← Chapters

အပိုင်း ၃၄၄

Vol. 23 Ch. 344

အပိုင်း ၃၄၄

Vol. 23 Ch. 344

အထက်တရားသူကြီးနှင့် ဂျူရီလူကြီးတွေဟာ အချက်အလက်တွေကို ဂရုတစိုက်ကြည့်ရှုလိုက်ကြသည်။ သူတို့ မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိကြသည်။ အဖွဲ့ချုပ်ဥပဒေတွင် ကောလဟာလများဖြန့်ကျက်ဖန်တီးခြင်းဟာ သိသာထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်အနှစ် ၂၀ ဟု ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။

ချောင်းမိသားစုမှ တင်ပြထားသည့်အချက်အလက်တွေက ဤကာလအတွင်း သူတို့ကြုံတွေ့ခဲ့ရသည့် ငွေကြေးဆုံးရှုံးမှုတွေဟာ ပုံမှန်ထက် များစွာကြီးမားကြောင်းပြသထားသည်။ တစ်နည်းဆိုရသော် ပြစ်မှုထင်ရှားပါက မော့ယန်နဲ့ စုန့်ချင်းစုန့်တို့ဟာ ထောင်ဒဏ်အနှစ်၂၀ ချမှတ်ခံရနိုင်ဖွယ်ရှိသည်။

ဒါကိုလည်း အကြီးအကဲနျဉ် သိထားတာကြောင့် သူ့သူ့နှုတ်ခမ်းထောင့်တွေ မနေနိုင်ဘဲ ကွေးတက်လာသည်။

ဆို‌တော့ မော့ချူးက ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းဖြစ်နေတယ်ဆိုတော့? သူမသာ အဖွဲ့ချုပ်ထောင်ထဲ ရောက်သွားသည်နှင့် တစ်ခုခုဖြစ်ဖို့ဆိုတာ အလွန်လွယ်ကူသွားပေလိမ့်မည်။ ထိုအချိန်ရောက်လာတဲ့အခါ သူမ၏ သေခြင်းရှင်ခြင်းဟာ သူတို့လက်ထဲရောက်သွားလိမ့်မည်ပင်။

"F*ck!" အကြီးအကဲချောင်း ပြောပြီးသည်နှင့် ကြားနာသူတွေဟာ အချင်းချင်းပြောဆိုကြတော့သည်။ “ဆို‌တော့ ချောင်းမိသားစုက အင်တာနက်မှာ စုံစမ်းစစ်ဆေးမှုလုပ်ခဲ့တာပေါ့။ အစောကတည်းကသိခဲ့ရင် ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းနဲ့ စုန့်ချင်းစုန့်တို့ရဲ့ အကြံကို ငါရွေးချယ်ခဲ့မှာ မဟုတ်ဘူး။ ဒီ ချောင်းမိသားစုက အရမ်း ကလိမ်ကကျစ်ကျတာပဲ!”

"မှန်တယ်! ပြောကြည့်ကြည့်၊ အဲဒီတုန်းကကျ ဘာလို့မတုံ့ပြန်တာလဲ? မော့ချူးနဲ့ နတ်ဘုရားစုန့်သာ ဒီအကြောင်းကြောင့် အပြစ်ပေးခံရရင် ငါတော့ အရမ်းစိတ်မကောင်းဖြစ်မှာသေချာတယ်”

“ငါတို့ဘာသာ ဝယ်ဝယ် မဝယ်ဝယ် ငါတို့ရဲ့ရွေးချယ်မှုပဲလေ။ ဒါက မော့ချူးနဲ့ နတ်ဘုရားစုန့်တို့နဲ့ ဘာမှမဆိုင်ဘူး။ ငါတို့က သူတို့အပေါ် ဘာလို့ဒီလောက်ထိ ‌သက်ရောက်နိုင်သွားရတာလဲ? ဒါက မတရားလွန်းဘူးလား? ငါတို့ ကန့်ကွက်ချင်တယ်!”

"ဟုတ်တယ်! ကန့်ကွက်တယ်!”

"တိတ်တိတ်နေပေးကြပါ!" တရားသူကြီးချမ်က စားပွဲကိုခေါက်လိုက်ပြီး မော့ချူးတို့ကို အနည်းငယ် စူးစိုက်ကြည့်ကာမေးလိုက်သည်။ “တရားခံ၊ မင်းမှာကိုယ့်ကိုယ်ကိုယ် ခုခံဖို့သက်သေရှိပါသလား?”

အကြီးအကဲချောင်းသည် သူမအား လေးနက်သည့်အမူအရာဖြင့် စိုက်ကြည့်နေ၏။

'မသိရင် သူတို့က ချောင်းမိသားစုရဲ့စည်ထဲက ငါး‌တွေကျနေရော။ ဟမ့်! အိပ်မက် မက်နေလိုက်!'

