← Chapters

အပိုင်း ၃၃၃

Vol. 23 Ch. 333

အပိုင်း ၃၃၃

Vol. 23 Ch. 333

မော့အိမ်တွင်

စုန့်ချင်းစုန့်သည် မော့ယန်ယူလာပေးသည့် ရေခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။ သူသည် ဆိုဖာပေါ်ရှိ သွယ်လျသည့်ပုံရိပ်ကို ကြည့်ကာ ခဏလောက်ငြိမ်သက်နေပြီးနောက် မေးလိုက်သည်။ "မော့ချူး၊ မင်း... မင်းက... ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းလား?"

သူပြောလိုက်တာနဲ့ အခန်းက တိတ်ဆိတ်သွားတော့သည်။

“အဲဒါကို စိတ်မပူပါနဲ့” မော့ယန်၏ လေးနက်သည့် အကြည့်ကို အာရုံခံမိပြီးနောက် စုန့်ချင်းစုန့်ခွက်ကို အမြန်ချချလိုက်ကာ ကတိပေးလိုက်သည်။ "မင်းရဲ့ အထောက်အထားကို ငါထုတ်ဖော်မှာ မဟုတ်ပါဘူး..."

“စိတ်မပူပါနဲ့” မော့ချူး မျက်ခုံးပင့်လိုက်ကာ သူမရဲ့နှုတ်ခမ်းထောင့်ဟာ အနည်းငယ် ကော့တက်သွားသည်။ "ကျွန်မ ရှင့်ကို ယုံတယ်"

စုန့်ချင်းစုန့်၏ ပါးစပ်ဖျားမှ စကားလုံးတွေဟာ ရုတ်တရက် ရပ်တန့်သွားကာ သူ့မျက်လုံးတွေ ပြူးကျယ်သွားသည်။

မော့ချူးရဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်က... သူမ ဝန်ခံလိုက်တာလား?

သူ့ရှေ့ရှိ ၁၇ နှစ်အရွယ် ကောင်မလေးဟာ အမှန်တကယ်ဘဲ စတားနက်ပေါ်ရှိ ပါရမီရှင်တစ်ဦးဖြစ်သည့် ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း ဖြစ်နေသည်! ပုံမှန်ဆိုတည်ငြိမ်နေတတ်သည့် နတ်ဘုရားစုန့်တောင် မတတ်နိုင်ဘဲ ထိတ်လန့်အံ့ဩသွားမိသည်။ သူခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ကာ သူ့ရင်ထဲတွင် စိတ်လှုပ်ရှားလာသည်။ အင်တာနက်ပေါ်ရှိ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း၏ အမာခံပရိသတ်များသာ ဤအကြောင်းကို သိလိုက်ရပါက၊ သူတို့ ရူးသွပ်သွားလိမ့်မည်ပင်။

သို့ပေမယ့် စုန့်ချင်းစုန့်ဟာ အမှန်တကယ်ကို ကျွမ်းကျင်ပါးနပ်သူဖြစ်သည်။ စက္ကန့်အနည်းငယ်ကြာတော့ သူတုန်လှုပ်နေရာကနေ ပုံမှန်ပြန်ဖြစ်သွားသည်။ သူ မော့ချူးကို ကျေးဇူးတင်သည့်မျက်လုံးတွေဖြင့် ကြည့်လိုက်သည်။ ထို့နောက် မထင်မှတ်ထားသည့်အချိန်မှာဘဲ သူက ရုတ်တရက် ထရပ်လိုက်သည်။ သူက မျက်နှာကိုတည့်တည့်မတ်မတ်ထားလိုက်ပြီး မော့ချူးကို လေးလေးနက်နက် ဦးညွှတ်လာသည်။

"အရင်က မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ညွှန်ကြားချင်တာရှိရင် ပြောပါ!" မော့ချူးကြောင့်သာ မဟုတ်ပါက၊ သူ့အနေဖြင့် နာကျင်မှုနွံထဲတွင် ရုန်းမထွက်နိုင်ဘဲ ရုန်းကန်နေရဆဲ ဖြစ်နေပေလိမ့်မည်။ မော့ချူး၏ ဆေးဖက်ဝင်အစားအစာကြောင့်သာ သူ့အနေဖြင့် ပြန်လည်မွေးဖွားလာရန် ဤအခွင့်အရေးကို ရရှိခခဲ့တာဖြစ်သည်။

“အာဝူးး –” သူက အရိုအသေပေးနေရုံဘဲမလား? မူလက ဆိုဖာပေါ်တွင် လှဲနေသည့် ဝိုင်းဝိုင်းမှာ ဤကိုယ်ဟန်အနေအထားကို မြင်သောအခါ ချက်ချင်းပင် ပျော်ရွှင်စွာဖြင့်ခုန်ထလိုက်ပြီး စုန့်ချင်းစုန့်၏ ပုံစံအတိုင်းတုပကာ ခါးကိုခပ်နက်နက်လေး ကွေးလိုက်သည်။ နောက်တော့ သူ့ဖင်လုံးလုံးလေးတွေ ပေါ်လာတော့သည်။

