← Chapters

အပိုင်း ၃၃၈

Vol. 23 Ch. 338

အပိုင်း ၃၃၈

Vol. 23 Ch. 338

နောက်တစ်ဆင့်ကတော့ မုန့်ညက်လုပ်ရမည်ပင်။ မော့ချူးသည် ပြင်ဆင်ထားသည့် သကြားရည်များကို သန့်ရှင်းသည့်ဇလုံကြီးတစ်ခုထဲသို့ လောင်းထည့်လိုက်သည်။ လုံးလုံးရောစပ်သွားသည်အထိ လက်ဖြင့်မွှေလိုက်သည်။ နောက်ဆုံးအဆင့် အနည်ထလာတော့ သူမပဲဆီထည့်ကာ လုံးဝကျေသွားသည်အထိ မွှေလိုက်သည်။

နောက်ဆုံး ဂျုံမှုန့်ထဲလောင်းထည့်ကာ ခြောက်သွားသည်အထိ ရောမွှေလိုက်သည်။ ထို့နောက် သူမသည် ၎င်းအား အဝတ်ပါးအိတ်ဖြင့် ထုပ်ကာအအေးခန်းထဲတွင် နာရီဝက်ကြာအောင် ထားလိုက်သည်။

“အာဝူး–” ငါတကယ်စားချင်ပေမဲ့ စားလို့မရသေးဘူး! ဒီနာရီဝက်ဟာ ဝိုင်းဝိုင်းအတွက်တော့ ပြီးပြည့်စုံသည့် ညှဉ်းပန်းမှုဖြစ်ပင်သည်။ သူ့ရဲ့ ဝကစ်ကစ်ခန္ဓာကိုယ်ဟာ မီးဖိုချောင်တံခါးကို ပွတ်တိုက်နေ၏။ ဟန့်တားလိုက်တဲ့ မော့ယန်၏ ထိုးထွင်းမြင်သည့်အကြည့်ကြောင့်သာ မဟုတ်လျှင် သူဇွတ်တိုးဝင်သွားမှာကြာလှပြီ။

ဝိုင်းဝိုင်း၏ ညည်းတွားသံများအောက်တွင် နာရီဝက်ဟာ နောက်ဆုံးတော့ ကုန်ဆုံးသွားတော့သည်။

မော့ချူးသည် မုန့်ညက်နှင့်အဆာများကို ၂ အချိုး ၈ ဖြင့်ခွဲကာ ချိန်ဆလိုက်သည်။

ထို့နောက် ကြက်ဥအနှစ်ကို ပဲအနှစ်ဖြင့်အုပ်ကာအဝိုင်းပုံသဏ္ဍာန်ဖြစ်အောင် လုံးလိုက်သည်။ အစာသွပ်ပြီးသည့်အခါ မုန့်ညက်ကို အဝိုင်းသဏ္ဍာန်ဖြစ်အောင် လှိမ့်လိုက်သည်။

လက်ဖဝါးပေါ်တွင် မကပ်နေစေရန် မော့ချူးဂျုံမှုန့်ကို လက်တွင်ပွတ်လိုက်သည်။ သူမသည် မုန့်ညက်တစ်ပိုင်းကိုယူကာ ပြားအောင်ရိုက်လိုက်သည်။ ထို့နောက် ပဲအနှစ်နောက်တစ်ပိုင်းကိုယူကာ လက်မဖြင့် ဖြည်းဖြည်းချင်းတွန်းလိုက်သည်။ သူမသည် ၎င်းကိုဖြည်းဖြည်းချင်း ထုပ်ပြီးနောက် လက်ဖဝါးကိုသုံးကာ အဝိုင်းပုံသဏ္ဍာန်ဖြစ်အောင် လုပ်လိုက်သည်။

မော့ချူးသည် လမုန့် စုစုပေါင်းအခု ၄၀ ကို ပြုလုပ်ခဲ့သည်။ စားလို့မလောက်မှာ စိုးရိမ်တာကြောင့်ပင်။

