← Chapters

အပိုင်း ၃၄၂

Vol. 23 Ch. 342

အပိုင်း ၃၄၂

Vol. 23 Ch. 342

ထိုအချိန်တွင် ချောင်းရှန်ရဲ့အကြည့်တွေဟာ မော့ချူးဆီမှာဘဲရှိနေ၏။ အထူးသဖြင့် သူမရဲ့သွယ်လျပြီးဖြောင့်စင်းနေတဲ့ ခြေထောက်တွေကို မြင်လိုက်ရတဲ့အခါ သူမရဲ့အကြည့်တွေက ပိုလို့တောင် ဆိုးရွားလာသည်။ ဒီခြေထောက်နှစ်ချောင်းကို ချက်ချင်းခုတ်ဖြတ်ပစ်ချက်တာကလွဲရင် သူမဘာကိုမှ မလိုချင်တော့ပေ!

"ဟယ်လို၊ နေကောင်းရဲ့လား?" သူမကို ကိုက်ဖို့ကလွဲပြီး ဘာမှမလိုချင်တဲ့ ချောင်းရှန်နဲ့ယှဉ်ပါက မော့ချူးကတော့ ပိုပြီးသက်တောင့်သက်သာရှိနေပုံရသည်။ သူမရဲ့မျက်နှာလေးဟာ ကြည်လင်ပြီး နီမြန်းနေကာ သူမ၏နှုတ်ခမ်းဟာလည်း နီထွေးထွေးနှင့် မျက်ခုံးတွေဟာ ထူထဲလှသည်။ မိတ်ကပ်မလိမ်းဘဲနဲ့တောင် သူမဟာချစ်စရာကောင်းကာ ကြည်လင်သည့်အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။

… နေကောင်းရဲ့လား? ငါ့ကို နေကောင်းရဲ့လားဆိုပြီး တကယ်ကြီး မေးရဲသေးတယ်လား?

ချောင်းရှန် မုန်းတီးစွာဖြင့် အံကိုကြိတ်ကာ ဘီးတပ်ကုလားထိုင် လက်တန်းပေါ်တွင် တင်ထားသည့် သူမ၏ လက်တွေဟာ သွေးကြောတွေပေါက်ထွက်မတတ်ထောင်လာသည်။ မော့ချူးကိုကြည့်နေသည့် သူမရဲ့အကြည့်ဟာ အသားကို အပိုင်းပိုင်းခုတ်ဖြတ်ကာ အမှုန့်ဖြစ်အောင်ကြိတ်ချင်နေသည့် ဓားသွားလိုထက်ရှနေ၏။

“အမ်” ချောင်းရှန်ရဲ့ ဘာမှမပြောတဲ့ အမူအရာကို မြင်လိုက်ရသဖြင့် မော့ချူး မနေနိုင်ဘဲရယ်လ်ိုက်မိသည်။ "ကြည့်ရတာ သိပ်အဆင်မပြေဘူးထင်တယ်! အမှန်ဘဲ၊ ခြေထောက်နှစ်ချောင်းလုံး မရှိတော့တာဆိုတော့၊ သူဘယ်လို…”

"ပါးစပ်ပိတ်ထား!" အကြီးအကဲချောင်းက အေးစက်စွာဖြင့် အော်ဟစ်လိုက်သည်။ မော့ချူးကို သူကြည့်ပုံက သေလူကိုကြည့်တာနှင့် မခြားပင်။ ဒီကောင်မလေးဟာ အလွန် မျက်စိစပါးမွှေး စူးစရာပင်။ အဖွဲ့ချုပ်စစ်တက္ကသိုလ်ထဲတွင် သူ ပုန်းအောင်းနေခဲ့တာကြောင့်သာမဟုတ်ပါက သူတို့လူတွေ လှုပ်ရှားတာကြာပြီပင်။

ဘာလဲ? မော့ချူး မျက်ခုံးပင့်ပြလိုက်သည်။ ထုံးစံအတိုင်း၊ လူသတ်ချင်လိုတဲ့ ရည်ရွယ်ချက်ကို အကြီးအကဲချောင်း၏ မျက်လုံးတွေထဲတွင် မြင်နေရ၏။ သူမ သေချာပေါက် သေရတော့မယ်လို့ ထင်လို့ ဒီအဘိုးကြီးက အဲဒါကိုအလုပ်ရှုပ်ခံပြီး မဖုံးကွယ်ထားတော့တာလား?