ဝိုင်းဝိုင်း၏ လုပ်ရပ်ကြောင့် မူလက လေးနက်နေသည့်လေထုဟာ ချက်ခြင်းပြေလျှော့သွားတော့သည်။ မော့ချူးနဲ့ တခြားသူတွေမှာ မပြုံးဘဲမနေနိုင်ကြတော့ပေ။

“အာဝူး အာဝူး –” ဝိုင်းဝိုင်းမှာ ထိုအသံကိုကြားတဲ့အခါ ခေါင်းမော့လိုက်သည်။ သူ့ပုံစံလေးဟာ လုံးဝကိုစိတ်ကြီးဝင်နေပုံပေါ်သည်။ မြင်လား? ဒီသခင်လေးရဲ့ ကိုယ်ဟန်အနေအထားက အရမ်းကိုပျော့ပြောင်းတာ!

“ကောင်းပြီ၊ ကောင်းပြီ” ဝိုင်းဝိုင်းကို ပွေ့ဖက်လိုက်ရင်း မော့ချူးရဲ့မျက်လုံးတွေ ကွေးညွတ်သွားသည်။ သို့သော်လည်း ဤကောင်လေးဟာ ၎င်းကို သဘောကျဆဲဖြစ်ကာ မော့ချူး၏ ရင်ခွင်ထဲတွင် ဆက်လက်ပွတ်သပ်နေသည်။

“ဒါက အရင်က သွေးအလင်းသားရဲလား?" စုန့်ချင်းစုန့်မှာ ဝိုင်းဝိုင်းကို အံ့သြစွာဖြင့် ကြည့်နေမိသည်။ သူ့လေသံထဲတွင် သဘောကျမှုများဟာ သိသာလှသည်။

"ဟုတ်တယ်" မော့ချူး ပြုံးကာခေါင်းညိတ်ပြလိုက်ပြီး သူမရဲ့အကြည့်တွေဟာ အနည်းငယ် အံ့ဩနေသည့် နတ်ဘုရားစုန့်ဆီ ရောက်သွားသည်။

ဒီလိုကြီးကျယ်မြင့်မြတ်တဲ့ နတ်ဘုရားရဲ့အကြိုက်ကလဲ သာမန်မဟုတ်ဘူးဘဲ၊ သူက သွေးအလင်းသားရဲကို အမှန်တကယ် သဘောကျနေသည်။ သို့သော်လည်း မော့ချူး သူမရင်ခွင်ထဲမှ ကောင်လေးကို ကြည့်လိုက်တဲ့အခါ သူမရဲ့နှုတ်ခမ်းထောင့်တွေ မထိန်းနိုင်ဘဲ ကွေးညွတ်သွားကြသည်။ အမှန်ဘဲ၊ ဝိုင်းဝိုင်းလို အရမ်းလိမ္မာတဲ့ပုံစံကိုဘယ်သူက သဘောမကျဘဲနေမလဲ?

"ငါ ထိလို့ရမလား?" စုန့်ချင်းစုန့် ခဏတုံ့ဆိုင်းသွားကာ ခပ်တိုးတိုးမေးလာသည်။

"ရတာပေါ့" မော့ချူးက ဝိုင်းဝိုင်းကို နတ်ဘုရားစုန့်အရှေ့မြှောက်လိုက်ကာ သူ့ရဲ့လက်ဖဝါးလေးတွေကို အသာလေးညှစ်လိုက်သည်။ သူမက “ပြဿနာမရှာနဲ့" ဆိုသည့်သဘောဖြင့် သတိပေးလိုက်သည်။

“အာဝူးး –” ဝိုင်းဝိုင်းမှာ မော့ချူးကို မကျေမနပ် စိုက်ကြည့်လိုက်သည်။ 'ဟမ့်! ဒီထက်ပိုပြီး စိတ်ထားမကောင်းနိုင်တော့ဘူး ဟုတ်ပြီလား?'

