အပိုင်း ၃၄၇
Vol. 24 Ch. 347
ချက်ချင်းဆိုသလိုပင်၊ မော့ချူး၏ ကျော်ကြားမှုသည် အဖွဲ့ချုပ်တစ်ခုလုံးတွင် မကြုံစဖူး အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ယင်းကြောင့် တစ်ချိန်က မော့ချူးကို ပစ်မှတ်ထားခဲ့သည့် ချောင်းမိသားစုဟာ လူအများ၏ ဝေဖန်မှုပစ်မှတ်ဖြစ်လာသည်။ သူတို့၏ ဆေးဝါးလုပ်ငန်းများ ကျဆင်းသွားရုံသာမက လမ်းပေါ်တွင် ဖြတ်သွားဖြတ်လာလုပ်ကာ သူတို့မျိုးရိုးနာမည်ဟာ ချောင်းဟု ဆိုလာပါက ကဲ့ရဲ့လိုသည့်အကြည့်တွေကို ချက်ချင်းရလာမည်ဖြစ်သည်။ သူတို့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမခဲ့တဲ့ အစွန်းရောက် ပရိသတ်တွေတောင် ရှိခဲ့သည်။
တစ်ချိန်က ထင်ရှားကျော်ကြားခဲ့သည့် ချောင်းမိသားစုဟယ ယခုအခါလမ်းများပေါ်ရှိ ကြွက်များနှင့်တူသည်ြ တည်ရှိမှုတစ်ခုဖြစ်လာသည်။ သူတို့ကိုယ်တိုင် မျက်စိနဲ့မမြင်ခဲ့ပါက ဘယ်သူမဆို ယုံဖို့ခက်လိမ့်မည်ပင်။ ပို၍ထိတ်လန့်စရာကောင်းတာက ဒါဟာ ၁၇ နှစ်၊ ၁၈ နှစ်အရွယ် ကောင်မလေးတစ်ယောက်ကြောင့်ပင်။
ချောင်းမိသားစု ဒုက္ခရောက်နေတာကို သဘာဝအလျောက် မော့ချူးလည်း သိသည်။
ဒါပေမယ့် ဒီဟာကို ဝမ်းနည်းဖို့ကောင်းတယ်လို့ ယူဆနိုင်လို့လား? မော့ချူးနှုတ်ခမ်းတွေ တွန့်ကွေးသွားရင်း ဝေနှင့်ချိတ်ဆက်ထားသည့် ဗီဒီယိုကောခေါ်ဆိုမှုအား ဖွင့်ရန် သူမလက်ကိုဆန့်လိုက်သည်။
ရလဒ်အနေဖြင့်၊ ဒုတိယနေ့မှစကာ အဖွဲ့ချုပ်၏ အထက်တန်းအလွှာတွင် စိတ်ဝိညာဉ်အစားအသောက်တွေ ထောက်ပံ့မှုဟာ လုံးဝပြတ်တောက်သွားတော့သည်။
အရင်က တစ်လက်မမှတောင် မလှုပ်ခဲ့ဖူးတဲ့လူတွေဟာ ယခုဆိုလျှင် တစ်ယောက်ပြီးတစ်ယောက် ထိတ်လန့်နေကြတော့သည်။ တစ်ယောက်ပြီးတစ်ယောက် ဝိုင်းအုံလာကြကာ စိုးရိမ်စိတ်တွေနှင့် ပြည့်နှက်နေသည့် မျက်နှာတွေဖြင့် ဘာဖြစ်တာလဲဟုမေးလာကြသည်။
ဆေးပြားများနှင့် နှိုင်းစာလျှင် စိတ်ဝိညာဉ်အစားအသောက်သည် အရသာကောင်းရုံသာမက ဒြပ်စင်ကျင့်ကြံမှုအပေါ် ၎င်း၏အကျိုးသက်ရောက်မှုဟာ ပို၍ပင်အံ့အားသင့်စရာကောင်းကြောင်း သိထားရမည်ပင်။ ထို့အပြင်၊ ၎င်းသည် မည်သည့်အဆိပ်အတောက်ဖြစ်စေသည့် ဘေးထွက်ဆိုးကျိုးများလည်း မရှိပါချေ။ လွန်ခဲ့သည့် တစ်နှစ်ခွဲအတွင်း၊ သူတို့သည် စိတ်ဝိညာဉ်အစားအသောက်များနှင့် ကျင့်သားရနေခဲ့ပြီဖြစ်သည်။ အခု ရုတ်တရက်ကြီး ပြန်သိမ်းသွားတော့ ဘယ်လိုလုပ်စိတ်မပူဘဲနေမှာတဲ့လဲ?
