အပိုင်း ၃၄၀
Vol. 23 Ch. 340
မော့ယန်မှာ အတော်ကြာတဲ့အထိ မတုံ့ပြန်နိုင်ခဲ့ပေ။ မီးဖိုချောင်ရှိ လမုန့်များဆီ ဝိုင်းဝိုင်းအကြည့်တွေ ရောက်သွားတာကိုမြင်တော့ နောက်ဆုံး သူသဘောပေါက်သွားကာ တိတ်တဆိတ် အံကြိတ်လိုက်သည်။
'ဒီကောင်လေးကတော့ သူ့သင်ခန်းစာကို သင်ယူလိုက်တာပဲ! သူက အလဲအလှယ်အနေနဲ့ နောက်ထပ်လမုန့်တွေကို လိုချင်နေတာ … ကောင်းပြီ!' မော့ယန်ခေါင်းညိတ်လိုက်ကာ လမုန့်ကိုဖြတ်လိုက်တဲ့နာကျင်မှုကို သည်းခံလိုက်သည်။
မော့ယန်ရဲ့လုပ်ရပ်ကိုမြင်တော့ ဝိုင်းဝိုင်းရဲ့ မျက်လုံးတွေက ချက်ချင်း တောက်ပလာတော့သည်။ သူ မော့ချူးရဲ့ရင်ခွင်ထဲခုန်ဝင်ကာ သူ့တင်ပါးပြည့်ပြည့်ကို နျဉ်ယွိယွမ်ဘက် လှည့်လိုက်သည်။ 'ဟမ့်! ဒီလူကို သူ မကြိုက်တာကြာပြီ။ သူ ချူးလေးကိုဖမ်းယူသွားဖို့ ကြိုးစားရုံတင်မကဘူး ငါ့လမုန့်တွေကိုတောင် လုယူရဲနေပြီ!'
'တော်တယ်!' မော့ယန်ဘေးမှ ဝိုင်းဝိုင်းကိုချီးကျူးလိုက်သည်။ သူ့ရဲ့ ပြည့်ပြည့်လုံးလုံး အမွှေးဖွာဖွာလေးဟာ သူတို့နှစ်ယောက်ကို လုံးဝ ခွဲပစ်လိုက်သည်။ ဟိုလိုလိုသည်လိုလို လေထုဟာ ချက်ချင်း ပျက်ပြယ်သွားတော့သည်။
နျဉ်ယွိယွမ် ဒေါသမထွက်ပါချေ။ တတိယအသုတ် လမုန့်ကျက်သွားပြီးနောက် ကျုံးဝမ်နှင့်ကျောလင်မှာ သူ့တို့ရဲ့လမုန့်တွေကို တိုက်ရိုက်ယူလိုက်သည်။ နျဉ်ယွိယွမ် သူ့လက်ထဲက တစ်လုံးနှင့်အတူ ဝိုင်းဝိုင်းကို လမုန့်သုံးလုံးပေးလိုက်သည်။ ကောင်လေးဟာ တစ်ခဏလောက် တုံ့ဆိုင်းသွားပြီး ချက်ချင်းဆိုသလို မော့ယန်ကိုသစ္စာဖောက်ကာ မော့ချူးရင်ခွင်ထဲမှ ခုန်ထွက်လိုက်သည်။ သူသည် ထိုင်ခုံပေါ်တွင် နာနာခံခံထိုင်ရင်း လမုန့်အပြည့်ထည့်ထားသည့် ပန်းကန်ကို ကြည့်လိုက်သည်။ 'စိတ်လှုပ်ရှားလိုက်တာ! ငါပိုင်တယ်၊ ငါပိုင်တာ အများကြီးဘဲ!'
'ကျွတ်! အရှက်မရှိတဲ့ ဖက်တီး!' မော့ယန် ဝိုင်းဝိုင်းကို ခပ်စူးစူးကြည့်လိုက်သည်။ 'လမုန့်သုံးလုံးလေးနဲ့ဘဲလာဘ်ထိုးရတယ်၊ မင်းက အရမ်းစျေးပေါတာပဲ။ နျဉ်ယွိယွမ် လာဘ်ထိုးတာကို လက်ခံလိုက်ရင် ငါ့လမုန့် ပြန်ပေး!'
