← Chapters

အပိုင်း ၃၃၇

Vol. 23 Ch. 337

အပိုင်း ၃၃၇

Vol. 23 Ch. 337

အွန်လိုင်းပေါ်ရှိ တိုက်ပွဲဟာလည်း ပြင်းထန်လာခဲ့သည်။ မီးခိုးတွေမထွက်သော်လည်း ပြင်းထန်သည့် တိုက်ပွဲရနံ့တွေဖြင့် ပြည့်နှက်နေသည်။ မည်သို့ပင်ဆိုစေကာမူ ချောင်းမိသားစု၏ သတင်းစာရှင်းလင်းပွဲဟာ နောက်ဆုံးတွင် အောက်ခြေအထိ ကျဆင်းသွားသည့်ဂုဏ်သတင်းကို ပြန်လည်ရယူနိုင်ခဲ့သည်။

“နောက်ဆုံးအနေနဲ့” အကြီးအကဲချောင်းက ကိုယ်ကိုမတ်ကာ အသံကျယ်ကျယ်နှင့်ပြောလာသည်။ “ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းနဲ့ စုန့်ချင်းစုန့်တို့ဟာ ချောင်းမိသားစုရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့တဲ့အတွက်၊ ကျွန်တော်တို့ဘက်က ဥပဒေနဲ့အညီ ဖက်ဒရယ်တရားရုံးမှာ တရားစွဲပါမယ်။ သီးခြားကိစ္စရပ်တွေကိုတော့ ချောင်းမိသားစုရဲ့တရားဝင်ဝဘ်ဆိုဒ်မှာ ကြေညာပါမယ်”

F*ck!

အဆုံးတွင် ပြင်းထန်သည့် လှုပ်ရှားမှုတစ်ခု ရှိလာသည်။

ဒါကိုကြားတော့ အောက်မှာထိုင်နေကြတဲ့ သတင်းထောက်တွေအားလုံး အံ့ဩသွားကြသည်။ ပြင်ဆင်ထားသည့် မူကြမ်းများအားလုံးကို ဖြတ်ကာ ဤနေရာမှစတင်ရန် ပြင်ဆင်လိုက်ကြသည်။ သေချာတာကတော့ မျက်စိမူးစရာဖြစ်လာမှာပင်။

"သေစမ်း! ဒီအကြီးအကဲချောင်းက ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်နေတာပဲ!” မော့ယန်က ခလုတ်ခုံကို ဆောင့်ပိတ်လိုက်လိုက်ကာ မုန်းတီးမှုအပြည့်ဖြင့်ပြောလိုက်သည်။ " ချောင်းမိသားစုရဲ့ နာမည်ကောင်းကို ပြန်လည်တည်ဆောက်ဖို့အတွက် ဒီအခွင့်အရေးကို သူအသုံးချပြီး ညီမလေးရဲ့အထောက်အထားကို ထုတ်ဖော်ချင်နေတာပဲ!"

ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာ!

ဤကဲ့သို့ ကြီးမားသည့်ပတ်ဝန်းကျင်တွင်၊ သူသည် ရှုံးနိမ့်ခြင်းကို အောင်ပွဲအဖြစ်သို့ ပြောင်းလဲနိုင်လိုက်ပြီး အခြေအနေအား ချောင်းမိသားစုဘက်သို့ ပြောင်းလဲနိုင်ခဲ့သေးသည်။ မြေခွေးတစ်ကောင်က မျှော်လင့်ထားတဲ့အတိုင်းဘဲ တွက်ချက်မှုတွေမှာ အမှန်တကယ် လိမ္မာပါးနပ်တဲ့သူပဲ။

"ချူးလေး၊ ဒါကို ဘယ်လိုဖြေရှင်းမှာလဲ?" စုန့်ချင်းစုန့် မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်မိသည်။ အကြီးအကဲချောင်းက ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းနဲ့သူ့ကို တရားရုံးမှာတရားစွဲမယ်လို့ ပြောခဲ့ပေမယ့် ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းပေါ်လာအောင် ဒီနည်းလမ်းကိုသုံးဖို့ သူကြိုးစားနေတယ်ဆိုတာ လူတိုင်းသိသည်။