မော့ချူးသည် အကြီးအကဲချောင်းအား ဒေါသတကြီးကြည့်ကာ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ "ချောင်းမိသားစုရဲ့ ဆေးလုံးတွေဝယ်ယူမှုနှုန်း လျော့ကျသွားတာက ကျွန်မနဲ့ စုန့်ချင်းစုန့်တို့ကြောင့်လို့ မှတ်ယူနိုင်ပါတယ်"

ဒါကိုကြားတော့ တရားသူကြီးချမ်နဲ့ ဂျူရီလူကြီးတွေက မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ 'မော့ချူးဘက်က ကောလဟာလဖြန့်ခြင်းနဲ့ လူတွေကိုလိမ်လည်ခြင်းပြစ်မှုအတွက် ဝန်ခံဖို့ပြင်ဆင်ထားတာလား။'

တစ်ဖက်တွင်၊ အကြီးအကဲချောင်း၏ မျက်လုံးတွေ ကျဉ်းမြောင်းသွားသည်။ သူဟာ မော့ချူးနဲ့ အနည်းငယ်သာအဆက်အဆံရှိပေမယ့် သူ ကောင်းကောင်းကြီးသိသည်...' ဒီကောင်မလေးက ပြစ်မှုကိုဘယ်လိုလုပ် လွယ်လွယ်နဲ့ဝန်ခံနိုင်မှာတဲ့လဲ?'

သေချာပေါက်ပင်၊ မော့ချူးရဲ့ လေသံက ရုတ်တရက် ပြောင်းလဲသွားသည်။ "ဒါပေမဲ့၊ ကျွန်မ နဲ့ စုန့်ချင်းစုန့်တို့ ငါပြောခဲ့တာတွေက ကောလဟာလတွေ မဟုတ်ဘူး။ အမှန်တရားပဲ!"

ဘယ်လို?!

ချောင်းမိသားစု ဆေးဖက်ဝင်ဆေးတွေက တကယ်ဘဲတစ်ခုခုဖြစ်နေတာလား? သတင်းစာရှင်းလင်းပွဲတုန်းက သူတို့တွေ လူသိရှင်ကြား စမ်းသပ်ပြခဲ့တယ်မလား?

"မင်းပြောရင် မင်းမှာသက်သေအထောက်အထားရှိရမယ်!" အကြီးအကဲချောင်းဟာ မော့ချူးကို အေးစက်စက် ကြည့်လိုက်သည်။ စကားအကုန်ဘယ်လိုပြောရမလဲဆိုတာ ဘယ်သူက သိမှာလဲ?

"သေချာတာပေါ့!" မော့ချူးက ပြတ်ပြတ်သားသား ပြန်ပြောလိုက်ကာ စားပွဲပေါ်ရှိ အချက်အလက်တွေကို လွှဲပေးလိုက်သည်။ " ချောင်းမိသားစုရဲ့ ဆေးဖက်ဝင်ဆေးတွေကို သောက်သုံးပြီးတဲ့နောက် လူနာအချို့ရဲ့အဆိပ်လိုတုံ့ပြန်မှုကို ဒီအချက်အလက်တွေထဲမှာ စုံစမ်းစစ်ဆေးထားပါတယ်။ မျိုးရိုးဗီဇပြိုကျတဲ့ရောဂါအပြင်၊ အခြားအသက်ရှူလမ်းကြောင်း ပိတ်ဆို့တဲ့ရောဂါ၊ သွေးပေါက်ထွက်တဲ့ရောဂါ… စတဲ့အဓိက ရောဂါတွေ ဆက်တိုက်ရှိလာပါတယ်။ ဒါက ခိုင်လုံတဲ့ သက်သေပါပဲ”

မော့ချူးက အလယ်တွင် ရပ်နေ၏။ သူမ၏ပုံသဏ္ဍာန်ဟု သေးသေးသွယ်သွယ် ရှိသော်လည်း သူမ၏အကြည့်တွေဟာ မီးရှူးတိုင်တစ်ခုလိုပင်။ သူမရဲ့စကားလုံးတွေဟာ ခိုင်မာပြတ်သားကာ သူမရဲ့အရောင်အဝါတွေဟာလည်း ထူးကဲလှသည်။

နျဉ်ယွိယွမ်သည် ကြားနာသူထိုင်ခုံ၏ ထောင့်တစ်နေရာတွင် ငြိမ်သက်စွာထိုင်နေ၏။ မော့ချူးကို ကြည့်နေသည့် သူ့အကြည့်တွေထဲ ခံစားချက်တွေ တဟုန်ထိုးတက်လာသည်။ ဂုဏ်ယူနေမှုနှင့် စိတ်လှုပ်ရှားမှုတို့ဟာ သူ့အရိုးတွေထဲမှ ပေါက်ထွက်လာတော့မတတ်ပင်။

ဒါဟာ သူ့ရဲ့ကောင်မလေးဖြစ်ပြီး သူမရဲ့ ထက်မြက်မှုကို တစ်ဆင့်ပြီးတစ်ဆင့် ထုတ်ဖော်ပြသနေသည်။ သူမသည် လူတိုင်းရဲ့မျက်လုံးထဲတွင် တောက်ပနေသည်။

