← Chapters

အပိုင်း ၃၄၁

Vol. 23 Ch. 341

အပိုင်း ၃၄၁

Vol. 23 Ch. 341

တစ်လခွဲအကြာ၌

အကြီးအကဲချောင်း၏ တရားစွဲဆိုမှုကို အဖွဲ့ချုပ်တရားရုံးက တရားဝင်လက်ခံခဲ့သည်။ တရားရုံးအစည်းအဝေးကို နောက်တစ်နေ့ နံနက်ကိုးနာရီတွင် စတင်ရန်စီစဉ်ထားသည်။

ယခုအချိန်တွင် တရားရုံးအမှုထမ်းများသည် တရားရုံးအစည်းအဝေးအတွက် စာရွက်စာတမ်းများကို စီစဥ်ဆောင်ရွက်လျက်ရှိ၏။ ရုတ်တရက် ဝန်ထမ်းတစ်ယောက်၏ ခလုတ်ခုံက မြည်လာသည်။

သူကြည့်လိုက်ကာ နားထောင်ကြည့်ရန် ဖွင့်လိုက်သည်။ "ဘာဖြစ်လို့လဲ?"

"ဟယ်လို၊ လူအိုကြီးချမ်၊ ငါ မင်းကို အကူအညီတောင်းချင်လို့။ ကြည့်…” ခလုတ်ခုံ၏ အခြားတစ်ဖက်ရှိ သူ့သူငယ်ချင်း၏ ချီတုံချတုံအမူအရာကိုကြည့်ရင်း ဝန်ထမ်းက သူလုပ်နေတာတွေကို ရပ်လိုက်ကာ မျက်ခုံးပင့်လိုက်သည်။ သူက ပြုံးကာ အရွှန်းဖောက်လိုက်သည်။ “ကောင်းပြီ၊ ငါတို့ ဘယ်လောက်ကြာအောင် သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာလဲ? ပြောလေ၊ ဘာများလဲ? ငါကူညီနိုင်ရင် သေချာပေါက် ကူညီပေးမယ်!"

"အင်း... မနက်ဖြန် တရားရုံးစတဲ့အခါကျရင် ငါ့အတွက် ကြားနာသူတွေနေရာမှာ ထိုင်ခုံနည်းနည်းလောက် ယူထားပေးလို့ရမလား?"

"ဟမ်?" ဝန်ထမ်းက အံ့သြသွားသည်။ ဒီထိုင်ခုံနေရာ ယူ‌ထားပေးဖို့အတွက်တဲ့လား?

“မဟုတ်ဘူး၊ ငါ့သားက ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းရဲ့ အမာခံဖန်လေ၊ အဲ့ဒါကြောင့်မို့လို့ ဒီတစ်ခေါက်… ဒီကလေးက ပုံမှန်ဆို ဘယ်လောက်ခေါင်းမာတတ်လဲဆိုတာ မင်းသိပါတယ်။ အခုအိမ်ပြန်လာပြီး ရှားရှားပါးပါး လာတောင်းဆိုတာဆိုတော့ ငါ သူ့အတွက် ဘာပဲဖြစ်ဖြစ် လုပ်ပေးရတော့မှာပေါ့!"

“ကောင်းပြီလေ!” ဝန်ထမ်းက ချက်ချင်းသဘောတူလိုက်သည်။ တရားရုံးတွင် ဆယ်စုနှစ်ပေါင်းများစွာ သူရှိလာခဲ့ပေမယ့် ကြားနာသူနေရာတွင် ထိုင်ခုံအပြည့်ဖြစ်နေတာကို‌တော့ သူတစ်ခါမှ မမြင်ဖူးပါချေ။ အခုကျ ထိုင်ခုံတွေပိုရလာတာ ဘာကြောင့်လဲ?

"အဆင်ပြေပြီ" အဲ့ဒါကိုကြားတော့ ခလုတ်ခုံရဲ့တစ်ဖက်ကလူဟာ ကျေးဇူးတင်လိုမှုတွေ အပြည့်ပင်။ "မနက်ဖြန်ကျရင် အပန်းဖြေဖို့ မားစ်ဂြိုဟ်ကို အတူတူသွားကြမယ်!"

"ကိစ္စမရှိပါဘူး" ဖုန်းချပြီးတာနဲ့ ထိုဝန်ထမ်းဟာ တော်တော်ပျော်နေတုန်းပင်။

သို့ပေမယ့် ဆယ်မိနစ်လောက်ကြာတော့ သူ မပျော်နိုင်တော့ပေ။ မှော်သေတ္တာကို ဖွင့်လိုက်ရသလိုပဲ။ သူ့ခလုတ်ခုံက အဆက်မပြတ်ကို မြည်နေတော့သည်။

…

အလားတူအခြေအနေဟာ အဖွဲ့ချုပ်တရားရုံး၏ တခြားအဖွဲ့ဝင်တွေ၌လည်း ဖြစ်ခဲ့သည်။ တစ်ချိန်က အေးစက်ခြောက်ကပ်နေခဲ့တဲ့ တရားခွင်ရှိ ကြားနာသူနေရာဟာ ချက်ချင်းပင် ရေပန်းစားလာတော့သည်။