'ဟားဟား!' ဝိုင်းဝိုင်းသည် ဂုဏ်ယူစွာဖြင့် ခေါင်းကို မော့ကာ လမုန့်ကို ယူလိုက်သည်။ သူက လှလှပပလေးကို ကိုက်ပစ်လိုက်သည်။
အဆုံးတွင်၊ လမုန့် အခု ၄၀ ၏ထက်ဝက်ကျော်ဟာ ဝိုင်းဝိုင်းဗိုက်ထဲသို့သာ ရောက်သွားတော့သည်။ တစ်ဖက်က မော့ယန်ဟာတော့ နှစ်ခုသာစားလိုက်ရသည်။ သူ့မှာ တံတွေးတွေအပြည့်နဲ့သာ ကြည့်နေနိုင်တော့သည်။
ထိုအချိန်တွင် မော့ချူးက ကြင်နာစွာဖြင့် သူ့ကိုတစ်လုံးပေးလိုက်သည်။ သို့သော် မော့ယန် မစားရသေးခင်မှာဘဲ ဝိုင်းဝိုင်းက ချက်ချင်းခုန်ကာ သူ့လက်ထဲကနေ လုယူလိုက်သည်။ ထို့နောက် သူ့ပန်းကန်လုံးထဲသို့ အေးအေးဆေးဆေး ထည့်လိုက်သည်။
မော့ချူးက သူတို့နှစ်ယောက်ကို စူးစမ်းစွာဖြင့်ကြည့်လိုက်သည်။ မော့ယန်မှာ အံကိုကြိတ်ကာ သွေးတွေကိုသာ မျိုချရတော့သည်။ သူက ကြိုးစားပြီး မြင့်မြတ်တဲ့ပုံစံလုပ်ကာပြောလိုက်သည်။ "ဝိုင်းဝိုင်းကိုပဲ ပေးလိုက်ပါ၊ အဆင်ပြေတယ်!" တကယ်တော့ သူ့ရင်ထဲမှာ အလွန်အမင်းကို စိတ်ပျက်နေသည်။ 'ငါ ဘာလို့ဝိုင်းဝိုင်းနဲ့အပေးအယူလုပ်ခဲ့မိတာလဲ? ဘာလို့လဲ.....'
စားသောက်ပြီးနောက် အားလုံးစိတ်ကျေနပ်သွားကြသည်။ သူတို့မျက်နှာပေါ်က အပြုံးတွေမှာ ရပ်လို့တောင်မရပေ။
စားသောက်ပြီးနောက် ကျောလင်နှင့် ကျုံးဝမ်တို့သည် မော့ချူးနှင့် စကားပြောချင်နေကြသည်။ ဘာပဲဖြစ်ဖြစ်၊ သူမဟာ လူအများဆီမှနေ ထူးဆန်းဖွယ်ရာအဖြစ် သတ်မှတ်ခံထားရသည့် ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း ဖြစ်သည်။ နောက်ဆုံးတွင် ဘေးနားရှိမော့ယန်ဟာ သူတို့ကို အေးစက်စက်အမူအရာဖြင့် စိုက်ကြည့်လာသည်။ သူ့မျက်လုံးတွေထဲ မုန်းတီးမှုတွေပြည့်နှက်နေကာ သူတို့မှာ မလန့်ဘဲမနေနိုင်ပေ။
'အမ်…' ကျောလင်နှင့် ကျုံးဝမ်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကောင်းကင်ဘုံက သည်းမခံနိုင်တဲ့အရာကို သူတို့ လုပ်မိခဲ့တဲ့ပုံလဲမပေါ်ပါဘူး! သို့သော်လည်း ၎င်းကို ဖောက်ထွင်းမြင်လိုက်တဲ့သူမှာ နျဉ်ယွိယွမ်သာဖြစ်သည်။ ပြန်ဖို့ အစပြုလိုက်တော့ နောက်ဆုံးမှာ မော့ယန်ရဲ့အမူအရာက အနည်းငယ်ပိုကောင်းလာတော့သည်။
"ဒါဆို ငါလဲသွားတော့မယ်" စုန့်ချင်းစုန့်လည်း ထရပ်လိုက်သည်။ သူထွက်သွားခါနီးတွင် မော့ချူးက သူ့ကိုတားလိုက်သည်။ “နတ်ဘုရားစုန့်၊ ကျွန်မမှာ ရှင်နဲ့ဆွေးနွေးစရာ ရှိသေးလို့။ ခဏလောက် နေလို့ရမလား?"
အခုလေးတင် နျဉ်ယွိယွမ်နှင့် စကားပြောခဲ့သည်ကြောင့် အဖွဲ့ချုပ်၏ တရားစွဲရန် ခြေလှမ်းတွေဟာ ရှုပ်ထွေးပြီး အချိန်ကြာမြင့်မည်ကို သူမ သိခဲ့ရသည်။ ချောင်းမိသားစုက သူတို့ပါဝါကိုသုံးပြီး ဖိအားပေးရင်တောင် အဝေးကြီး မရောက်နိုင်လောက်ပေ။ ထို့ကြောင့် တရားဝင်တရားရုံး ဆင့်ခေါ်မှုမတိုင်မီ ကြားထဲတွင် အနည်းဆုံးတစ်လရှိသေးသည်။ ဒီလိုဆိုတော့၊ သူမ အကြံတစ်ခုရလိုက်တယ်...