မော့ချူးသာ တရားရုံးတွင် မရောက်လာပါက ချောင်းမိသားစုသည် ဤအကြောင်းပြချက်ကို အသုံးပြုလိမ့်မည်။ ထို့အပြင်၊ သူတို့မိသားစု၏ သြဇာလွှမ်းမိုးမှုဖြင့် ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း၏ စိတ်ဝိညာဉ်အစားအသောက်ဆိုင်ကိုပိတ်၍ ဤကြောက်မက်ဖွယ်ရာပြိုင်ဘက်ကို အောင်မြင်စွာဖြင့်ဖျက်ဆီးပစ်နိုင်လိမ့်မည်။ အခြားတစ်ဖက်တွင်၊ ချူးလေးသာ တရားရုံးတွင်ပေါ်လာပါက ချောင်းမိသားစုက သူမကိုဘယ်လိုလုပ်လွှတ်ပေးနိုင်မှာတဲ့လဲ?

သူတို့ တကယ်ကို အကျပ်ရိုက်နေပြီ!

သူတို့နှစ်ယောက် စိုးရိမ်ပူပန်နေမှုနှင့် ယှဉ်ပါက မော့ချူးကတော့ ပိုလို့ပင်တည်ငြိမ်နေပုံရသည်။ သူမက နတ်ဘုရားစုန့်ကို စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ “ဘာစားချင်လဲ?”

“အမ်…” စုန့်ချင်းစုန့် သိသိသာသာကို ကြောင်သွားသည်။ အခု အရမ်းလေးနက်တဲ့ကိစ္စကို ဆွေးနွေးနေကြတာမဟုတ်ဘူးလား? ဘာလို့ ရုတ်တရက်ကြီး ဒီအကြောင်းရောက်လာတာလဲ? ဒါက နည်းနည်းတော့ လက်ခံနိုင်စရာမရှိဘူး.....

နတ်ဘုရားစုန့်၏ ရှားရှားပါးပါး ကြောင်အနေသည့်အကြည့်ကို မြင်လိုက်ရသဖြင့် မော့ယန်မှာ မတတ်နိုင်ဘဲ ချောင်းအသာဆိုးမိလိုက်သည်။ "ကောင်းပြီ၊ ချူးလေး၊ အစ်ကိုတို့ကို စိတ်ထင့်အောင်မလုပ်နဲ့။ ဘာဆက်လုပ်မှာလဲ?"

"ဘာလုပ်နိုင်ရမှာလဲ?" မော့ချူးလှည့်ကြည့်ကာ ဖျတ်ခနဲ ပြုံးလိုက်သည်။ သူမအကြည့်တွေက ကြည်လင်နေ၏။ “စစ်သားတွေ လာတဲ့အခါ ဗိုလ်ချုပ်က သူတို့ကို တားဆီးတယ်။ ရေတွေလာတဲ့အခါ မြေကြီးကကာလိမ့်မယ်"

ဒါက တည့်တိုးပြောဖို့ကောင်းလို့လား?

မော့ချူး မီးဖိုချောင်ထဲ လျှောက်သွားသည်ကို မြင်လိုက်ရတော့ မော့ယန်ရဲ့မျက်လုံးတွေ မနေနိုင်ဘဲ တောက်လာသည်။ မသိလိုက်ဘာသာနှင့် သူဟာ အရသာရှိတာတွေဆီမှ လွှမ်းမိုးခံလိုက်ရသည့် အစားကြိုက်သူဖြစ်လာသည်။

"ညီမတို့တွေ ဒီနေ့လမုန့် စားကြရင်ရော?" ခလုတ်ခုံထဲရှိ ဂျုံမှုန့်နှင့်ပဲနီများကို မြင်လိုက်ရသဖြင့် မော့ချူးရဲ့မျက်လုံးတွေ လင်းထိန်သွားကာ မေးလိုက်သည်။