ဒါ့အပြင်၊ သူမသည် ပုံစံခွက်ကို ဆယ်ခုကိုသာ မှာခဲ့သည်။ ယခုတော့ သူမအနေဖြင့် ၎င်းတို့ကို အသုတ်လိုက်ဖြင့်သာ ဖုတ်နိုင်တော့သည်။

မော့ချူးသည် ကပ်မည့်ဘေးမှကာကွယ်ရန် ပုံစံခွက်ထဲသို့ ဂျုံမှုန့်အချို့ကိုထည့်လိုက်သည်။ ထို့နောက် လမုန့်ကိုပုံစံခွက်ထဲသို့ထည့်ကာ ကြမ်းကြမ်းဖိလိုက်ပြီး ပုံစံတစ်ခုဖန်တီးလိုက်သည်။

ထို့နောက် မီးဖိုကို 200 ဒီဂရီအပူပေးကာ မုန့်၏ မျက်နှာပြင်ပေါ်တွင် ရေအနည်းငယ်ဖြန်းလိုက်ပြီး ငါးမိနစ်ခန့် ဖုတ်လိုက်သည်။ ထိုနောက် သူမသည် လမုန့်မျက်နှာပြင်ပေါ်တွင် ကြက်ဥအကာအနှစ်ကို ညင်သာစွာ သုတ်လိုက်သည်။ ပြီးနောက်တွင် မီးဖိုကို ၁၈၀ ဒီဂရီထားကာ မိနစ် ၂၀ ခန့်ထပ်ဖုတ်လိုက်သည်။

“အာဝူးး–” နောက်ဆုံးတော့ စားဖို့အချိန်ကျပြီ! ဒီအခိုက်အတန့်မှာ ဝိုင်းဝိုင်းတစ်ယောက် သူ၏ယခင်က စိတ်ကြီးဝင်မှုတွေကို လုံးဝဖယ်ထုတ်လိုက်သည်။ သူ့မျက်လုံးတွေက မျင်တောင်မခတ်တမ်း ထုတ်လာသည့် လမုန့်တွေကို စိုက်ကြည့်နေ၏။ 'ဟင်းး… အနံ့အရမ်းကောင်းတယ်!'

"ငါတို့ စောင့်ရအုံးမယ်!" မော့ချူးလက်ကို ဆေးကြောလိုက်ကာ ဝိုင်းဝိုင်း၏ နှာခေါင်းစိုစိုလေးကို ရွှင်မြူးစွာဖြင့် ပုတ်လိုက်သည်။ အခုလေးတင်ဖုတ်ထားသည့် လမုန့်၏ အခွံမှာကြမ်းနေသေးသည်။ တစ်ခဏလောက်အအေးခံပြီး ဆီပြန်တက်လာမှသာ အရသာပိုကောင်းလာမည်ပင်။

"အာဝူး အာဝူး -" 'ဘာလဲ!' ဝိုင်းဝိုင်းမှာ သူ့အတွက် အသက်ရှင်ဖို့ ဘာမှမကျန်တော့သလိုပင်။ သူခေါင်းငုံ့ကာ ရံဖန်ရံခါ မော့ချူးကို မကျေမနပ်အကြည့်ဖြင့် မော့မော့ကြည့်လာသည်။ 'ဘာလို့စောင့်ရအုံးမှာလဲ? ဒီသခင်လေးမှာ ဗိုက်ဆာလို့သေတော့မယ်!'

ဒီလို သနားစရာကောင်းတဲ့ အကြည့်လေးက အားလုံးက ရယ်မောမိစေတော့သည်။

နောက်ဆုံးသိပ်မကြာခင်မှာပဲ လမုန့်က ပြီးသွားသည်။

ဝိုင်းဝိုင်း၏ ကာကွယ်လိုသည့် ကိုယ်ရည်ကိုယ်သွေးဟာ ပေါ်လာပြန်သည်။ အစကတည်းက လမုန့်ဆယ်လုံးသာရှိသော်လည်း သူက တစ်ဝက်လောက် ယူလိုက်သည်။ ဒါ့အပြင်၊ ဒီကောင်လေးဟာ ဘယ်လိုခွဲပေးရမလဲဆိုတာကိုလဲ သင်ယူခဲ့သေးသည်။ မော့ချူးကို ၃ လုံးပေးကာ စုန့်ချင်းစုန့်ကို ၂ လုံးပေးပြီး မော့ယန်ကိုတော့ ပန်းကန်တစ်ချပ်သာ ချန်ပေးခဲ့သည်။

