူက ခေါင်းယမ်းလိုက်သည်။ ဒီအချိန်မှာ သူလည်း အရမ်းစိုးရိမ်နေမိသည်။ သူ၏ လက်အောက်ငယ်သားများသည်လည်း ထိုကြီးစိုးခြယ်လှယ်သူ ဝိုင်းဝိုင်းအား စိတ်အေးလက်အေးဖြင့် ရှာဖွေနေသည်မဟုတ်ပေ။

သို့သော်၊ ဤလူသည် ပါးနပ်လွန်းသဖြင့် မည်သူမျှ သူ့အား ခေါင်း လား အမြီးလားဆိုတာကို မဆုံးဖြတ်နိုင်ပေ။ ဖြစ်နိုင်ချေရှိသည့် လူအားလုံးကို သူတို့ တစ်ယောက်ပြီးတစ်ယောက် ဖယ်ထုတ်ပစ်ခဲ့ရသည်။ အခုတော့ စုံစမ်းစစ်ဆေးမှုဟာ မူလနေရာဆီ ပြန်ရောက်လာတော့သည်။

ထပ်ပြီးတော့လား?

အကြီးအကဲချောင်းသည် မျက်လုံးတွေအား တင်းတင်းကြပ်ကြပ် မှိတ်ထားလိုက်သည်။ သူ့လည်ပင်းရှိ သွေးကြောတွေမှာ ထောင်နေ၏။ အချိန်အတော်ကြာပြီးနောက် သူခေါင်းမော့လာသည်။ "မော့ချူးနဲ့ မော့ယန်တို့ပတ်ဝန်းကျင်က လူတွေကို အာရုံစိုက်စုံစမ်းထား"

ထိုကလေးမလေး ပြောခဲ့သည့် စကားတွေဟာ သူ့စိတ်ထဲတွင် လတ်ဆတ်နေဆဲပင်။ သူပြန်ရောက်တာတောင် မကြာသေးဘူး၊ ဒါက ဖြစ်နေပြီလား? ဒါက အရမ်းတိုက်ဆိုင်လွန်းတာ‌တော့ မဟုတ်ဘူးမလား?

"မော့ချူး?" ချောင်းလောင်ဝူ မျက်မှောင်ကြုတ်သွားကာ အနည်းငယ် နားမလည်ဖြစ်သွားသည်။ “ဒီကလေးနှစ်ယောက်က အရွယ်မရောက်သေးဘူးလေ၊ သူတို့မှာ ဘာအကျိုးရှိလို့လဲ? ဒါက ဖြုန်းတီးတာဘဲ မဟုတ်ဘူးလား?"

“မင်းဘာသိလို့လဲ!” အကြီးအကဲချောင်းသည် ပြင်းထန်စွာ မျက်မှောင်ကြုတ်ကာပြောလိုက်သည်။ “ငါပြောသလိုလုပ်၊ ပြန်မမေးနဲ့!”

“ဟုတ်ကဲ့!” အကြီးအကဲ ဒေါသထွက်နေတာကိုမြင်တော့ ပဉ္စမမြောက်ညီဖြစ်သူက အလျင်စလို ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

ပဉ္စမညီ၏ မျက်နှာပေါ်တွင် အထင်အမြင်သေးနေမှုကို မြင်လိုက်ရသဖြင့်၊ အကြီးအကဲချောင်းမှာ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ “သူတို့က အသက်ငယ်သေးလို့ မသေစေနိုင်လောက်ဘူးလို့ မင်းထင်နေတာလား?"

အကြီးအကဲချောင်းတွင် ယခင်ကလည်း အလားတူ အတွေးမျိုးရှိခဲ့သည်။ သူ့အမြင်တွေမကြည်လင်ခင် အချိန်အတော်ကြာအောင် သူသေသေချာချာ စဉ်းစားလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူဟာ ဒီမိသားစုဝင်ဖြစ်တာ အတော်ကြာပြီဖြစ်သည်။ သူ့ဦးနှောက်က ဘယ်လိုလုပ် မပျော့ပြောင်းနိုင်ရမှာလဲ?

“မှော်သားရဲလေးတစ်ကောင်တောင် ခြေသည်းတွေရှိရင် လူတွေကို နာကျင်စေနိုင်တယ်။ ရှုပ်ထွေးတဲ့ အတွေးတွေနဲ့ လူတွေဆိုမပြောနဲ့တော့။ သတိမထားမိရင် လူတွေကိုတောင် သေစေနိုင်တယ်။ ငါတို့ သူတို့ကို သတိထားရမယ်!"

ဒါကိုကြားတော့ ပဉ္စမညီဖြစ်သူ၏ မျက်နှာဟာ လေးနက်သွားတော့သည်။

‌ဟုတ်သည်၊ စုန့်ချင်းစုန့်လည်း အကြီးအကဲချောင်းနှင့် အတွေးတူနေသည်။

သူပြန်လာသည့်အချိန်တွင် ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း၏ အခြေအနေကို အသေအချာသုံးသပ်ခဲ့သည်။ သူပိုကြည့်လေ ပိုပြီးရင်းနှီးလာလေလေပင်။ သူ မနေနိုင်ဘဲ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းနှင့် မော့ချူး၏ ပုံရိပ်ကို ပေါင်းစပ်ကြည့်လိုက်တဲ့အခါ သူ့ရင်ထဲတွင်တုန်လှုပ်သွားတော့သည်။

အဟုတ်ပဲ!

မော့ချူးတို့တွေ ခရိုင်၃သို့ရောက်ပြီး မကြာသေးခင်မှာဘဲ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းသည် မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် သူနှစ်ဦးလုံးသည် မှော်သားရဲများကို ထိန်းချုပ်နိုင်သည်။

မော့ချူးတွင် အစားအသောက်နှင့် ဓာတ်မတည့်ခြင်းမျိုးလည်း ရှိသည်.... အစကတည်းက စုန့်ချင်းစုန့်ဟာ စေ့စေ့စပ်စပ်ရှိသူဖြစ်ကာ ယခုပြန်တွေးကြည့်လိုက်သည့်အခါ သူ့မျက်လုံးတွေက ပို၍ပင်တောက်ပလာတော့သည်။ သူ ရုတ်တရက်ထရပ်ကာ အပြင်ဘက်ကိုပြေးထွက်သွားတော့ ဦးလေးဝမ့်မှာ လန့်သွားတော့သည်။

"သခင်လေး၊ ဘာလုပ်တာလဲ?"

"ဦးလေးဝမ့်၊ ကျွန်တော် အရေးတကြီးလုပ်စရာရှိလို့ အပြင်ခဏသွားမယ်!" စကားမဆုံးခင်မှာဘဲ သူ ပျောက်သွားတော့သည်။ ဦးလေးဝမ့်မှာ စိတ်ရှုပ်သွားရသည်။ 'ကြီးကြီးမားမား တစ်ခုခု ဖြစ်လို့များလား?'

All Chapters