“ကောင်းတယ်” မော့ယန်လည်း ခေါင်းညိတ်သဘောတူလိုက်သည်။ သူ့ညီမရဲ့ အချက်အပြုတ် ကျွမ်းကျင်မှုကို သူ စိတ်ချနေဆဲပင်။

"လမုန့်?" ဤမရင်းနှီးသည့် အသုံးအနှုန်းကို ကြားသည့်အခါ၊ စုန့်ချင်းစုန့် အနည်းငယ် အံ့အားသင့်သွားသည်။ တစ်ဖက်တွင်မူ မော့ယန်ကတော့ ၎င်းကို အသားကျနေပြီဖြစ်သည်။ သူက နတ်ဘုရားစုန့်၏ ပခုံးကိုပုတ်ကာ ဆိုလိုက်သည်။ “ကျွန်တော်တို့က စားပေးဖို့ပဲလိုတယ်”

ဒီအချိန်တွင် မော့ချူးက စလုပ်နေပြီဖြစ်သည်။

လမုန့်လုပ်ရန်၊ ပထမဆုံးလုပ်ရမည့်အရာမှာ အထဲတွင်သွပ်ရမည့် အစာလုပ်ရန်ဖြစ်သည်။

မော့ချူးသည် 'ခုန်ပေါက်ပင်' ပေါ်ရှိ အသီးအနှံများကိုဆွတ်ကာ တစ်လုံးပြီးတစ်လုံး ဆေးကြောလိုက်သည်။

"ဟေ့၊ မင်း အဲ့ဒါကို သုံးလို့မရဘူး!" စုန့်ချင်းစုန့် သိချင်စိတ်ဖြင့်ကြည့်နေကာ မျက်မှောင်ကြုတ်လိုက်သည်။ ခုန်ပေါက်ပင်မှ အသီးများသည် အဆိပ်ပြင်းကာ စားလို့မရပါချေ။

"အဆင်ပြေပါတယ် စောင့်သာကြည့်နေပါ!" မော့ယန်ကတော့ သူ့ညီမဟာ အမှိုက်များကို ရတနာအဖြစ် ပြောင်းလဲသည့် မှော်ဆန်သည့်နည်းလမ်းကို အသုံးပြုထားသည်ကြောင့် စုန့်ချင်းစုန့်လောက် မအံ့သြမိပေ။

ဒီပဲနီကြီးက ၂၁ ရာစုကဟာထက် ပိုကြီးသည်။ အသားလုံးလိုပါပင်။ မော့ချူးသည် အနက်ရောင်အငွေ့တွေ လွှမ်းနေသည့် အစိတ်အပိုင်းကို ဖြတ်တောက်လိုက်ရာ တစ်ဝက်ခန့်လောက်သာ အနီရောင်ဖျော့ဖျော့အငွေ့ဖြင့် ဖုံးလွှမ်းနေတော့သည်။

အရွယ်အစား ကွာခြားချက်မှလွဲ၍ ဤပဲနီ၏ အသားသည် အလွန်နူးညံ့သည်။ စပျစ်သီးနှင့်လည်းတူ၏။ ပုံမှန်ဆိုလျှင် တစ်ညလောက် ကောင်းကောင်းစိမ်ထားရသည်။ အခုတော့ မိနစ် ၂၀ သာလိုသည်။

ထို့နောက် မော့ချူးသည် နူးညံ့သည့်ပဲနီတွေအား ဇလုံထဲသို့ထည့်ကာ လက်တစ်ဆစ်စာ ရေထည့်လိုက်သည်။ ထို့နောက် အနှစ်ဖြစ်အောင် ချေလိုက်သည်။