ထိုင်ခုံတစ်နေရာအတွက် ဖက်ဒရယ်ဒင်္ဂါးပြား ၁၀၀၀ နှင့်လဲလှယ်လိုကြောင်း အင်တာနက်ပေါ်တွင် လူသိရှင်ကြားထုတ်ဖော်ပြောဆိုကြသူများပင် ရှိခဲ့သည်။ ထိုကဲ့သို့ပင်၊ လိုက်လျောညီထွေ ရှိသူများလည်း ရှိပါသေး၏။ စျေးနှုန်းဟာ ဖက်ဒရယ်ဒင်္ဂါး ၃၀၀၀ အထိတက်သွားတော့သည်။

လူတိုင်း မတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်! သူတို့ သက်ပြင်းချရုံဘဲ တတ်နိုင်တော့သည်။ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းနဲ့ စုန့်ချင်းစုန့်တို့ရဲ့ ရေပန်းစားမှုဟာ အရမ်းကိုမြင့်မားလာသည်။ တရားရုံးချိန်းသို့ တက်ချင်ရလောက်အောင် ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့သည်။

လူတိုင်း၏ မျှော်လင့်ချက်အောက်တွင် တရားရုံးချိန်းစတင်ရန် အချိန်ကျလာသည်။

အမြဲတမ်းတည်ငြိမ်ကာ တရားမျှတတဲ့ပုံစံရှိတဲ့ အဖွဲ့ချုပ်တရားရုံးကို ပထမဦးဆုံးအကြိမ်အဖြစ် ပေါက်ကွဲကျော်ကြားမှုဖြင့် ကြိုဆိုလာသည်။ တရားရုံးအပြင်ဘက်တွင် လူစုလူဝေးတွေ အများကြီးရှိနေကာ လမ်းတောင်ပိတ်လုနီးပါးပင်။

ဒါ့အပြင် ဤလူအုပ်စု၏ လှုပ်ရှားမှုတွေဟာလည်း တညီတညွတ်ပင်။ သူတို့နားတွင် ကားရပ်လာတော့ လည်ပင်းကိုဆန့်ကာ လှမ်းမျှော်ကြည့်လာကြသည်။ သို့သော်လည်း တရားရုံးမှဝန်ထမ်းတစ်ဦးဖြစ်သည်ကိုမြင်လိုက်ရတဲ့အခါ ဝမ်းနည်းစွာဖြင့် ခေါင်းပြန်ရုတ်ရင်း သက်ပြင်းရှည်ကြီး ချလိုက်ကြသည်။ "ဟင်း..”

"တရားသူကြီးကျိုး ကြည့်ပါအုံး၊ ကျွန်တော်တို့ ပထမဆုံးအကြိမ် ဒီလိုမျိုးဆက်ဆံခံရတာပဲ!" သူတို့ ဖြတ်သွားသည်နှင့် လူတိုင်း၏ စိတ်အားထက်သန်နေသည့် အကြည့်တွေကို ခံစားမိတာကြောင့် ဂျူရီလူကြီးက မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည့်အကြည့်ဖြင့် ခေါင်းယမ်းလိုက်သည်။

“ဟုတ်တယ်!” တရားသူကြီးကျိုးလည်း ခေါင်းညိတ်လိုက်ကာ မျက်ခုံးအသာပင့်လိုက်သည်။ “သူတို့ကိုမပြောနဲ့၊ ငါတောင် ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းက ဘယ်သူလဲဆိုတာ သိချင်နေတာ"

"ဘာတွေစိတ်လှုပ်ရှားနေတာလဲ?" သူ့ဖဲပြားကြိုးကို ချိန်ညှိလိုက်ရင်း ဂျူရီလူကြီးရဲ့မျက်လုံးတွေထဲတွင် မျှော်လင့်ချက်အရိပ်အယောင် ပေါ်လာသည်။ "ခဏနေကျရင် ငါတို့တွေ့ရတော့မှာမလား?"

ထိုအချိန် ချောင်းမိသားစုဘက်မှ အဖွဲ့သည် တရားရုံးဘေးရှိ လွတ်နေသည့်ဧည့်ခန်းတွင် ရောက်နေပြီဖြစ်သည်။

"အကြီးအကဲ၊ ဒီနေ့ရုံးချိန်ကို ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း လာလိမ့်မယ်လို့ထင်လား?" ပဉ္စမမြောက်ညီဖြစ်သူက ခလုတ်ခုံကိုကြည့်လိုက်သည်။ ရုံးချိန်မစတင်မီ နာရီဝက်ခန့်လိုသည်အထိ မည်သူ့ကိုမှမတွေ့ရပေ။

"ဘာတွေကြောက်နေတာလဲ!?" အကြီးအကဲချောင်းက ဘေးတွင်ထိုင်နေကာ အသံတိုးတိုးဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။ “ဒီနေ့ သူလာသည်ဖြစ်စေ မလာသည်ဖြစ်စေ အကျိုးအမြတ်ရမှာ ငါတို့ဘဲ။ ဘာတွေစိုးရိမ်နေတာလဲ?!"

