အပိုင်း ၃၃၉
Vol. 23 Ch. 339
ဒါကိုမြင်တော့ ဝိုင်းဝိုင်းတစ်ယောက် အားကုန်သုံးကာ သူတို့ကိုမုန်းတီးသလို စိုက်ကြည့်လာသည်။ 'ကောင်းတယ်! ဒီသခင်လေးက မင်းတို့အားလုံးကို မှတ်ထားလိုက်ပြီ! မင်းတို့တွေ ငါ့ရဲ့လမုန့်တွေကို ခိုးသွားကြတယ် ဟမ့်! အားလုံးကို အရေခွံခွာပစ်မယ်!'
သို့သော်လည်း ယခုအချိန်တွင် ကျောလင်နှင့် တခြားသူတွေဟာ ဝိုင်းဝိုင်း၏ မနာလိုမုန်းတီးသည့် အကြည့်တွေကို သတိပြုမိဖို့အချိန်မရှိပါချေ။ သူတို့လက်ထဲရှိ အရသာရှိသည့် အစားအစာများကို အသီးသီး သိမ်းကြုံးယူလိုက်ကြသည်။ စကားတောင် မပြောနိုင်ကြပေ၊ အားအင်အပြည့်နှင့် ပါးစပ်ထဲ သိပ်ထည့်လိုက်ကြသည်။
ဒီနှစ်ယောက်က ကမ္ဘာကြီးကို တစ်ခါမှမမြင်ဖူးဘူးဘဲ!
နျဉ်ယွိယွမ် သူ့အဖော်တွေကို အားကိုးတကြီးကြည့်ကာ သက်ပြင်း ခပ်တိုးတိုးချလိုက်သည်။ သူ့ရဲ့ စားသောက်မှုပုံစံဟာ ကျောလင်နှင့် တခြားသူတွေထက် အများကြီး ပိုတင့်တယ်သည်။ နျဉ်မိသားစုဟာ မျိုးဆက်ပေါင်းများစွာ အမွေဆက်ခံလာခဲ့သည့် မိသားစုကြီးတစ်ခုဖြစ်ကာ သူသည် လမုန့်စားဖူးပုံမပေါ်သော်လည်း ငယ်စဉ်ကတည်းက ကျင့်ဝတ်တွေကိုသင်ဖူးခဲ့ပုံပေါ်သည်။ ယင်းအစား သူသည်အရသာကို အသေအချာ အသိအမှတ်ပြုစားနေသည့်ပုံပင်။
"ကျောလင်" နျဉ်ယွိယွမ် သူ့လက်ထဲက လမုန့်ကုန်သွားတာနှင့် ရုတ်တရက် ပြောလိုက်သည်။ "ငါ မင်းကို ရှာခိုင်းထားတဲ့အချက်အလက်တွေ။ မင်းစုပြီးရင် ချူးလေးဆီလွှဲပေးလိုက်"
ထိုသို့ ပြိုင်ဘက်ကင်းလှသည့်အစားအသောက်တွေနှင့် မှော်သားရဲကို ထိန်းချုပ်နိုင်သည့် ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း ဖြစ်နိုင်သည့်သူဟာ သူမကလွဲပြီး သူဘယ်သူ့မှမစဉ်းစားမိပေ။
"ဟမ်?" ကျောလင်မှာလမုန့်ကို သူ့ပါးစပ်ထဲထည့်ထားဆဲပင်။ ကျောလင် မျက်မှောင်ကြုတ်ကာ ခေါင်းမော့လိုက်သည်။ 'ဘာလို့လဲ?'
“အကြီးအကဲချောင်းက တရားရုံးမှာအယူခံဝင်ဖို့ ပြင်ဆင်နေတာ မဟုတ်ဘူးလား” နျဉ်ယွိယွမ် မော့ချူးကို လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးတွေက မတည်မငြိမ်ဖြစ်နေသည်။ "ချူးလေး ဒါကိုသုံးနိုင်လောက်မယ်လို့ထင်တယ်"
ဒါနဲ့… ဒါက မော့ချူးနဲ့ ဘာဆိုင်လို့လဲ?
ကျောလင် ပါးစပ်ထဲမှ လမုန့်ကို အနည်းငယ်ဝါးလိုက်သည်။ ချောင်းမိသားစုသည် ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းနှင့် စုန့်ချင်းစုန့်ကိုသာ ရှင်းရှင်းလင်းလင်း တရားစွဲခဲ့သည်။ 'ဒီအချက်အလက်တွေကို စုန့်ချင်းစုန့်ဆီပဲ ပေးသင့်တာလေ။ ဘာလို့ မော့ချူးကို ပေးမှာလဲ? သူက... ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းလား?'