"ဒါက မင်းကြိုက်နေတဲ့ ကောင်မလေးလား?" ချောင်းကျန်းဟိုင် မျက်ခုံးပင့်လိုက်သည်။ "အကြိုက်က မဆိုးဘူးဘဲ"

သူမဟာ အင်တာနက်ပေါ်တွင် နာမည်ကြီးနေသည့် ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း ဆိုတာမပြောနဲ့အုံး၊ သူ့ရဲ့အသွင်အပြင်တစ်ခုတည်းနဲ့တင် လျှော့တွက်လို့မရပေ။

"ဘာများ ဘာကောင်းလို့လဲ?" အကြီးအကဲနျဉ်က တစ်ဖက်ကိုလှည့်ကာ အေးစက်စက်နှာမှုတ်လိုက်သည်။ သူ့မျက်လုံးတွေထဲ မော့ချူးအပေါ် သဘောကျနှစ်ခြိုက်မှုတွေ ပြည့်နှက်နေတယ်ဆိုတာကိုတော့ သူ လုံးလုံးမေ့နေခဲ့သည်။ သူက မော့ချူးကို ဂရုတစိုက်ကြည့်ကာပြောလိုက်သည်။ "သူမက ဒီတိုင်းကလေးမလေးတစ်ယောက်ပဲ!"

သူ့အဘိုးရဲ့ မရိုးသားမှုကိုမြင်လိုက်ရတော့ နျဉ်ယွိယွမ်ပြုံးကာ တရားရုံးရဲ့အလယ်ကို လှမ်းကြည့်လိုက်သည်။

မော့ချူးရဲ့မေးခွန်းကို အကြီးအကဲချောင်းက အမြန်တုံ့ပြန်ကာ သူ့ကိုယ်သူ ခုခံကာကွယ်လိုက်သည်။ "ဒါ...ဒါက ဆေးသောက်ပြီးရင် ဖြစ်နိုင်ချေရှိတဲ့ တုံ့ပြန်မှုပဲ!" သူက လှည့်ပတ်ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။ “ဒါက ဆေးနယ်ပယ်တစ်ခုလုံးက စည်းမျဉ်းဘဲ။ လူတိုင်းသည် ပုံမှန်အတိုင်း ဆေးတွေဝယ်နေကြတာဘဲ။ ဒါကို အဆိပ်တုံ့ပြန်မှုလို့ ဘယ်လိုလုပ် ပြောနိုင်တာလဲ? မင်းက မှန်တရားတွေကို မှားအောင်လုပ်နေတာ ရှင်းနေတာပဲ!"

“အမှန်တရားတွေကို မှားအောင်လုပ်တယ်လား?" မော့ချူး ရယ်လိုက်သည်။ “မျိုးရိုးဗီဇပြိုကျတဲ့ရောဂါတွေ၊ သွေးပေါက်ထွက်တဲ့ရောဂါတွေ… ဒါတွေက အသက်အန္တရာယ်ရှိတဲ့ရောဂါတွေပဲ။ 'ဘေးထွက်ဆိုးကျိုး' ဆိုတဲ့ စကားလုံးနဲ့ အဲ့ဒါတွေကို ဘေးဖယ်ထားတဲ့ရှင်က နည်းနည်းအလေးမထားသလို ဖြစ်မနေဘူးလား? ကြည့်ရတာက၊ ရှင်က လူ့အသက်တွေကို လုံးဝအလေးအနက် မထားတဲ့ပုံပဲ!"

“မှန်တယ်” စုန့်ချင်းစုန့်က ရုတ်တရက် ထရပ်လိုက်သည်။ “အဲဒီတုန်းက သူတို့တွေ ဆေးပြားတွေကိုပေးတုန်းကတော့ အဲ့ဒီဆေးတွေရဲ့ အကျိုးကျေးဇူးတွေအကြောင်းဘဲ ပြောပြခဲ့ပေမယ့် ဖြစ်နိုင်ချေရှိတဲ့ အဆိပ်သက်ရောက်မှုအကြောင်းကိုတော့ တစ်ခွန်းမှ မပြောခဲ့ဘူး!”

"တကယ်လို့…” အဲဒီတုန်းက နာကျင်ခဲ့ရတဲ့ နေ့ရက်တွေကို ပြန်သတိရမိသွားသည့်ပုံပင်၊ စုန့်ချင်းစုန့်သည် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ “ဒီဆေးလုံးတွေဟာ မျိုးရိုးဗီဇပြိုကွဲစေနိုင်တယ်ဆိုတာ ငါသိခဲ့ရင်သေချာပေါက် သောက်ခဲ့မှာမဟုတ်ဘူး!"

စုန့်ချင်းစုန့်ဟာ အဓိကနစ်နာသူဖြစ်ခဲ့သည်။ သူ၏ အတွေ့အကြုံဟာ အကောင်းဆုံး သက်သေပင်။

All Chapters