အပိုင်း ၃၃၆
Vol. 23 Ch. 336
"စကြတာပေါ့" အကြီးအကဲချောင်း ဆရာကြီးလေးယောက်ကို ခေါင်းညိတ်ပြလိုက်တော့ သူတို့တွေက အလုပ်တွေကို ခွဲကာအတူတူစလုပ်ကြသည်။
ဆရာကြီးနှစ်ဦးက ဦးစွာထရပ်ကာ စားပွဲပေါ်ရှိ ဆေးငါးလုံးကို ယူလိုက်ပြီး တစ်လုံးပြီးတစ်လုံး စစ်ဆေးသည်။ သေသေချာချာ စစ်ဆေးပြီးနောက်၊ ဤဆေးများသည် ချောင်းမိသားစု၏ ဆေးများဖြစ်ကြောင်း ကြေညာလာသည်။
“ဒီဆေးငါးလုံးက ချောင်းမိသားစုရဲ့ ရောင်းအားစာရင်းထဲက ထိပ်ဆုံးငါးခုပဲ။ ဟုတ်ပါတယ်၊ သူတို့တွေဟာ ဆေးအမျိုးအစားပေါင်းစုံကို ကိုယ်စားပြုပါတယ်" အကြီးအကဲချောင်း၏ မျက်နှာဟာ တည်ငြိမ်နေကာ လက်ကိုဝှေ့ယမ်းလိုက်ပြီး "အခု၊ ဒီဆေးငါးလုံးကို လူတိုင်းရဲ့ မျက်စိရှေ့မှာပဲ စမ်းသပ်ပြပါမယ်"
သူပြောပြီးသည်နှင့် ဆရာကြီးနှစ်ယောက်ဟာ ရင်းနှီးသည့်လှုပ်ရှားမှုတွေဖြင့် လှုပ်ရှားလာကြသည်။ ဆက်တိုက်စစ်ဆေးမှုတွေက လူတွေကို မူးလာစေသည်။
"ပြောကြည့်၊ ဒီလူတွေကို ချောင်းမိသားစုက တမင်ရှာခဲ့တာလို့ထင်လား?" ကျောလင်မှာ တစ်ခုပြီးတစ်ခုစစ်ဆေးနေတာတွေကို စိတ်မရှည်တော့ပေ။ သူ ကျုံးဝမ်ကို လှည့်ကြည့်လိုက်သည်။ "မနေ့က စစ်ခဲ့တာမဟုတ်ဘူးလား? ဒါမှမဟုတ် ဒီဆေးငါးမျိုးကို ရည်ရွယ်ပြီး ပြင်ဆင်ထားတာများလား?"
ကျုံးဝမ်ရဲ့မျက်လုံးတွေ မှေးကျဉ်းသွားသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူခေါင်းယမ်းလိုက်သည်။ “မဖြစ်နိုင်ဘူး၊ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေကို မြင်နေရတာ။ သူတို့ လုံးဝ မလှည့်စားဘူး"
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလ?" ဒါကိုကြားတော့ ကျောလင်မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ သူက မယုံကြည်သလိုပြောလာသည်။ “သူတို့ဆေးတွေမှာ ဘာအမှားအယွင်းမှမရှိရင် စုန့်ချင်းစုန့်ရဲ့ မျိုးရိုးဗီဇပြိုကျတဲ့ရောဂါက ဘာကြောင့်ဖြစ်နိုင်မှာလဲ?”