'ဟုတ်တယ်! ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း?.... မော့ချူးကလား?'
'ဟားဟား! မဖြစ်နိုင်တာ၊ လာနောက်နေတာ ဖြစ်ရမယ်!'
ကျောလင် ရုတ်တရက် သူ့ဘော့စ်ကို သေချာမော့ကြည့်လိုက်သည်။ သူ့ဘော့စ်ရဲ့ မျက်နှာပေါ်ရှိ လေးနက်သည့်အမူအရာကို မြင်လိုက်ရတဲ့အခါ သူ မနေနိုင်ဘဲ အံ့ဩသွားမိသည်။ ထို့နောက် လည်ပင်းမှနေ ကလစ်ခနဲအသံထွက်လာသည်အထိ ကောင်မလေး၏ သွယ်လျသည့်ပုံစံကို မယုံနိုင်ခြင်းတွေဖြင့် လှည့်ကြည့်လိုက်သည်... မဖြစ်နိုင်တာ!
"ချူးလေး၊ အမ်၊ မင်းက..." ကျောလင်မှာ ကျန်တဲ့စကားလုံးတွေကို ဆက်မပြောနိုင်တော့ပေ။
"ဟယ်လို" ကျောလင်၏ သံသယနှင့် ထိတ်လန့်တုန်လှုပ်နေသည့်အကြည့်ကို တွေ့လိုက်ရသော်လည်း မော့ချူး၏ မျက်နှာဟာ တည်ငြိမ်နေ၏။ သူမသည် စနောက်လိုသည့်ပုံစံနှင့် မျက်ခုံးတွေကွေးညွတ်ကာ ထရပ်လိုက်ပြီး ပြောလာသည်။ "ကျွန်မက ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းပါ!"
'သေစမ်း!'
'မော့ချူးက ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းလား? ဒါကအရမ်းကြောက်ဖို့ကောင်းတာပဲ!'
"အဟမ်း!" ကျောလင်မှာ အံ့ဩလွန်းလို့ လမုန့်ပါ သီးသွားတော့သည်။ ကျုံးဝမ်သာ သူ့ကိုရေတစ်ခွက် မကမ်းပေးပါက သူနင်သွားမှာပင်!
"မင်းက တကယ်ပဲ... ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းလား?" မော့ချူးကိုယ်တိုင် ဝန်ခံခဲ့ပေမယ့် ကျောလင်မှာမယုံနိုင်သေးပေ။ စတားနက်မှာ နာမည်ကြီးနေသည့် ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းဟာ ဘယ်လိုပုံစံရှိမလဲဆိုတာ သူအရင်က အကြိမ်ပေါင်း မရေတွက်နိုင်အောင် တွေးထားခဲ့သည်။ 'အေးစက်ပြီး ချောမောတဲ့ လူငယ်လေးလား၊ ဒါမှမဟုတ် အသက်ကြီးကြီးပညာရှိပုံစံများလားပေါ့!'
'ဒါပေမဲ့!'
ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းဟာ အမှန်တကယ်တော့ သူ့အနားကအသိမိတ်ဆွေတစ်ဦးဖြစ်ကာ သူတစ်ခါမှ မတွေးဖူးသည့် အသိမိတ်ဆွေတစ်ယောက်ဖြစ်သည့် မော့ချူးဖြစ်နေသည်!
'မဟုတ်ဘူး၊ ဒီကမ္ဘာကြီးက အရမ်းဆန်းကြယ်တာဘဲ၊ ငါတော့ထွက်ပြီ!' ကျောလင် ကျုံးဝမ်ရဲ့ ပခုံးကို ကိုင်လိုက်ပြီး စားပွဲပေါ်မှလမုန့်ကို ယူလိုက်သည်။ သူသည် ၎င်းကိုပြင်းပြင်းထန်ထန်ဝါးလိုက်ကာ သူ၏ထိတ်လန့်နေသည့် စိတ်လေးကို သက်သာရာရစေရန် ၎င်းကိုသုံးလိုက်ခဲ့သည်။
နျဉ်ယွိယွမ် ရှေ့ကိုခြေလှမ်းအနည်းငယ်လှမ်းကာ မော့ချူးရှေ့ လျှောက်သွားလိုက်သည်။ သူသည် သူမ၏ နူးညံ့ကြည်လင်တဲ့ မျက်နှာလေးကို စက္ကန့်ဝက်ကြာအောင် ဂရုတစိုက်ကြည့်လိုက်မိသည်။ သူ့စိတ်ထဲတွင် အံ့ဩထိတ်လန့်နေသော်လည်း သူ့မျက်နှာပေါ်တွင်တော့ တည်ငြိမ်ကာ မထူးခြားနားဖြစ်နေသည်။ အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် သူစကားပြောလာသည်။ “အဖွဲ့ချုပ်တရားရုံးက ဆင့်ခေါ်တဲ့ဆီ သွားဖို့ပြင်ထားလား?"