"တောင်းပန်ပါတယ်" လူတိုင်း၏မေးခွန်းများကိုကြားတဲ့အခါ ဝေက ခပ်သာသာပြုံးကာ စကားတစ်ခွန်းမှ မပြောလာပေ။ ဤလေ့ကျင့်ရေးကာလပြီးနောက်တွင် သူသည်ကြီးကျယ်ခမ်းနားသည့် ဗိုလ်ချုပ်တစ်ဦးပုံစံအဖြစ် တိုးတက်လာသည်။ လေလိုမျိုးအပြုံးနှင့် သူသည် မမြင်နိုင်လောက်အောင် အကြောင်းအရာကိုပြောင်းလဲလိုက်သည်။ “စိတ်ဝိညာဉ်အစားအသောက်တွေမရှိရင်တောင် လူတိုင်းဆေးပြားတွေကို စားလို့ရနေသေးတာပဲလေ"
'အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?'
'အရသာရှိတဲ့ အသားနဲ့ငါး စားဖူးတဲ့သူတစ်ယောက်က ဖွဲနုနဲ့ အသီးအရွက်တွေ စားခဲ့ရတဲ့အချိန်ဆီ ဘယ်လိုလုပ်ပြန်သွားနိုင်မှာလဲ?'
လူအုပ်ကြီး၏ ဒေါသထွက်နေသည့်မေးခွန်းများကို ရင်ဆိုင်ရင်း ဝေက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “စိတ်မကောင်းပါဘူး”
ထို့နောက် သက်တော်စောင့်များ၏ အကာအကွယ်အောက်တွင် သူထွက်လာလိုက်သည်။ အခြားမိသားစုများမှလူများကသာ ဘာလုပ်ရမှန်းမသိစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
တကယ်တော့ ဒီအဓိပ္ပာယ်က တော်တော်လေးရှင်းနေပြီပင်။
'မော့ချူးက သူတို့ကို ရွေးစေချင်တာပင်။ သူတို့က ချောင်းမိသားစုဘက်မှာ နေမှာလား ဒါမှမဟုတ် သူမဘက်လား?'
ဤမိသားစုအသေးတွေဟာ ၎င်းတို့ရဲ့လက်ရှိရာထူးတွင်ရှိနေကြသည်မှာ ၎င်းတို့သည် သဘာဝအလျောက် ထက်မြက်ကြသူတွေဖြစ်တာ ကြောင့်ပင်။ တကယ်တော့ အနာဂတ်တွင် ဘယ်လိုအရာတွေ တိုးတက်လာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါချေ။ သူတို့ဘက်သာ အမှားဘက်လိုက်မည်ဆိုပါက အဆုံးတွင် ပွဲတစ်ခုလုံးရှုံးသွားလိမ့်မည်ပင်။
မော့ချူးလည်း ဤအချက်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်းသိသည်။
သို့သော်၊ စိတ်ဝိညာဉ်အစားအသောက်ကိုလည်းရပြီး ချောင်းမိသားစုနှင့်လည်း ရန်သူမဖြစ်နိုင်သည့် အရာမျိုးမရှိပါချေ။ ဒီကမ္ဘာကြီးမှာ ဒီလိုလွယ်ကူတာမျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ? သူမသည် ၎င်းတို့၏ ရပ်တည်ချက်ကို ဖော်ပြရန် အတင်းအကျပ် တွန်းအားပေးနေတာ ဖြစ်နိုင်သည်!