“စိတ်မပူပါနဲ့” အကြီးအကဲချောင်းက တစ်ဖက်လှည့်ကာ ချောင်းရှန်ပခုံးကို ပုတ်လိုက်သည်။ ထို့နောက် မော့ချူးကိုသူကြည့်လိုက်သည်။ “တချို့တချို့တွေအတွက်၊ သူတို့နဲ့ထိုက်တန်တဲ့ လက်စားချေမှုက နောက်ဆုံးမှာရောက်လာမှာဘဲ"

"အမှန်ပဲ" မော့ချူးက လေးလေးနက်နက်ပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် သူမငုံ့လိုက်ကာ သူတို့နဲ့ခပ်နီးနီးကပ်လာသည်။ "ဒီစကားတွေကို ကျွန်မ ရှင်တို့အားလုံးဆီ ပြန်ပေးတယ်"

ထိုစကားကိုပြောပြီးနောက် မော့ချူးသည် သူတို့၏ အရုပ်ဆိုးသည့် အမူအရာကို မကြည့်တော့ပေ။ သူမသည် မော့ယန်နှင့် အခြားသူများနှင့်အတူ ထွက်သွားတော့သည်။

အကြီးအကဲချောင်းမှာ ဒေါသတကြီးဖြင့် ခေါင်းမော့လိုက်သည်။ သို့သော် သူတို့ရဲ့နောက်ကျောကိုသာ သူမြင်ရတော့သည်။ သူ့မျက်လုံးထဲရှိ လူသတ်ချင်စိတ်ဟာ ပိုပြင်းထန်လာသည်။

သူ့မျက်လုံးထောင့်ကနေ သူတို့ကို ကြည့်လိုက်တဲ့အချိန် ဒီမြင်ကွင်းက အခုမှရောက်လာတဲ့ နျဉ်မိသားစုရဲ့ မျက်လုံးထဲ ရောက်သွားတာကို သိလိုက်ရသည်။ အရှက်ရသွားသလို ခံစားလိုက်ရကာ အကြီးအကဲချောင်းက အေးစက်စွာနဲ့ ဟစ်အော်လိုက်သည်။ "ဘာလဲ? မင်းရဲ့မြေးချွေးမလေးကို ဘာလို့ဒီလောက်ထိအလျင်စလို တွေ့ချင်နေရတာလဲ?

နျဉ်မိသားစုဝင်များ တုံ့ပြန်လာမှာကို မစောင့်တော့ဘဲ သူလှည့်ထွက်သွားလိုက်သည်။

“ဟေး! ဒီအကြီးအကဲချောင်း…” အကြီးအကဲနျဉ်မှာ အရှေ့တွင်ရပ်နေပြီး ဒေါသအရမ်းထွက်လာကာ ဒေါသကိုဘယ်‌နေရာမှာ ဖြေဖျောက်ရမှန်း မသိတော့ပေ။ သူ့မြေးကို လှည့်ကြည့်ရုံသာ တတ်နိုင်တော့သည်။ “ဒါတွေအားလုံး မင်းရဲ့အမှားပဲ။ မင်း‌ကြောင့်သာမဟုတ်ရင် ဒီနေ့ ငါ ဒီမှာရှိနေမှာမဟုတ်ဘူး"

"ဟုတ်ပါတယ်၊ ကျွန်တော့်ရဲ့အမှားပါ" နျဉ်ယွိယွမ်က နာနာခံခံဖြင့်ခေါင်းညိတ်လိုက်ပြီး သူ့အမှားကို ဝန်ခံလိုက်သည် “ဒါပေမဲ့ အချိန်နီးနေပြီ။ မြန်မြန်ဝင်ကြတာပေါ့!"

“ဟုတ်တယ်…” နျဉ်ယွိယွမ်တစ်ယောက် ပထမဆုံးအကြိမ်အဖြစ် နာနာခံခံရှိတာကို မြင်လိုက်ရတာဖြစ်သည်။ အကြီးအကဲနျဉ်မှာ နည်းနည်းလောက် သက်သောင့်သက်သာ မဖြစ်မိပေ။ "ဘာဖြစ်လို့ မင်း... မေ့လိုက်တော့၊ မေ့လိုက်တော့၊ မြန်မြန်ဝင်ကြစို့!"