“ဒါကို… ငါလဲ အရမ်းသိချင်နေတာ" ကျုံးဝမ်၏ မျက်လုံးတွေထဲ ရှားရှားပါးပါး သံသယအရိပ်အယောင်တွေပေါ်လာသည်။ တစ်ဖက်တွင်၊ သူတို့နှစ်ယောက်ကြား စကားစမြည်ပြောနေသည်ကို နားထောင်နေသည့် နျဉ်ယွိယွမ်ဟာ ငြိမ်သက်ကာ စိတ်ထိန်းလိုက်သည်။
အချိန်အတော်အတန်ကြာပြီးနောက်၊ ဆေးပြားငါးပြား စမ်းသပ်မှုဟာပြီးသွားသည်။
လူတိုင်း၏ မျှော်လင့်ချက်ထက်ကျော်လွန်၍ အဆိုပါဆေးပြားငါးပြား၏ အရည်အသွေးဟာ အဖွဲ့ချုပ်မှသတ်မှတ်ထားသည့် အနိမ့်ဆုံးစံချိန်စံညွှန်းထက် ကျော်လွန်နေသည်။ တစ်နည်းဆိုရသော် ဤဆေးငါးလုံးတွင် ပြဿနာလုံးဝမရှိပါချေ။
သတင်းစာရှင်းလင်းပွဲကို စတားနက်တွင် တိုက်ရိုက်ထုတ်လွှင့်နေသည့်အတွက် အွန်လိုင်းအသုံးပြုသူအများအပြားဟာလည်း ဤမြင်ကွင်းကို သဘာဝအတိုင်းမြင်တွေ့ရကာ အံ့အားသင့်သွားကြသည်။ အောက်မှ မှတ်ချက်ကဏ္ဍတွင် ပို၍ပင် ပေါက်ကွဲလာတော့သည်။
[ဆေးလုံးတွေရဲ့ အရည်အသွေးစစ်ဆေးဖို့ ငါ့ကိုလဲငှားထားတာ။ ဒီစစ်ဆေးတဲ့လုပ်ငန်းစဉ်က လုံးဝတရားဝင်ကြောင်း ငါအာမခံနိုင်တယ်!]
[မှန်ပါတယ်၊ ဒီဆေးပညာရှင်နှစ်ယောက်ကိုလဲ ငါ သိတယ်။ သူတို့ရဲ့ အကျင့်စရိုက်မှာ ပြဿနာမရှိဘူး။ လိမ်လည်ကျူးလွန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး]
[ဖြစ်နိုင်တာကက... ငါတို့တွေ ချောင်းမိသားစုနဲ့ ပတ်သက်ပြီး တကယ်မတရားတဲ့စကားတွေ ပြောခဲ့မိတာများလား?]
ချောင်းမိသားစုကို တိတ်တဆိတ်ဆန့်ကျင်ခဲ့ကြသည့် အင်တာနက်သုံးစွဲသူတွေဟာ လှိုင်းလုံးကြီးတစ်ခုစာလောက် ရှိခဲ့သော်လည်း အများစုမှာ ဆေးပြားအရည်အသွေးစစ်ဆေးခြင်းဟု ခေါ်သည့် ဤအရည်အသွေးစစ်ဆေးခြင်းအပေါ် သံသယ ဝင်မိကြဆဲပင်။
[ဟမ့်! အပေါ်ကလူတွေ အ လိုက်တာ။ ဒါက ညစ်ပတ်တဲ့လှည့်ကွက်ဆိုတာ သူတို့မသိဘူးလား? အဲ့ဒီဆေးတွေက သေချာပေါက် တစ်ခုခုဖြစ်နိုင်တယ်ဆိုတာ ငါပြောနိုင်တယ်။ ဟမ့်! ငါတို့ရဲ့ နဝ်ဘုရားစုန့်ကို ငါခြွင်းချက်မရှိယုံတယ်၊ ဟုတ်ပြီလား?]
[မှန်တယ်၊ ငါလဲ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းကို ယုံတယ်!]
[ဟုတ်တယ်။ ချောင်းမိသားစုက အင်အားကြီးတာပဲ။ သူတို့က လိုအပ်သလို လှည့်ကွက်တွေ အလွယ်လေးထုတ်သုံးနိုင်တယ်]
သူ့လက်ထဲက ခလုတ်ခုံကိုကြည့်လိုက်တော့ အကြီးအကဲချောင်းလည်း သဘာဝအလျောက် ဒီမှတ်ချက်တွေကို မြင်လိုက်သည်။ သူ မတတ်နိုင်ဘဲ မျက်ခုံးပင့်လိုက်မိသည်။
ချောင်းမိသားစုဟာ ဆေးများဖြင့် စတင် ကြီးထွားတိုးချဲ့လာကြတာဖြစ်သည်။ နှစ်ပေါင်းများစွာ အကြီးအကဲဖြစ်လာပြီးတဲ့နောက်၌ သူသည် အခြားသူများထက် 'ယုံကြည်စိတ်ချရမှု' ဟူသော စကားလုံး၏ အရေးပါပုံကို သဘာဝကျကျ နားလည်သဘောပေါက်သည်။ ထို့ကြောင့် သူသည် ယနေ့ သတင်းစာရှင်းလင်းပွဲအတွက် လုံလောက်သည့် ပြင်ဆင်မှုများပြုလုပ်ထားသည့်အတွက်၊ သူ့အတွက်အနိုင်ပင်၊ အရှုံးမရှိပေ!