မော့ချူးမှာ မနေနိုင်တော့ဘဲ သူမ ပန်းကန်ထဲမှ လမုန့်နှစ်လုံးကိုယူကာ အစ်ကိုဖြစ်သူဆီ ပေးလိုက်သည်။ မဟုတ်ပါက မော့ယန်တစ်ယောက် သူတို့ကို သရေယိုပြီးသာကြည့်နေရတော့မည်။

ဝိုင်းဝိုင်းမှာ မော့ချူး၏ လုပ်ရပ်ကို ဒေါသဖြစ်သော်လည်း ကန့်ကွက်ခြင်းမရှိခဲ့ပေ။ မော့ယန်အပေါ် သူ့အမြင်ကို ပြောင်းလိုက်တာမဟုတ်ဘဲ ပန်းကန်ပြားပေါ်က ပဲအနှစ်လမုန့်တွေဟာ သူ၏အာရုံတွေကို လုံးလုံးလျားလျား ဆွဲဆောင်ထားသောကြောင့် ဖြစ်သည်။

သူ့လက်ဖောင်းဖောင်းလေးဖြင့် ဂရုတစိုက် ယူကာ ပါးစပ်ထဲထည့်လိုက်သည်။ ပျော်ရွှင်မှုနှင့်အတူ သူ့မျက်လုံးတွေ ချက်ချင်းမှေးကျဉ်းသွားကာ နှစ်ခါသာဝါးလိုက်သည်။ 'အိုး အိုး၊ အရမ်းအရသာရှိတယ်!'

မှန်တယ်! တစ်ချက်ကိုက်ရုံဖြင့် နူးညံ့ချိုမြိန်သည့် ပဲအနှစ်ကို ခံစားလိုက်ရသည်။ လတ်လတ်ဆတ်ဆတ်အဆီပြန်နေသည့် လမုန့်အခွံနှင့်တွဲလျက် မွှေးပျံ့နေသည်။ မော့ယန်နှင့် နတ်ဘုရားစုန့်တို့တောင် ချီးကျူးနေတာမရပ်တော့ပေ။

ဝိုင်းဝိုင်း စားတာမြန်မြန်လှ၏။ လမုန့်ငါးလုံး ခပ်မြန်မြန်ဘဲ စားကုန်သွားသည်။ ထို့နောက် မီးဖိုချောင်ထဲရှိ လမုန့်ဒုတိယအသုတ်ကို လောဘကြီးစွာဖြင့် စိုက်ကြည့်နေသည်။

ဒင်းဒေါင်-

ထိုအချိန်တွင် တံခါးခေါက်သံက ရုတ်တရက် ထွက်လာသည်။

မော့ယန် မျက်မှောင်ကြုတ်လိုက်သည်။ သူရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ အပြင်ကိုလှမ်းကြည့်လိုက်သည်။ သူက အသံသြသြဖြင့် ပြောလိုက်သည်။ "နျဉ်ယွိယွမ်တို့တွေ"

ဒါကိုကြားတော့ မော့ချူး လမုန့်ကို တိတ်တဆိတ် ကိုက်လိုက်သည်။ မျိုချပြီးနောက် သူမ တိုးတိုးလေးပြောလိုက်သည်။ “သူတို့ကို ဝင်ခွင့်ပေးလိုက်ပါ"