မော့ချူး၏ ချောမွေ့သည့်လှုပ်ရှားမှုများကို မြင်လိုက်ရသဖြင့် စုန့်ချင်းစုန့်မှာ မနေနိုင်ဘဲ မျက်လုံးပြူးအံ့သြသွားသည်။ အဖွဲ့ချုပ်မှ အစားအသောက် ကျွမ်းကျင်ပညာရှင်များကိုသူမြင်ဖူးသော်လည်း သူတို့ဟာ လူတွေကို တင်းကျပ်သည်ဟူသည့် အမြင်သာပေးစွမ်းသည်။ ဆန့်ကျင်ဘက်အနေဖြင့် မော့ချူး၏ လှုပ်ရှားမှုတွေဂာ ပို၍ပေါ့ပါးကာ ကိုယ့်ကိုယ်ကိုယ်ကျေနပ်နေမှုအပြည့်ပင်။ ဒါဟာ အရည်အချင်းတစ်ခုနှင့်မတူပေ။ ယင်းအစား၊ ၎င်းကိုအနုပညာတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

၂၁ ရာစု၌ မော့ချူးသည် လမုန့်ဆိုင်တွင် အကူလုပ်ခဲ့ဖူးသည်။ လုပ်ရမည့်အဆင့်တွေကို သူမ၏စိတ်ထဲကနေသိနေသည်ကြောင့် သူမအနေဖြင့် ယခုအချိန်တွင် အနည်းငယ်မျှ မစိုးရိမ်နေပေ။

သူမ မီးအေးအေးထားလိုက်သည်။ စောစောက ပြင်ဆင်ထားသည့် ပဲနီအနှစ်ကို ဆူအောင်တည်ပြီးနောက် မော့ချူးသည် သကြားဖြူကို ဂရုတစိုက် လောင်းထည့်လိုက်သည်။ ထို့နောက် စုပ်ယူနိုင်စေရန် ပဲဆီအနည်းငယ်ကို သုံးကြိမ်ခန့် လောင်းထည့်လိုက်သည်။

မွှေပြီးသည်နှင့် ပဲအနှစ်က ဆီပြန်ကာဆူလာသည်။ ချောချောမွေ့မွေ့လုံးနိုင်သရွေ့ အဆင်ပြေသည်။ ထို့နောက် သူမမီးပိတ်လိုက်ကာ အအေးခံရန်ဘေးနားတွင် ထားလိုက်သည်။

"အာဝူး အာဝူး -" ချက်ပြီးသည့်အချိန် ဝိုင်းဝိုင်းတစ်ယောက် အနံ့ကြောင့်ပြေးထွက်လာခဲ့သည်။ သူ့မျက်လုံးတွေက အိပ်ချင်မူးတူးဖြစ်နေပေမယ့် သူ့နှာခေါင်းကတော့ လှုပ်ရှားနေဆဲပင်။ မီးဖိုခန်းထဲ ခုန်ဝင်လာတော့ မွှေးရနံ့ကပိုပိုပြီးပြင်းလာကာ ဝိုင်းဝိုင်းတစ်ယောက် ချက်ချင်း ခွန်အားပြည့်သွားတော့သည်။ မော့ချူးဘေးနားက ပန်းကန်ပြားကို စိုက်ကြည့်ရင်း သူ့သွားရည်တွေမရပ်မနား ကျလာသည်။ သူ့ရဲ့ သရေယိုနေတဲ့ပုံစံဟာ တကယ်ချစ်ဖို့ကောင်းသည်။

မော့ချူးလည်း ဝိုင်းဝိုင်းရဲ့ပုံစံကိုမြင်ပြီး မနေနိုင်ဘဲခေါင်းခါကာ ပြုံးလိုက်မိသည်။ သူမလက်တွေကို အမြန်လှုပ်ရှားလိုက်သည်။ ဒီလိုမှမဟုတ်ရင်၊ ဒီကောင်လေး ကြာကြာအောင့်နိုင်တော့မှာ မဟုတ်ဘဲ ပဲအနှစ်တစ်ခုလုံးကို စားလိုက်မိလိမ့်မည်။

All Chapters