← Chapters

အပိုင်း ၃၄၃

Vol. 23 Ch. 343

အပိုင်း ၃၄၃

Vol. 23 Ch. 343

"ဟား!" ချောင်းရှန်မှာ ထေ့ငေါ့မပြောလာခင် တစ်ခဏလောက် ကြောင်အသွားသည်။ “မော့ချူး၊ နာမည်ကြီးဖို့ကြိုးစားနေရင်း ရူးသွားတာလား? နင်က တစ်ယောက်ယောက်ပုံစံ အယောင်ဆောင်ရဲတယ်လား?"

မော့ချူးက သူမကိုမျက်လုံးအသာလှန်ကြည့်ကာ ခပ်ဖြည်းဖြည်းပြောလာသည်။ “တစ်ယောက်ယောက်ပုံစံ အယောင်ဆောင်စရာမလိုဘူး။ ငါက ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းပဲ"

ဒါက ဘယ်လိုဟာသမျိုးလဲ? မော့ချူး ကိုယ်တိုင်ကပြောခဲ့ပေမဲ့ အားလုံးက သူမကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

အဲ့ဒါက ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းလေ! 'ဉာဏ်ကြီးရှင်' ဆိုတဲ့စကားလုံးနဲ့တောင် ဖော်ပြလို့မရတဲ့ မွန်းစတားတစ်ကောင်လေ!

ပြီးခဲ့တဲ့လအနည်းငယ်တွင်၊ ရုံးချိန်းဟာတိုတောင်းသဖြင့် တစ်စုံတစ်ဦးသည် စတားနက်ပေါ်တွင် အထူးတလည်ပို့စ်တစ်ခုကို ဖန်တီးခဲ့သည်။ အကြောင်းအရာမှာ 'မင်းတို့ရဲ့ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းက ဘယ်လိုပုံစံရှိလောက်မလဲ?' ဆိုတာပင်။

ဒီအကြောင်းအရာဟာ လူတိုင်းဆီက ချက်ချင်းစိတ်ဝင်စားခံခဲ့ရသည်။ အောက်ဖော်ပြပါ အဖြေများဟာ ပို၍ပင်ကွဲပြားခြားနားကြကာ အံသြဖွယ်ကောင်းလှသည်။

ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းဟာ သူ့အချက်အလက်တွေနဲ့ကိုက်ညီရန် ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်းရှိရမည်ဟု လူအချို့က ပြောကြသည်။ တချို့က ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းဟာ 'အရမ်းတော်လွန်းတဲ့သူ' ဖြစ်တာကြောင့် ထိပ်ပြောင်‌ပြောင်နဲ့ဖြစ်ရမည်ဟု ပြောကြသည်။ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းဟာ ရသေ့ပညာရှင်ဖြစ်ရမည်ဟု မှန်းဆကြသူများပင် ရှိခဲ့ကြသည်...

သို့သော် မော့ချူးနှင့် မည်သူကမျှ မတွဲစပ်မိကြပေ။

မဟုတ်ဘူး၊ သာမာန်လူတွေဆို အဲဒီလိုအတွေးမျိုးရှိလိမ့်မှာမဟုတ်ဘူးလို့ ပြောရမယ်!

ကိုယ်ခံပညာလောကကို လွှမ်းမိုးထားသည့် ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ဦးက သူ့ကိုယ်သူ ထုတ်ပြလာတာနှင့်တူသည်။ တကယ်တော့ သူဟာသုံးနှစ်အရွယ်ကလေးဖြစ်နေ၏။ သူတို့ရင်ထဲမှ တုန်လှုပ်ချောက်ချားမှုဟာ ဤကဲ့သို့ပင်။

"ဟမ့်?" ချောင်းရှန် မျက်ခုံးပင့်လိုက်ကာ မထီမဲ့မြင်လေသံဖြင့်ပြောလိုက်သည်။ "နင့်ရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို ငါတို့ယုံမယ်လို့ထင်နေတာလား?"

မော့ချူး မျက်တောင်သာခတ်ကာ ဘာမှပြန်မပြောပေ။ သူမ ခလုတ်ခုံကို တိတ်တဆိတ် နှိပ်လိုက်ပြီး ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းရဲ့ ပရိုဖိုင်ပုံသို့ သူမ၏ ဓာတ်ပုံကိုပေးပို့လိုက်သည်။ ထို့နောက် သူမသည်။ “ငါ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းက မော့ချူးပဲ ဆိုတာကြေငြာလိုက်တယ်" ဆိုပြီး ကြေညာချက်အတိုတစ်ခု ထုတ်ပြန်လိုက်သည်။

