အပိုင်း ၃၄၆
Vol. 24 Ch. 346
"မင်းတို့တွေ၊ မင်းတို့...?" ထိုလူရဲ့နှုတ်ခမ်းတွေဟာ တုန်ရီလာကာ မျက်လုံးတွေထဲတွင် အံ့ဩမှုတွေဖြင့်ပြည့်နှက်နေသည်။ သူစကားမဆုံးခင် 'ဝှစ်!' ခနဲ အသံကိုကြားလိုက်ရသည်! ကျန်တဲ့လူနှစ်ယောက်လည်း နှစ်ပိုင်းပြတ်သွားကြသည်။
“အမှန်ဘဲ၊ ငါတို့တွေ.....ပြန်လာပြီ” လေထဲတွင် ခပ်တိုးတိုး ရေရွတ်သံတစ်ခု ပျံ့လွင့်သွားသည်။
အကယ်၍ ဤနေရာတွင် တခြားလူတွေသာ ရှိခဲ့ပါက၊ သူတို့ရဲ့ အထောက်အထားတွေကို သေချာပေါက် သိနိုင်လိမ့်မည်ပင်။ စုန့်ချင်းစုန့်ကဲ့သို့ပင် ၎င်းတို့သည် အဖွဲ့ချုပ်၏ တစ်ချိန်က ကျော်ကြားခဲ့သော ထူးချွန်သူများဖြစ်သည်။ သူတို့အားလုံးတွင် ထူးချွန်ထက်မြက်သည့် အရည်အချင်းတွေနှင့် ထူးထူးခြားခြား အောင်မြင်မှုတွေ ရှိခဲ့သည်။ သို့သော် ၎င်းတို့၏ မျိုးရိုးဗီဇ ပြိုလဲမှုကြောင့် တိမ်ပေါ်မှကျကာ တခြားသူတွေဆီမှ အနိုင်ကျင့်ခံရကာ မိသားစုတွေဆီမှ စွန့်ပစ်ခံခဲ့ရသည်။
သို့ပေမယ့် စုန့်ချင်းစုန့်က သူတို့နဲ့အဆက်အသွယ်မပြတ်ရှိကြတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြပါချေ။
အရင်က မော့ချူးသည် သူနှင့် နှစ်ယောက်ထဲတွေ့ကာ ဒီလူတွေကို ကုသချင်တယ်လို့ပြောလာတော့ စုန့်ချင်းစုန့်က သူတို့ကို ချက်ချင်း မိတ်ဆက်ပေးလာသည်။ စိတ်ဝိညာဉ်အစားအသောက်ဆိုင်မှ ဆေးဖက်ဝင်ဟင်းလျာနှင့် အာဟာရဓာတ်များကို ကာလအတန်ကြာအောင် ဖြည့်တင်းခဲ့ပြီးနောက် သူတို့၏စွမ်းရည်များကို ထိုအချိန်မှစကာအောင်မြင်စွာဖြင့် ပြန်လည်ရရှိလာကြသည်။ ထိုအချိန်မှစ၍ ၎င်းတို့သည် မော့ချူး၏ ဘက်တွင် အထက်ရှဆုံး အင်အားဖြစ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် မြေပြင်ပေါ်၌ နှစ်ပိုင်းပြတ်နေသည့် လူသေအလောင်းများ ရှိနေ၏။ လတ်လတ်ဆတ်ဆတ် သွေးတွေဟာ မြေပြင်တစ်ခုလုံးတွင် စီးဆင်းနေ၏။ အလောင်းတွေဟာ နေရာအနှံ့ပြန့်ကျဲနေပြီး သွေးနံ့လှိုင်လှိုင်က လူတွေရဲ့နှာခေါင်းထဲကို စိမ့်ဝင်လာသည်။
တချို့က သေသွားသည့်တိုင်အောင် မျက်လုံးတွေ မျက်လုံးမမှိတ်နိုင်ကြပေ။
မော့ချူးတစ်ယောက် ဘာကြောင့်ဒီလမ်းကိုရွေးပြီး တိုက်ခိုက်ခံရတာတောင်မှ ကြောက်ရွံ့မှုအနည်းငယ်တောင် မပြဘူးဆိုတာ သူတို့သေရတော့မယ်ဆိုတာ သိနေတာကြောင့်ဖြစ်နိုင်သည်။
သူတို့လက်ထဲရှိ ထက်မြသည့်ဓားတွေနှင့် ယှဉ်နိုင်သည့် လူတစ်စုနှင့်ဆိုလျှင် ပုစဉ်းရင်ကွဲကောင်နောက်ကို ရှိခိုးကောင်လိုက်နေသည်အား အခွင့်ကောင်းယူကာ နောက်ကနေ လိုက်နေသည့် စာဝါငှက်လို ပုံစံကြောင့် သူတို့ ဘယ်လိုလုပ် လွတ်မြောက်နိုင်ပါ့မလဲ?