“ဟုတ်တယ်” ချောင်းမိသားစု၏ ပဉ္စမမြောက်ညီဖြစ်သူက ခေါင်းညိတ်ကာ တခြားဘာမှထပ်မပြောတော့ပေ။

အကြီးအကဲချောင်းသည် ဘေးနားရှိဘီးတပ်ကုလားထိုင်ဆီသို့ အနည်းငယ် စိတ်မကောင်းစွာဖြင့်လှည့်ကြည့်လိုက်သည်။ "ရှန်အာ၊ နေနိုင်သေးရဲ့လား?"

ယခင်က ရီနန်မှော်ဒေသတွင် ချောင်းရှန်၏ ကိုယ်အောက်ပိုင်းသည် သွေးအလင်းသားရဲကြောင့် မှုန့်မှုန့်ညက်ညက်ကြေခဲ့ရသည်။ သူမ ပြန်ကောင်းလာဖို့နည်းလမ်း လုံးဝမရှိတော့ပါချေ။ အဖွဲ့ချုပ်တွင် ခြေတုကိုလုပ်နိုင်သည့် နည်းပညာရှိသော်လည်း ချောင်းရှန်၏ ဒဏ်ရာတွေဟာ ‌အချိန်အတော်ကြာ နှောင့်နှေးခဲ့ရသည်။ သူမတွင် ရှေ့ဆက်ရန်လမ်းမရှိတော့ပေ။ အဆုံးတွင် သူမဟာ အသက်မသေသော်လည်း အကြောသေသွားကာ ဘီးတပ်ကုလားထိုင်ပေါ်တွင်သာ တစ်သက်လုံးနေရတော့မည်ပင်။

"စိတ်မပူပါနဲ့ သမီးနေနိုင်သေးတယ်" ချောင်းရှန်က မထူးခြားနားသလို ခေါင်းညိတ်ပြလိုက်ကာ သူမ၏ နူးညံ့သိမ်မွေ့သည့် မျက်နှာလေးဟာတော့ အမူအရာမဲ့နေ၏။

“စိတ်မပူပါနဲ့" အကြီးအကဲချောင်းက သူမရဲ့ဆံပင်ကို ပွတ်လိုက်သည်။ “ဒီနေ့ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း ပေါ်လာပြီဆိုတာနဲ့ အဘိုးတို့ ဘယ်လိုနည်းလမ်းကိုဘဲသုံးသုံး သူ့ကို‌သေချာပေါက်ရလိမ့်မယ်။ သမီးရဲ့ခြေထောက်တွေလဲ သေချာပေါက် ပြန်ကောင်းလာလိမ့်မယ်"

“ဟုတ်ကဲ့” ဒါကိုကြားတော့ ချောင်းရှန်ရဲ့ မျက်လုံးတွေက အနည်းငယ် တောက်ပသွားသည်။

“အကြီးအကဲ" ချောင်းမိသားစု၏ ပဉ္စမမြောက်ညီဖြစ်သူက အသာဦးညွှတ်ကာ သတိပေးလာသည်။ “ရုံးချိန်စဖို့ ၁၅မိနစ်ပဲလိုတော့တယ်။ ကျွန်တော်တို့ ဝင်လို့ရပြီ"

“ကောင်းပြီ၊ သွားကြတာပေါ့” အကြီးအကဲချောင်း ထရပ်လိုက်ကာ သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်လုပ်လိုက်ပြီး ရှေ့ကိုခြေလှမ်းကျဲတွေဖြင့် လျှောက်သွားလိုက်သည်။ ချောင်းမိသားစုမှ ငါးယောက်မြောက်အကြီးအကဲက ချောင်းရှန်၏ ဘီးတပ်ကုလားထိုင်ကို နောက်မှနေတွန်းပေးလာသည်။ သို့သော် သူတို့တရားရုံးအဝင်ဝသို့ရောက်တဲ့အခါ စုန့်ချင်းစုန့်၊ မော့ချူးတို့အဖွဲ့နှင့် တိုးသည်။

သူတို့တွေ အကြည့်ချင်းဆုံတော့ မီးပွားတွေထွက်လာသည်။

အကြီးအကဲချောင်း စုန့်ချင်းစုန့်ကို တစ်ချက်ကြည့်လိုက်ရာ သူ့ရင်ထဲအနည်းငယ်တုန်လှုပ်သွားသည်။ 'သူတို့နောက်ဆုံးတွေ့ခဲ့ရတာ ခဏလေးပဲ ရှိသေးတယ်။ ဒီတစ်ယောက်ရဲ့ ကျင့်ကြံအဆင့်က အဆင့် ၇ အထိတောင် မြင့်တက်သွားပြီ။ ဒီအရှိန်က တကယ်ကို ကြောက်စရာကောင်းလွန်းတယ်!'

All Chapters