ဤလှုပ်ရှားမှုအပြီးတွင် မော့ချူးသည် ချောင်းရှန်အား မေးကိုမြှောက်ကာ အနည်းငယ် စိတ်ကြီးဝင်နေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ "ခလုတ်ခုံကို ကိုယ်တိုင်သွားကြည့်လိုက်အုံး"

ချောင်းရှန် ခလုတ်ခုံကိုဖွင့်လိုက်တဲ့အခါ အနည်းငယ် ထိတ်လန့်သွားသည်။

သူမရဲ့မျက်လုံးထဲကို ပထမဆုံးဝင်ရောက်လာတာကတော့ အဖွဲ့ချုပ်ရဲ့နေ့စဉ်‌ hot နေသည့်စာရင်းပင်။ ပထမနေရာမှ 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းရဲ့ အထောက်အထားကိုထုတ်ပြလိုက်ပြီ' ဆိုသည့်စကားလုံးအား ထိတ်လန့်စရာကောင်းစွာ ရေးသားထား၏။

ဘာ?

သူမ hot list ကိုဖွင့်လိုက်တဲ့အခါ ချောင်းရှန်ရဲ့နှလုံးဟာ ပြင်းထန်စွာခုန်ပေါက်လာသည်။ မော့ချူး အခုလေးတင်တင်ထားတဲ့ဓာတ်ပုံနဲ့ သူမ ထုတ်ပြန်လိုက်တဲ့ကြေငြာချက်က ချက်ချင်းပဲ အနီရောင်ရင့်ရင့်ဖြင့်ရှိနေ၏။

တကယ်တော့ မော့ချူးဟာ ချောင်းရှန်ကို 'စိတ်ဝိညာဥ်အစားအ‌သောက်ဆိုင်' ၏ ဝဘ်စာမျက်နှာကို ဖွင့်စေချင်ခဲ့တာဖြစ်သည်။ သို့သော်လည်း ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းကို အာရုံစိုက်နေကြသည့် အင်တာနက်သုံးစွဲသူတွေဟာ သူမ၏လှုပ်ရှားမှုများကို အလွန်လျင်မြန်စွာ သတိပြုမိသွားကြလိမ့်မည်ဟု သူမ မမျှော်လင့်ထားပါချေ။

သူမ တစ်ချက်ဖွင့်ကြည့်လိုက်တော့...' F*ck! တခဏချင်းမှာပဲ၊ ဒါက ကမ္ဘာမြေကြီးကို ထိတ်လန့်တုန်လှုပ်သွားစေတာပဲ!'

မိနစ်ဝက်အတွင်းမှာပဲ ဒီသတင်းဟာ စတားနက်ကွန်ရက်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။ ပုံမှန်အတိုင်း၊ ၎င်းကိုအဖွဲ့ချုပ်၏ Hot List တွင် ထည့်သွင်းထားသည်။ အမျိုးမျိုးသော ဖိုရမ်ကြီးများတွင် အံ့ဩတကြီးအော်ဟစ်သံများနှင့် ပြည့်နှက်နေ၏။

[ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းက တကယ်တော့ မော့ချူးတဲ့လား?]

အချိန်အတော်ကြာ ပျောက်နေသည့် '‌ကျေးဇူးပြုပြီးငါ့ကိုဘုရင်ကြီးလို့ခေါ်ပါ' ဆိုသည့်သူဟာ အရင်ဦးဆုံး အော်ဟစ်လာသည်။ [ငါ့ Idol၊ ငါတို့အရင်က တွေ့ဖူးတယ်။ မင်းရဲ့ လှုပ်ရှားမှုတိုင်းကို မှတ်တမ်းတင်ခဲ့တဲ့ ငါ့ကို မှတ်မိသေးလား?]

[လစ်စမ်း! မင်းက သူများတွေကို ခိုးကြည့်ရတာကို သဘောကျနေတဲ့သူပဲ။ ငါတို့ရဲ့ ဖြူစင်တဲ့ နတ်သမီးလေးမော့ချူးကို မညစ်ပတ်နဲ့!]

[ကွာဟချက်က ဘာကိုဆိုလိုတာလဲ? ငါ့အသက် ၁၆ နှစ် ၁၇ နှစ်လောက်မှာ ကျင့်ကြံခြင်းအဆင့် ၂ ကို တက်လှမ်းနိုင်ခဲ့တယ်။ အဲဒီတုန်းက ငါကငယ်သေးတော့ စိတ်ကြီးဝင်ခဲ့သေးတယ်။ အခုမော့ချူးနဲ့ ယှဥ်ကြည့်လိုက်တော့ ‌ငါက လုံးဝအမှုန်အမွှားလေးပဲ!]