“အခုချိန်မှာ ဒီဆေးငါးလုံးရဲ့စစ်မှန်မှုကို လူတိုင်းက မေးခွန်းထုတ်နေကြမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ချောင်းမိသားစုကဘဲ စစ်တေးတဲ့နေရာမှာ ကလီကမာလုပ်တာလား ဒါမှမဟုတ် စစ်ဆေးဖို့ အကောင်းဆုံး ဆေးဖက်ဝင်ဆေးပြားတွေကို သုံးခဲ့တာများဖြစ်နေမလားပေါ့?” အကြီးအကဲချောင်းသည် ဖြည်းညင်းစွာထရပ်လိုက်ကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါဟာ ပို၍ဖိနှိပ်လာသည်!
စောစောက ထက်ထက်မြက်မြက်နှင့် ဆွေးနွေးခဲ့ကြသည့် သတင်းထောက်တွေဟာ ချက်ချင်းငြိမ်သွားတော့သည်။ ခန်းမတစ်ခုလုံး အကြီးအကဲချောင်း၏ အစွမ်းထက်တဲ့စကားတွေကိုသာ ကြားရတော့သည်။ "ကျွန်တော်တို့ ချောင်းမိသားစုရဲ့ ဆေးဖက်ဝင်ဆေးပြားတွေဟာ အနှစ်တစ်ရာကျော်နေပြီဆိုတာ လူတိုင်းသိပါတယ်။ ကျွန်တော်တို့က မိုက်မဲပြီး ကိုယ့်ဂုဏ်သိက္ခာကို ဘယ်လိုလုပ် ဖျက်စီးနိုင်ရမှာလဲ?"
အကြီးအကဲချောင်း၏ ဖြောင့်မတ်သည့် အသွင်အပြင်ဟာ သူ့အပေါ် လူတိုင်း၏ သံသယကို အနည်းငယ် ယိမ်းယိုင်သွားစေသည်။
"ဟက်!" မော့ချူး ခေါင်းကိုကိုင်ကာ တိုးတိုးလေး ရယ်လိုက်သည်။ “ဒီအကြီးအကဲချောင်းသာ အကြီးအကဲဆိုတဲ့နေရာမှာ မထိုင်နေဘူးဆိုရင် ဖျော်ဖြေရေးနယ်ပယ်ထဲတောင် ဝင်လို့ရတယ်။ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို ကြည့်လိုက်ပါအုံး။ ကျွတ်စ် ကျွတ်စ် အဲဒါက ခြောက်ပြစ်ကင်းသဲလဲစင်ဘဲ!"
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" စုန့်ချင်းစုန့်ဟာ ကြီးကျယ်မြင့်မြတ်ပုံပေါ်သော်လည်း ယခုအချိန်တွင်တော့ သူ၏လျှာဟာထူးထူးခြားခြားကို ကြမ်းတမ်းနေသည်။ "ကြည့်လေ၊ ဖျော်ဖြေရေးနယ်ပယ်မှာဆို သူခြေကုပ်ယူလို့ရမှာ မဟုတ်ဘူး!"