"တကယ်လို့..... ကျွန်မ မသွားချင်ဘူးဆိုရင်ရော?" မော့ချူး ခေါင်းငုံ့လိုက်ကာ သူမ၏မျက်လုံးတွေထဲတွင် ဆိုးသွမ်းသည့်အရိပ်အယောင်တွေ ပေါ်လာသည်။
"ဒါဆို မသွားနဲ့!" နျဉ်ယွိယွမ်က ပြတ်ပြတ်သားသားပြောလိုက်သည်။ သူမဘေးနားတွင် ဝံပုလွေတစ်ကောင်လိုစောင့်နေသည့် မော့ယန်ကို သူမကြောက်ပါချေ။ သူလက်လှမ်းကာ မော့ချူး၏ဆံပင်ကို အသာပွတ်သပ်လိုက်ပြီး သူ့လေသံကရုတ်တရက် နူးညံ့လာသည်။ "ကိုယ် စီစဉ်ပေးမယ်၊ မင်းစိတ်မပူနဲ့"
“မလိုပါဘူး" မော့ချူး ခေါင်းခါလိုက်သည်။ သူမရဲ့ကိုယ်က ခပ်မတ်မတ်ဖြစ်သွားကာ သူမရဲ့ မျက်လုံးတွေလည်း ရုတ်တရက် လေးနက်လာသည်။ "ဒါက ကျွန်မရဲ့တိုက်ပွဲပဲ၊ လုံးဝ နောက်မဆုတ်ဘူး!"
'ကြားလိုက်လား? ' မော့ယန် ဘေးမှနေ နျဉ်ယွိယွမ်ကို စိုက်ကြည့်လိုက်သည်။ 'ငါ့ညီမက မင်းကို မလိုအပ်ဘူးလို့ပြောနေတာ။ ငါတို့ဘာသာလုပ်နိုင်တယ်!'
နျဉ်ယွိယွမ်၏ နှုတ်ခမ်းတွေ ကော့တက်သွားသည်။ ချူးလေး မျက်လုံးတွေထဲတွင် ကြီးပြင်းလာမှုကို သူမြင်လိုက်ရသလိုပင်။ သူ့နှလုံးသားက လှုပ်ရှားသွားကာ ညင်သာစွာပြောလိုက်သည်။ “ကောင်းပြီ၊ အချိန်ကျရင် တရားခွင်ကို မင်းနဲ့အတူ ကိုယ်လိုက်ပေးမယ်"
“ခင်ဗျားကို သွားခွင့်မပေးဘူး၊ ခင်ဗျားသွားခွင့်မရှိဘူး…” မော့ယန်က သူ့ဘာသာသူရေရွတ်လိုက်သည်။
ကံမကောင်းစွာဖြင့်၊ ချူးလေးမှာ သူမအစ်ကိုကြီးပေးတဲ့ အရိပ်အမြွက်ကို မရလိုက်ပေ။ သူမ သဘောတူကြောင်း ခေါင်းညိတ်မပြခင် တစ်ခဏလောက်တုံ့ဆိုင်းသွားသည်။ “ကောင်းပြီလေ”
ထိုစကားကိုကြားတဲ့အခါ နျဉ်ယွိယွမ်ရဲ့အမူအရာက နူးညံ့လာခဲ့သည်။
'F*ck! ဒီအမြီးကြီးကြီးနဲ့ဝံပုလွေရဲ့အဆင့်က ပိုမြင့်လာတာပဲ။' မော့ယန် အံကိုကြိတ်ကာ ဝိုင်းဝိုင်းကို မျက်လုံးနဲ့ အချက်ပြလိုက်သည်။ 'ဝိုင်းဝိုင်း၊ မြန်မြန်လုပ်!'
သူကိုယ်တိုင်လုပ်ဖို့ မကောင်းတဲ့အတွက် ဝိုင်းဝိုင်း အပေါ်မှာဘဲ မျှော်လင့်ချက်တွေထားနိုင်တော့သည်။ နောက်ဆုံးတော့ ဒီကောင်လေးဟာ ပြင်ပကမ္ဘာနဲ့ပတ်သက်ပြီး နည်းနည်းပါးပါး နားလည်လာသည်။ သူသည် သူ့ပန်းကန်လုံးအလွတ်ကိုသာ ဆက်တိုက်ကြည့်နေပြီး သူ့ကိုမျက်လုံးမှိတ်ပြလာသည်။
'ဒါက ဘာအဓိပ္ပာယ်လဲ?'