ခါးသီးသည့်မျက်နှာများဖြင့် အချိန်အကြာကြီးစဉ်းစားပြီးနောက်၊ မိသားစုအချို့သည် မြန်မြန်ဆန်ဆန်ဆုံးဖြတ်ချက်ချလိုက်ကြသည်။
ချောင်းမိသားစုသည် အမှန်တကယ်အင်အားကြီးမားခဲ့သည်။ သို့သော် ခေတ်စနစ်တွေက ပြောင်းလဲလာသည်။ မော့ချူး၏ နည်းလမ်းဟာ တင်းမာလွန်းရုံသာမက နျဉ်မိသားစုကလည်း သူမကို ကျောထောက်နောက်ခံပေးထားသည်။ အခုချိန်တွင် သူမသည် အားနည်းနေပုံရသော်လည်း အနာဂတ်အတွက် တက်လမ်းတွေ ရှိနေသေးသည်။
လက်သီးတွေကို တင်းတင်းဆုပ်ရင်း မိသားစုပေါင်းများစွာရဲ့ အကြီးအကဲတွေဟာ ဝေဆီတွင် သူတို့ရဲ့ ရပ်တည်ချက်တွေကို ချမှတ်လိုက်ကြသည်။ များမကြာမီတွင်၊ ထိုမိသားစုများသည် မော့ချူးအပေါ် သူတို့၏ ရပ်တည်ချက်တွေကိုပြသည့်အနေဖြင့် ချောင်းမိသားစုကို စတင်တိုက်ခိုက်လာကြသည်။
သေချာပေါက် ချောင်းမိသားစုကို မစော်ကားဝံ့သည့် မိသားစုတွေလည်း ရှိပါသေး၏။
ချောင်းမိသားစုသည် ယခုအချိန်တွင် မအောင်မြင်သေးသော်လည်း ၎င်းတို့သည် နှစ်ရာကျော်နေသည့် မိသားစုဟောင်းတစ်ခု ဖြစ်နေဆဲပင်။ မော့ချူးတစ်ယောက်တည်း ဖျက်ဆီးပစ်ဖို့ဆိုတာက ယုတ္တိမတန်လွန်းပေ။
မော့ချူးကတော့ ထိုမိသားစုတွေအကြောင်း အများကြီး မပြောပါချေ။ သူတို့က ချောင်းမိသားစုကို ယုံကြည်တယ်ဆိုမှတော့ စိတ်ဝိညာဉ်အစားအစာထောက်ပံ့မှုကို မပေးရုံပင်။
မော့ချူးကို သစ္စာခံထားသည့် မိသားစုအနည်းငယ်သည် ချောင်းနှင့် နျဉ် တို့ကဲ့သို့ မိသားစုကြီးများနှင့် မယှဥ်နိုင်သော်လည်း အချို့သောအဓိကနေရာများတွင် ၎င်းတို့၏ အဆက်အသွယ်များကို လျှော့တွက်၍မရပေ။
တစ်လခွဲအတွင်းမှာပဲ ချောင်းမိသားစုက စစ်တပ်နှင့် နိုင်ငံရေးအသိုင်းအဝိုင်းများတွင် စီစဉ်ပေးခဲ့သည့် လူတော်တော်များများသည် တမင်ရွေးကာ ဖြုတ်ချခံခဲ့ရသည်။ တစ်ခဏလောက် အကြီးအကဲချောင်းမှာ ဒေါသထွက်ရလွန်းလို့ သူ့မျက်နှာပေါ်တွင် အရေးအကြောင်းတွေပေါ်လာသည်။
'ခွမ်း!'
ချောင်းမိသားစု၏ ကျောက်ကြမ်းပြင်ပေါ်တွင် အဖိုးတန်သည့် သလင်းကျောက်ခွက်ဟာ အပိုင်းပိုင်းကွဲအက်သွားတော့သည်။
"သူတို့ ဒီလိုလုပ်ရဲတယ်လား...?" အကြီးအကဲချောင်း၏ ရင်ဘတ်ဟာပြင်းထန်စွာ လှုပ်ရှားသွားပြီး သူ့မျက်လုံးတွေနီရဲလာသည်။ မိသားစုများစွာနှင့် မဟာမိတ်ဖွဲ့ရန် မော့ချူးသည် စိတ်ဝိညာဉ်အစားအစာကို ငါးစာအဖြစ် အသုံးပြုလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ 'သူသတင်းကို မရသေးခင်မှာဘဲ၊ သူမက လျှပ်စီးလိုအရှိန်ပြင်းပြင်းနဲ့ လှုပ်ရှားပြီး ဒိီဟာကိုအခွင့်ကောင်းယူ၊ ချောင်းမိသားစုကို တစ်ရှိန်ထိုး ဖျက်ဆီးပစ်ချင်တယ်ပေါ့?'