"ထောက်ခံတယ်" မော့ယန်သည် ဖန်သားပြင်ပေါ်ရှိ အကြီးအကဲချောင်း၏ မျက်နှာကို ဂရုတစိုက်ကြည့်ကာ ဂရုမစိုက်သလို ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ဦးဟာ အကြီးအကဲချောင်းအား လေးနက်သည့်ပုံစံဖြင့် လှောင်ပြောင်နေကြသည်ကိုကြည့်ရင်း မော့ချူးမှာ မထိန်းနိုင်ဘဲ ရယ်မိတော့သည်။
ဤအခိုက်အတန့်တွင်၊ 'ရုပ်ဆိုးမှု၏ ပြောရေးဆိုခွင့်ရှိသူ' ဖြစ်နေသည်ကို မသိသည့် အကြီးအကဲနျဉ်မှာ ယုံကြည်မှုအပြည့်ဖြင့် မော့ကြည့်လိုက်သည်။ မကြာမီ၊ စင်မြင့်၏ ထိပ်ရှိ အလင်းစခရင်က ပွင့်လာသည်။
ဒါကိုကြားတော့ လူတိုင်း မနေနိုင်ဘဲခေါင်းမော့ကြည့်လိုက်ကြသည်။
အလင်းစခရင်ပေါ်တွင် အချိန်နှင့်တစ်ပြေးညီ ဗီဒီယိုတစ်ခုပေါ်လာသည်။ အဆိုပါဗီဒီယိုတွင် ချောင်းမိသားစုသည် ဆေးဆိုင်တွင် ဆေးပြားငါးပြားဝယ်ယူရန် ရုပ်ဖျက်ထားသည့်လူများကို စေလွှတ်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားသည်။ ထို့နောက် ၎င်းတို့ကို သေတ္တာတစ်ခုအတွင်းသော့ခတ်ကာ စင်မြင့်ပေါ်သို့ ပို့ပေးခဲ့သည်။ ဤအချိန်အတွင်း လွတ်သွားသည့်အချိန်တစ်ခုမှမရှိပေ။ ဒါဟာဒီဆေးတွေရဲ့ အထောက်အထားစစ်မှန်ကြောင်း သက်သေပြဖို့ လုံလောက်သည်။
“ကျွန်တော်တို့ ဒီဗီဒီယိုကို အင်တာနက်မှာ တင်ထားပါတယ်။ တစ်ယောက်ယောက်က သံသယရှိနေသေးတယ်ဆိုရင်…” အကြီးအကဲချောင်း၏ မျက်လုံးတွေစင်မြင့်ပေါ်မှ ကူးလူးကြည့်သွားသည်မှာ မီးရှူးမီးပန်းများကဲ့သို့ပင်။ သူက တင်စီးသည့်အမူအရာဖြင့် ပြောလိုက်သည်။ "ဒီဗီဒီယိုရဲ့စစ်မှန်မှုကို ခင်ဗျားတို့ကိုယ်တိုင် စစ်ဆေးကြည့်လို့ရပါတယ်"
ပြောစရာတောင်မလိုပေ။ ဒီလိုလုပ်တဲ့သူတွေ တကယ်ရှိသည်။
ကံမကောင်းစွာနှင့် စစ်ဆေးမှု၏ရလဒ်မှာ ဤဗီဒီယိုတွင် ပြဿနာတစ်ခုမျှမရှိပါချေ။ ဒါဟာ လုံးဝပြီးပြည့်စုံစွာ စစ်မှန်သည်။
[ကြည့်လေ၊ ချောင်းမိသားစုရဲ့ ဆေးဖက်ဝင်ဆေးတွေမှာ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူးလို့ ငါပြောခဲ့သားဘဲ!] အရင်က အရိုးထိအောင် ကြိမ်းမောင်းခဲ့ဖူးတဲ့ အင်တာနက်သုံးစွဲသူတွေက အခုအချိန်မှာတော့ သူ့ဘက်ရပ်တည်လာကြသည်။ တစ်ယောက်ချင်းစီက အခြေအနေကို ပြောင်းပြန်လှန်ရန် ဂုဏ်ယူဝံ့ကြွားစွာဖြင့် တိုက်ပွဲဝင်လာကြသည်။
[မှန်တယ်။ ဒီ ချောင်းမိသားစုရဲ့ဆေးဖက်ဝင်ဆေးပြားတွေက နှစ်ပေါင်းများစွာသက်တမ်းရှိတဲ့ အမှတ်တံဆိပ်တစ်ခုဘဲ။ ဒီလိုပြဿနာမျိုး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?]
[မြင်ကြလား? ဒီတစ်ခါတော့ မင်းတို့အားလုံး ကိုယ့်ပါးစပ်ကိုယ်ရိုက်မိသွားပြီ!]
[ထွက်သွား! ငါတို့ရဲ့ နတ်ဘုရားစုန့်ကို ငါယုံတယ်!]
[မှန်တယ်၊ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းက အကြောင်းပြချက်မရှိဘဲ ပြောမှာမဟုတ်ဘူး။ ဒီချောင်းမိသားစုရဲ့ ဆေးဖက်ဝင်ဆေးပြားတွေက တစ်ခုခုမှားနေတယ်ဆိုတာ သေချာတယ်။ စားကြည့်လိုက်ရုံနဲ့ အဲ့ဒါကနင်တို့ကိုသေအောင် စားပစ်လိမ့်မယ် ဟမ့်!]