"ချူးလေး?" မော့ယန်၏ အမူအရာမှာ စိုးရိမ်တကြီးဖြစ်နေသည်။ အခန်းတွင်းရှိ မွှေးရနံ့ကို ဖုံးကွယ်ထားလို့မရပေ။ နျဉ်ယွိယွမ် ဝင်လာသည်နှင့် မော့ချူး၏ အထောက်အထားကို ဖော်ထုတ်နိုင်လိမ့်မည်ပင်။

"မာရှယ်နျဉ်က ချူးလေးကိုဒုက္ခပေးမှာ မင်းကြောက်နေတာလား?" စုန့်ချင်းစုန့် ဒါကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူတို့ဟာ ချောင်းမိသားစုနှင့် ဆန့်ကျင်ဘက်တွင် ရှိကြောင်း သိသာလှသည်။ ယခုအချိန်တွင် မော့ချူး၏ အထောက်အထားကို ထုတ်ဖော်လိုက်ပါက သူတို့အတွက်အကျိုးရှိကာ ထိခိုက်မှုမရှိပါချေ။

ဒါကိုမြင်တော့ မော့ယန်အံကိုကြိတ်ကာ တံခါးဖွင့်လိုက်သည်။ ချူးလေးရဲ့ အထောက်အထားကို ဖော်ထုတ်လိုက်တာနဲ့၊ ဒီအမြီးကြီးကြီးဝံပုလွေ နျဉ်ယွိယွမ်တစ်ယောက် ပိုပြီးတော့ ကပ်လာတော့မှာ မဟုတ်ဘူးလား?

"ဟေး ဘာအနံ့လဲ?" အနံ့က အရမ်းကောင်းတယ်! အစက အနောက်မှာ ရပ်နေသည့် ကျောလင်ဟာ အနံ့မွှေးမွှေးရသည်နှင့် ရှေ့ကိုချက်ခြင်း ရွေ့လာကာ သူ့မျက်လုံးတွေက တောက်ပနေ၏။

“အင်း…” မော့ချူး ခုနကတင် သူမကိုက်လိုက်သည့် လမုန့်ကိုပြကာ အပြုံးဖြင့် အဖြေပေးလိုက်သည်။

"အဲ့ဒါကဘာလဲ?" ကျောလင်၏ စူးစမ်းလိုစိတ်တွေ တိုးထွက်လာသည်။ သူ ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ပြီး မော့ချူးလက်ထဲက လတ်လတ်ဆတ်ဆတ်အရာကို ကြည့်လိုက်သည်။

အမှန်တော့၊ ပစ္စည်းကိရိယာများနှင့် ပါဝင်စ္စည်းများ ကန့်သတ်ချက်ကြောင့် ယခုအချိန်တွင် မော့ချူးလုပ်ထားသည့် လမုန့်တွေဟာ ၂၁ ရာစုတွင် ပြုလုပ်ခဲ့သည့် လက်ရာများလောက် သိပ်မကောင်းမွန်ပါချေ။ သို့ပေမယ့် ကျောလင်နှင့်တခြားသူတွေရဲ့ အမြင်မှာတော့ လုံးဝကို ကွဲပြားသည်။

ပုံစံကိုကြည့်ရုံနှင့် မွှေးရနံ့ကို ခံစားလိုက်ရသည်။ အခုလေးတင် စုန့်ချင်းစုန့်သာ သူ့ပါးစပ်ထဲမထည့်လိုက်ရင် ထိုအရာအား စားလို့ရမည်ဟု သူ မထင်မိလောက်ပါချေ။၎င်းဟာ အနုပညာလက်ရာတစ်ခုလို လှပလှသည်။

"မြည်းကြည့်ချင်လား?" ဆိုရိုးစကားအတိုင်း ဧည့်သည်ဟာ ဧည့်သည်သာဖြစ်သည်။ ထုံးစံအတိုင်း မော့ချူးလည်း တွန့်တိုနေမည်မဟုတ်ပေ။ ဒါ့အပြင် ဒုတိယအသုတ်၌ လမုန့်တွေလုံအလောက်ရှိသဖြင့် သူမ တစ်ယောက်တစ်လုံးစီ ပေးလိုက်သည်။

All Chapters