မော့ချူး အနေဖြင့် အဖွဲ့ချုပ်တရားရုံးသို့ ပထမဆုံးအကြိမ်ဝင်ဖူးတာဖြစ်သည်။ သေချာကြည့်ရှုပြီးနောက် ၎င်းသည် ၂၁ ရာစုရှိတရားရုံးနှင့် ဆင်တူကြောင်း သူမတွေ့ခဲ့ရသည်။ သိပ်ပြီးမကွာခြားပါချေ။

သို့သော် ယခင်က လွတ်နေတတ်သည့် ကြားနာသူနေရာတွင် ယခုအခါလူများဖြင့် ပြည့်နှက်နေ၏။ လူတိုင်းသည် ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းပေါ်လာရန် စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေပါသည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လူတိုင်း၏ မျက်နှာပေါ်ရှိ မျှော်လင့်ချက်တွေဟာ စိတ်ပျက်ခြင်းများဖြင့် တဖြည်းဖြည်း အစားထိုးလာတော့သည်။

"ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း တကယ်မပေါ်လာတော့ဘူးလား?"

"သူ့ကိုတွေ့ဖို့ ငါခရိုင် ၆ ကနေတောင် အမြန်ပြေးလာခဲ့ရတာ။ နောက်ဆုံးတော့လဲ… ဟင်းး!”

ကျွတ်စီကျွတ်စီ ပြောဆိုနေမှုဟာ အပေါ်မှတရားသူကြီးကို မျက်မှောင်ကြုတ်မိလာစေသည်။ သူက စားပွဲကိုခေါက်လိုက်ပြီး အသံဩဩဖြင့် ပြောလိုက်သည်။ “တိတ်တိတ်နေပေးကြပါ”

သူပြောပြီးတာနဲ့ ဘယ်သူမှ ဘာမှ မပြောကြတော့ပေ။ သူတို့ဟာ ပြင်းပြသည့်မျက်လုံးတွေဖြင့် တံခါးကိုသာစိုက်ကြည့်နေကြသည်။

"အချိန်နီးနေပြီ" အကြီးအကဲချောင်း၏ ဘေးတွင်ရပ်နေသည့် ချောင်းမိသားစု၏ ပဉ္စမမြောက်ညီဖြစ်သူက ခလုတ်ခုံကိုကြည့်ကာ ပြောလာသည်။ "ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း ပေါ်လာတော့မှာ မဟုတ်ဘူး"

"ဟမ့်!" အကြီးအကဲချောင်းက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ “ဒီအခြေအနေကနေ သူထွက်ပြေးသွားတာ ကံကောင်းသွားတယ်"

"အချိန်ကျပြီ တံခါးပိတ်လိုက်တော့!" တရားသူကြီးပြောသည့်အတိုင်း တရားရုံးတံခါးကို တင်းတင်းပိတ်လိုက်ကြသည်။ လူတိုင်းက မနေနိုင်ဘဲ သက်ပြင်းချလိုက်ကြကာ စိတ်ပျက်လက်ပျက်ဖြစ်မှု‌‌တွေ ပြည့်လျှံလာသည်။

"ဒီကိစ္စမှာ၊ ချောင်းရှန်က စုန့်ချင်းစုန့်နဲ့ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းကို လိမ်လည်ပြီး ကောလာဟလတွေဖြန့်မှု၊ ချောင်းမိသားစုက ဆေးဖက်ဝင်ဆေးတွေရဲ့ ဂုဏ်သိက္ခာကို ညိုးနွမ်းစေမှုနဲ့ တရားစွဲထားပါတယ်" တရားသူကြီးက အသံနက်ကြီးနဲ့ ပြောလိုက်သည်။ "ဒါပေမဲ့ တရားခံ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းက မတက်ရောက်..."

"ရောက်နေပါပြီ!" အထူးတလည် တိတ်ဆိတ်နေသည့် တရားခွင်တွင် ရှင်းလင်းပြတ်သားတဲ့ အမျိုးသမီးအသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာသည်။

လူအုပ်ကြီးဟာ ထိုအသံကိုကြားတဲ့အခါ လှမ်းကြည့်လိုက်ကြတော့ စုန့်ချင်းစုန့်မနားတွင် ရပ်နေသည့် မော့ချူးသည် ရုတ်တရက် ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းကာ တရားခံကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းအတွက် ထိုင်ခုံတွင် ဝင်ထိုင်လိုက်တာကို တွေ့လိုက်ရသည်။ သူမရဲ့ မျက်နှာဟာ ငြိမ်သက်နေ၏။

ဟမ်? လူတိုင်းရဲ့မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့်အမူအရာတွေပေါ်လာသည် — 'F*ck! မော့ချူးက ဘာကို ဆိုလိုတာလဲ? တောင်းပန်ပါတယ်၊ ငါ့ဦးနှောက်က တုံ့ပြန်မှုနှေးကွေးလို့ပါ။'

All Chapters