[ငါသဘောတူတယ်! မော့ချူးရဲ့ အချက်အလက်တွေကို သေသေချာချာ ကြည့်လိုက်တာနဲ့ ဒီကောင်မလေးက လူသားမဟုတ်မှန်း ငါသိလိုက်ရတယ်]

[ဟေး? မင်းဘာကိုဆိုလိုတာလဲ? ငါတို့ရဲ့ ကံကောင်းတဲ့ကြယ်လေးက ဘယ်လိုလုပ် လူမဟုတ်ရမှာလဲ?]

[ငါစာရိုက်တာ ပြီးအောင်စောင့်ပေးလို့ရမလား?] ထိုလူမှာ စာရိုက်နှေးတာကြောင့် ခွေးတစ်ကောင်လို ကြိမ်းမောင်းခံလိုက်ရသည်။

[မော့ချူး အသက်က ၁၇ ၁၈ လောက်ဘဲရှိသေးတယ်။ သူက အရွယ်မရောက်သေးပေမယ့် ကျင့်ကြံအဆင့်က အဆင့် ၇ ကျွမ်းကျင်သူဖြစ်နေပြီ။ ပြီးတော့ အဆင့်မြင့်ချန်ပိုင်ရဲ့ တစ်ဦးတည်းသောတပည့်လဲ ဖြစ်တယ်။ အခုကျပြန်တော့၊ သူက ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းဆိုတာကို ထုတ်ပြလာပြီ။ သူ့ရဲ့စိတ်ဝိညာဉ်အစားအစာနဲ့ ဆေးဖက်ဝင်ဟင်းလျာတွေက ဒဏ္ဍာရီလာဘဲ...]

[ကံကောင်းတဲ့ကြယ်လေးက အရမ်းထူးချွန်တာပဲ။ ငါ့ရင်ထဲမှာ နားမလည်နိုင်လောက်အောင် ဂုဏ်ယူမိသလို ခံစားမှုတစ်ခုက တိုးလာတယ်]

…

စတားနက်ပေါ်တွင် ပွက်ပွက်ဆူနေဆဲဖြစ်သော်လည်း တရားရုံးထဲတွင်တော့ အလွန်တိတ်ဆိတ်နေကာ အသက်ရှုသံကိုတောင် ရှင်းရှင်းလင်းလင်း ကြားနေရသည်!

“ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း ရောက်နေပြီဆို‌တော့" တရားသူကြီးချမ်လည်း အင်တာနက်ပေါ်တွင် ဘာတွေဖြစ်နေလဲဆိုတာ သဘာဝအလျောက်သိသည်။ သူ မတတ်နိုင်ဘဲ နှစ်ကြိမ်လောက် ချောင်းဟမ့်လိုက်ကာ ဆက်ပြောလိုက်သည်။ “ဒါဆို အမှုစစ်ဆေးမေးမြန်းမှုကို တရားဝင်စတင်ပါတော့မယ်"

အကြီးအကဲချောင်းသည် သူ့ရင်ထဲရှိ ထိတ်လန့်နေမှုကိုထိန်းထားကာ မော့ချူးကို လေးလေးနက်နက် စိုက်ကြည့်နေ၏။

ဒီတော့မှ သူမတ်တပ်ထရပ်ကာ တရားသူကြီးနှင့် ဂျူရီလူကြီးများထံ သူပြင်ဆင်ထားသည့် တရားစွဲမှုအချက်အလက်တွေကို လွှဲပြောင်းပေးလိုက်သည်။ သူက အေးစက် မာကျောတဲ့လေသံနှင့် ပြောလိုက်သည်။

"တရားသူကြီးမင်းတို့ မြင်တဲ့အတိုင်းပါပဲ၊ ကျွန်တော်တို့လွှဲပြောင်းပေးလိုက်တဲ့ အချက်အလက်တွေဟာ ချောင်းမိသားစုရဲ့ ကျဆင်းလာတဲ့စီးပွားရေးတွေနဲ့ ပြီးခဲ့တဲ့လက အင်တာနက်ပေါ်က စုံစမ်းစစ်ဆေးမှုတွေပါ။ အဲ့ဒီထဲက ၈၀% ဟာ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းနဲ့ စုန့်ချင်းစုန့် တို့ရဲ့ လုပ်ရပ်ကြောင့်ဖြစ်ကြောင်း အင်တာနက်သုံးစွဲသူတွေက ထောက်ပြထားကြပါတယ်။ ဒီလိုမျိုး မဟုတ်မမှန်ပြောဆိုမှုတွေဟာ ချောင်းမိသားစုရဲ့ ဂုဏ်သိက္ခာကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေခဲ့ပါတယ်။ တရားရုံးဘက်က မျှမျှတတ စီရင်ချက်ချပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

All Chapters