"အရမ်းနူးညံ့ပြီးတော့ ချစ်စရာကောင်းလိုက်တာ!" သူက ဝိုင်းဝိုင်းရဲ့ နောက်ကျောပေါ် လက်အသာတင်လိုက်ကာ နှစ်ကြိမ်ခန့် ပွတ်သပ်လိုက်သည်။ စုန့်ချင်းစုန့်ရဲ့မျက်လုံးတွေဟာ ချက်ချင်းတောက်ပလာတော့သည်။ ဒီကောင်လေးကို သူတကယ် သဘောကျနေကာ၊ သူ့မျက်လုံးတွေထဲက နူးညံ့ညင်သာမှုဟာ လုပ်ယူထားတာမဟုတ်ပေ။

"သူ့ကိုဖက်ကြည့်မလား?" နတ်ဘုရားစုန့်အပေါ် ဝိုင်းဝိုင်း၏ သဘောထားဟာ မဆိုးလှသည်ကိုမြင်တော့ မော့ချူး မနေနိုင်ဘဲ အကြံပြုလိုက်သည်။

"အမ်... ရလား?" ၎င်းဟာ မေးခွန်းတစ်ခုသာဖြစ်သော်လည်း ထိုထဲတွင် ပျော်ရွှင်မှုနှင့် မျှော်လင့်နေမှုကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။

"မရလောက်ဘူး!" အနားတွင်ရှိသည့် မော့ယန်က မျက်မှောင်ကြုတ်ကာ ဝိုင်းဝိုင်းကို အဆင်မပြေသလို ဝစ်ချက်ကြည့်လိုက်သည်။ “ဒီဝတုတ်လေးက…” သူ့စကားမဆုံးခင်မှာဘဲ ဝိုင်းဝိုင်းတစ်ယောက် ချက်ချင်း သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လာတာကို တွေ့လိုက်ရသည်။ မော့ယန်မှာ သူပြောချင်သည့်စကားကို ပါးနပ်စွာဖြင့် ပြောင်းလိုက်ရသည်။ “ဒီကောင်လေးက အရမ်းကပ်တာ။ နောက်ကျ သူ့ကိုခွာနိုင်တော့မှာတောင် မဟုတ်ဘူး။ သူ့ကို မချီတာ ပိုကောင်းမယ်!”

ကပ်တယ်? ဝိုင်းဝိုင်း မော့ယန်ကို ဓားသွားအကြည့်တွေပစ်လွှတ်လိုက်သည်။ 'ငါက ကပ်တယ်? ဟမ့်! ဆိုးရွားတဲ့အကြိုက်နဲ့ ငတုံးလူသားပဲ!'

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" စုန့်ချင်းစုန့်က ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။ "ဝိုင်းဝိုင်းက အရမ်းချစ်စရာကောင်းတာကို!"

ဒါကိုကြားတော့ မော့ယန်မထိန်းနိုင်ဘဲ အံသြသွားမိသည်။ သူ့ idol မှာ မတူညီတဲ့ အလှအပဆိုင်ရာ ခံစားနိုင်စွမ်း ရှိနေတာလား? မဟုတ်လို့ရှိရင် ဒီလိုပျင်းရိနေတတ်တဲ့ကောင်လေးကို ဘယ်လိုလုပ် ချစ်စရာကောင်းတယ်လို့ မြင်မှာလဲ?

"ကြားလိုက်လား?" မော့ချူးရဲ့ မျက်လုံးထောင့်မှ အပြုံးဟာ ပိုကြီးမားလာသည်။ သူမသည် သူမရင်ခွင်ထဲတွင် ရှိနေသည့်ကောင်လေးကို အသာပုတ်လိုက်သည်။ "ဘယ်လိုလဲ? နတ်ဘုရားစုန့်ကို ပေးဖက်ချင်လား?"

နတ်ဘုရားစုန့်၏ မျက်လုံးတွေထဲတွင် မျှော်လင့်နေသည့် အရိပ်အယောင်ကို တွေ့လိုက်ရတဲ့အခါ အသေးလေးမှာ ခဏလောက် စဉ်းစားဟန်ဆောင်လိုက်သေးသည်။ အဆုံးမှာ သူက စိတ်ကြီးဝင်သလို ခေါင်းညိတ်ပြလိုက်သည်။ 'ကောင်းပြီလေ၊ ငါ့ကို အရမ်းသဘောကျနေတယ်ဆို‌တော့ ခဏလောက် ဖက်ခွင့်ပေးလိုက်မယ်!'

ထို့နောက် ဝှစ်ခနဲ မော့ချူးရဲ့ရင်ခွင်ထဲမှနေ စုန့်ချင်းစုန့်၏ ရင်ခွင်ဆီသို့ ခုန်ကူးလိုက်သည်။ သူက သူ့ရဲ့အနေအထားကို ပြောင်းကာ မျက်လုံးမှိတ်အနားယူဖို့ သက်တောင့်သက်သာအရှိဆုံး ရှုထောင့်ကို ရှာလိုက်သည်။

စုန့်ချင်းစုန့်ရဲ့မျက်လုံးတွေထဲ နူးညံ့မှုတွေပြည့်သွားသည်။ သူက လက်ကိုတောင်ဆန့်တန်းကာ ဝိုင်းဝိုင်းကို ဂရုတစိုက် ပုတ်လိုက်သေးသည်။ သူ့ပုံစံက ညင်သာလွန်းတာကြောင့် ဘာမှားနေတဲ့ပုံမှမရှိနေပေ။

ချစ်တတ်တဲ့ယောက်ျားက လုံးဝမမှားဘူး!