ထိုအချိန်တွင် ချောင်းမိသားစုမှ စေလွှတ်လိုက်သည့် ကျွမ်းကျင်သူ ၁၅ ဦးစလုံး အမြစ်ပြတ်ချေမှုန်းခံလိုက်ရသည်။
"မိန်းကလေး၊ ဒီလူတွေကို ဘယ်လိုဖြေရှင်းလိုက်ရမလဲ?" ရီဟန်က တိုးတိုးလေး မေးလိုက်သည်။
အန်းရီဟန်သည် တစ်ချိန်က အဖွဲ့ချုပ်တွင် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးဖြစ်သည်။ သူမွေးဖွားလာချိန်တွင် ကျယ်ကျယ်ပြန့်ပြန့်အာရုံစိုက်ခံရကာ ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပခဲ့၏။ သူသည် ရုတ်တရက် မျိုးရိုးဗီဇပြိုလဲသည့်ရောဂါဖြစ်သွားလိမ့်မည်ဟု မည်သူမျှမ မျှော်လင့်ထားပါချေ။ တစ်ညတည်းတွင်၊ ကမ္ဘာကြီးသည် ပြင်းပြင်းထန်ထန်ကိုပြောင်းလဲသွားကာ သူ၏မျိုးရိုးအမည်ကိုပင် အညှာအတာမဲ့စွာ ဖယ်ထုတ်ခံခဲ့သည်။
ကမ္ဘာကြီး၏ အေးခဲကာ အထီးကျန်ဆန်လှသည့် သဘာဝကိုကျင့်သားရနေပြီဖြစ်ကာ ဘဝ၏ဘေးအန္တရာယ်ဆိုးများကိုလည်း တွေ့ကြုံခံစားခဲ့ရပြီးပြီဖြစ်တာကြောင့် ယခုအခါ ရီဟန်သည် သူ့အား ဘဝသစ်တစ်ခုပေးခဲ့သည့် မော့ချူးအပေါ် ကျေးဇူးတင်စိတ်တွေပြည့်နှက်နေသည်။ သူ့ သဘောနှင့်သူ သူသည် သူမဦးဆောင်မှုနောက်သို့ လိုက်ခဲ့သည်။
"သူတို့က ချောင်းမိသားစုက အဖွဲ့ဝင်တွေ မဟုတ်လား?" မော့ချူး သူမရဲ့နှာခေါင်းသေးသေးလေးကို ပွတ်သပ်ရင်း အနည်းငယ်အေးဆေးသည့် အသံဖြင့်ပြောလိုက်သည်။ "ဆိုတော့ သူတို့ကို သူတို့လာခဲ့တဲ့နေရာဆီ ပြန်ပို့ပေးလိုက်ပါ!"
“အင်း!” ရီဟန် ခေါင်းအသာညိတ်လိုကိသည်။
ဒီလိုနှင့် မော့ချူး သေဆုံးသွားကြောင်းသတင်းကို မျှော်လင့်ချက်အပြည့်ဖြင့် စောင့်မျှော်နေကြသည့် ချောင်းမိသားစုဆီသို့ အလောင်းအချို့ကို ပေးပို့ပေးလိုက်သည်။ သူတို့မှာ ကြောက်လန့်နေကြသော်လည်း တစ်ချိန်တည်းမှာပင် ဒေါသကြောင့် မတုန်ရီဘဲမနေနိုင်တော့ပေ။
"ဒါက ခင်ဗျားတို့ဟာတွေ မဟုတ်လား?" ရီဟန်ရဲ့ အကြည့်တွေဟာ အေးစက်ကာ ကြမ်းကြုတ်လှသည်။ "ကောင်းကောင်း သိမ်းထားကြ!"
သူပြောပြီးနောက် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထည့်ထားသည့်အိတ်ကို ချောင်းမိသားစု၏အိမ်ရှေ့တံခါးအလယ်တွင် ပစ်ချလိုက်ပြီးကာ ကြမ်းပြင်ပေါ်အသံသဲ့သဲ့ထွက်လာစေသည်။ သူတို့ရဲ့ ကြည့်မကောင်းသည့်အမူအရာတွေကို ဂရုမစိုက်ဘဲ သူလှည့်သွားသည်။
"မြန်မြန် အဲ့ဒါတွေကို ထုပ်ပိုးလိုက်!"