'ဟမ့်! ဆန္ဒအပြည့်နဲ့ အတွေးပဲ!'
မျက်လုံးတွေကိုမှိတ်ထားရင်း၊ အကြီးအကဲချောင်းသည် အသာပြန်ဖွင့်လိုက်ကာ ခလုတ်ခုံပေါ် အနည်းငယ်လှုပ်ရှားလိုက်သည်။ တစ်ခဏလောက်ငြိမ်သက်ပြီးနောက် သူသည် မိုက်ကယ်မိသားစု၏ သခင်လေးအာလန်ဆီ ဆက်သွယ်လိုက်သည်။
"အင်း၊ ဒါက ချောင်းမိသားစုရဲ့ အကြီးအကဲ မဟုတ်ဘူးလား?" ခဏလောက်နေပြီးမှ အာလန်ဘက်မှ ဖုန်းပြန်ဖြေလာသည်။ သူ့ရဲ့ နတ်ဆိုးလိုအသွင်အပြင်က အရင်အတိုင်းပါပင်။ သူ့နောက်ရှိ ကုလားထိုင်ပေါ်တွင် သွေးဆာနေသည့် ကျားတစ်ကောင် ပုန်းအောင်းနေသည်။ သူ၏မာနကြီးကာ အထိန်းအကွပ်မရှိသည့် အမူအရာသည် ယခင်ကနှင့် မခြားပေ။ "ဘာလဲ? တစ်ခုခုအတွက် လာရှာတာလား?"
"အတူတူအလုပ်လုပ်ရအောင်!" အကြီးအကဲချောင်းက အဓိကအချက်ကို တန်းပြောလိုက်သည်။
"အိုး?" အာလန်ရဲ့ နှုတ်ခမ်းတွေဟာ ရက်စက်သည့်အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ “ခင်ဗျားပြောတာကို ကျွန်တော်နားမလည်ဘူး။ ခင်ဗျားနဲ့ကျွန်တော် အလုပ်အတူတူလုပ်စရာမရှိဘူးလို့ မထင်ဘူးလား?"
အသက်အရွယ်အရ၊ အကြီးအကဲချောင်းနှင့် သူ၏ အဖေ၊ အဖိုးတွေဟာ ရွယ်တူဖြစ်သည်။ သို့သော်လည်း မိုက်ကယ်မိသားစုသည် ဤကဲ့သို့အချိန်များတွင် ကြားနေသဘောသာရှိသည်။ ဤအခိုက်အတန့်တွင်၊ အကြီးအကဲချောင်းသည် အနည်းငယ် အလျင်စလိုဖြစ်နေသည်ကြောင့် အာလန်ဆီသို့ သူ့ဘက်ကအစပြုက ဆက်သွယ်ခဲ့တာဖြစ်သည်။
“ဟုတ်တယ်” အသက်ရှုချိန် အနည်းငယ်အတွင်းမှာဘဲ အကြီးအကဲချောင်းဟာ ပုံမှန်အတိုင်း ပြန်တည်ငြိမ်သွားကာ ပြောလာသည်။ “မင်းနဲ့ ဝေတို့ အတူတူငြိမ်းငြိမ်းချမ်းချမ်းနဲ့ ယှဉ်တွဲနေဖို့ဆိုတာ မဖြစ်နိုင်သလို၊ ငါတို့ချောင်းမိသားစုနဲ့ မော့ချူးလဲ အတူယှဉ်တွဲနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါတို့တွေက သဘာဝရဲ့မဟာမိတ်တွေဘဲမဟုတ်ဘူးလား?"
"သေချာပေါက် ဘယ်ဟုတ်မလဲ! ကုန်သည်တွေ အနေနဲ့၊ ဒီလိုမဟာမိတ်မျိုး တစ်ခါမှ မကြုံဖူးဘူး” အာလန်က မျက်လုံးကို အနည်းငယ်ဝင့်လိုက်သည်။ သူ၏နက်နဲတဲ့အကြည့်တွေဟာ သူပျော်နေလား ဝမ်းနည်းနေလားဆိုတာကိုမပြောနိုင်ပေ။ "တစ်ယောက်နဲ့တစ်ယောက် အကျိုးရှိမယ်ဆိုရင်တော့ မဟာမိတ်တွေဖြစ်နိုင်ပါတယ်"