“ကောင်းပြီ” စုန့်ချင်းစုန့် ခဏလောက် အံ့အားသင့်သွားပေမယ့် ချက်ချင်းသဘောတူလိုက်သည်။
ယင်းနှင့် ပတ်သက်၍ နျဉ်ယွိယွမ်ကတော့ ထူးထူးခြားခြားအပြုအမူမျိုး မပြခဲ့ပါချေ။ ဆန့်ကျင်ဘက်အနေနဲ့ ကျောလင်ကတော့ စုန့်ချင်းစုန့်ကို သံသယဖြင့်စိုက်ကြည့်လိုက်သည်။ 'ဒီလူက တစ်ယောက်ယောက်ကို ခိုးယူဖို့ စီစဉ်နေတာများလား?'
'ဟမ့်! ကလေးရေ၊ ငါပြောမယ်။ ချူးလေးက အစကတည်းက ငါတို့ရဲ့မရီးဖြစ်နေပြီးသား။ မင်း သူ့ကိုခိုးရဲရင်... ထောင်ပေါင်းများစွာတဲ့ စစ်သားတွေက မင်းကိုစောင့်ကြည့်နေတယ်နော်!'
“ကောင်းပြီ” နျဉ်ယွိယွမ် သူ့နဖူးကိုထိလိုက်ကာ မော့ချူးကိုခေါင်းညိတ်ပြလိုက်သည်။ သူ့လေသံထဲတွင် စိုးရိမ်မှုအပြည့်ပင်။ "ကိုယ်တို့အရင်သွားတော့မယ်။ မင်းကောင်းကောင်းအနားယူသင့်ပြီး၊ အရမ်းမပင်ပန်းစေနဲ့"
“ကောင်းပါပြီ" မော့ချူး ပြုံးပြကာခေါင်းညိတ်လိုက်သည်။
လူတစ်စုဟာ မော့အိမ်မှ ထွက်လာကြသည်။
"ကျောလင်" ခပ်ဝေးဝေးလျှောက်လာပြီးတဲ့နောက် နျဉ်ယွိယွမ် ရုတ်တရက်ရပ်လိုက်ကာ ခပ်တိုးတိုးမေးလိုက်သည်။ "တစ်နှစ်ခွဲလောက်ကြာရင် စစ်ဒေသရဲ့စစ်ဦးစီးချုပ်အတွက် စည်းရုံးရေးဆင်းရတော့မှာ မဟုတ်လား?"
"ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ?" ကျောလင် ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးတွေ အနည်းငယ် နားမလည်ဖြစ်သွားသည်။ 'ဘော့စ်က ဒီကိစ္စကို သိပ်စိတ်မဝင်စားဘူးမလား? ဘာလို့ ရုတ်တရက်ကြီး ဒီကိစ္စကိုပြောလာတာလဲ?'
"မင်းတို့ တတ်နိုင်သမျှမြန်မြန် ပြင်ဆင်ထားသင့်တယ်" နျဉ်ယွိယွမ် အသက်ပြင်းပြင်းရှူကာ ဖြည်းညှင်းစွာပြောလိုက်သည်။ "ငါ စစ်ဦးစီးချုပ်ရာထူးအတွက် ဝင်ပြိုင်ဖို့ပြင်ဆင်တော့မလို့"
ဒီစကားကို သူပြောလာတဲ့အခါ ကျုံးဝမ်နဲ့ ကျောလင်မှာ တစ်ခဏလောက် မတတ်နိုင်ဘဲ အံ့အားသင့်သွားမိသည်။
"ဘော့စ် ဒါအမှန်ပဲလား?" ကျုံးဝမ်ခေါင်းမော့ကာမေးလာပြီး သူ့မျက်လုံးတွေထဲ အဲဒါကို စစ်ဆေးကြည့်ရန် စိတ်အားထက်သန်မှုတချို့ကို လာသည်။ ဘော့စ်က ငယ်ပေမယ့် သူ့အတွေ့အကြုံကတော့ ပေါ့ပေါ့တန်တန်မဟုတ်ပါချေ။ နျဉ်မိသားစု၏ ဂုဏ်သတင်းနှင့် ဘော့၏ ဂုဏ်သတင်းတို့ကို ထည့်ပေါင်းလိုက်ပါက သူသာဝင်ပြိုင်မည်ဆိုပါက၊ အမှန်တကယ် အခွင့်အရေးရလိမ့်မည်ပင်။
“အင်း” နျဉ်ယွိယွမ် ခပ်တိုးတိုးပြန်ပြောလိုက်ကာ ရှေ့ကို ဆက်လျှောက်သွားလိုက်သည်။ သူ့ကောင်မလေးက အရှိန်ပြင်းပြင်းနဲ့ ပျံသန်းနေပြီ။ သူမ လွတ်လွတ်လပ်လပ်နဲ့ ပျံနိုင်လောက်တဲ့အထိ အပြာရောင်ကောင်းကင်ကြီးကိုပေးစွမ်းနိုင်ဖို့ သူ ပိုကြိုးစားရမည်...