သတင်းရပြီးနောက် အမြန်ပြေးလာသည့် အကြီးအကဲချောင်းသည် ဤမြင်ကွင်းကို မြင်သောအခါ ဒေါသအရမ်းထွက်လာကာ သူ့တစ်ကိုယ်လုံး တုန်ရီလာသည်။
သူ မော့ချူးကို တကယ်လျှော့တွက်မိခဲ့တာပဲ။ အမှန်ပင်။ စုန့်ချင်းစုန့်၏ ရောဂါကို သူမ ကုသနိုင်ခဲ့သည့်အတွက် တခြားသူတွေရဲ့ရောဂါဟာလည်း ပြဿနာမဟုတ်တော့တာ သဘာဝပင်။ ဟိုးတုန်းက မိသားစုကြီးတွေမှ စွန့်ပစ်ထားခဲ့သည့် ပါရမီရှင်တွေဟာ အခုတော့ မော့ချူးရဲ့လက်အောက်ခံတွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပါချေ။
ဤကျိုးပဲ့နေသည့် အလောင်းအနည်းငယ်ဟာ သူမ၏ အသံတိတ် စစ်ကြေငြာချက်ပင် ဖြစ်သည်။
“အကြီးအကဲ” ပဉ္စမမြောက်ညီဖြစ်သူလည်း ဘေးတွင်ရပ်နေကာ သူ့မျက်လုံးတွေထဲ ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေသည်။ ဒါတွေဟာ ချောင်းမိသားစုရဲ့ တိုက်ခိုက်ရေးခွန်အားတွေပင်။ ယခုတော့ အလဟဿဖြစ်သွားသည်။ “ဒီလုပ်ကြံမှုက မထိရောက်လောက်ဘူးဆိုတာ.....ကျွန်တော်ခန့်မှန်းမိတယ်"
ရီဟန်နှင့် အခြားသူတွေက ကာကွယ်ပေးထားတာကြောင့် မော့ချူး၏ ဘက်သည် သံတံတိုင်းနှင့်မခြားပေ။ လူဘယ်လောက်ပဲ ပို့ပါစေ၊ အားထုတ်မှုတွေဟာ အလဟဿပင်။
"ငါသိတယ်" အကြီးအကဲချောင်းရဲ့ မျက်လုံးတွေ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ဤတစ်ကြိမ်တွင် သူ မော့ချူးကို မသတ်နိုင်ခဲ့ပေ။ အနာဂတ်တွင် ပိုလို့တောင် ခက်ခဲလာလိမ့်မည်ပင်။
ရီဟန်နဲ့ တခြားသူတွေ ပြန်ပေါ်လာတဲ့အခါတွင် အဖွဲ့ချုပ်၏ အထက်တန်းလွှာတွေဟာ မတုန်လှုပ်ဘဲ မနေနိုင်ကြတော့ပေ။
တိုတောင်းလှသည့်အချိန် တစ်လ၊နှစ်လအတွင်း မော့ချူသည် လူတွေမော့မကြည့်ရဲသည့်အဆင့်သို့ တိုးလာခဲ့သည်။
အခြားသူများ၏ စွန့်ပစ်ခြင်းကိုခံခဲ့ရသည့် ပါရမီရှင်များ၏ ကံကြမ္မာသည် သူမကြောင့် တစ်ယောက်ပြီးတစ်ယောက်ပြောင်းလဲခဲ့သည်။ သူမသည် မျက်နှာပြင်ပေါ်ရှိအညစ်အကြေးများကို ဖယ်ရှားပေးကာ သူတို့သည် နောက်တစ်ကြိမ် တောက်ပမှုအသစ်တစ်ခုအဖြစ် တစ်ဖန်ပွင့်လန်းလာကြသည်။
ဤအကူအညီဖြင့် မော့ချူးသည် ဇီးရိုးမှ ဟီးရိုးအဖြစ်သို့မြင့်မားလာသည်။ သူမ၏ ထူးဆန်းပြီး ခန့်မှန်းမရသည့်နည်းလမ်းများဖြင့် လေနှင့်တိမ်များကိုနှိုးဆော်နိုင်စွမ်းက မည်သူမှ သူမအားလျှော့မတွက်ရဲတော့ပေ။
စတားနက်တွင်လည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
ရီဟန်နဲ့ တခြားသူတွေ တောက်ပခဲ့တဲ့ခေတ်ကာလဟာ စုန့်ချင်းစုန့်ရဲ့ခေတ်ကာလထက်တောင် ဆယ်စုနှစ်များစွာဝေးကွာနေခဲ့သည်။ ဒါတောင်မှ သူတို့သည် လူတော်တော်များများရဲ့ ရင်ထဲတွင် idolအဖြစ်နှင့် ယုံကြည်မှုတွေရနေဆဲပင်။ သူတို့ တစ်ဖန်ပြန်ရောက်လာတာကို မြင်တော့ ပရိသတ်တွေအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
[အရင်တုန်းကတော့ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း အပေါ်မှာ ငါ ဘာမှမခံစားခဲ့ရဘူး။ ဒါပေမဲ့ အခု ငါ့ရဲ့ရီဟန်နဲ့ တခြားသူတွေ ပြန်လည်မွေးဖွားလာတာကိုမြင်တော့ မော့ချူး ကျေးဇူးတင်မိတယ်!]
ရိုးရိုးရှင်းရှင်း၊ စိတ်ရင်းမှန်မှန်ဖြင့် စကားလုံးတွေဟာ သူတို့ရင်ထဲတွင် တဟုန်ထိုး ထိုးတက်လာကာကျေးဇူးတင်ကြောင်း ဖော်ပြလာသည်။
တိုက်ဆိုင်စွာပင်၊ ထိုမှတ်ချက်အောက်တွင် လူတိုင်း ကျေးဇူးတင်ကြောင်းကို တန်းစီဖော်ပြလာသည်။
[မော့ချူး၊ ကျေးဇူးတင်ပါတယ်!]
[မော့ချူး၊ ကျေးဇူးတင်ပါတယ်!]