စုန့်ချင်းစုန့်၏ ပုံစံဟာ မော့ချူးအား မိဘမဲ့ဂေဟာတွင် တွေ့ခဲ့ဖူးသည့် အကိုကြီးကို အမှတ်ရမိစေသည်။ သူအစားအသောက်တွေကိုရတိုင်း ဝေစုတစ်စုကို ဝှက်ထားတတ်သည်။ သူဗိုက်မဝလျှင်တောင် မိဘမဲ့ဂေဟာနားတွင် လှည့်လည်သွားလာနေတတ်သည့် လေလွင့်ခွေးနှင့်ကြောင်တွေကို အစာကျွေးတတ်သည်။ သူမ မျက်လုံးထဲတွင် ထိုပုံစံဟာ လက်ရှိနတ်ဘုရားစုန့်ပုံစံနှင့် အတူတူပင်။

ခေါင်းအသာမော့လိုက်တဲ့အခါ မော့ချူးမှာ မနေနိုင်ဘဲ အံ့ဩမိသွားသည်။

သူမရဲ့အစ်ကိုကြီးဟာ နတ်ဘုရားစုန့်ကို မျက်တောင်မခတ်တမ်း ငေးကြည့်နေသည်။ သူ့အကြည့်တွေက နူးညံ့သိမ်မွေ့နေကာ နှုတ်ခမ်းထောင့်ဟာလည်း အနည်းငယ်ကွေးတက်နေ၏။ ဒါက…

"အဟမ်း အဟမ်း!" မော့ချူး နှစ်ကြိမ်လောက်ချောင်းဟန့်လိုက်ကာ သူမအစ်ကိုကို စနောက်သလိုကြည့်လိုက်သည်။ မော့ယန်လည်း ချူးလေးရဲ့အကြည့်တွေကိုမြင်လိုက်ရတဲ့အခါ သူ မထိန်းနိုင်ဘဲ လန့်သွားပြီး မသိစိတ်ကနေ မျက်လုံးတွေကို ဖွင့်လိုက်သည်။

"ဝိုင်းဝိုင်းအိပ်ပျော်သွားတဲ့ပုံပဲ" စုန့်ချင်းစုန့်မှာ သူတို့မောင်နှမနှစ်ယောက်ကြား အကြည့်ချင်းဖလှယ်နေကြတာကို သတိမထားမိလိုက်ပေ။ သူ ခေါင်းကို အသာမော့ကာ ခပ်တိုးတိုးမေးလိုက်သည်။ “သူ့ကို အခန်းထဲ ထည့်လိုက်ရမလား?"

'ဟက်!' နတ်ဘုရားစုန့်၏ ရင်ခွင်ထဲတွင် သက်တောင့်သက်သာလှဲနေသည့် ဝိုင်းဝိုင်းကို မော့ယန်စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ဘာကြောင့်မှန်းကိုမသိပေမယ့် ဒီဝတုတ်ဘောလုံးကိုကြည့်လေ သူ့မျက်စိထဲသဘောမကျသလို ပိုခံစားရလာလေပင်။ ဒီကောင်လေးအိပ်ဖို့ကို အခန်းထဲ သီးသန့်ပို့ပေးဖို့လိုလို့လား?

"အစ်ကို၊ နတ်ဘုရားစုန့်ကို ခေါ်သွားလိုက်လေ" မော့ချူး မျက်ခုံးအသာပင့်လိုက်ကာ သူမရဲ့ မျက်လုံးတွေ တောက်ပလာသည်။ 'အစ်ကို၊ မြန်မြန်လှုပ်ရှားလိုက်။ ညီမလေး အစ်ကို့အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးထားတာ!'

“… ကောင်းပြီ” အစက မော့ယန်မှာ ဝိုင်းဝိုင်းကို သည်းမခံနိုင်ဖြစ်နေပေမယ့် ယခုအခိုက်အတန့်တွင် မမျှော်လင့်ဘဲ သူ သဘောတူလိုက်သည်။ သူ နတ်ဘုရားစုန့်ကို ခေါင်းအသာငြိမ့်ပြလိုက်သည်။ "ကျွန်တော်နဲ့လိုက်ခဲ့ပါ"

“ကောင်းပြီ” စုန့်ချင်းစုန့်က ဝိုင်းဝိုင်းကို ဂရုတစိုက် ချီကာ သူ့နောက်ကိုလိုက်သွားသည်။ သူတို့ ခြေလှမ်းနှစ်လှမ်းတောင်မလှမ်းလိုက်ရဘဲ ရောက်သွားခဲ့သည်။

All Chapters